မိမိဘဝကို ကြီးပွားတိုးတတ်စေမယ့် လက္ခဏာ အမှတ်အသားများ
lotaya.mpt.com.mm
|
2024-07-02

လက်ဖဝါးပြင်မှာရှိတဲ့ အသက်လမ်းပေါ်မှ တြိဂံ အသက်လမ်းနဲ့ ဦးခေါင်းလမ်းကြားမှာ တြိဂံလေး ဖြစ်တည်နေရင် စီးပွားရေး ၊ တိုးတတ်ရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ထိုတြိဂံလေး ဖြစ်တည်နေတဲ့ အသက်အပိုင်းအခြားမှာပဲ အမွေရခြင်း၊ အိုးအိမ်ပိုင်ဆိုင်ခြင်း၊ ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ ငွေအစုလိုက်ဝင်ခြင်း ကို ဖြစ်စေပါတယ်။ တြိဂံကြီးရင် ကြီးသလို အကျိုးပေးမှု များစေပါတယ်။ တစ်ခုရှိတာက ဟိုလမ်းကြောင်း ဒီလမ်းကြောင်းတွေနဲ့ ရှုပ်ယှက်ပြီး တြိဂံပေါ်တာမျိုး တခြားလမ်းကြောင်းတွေနဲ့ စပ်ဆက်ပြီး တြိဂံဖြစ်နေတာမျိုး မရပါဘူး ။ သီးသန့်ဖြစ်တည်နေတဲ့ တြိဂံအမှတ်အသားဖြစ်ဖို့တော့ လိုပါတယ်။

ကံလမ်းကြောင်းအခွဲမှ ဦးခေါင်းလမ်းကြောင်းကို ထိပြီးရပ်ခြင်း ထိုသို့အမှတ်အသားပါရှိနေရင် အကြံကောင်း၊ ဉာဏ်ကောင်းတွေ ထွက်လာမယ်။ ကြီးပွားတိုးတတ်ရေးအတွက်ကို ပါးရည်နပ်ရည်ရှိလာမယ်။ စီးပွားရေးမှာ အကွက်မြင်ပြီး လုပ်ကိုင်တတ်လာမယ်။ ကံအခွင့်အရေး အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာမယ်။ များသောအားဖြင့် ကိုယ်တိုင်ရဲ့ အတွေးအခေါ် အကင်းပါးမှု အရည်အချင်းတွေကြောင့်ပဲ အောင်မြင်တဲ့သူ၊ စီးပွားဖြစ် ချမ်းသာသူ ဖြစ်လာကြပါတယ်။


၀ယ်ယူရန် နှိပ်ပါ ကျန်းမာရေးလမ်းကြောင်း၊ ကံလမ်းကြောင်း၊ ဦးခေါင်းလမ်းကြောင်း လမ်းကြောင်းကြီး၃ခုပေါင်းပြီး ဖြစ်တည်လာသော တြိဂံကို မဟာတြိဂံလို့ ခေါ်ပါတယ်။ မဟာတြိဂံပါရှိရင် အမြင်ကျယ်လာခြင်း၊ အမွေရခြင်း၊ ဝင်ငွေများတဲ့လုပ်ငန်းပိုင်ဆိုင်ခြင်း၊ ရာထူးကောင်း၊နေရာကောင်းရခြင်း၊အိမ်ပိုင်ခြင်း စတာတွေဖြစ်စေမယ်။ အတိုက်အခိုက်တွေ၊ အခက်အခဲတွေမှန်သမျှ ကျော်ဖြတ်နိုင်တဲ့ ခွန်အား၊ လုံ့လ၊ ဉာဏ်ရည်ပိုင်ဆိုင်ပြီး အောင်မြင်မှု ရရှိလာမှာ ဖြစ်ပါတယ်။ အခုဖော်ပြခဲ့တာတွေကတာ့ မိမိဘဝကို ကြီးပွားတိုးတတ်စေမယ့် လက္ခဏာတွေထဲက အမှတ်အသားတစ်ချို့ကို တင်ပြပေးခြင်း ဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ကျန်းမာရေး
#လက္ခဏာ
#လက်ဖဝါး
#အရည်အချင်း
#ဦးခေါင်း

Some text some message..