
နားရွက်မှာ မှဲ့ရှိသူများရဲ့ ထူးခြားတဲ့အကျင့်စရိုက်များ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်ကမှဲ့တွေဟာ ကာယကံရှင်ရဲ့စရိုက်လက္ခဏာနဲ့အနာဂတ်ကိုကြိုတင်ဟောပြောနိုင်တယ်လို့ဆိုကြပါတယ်။
နားရွက်တစ်ဖက်ရဲ့အစွန်းနားဆွဲဝတ်ရာရာနေရာပေါ်မှာမှဲ့ရှိတယ်ဆိုရင်ယေဘုယျအားဖြင့်တော့ လူချစ်လူခင်များတဲ့သူ၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူလို့မှတ်ယူနိုင်ပါတယ်။ ဒါ့အပြင် ကောင်းသောဂုဏ်သတင်းကျောစောခြင်းနဲ့စည်းစိမ်ဥစ္စာပေါကြွယ်ခြင်းကို ကိုယ်စားပြုပါတယ်။ နားရဲ့အတွင်းထဲမှာ မှဲ့ပါတယ်ဆိုရင်တော့ ဒါဟာ အသက်ရှည်ရှည်နေထိုင်ရပြီး ဘဝတစ်လျှာက်လုံး ဘေးအန္တရာယ်ကင်းရှင်းရှင်းမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ဆိုပါတယ်။
ရောဂါဘယလည်းကင်းဝေးမည့်သူဖြစ်ပြီး စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ အိုဇာတာကောင်းကြသူတွေ ဖြစ်တယ်လို့ဆိုထားပါတယ်။ အကယ်၍နားနှစ်ဘက်စလုံးမှာမှဲ့ရှိတယ်ဆိုရင်တော့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ သြဇာလွှမ်းမိုးပြီး ခေါင်းဆောင်ဘဝအထိ တိုးတက်နိုင်သူဖြစ်ပါတယ်။ ဒါပေမယ့်တစ်ခြားဘက်ကကြည့်ရင်လည်း သာမန်နဲ့ဘဝကိုအေးအေးလူလူဖြတ်သန်းလိုသူတွေ ဖြစ်နေတတ်ကြတယ်လို့ ဆိုထားပါတယ်။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope