
အများအားဖြင့် အခုခေတ်ကာလတွေမှာ အိမ်ကနေ သားသမီးထွက်ထွက်သွားတာတွေ ပျောက်သွားတာတွေလည်းဘဲ တစ်ခါတစ်ရံမှ ကြုံရတတ်ပါတယ်။ ဒါမှမဟုတ် အကြောင်းတစ်မျိုးနဲ့ပဲဖြစ်ဖြစ် ထွက်သွားတဲ့အခါမှာ ကိုယ့်သားသမီး ၊ ကိုယ်ရဲ့ သက်ဆိုင်သူတွေ ပြန်လာစေချင်တယ် ၊ ပြန်တွေ့ချင်တယ်ဆိုရင် ဒီယတြာလေးကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဒီယတြာလေးက အရမ်းကြီး ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ပျောက်တဲ့သူရဲ့ နေ့နံကိုတော့ အရင်သိရမှာ ဖြစ်ပါတယ်။ ပျောက်တာက တနင်္ဂနွေသားသမီးလား ၊ တနလာၤသားသမီးလား ၊ အင်္ဂါသားသမီးလား စသဖြင့်ပေါ့လေ ဒါကိုတော့ သိရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ။ ။ တနင်္ဂနွေသားသမီးတစ်ယောက် အိမ်က ထွက်သွားတယ် ၊ ပျောက်သွားတယ် ၊ ပြန်ပြီးတော့ မတွေ့သေးဘူး ပြန်မလာဘူးဆိုရင် တနင်္ဂနွေနေ့နံသားဖြစ်တဲ့ အုန်းသား ၊ အင်သား အဲဒီအသားတစ်ခုခုကို လူရုပ်ပုံစံလေး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လူရုပ်ပုံစံပြုပြီးတော့မှ သူဝတ်ခဲ့အဝတ်အစားတွေကို အဲဒီမှာ အရုပ်မှာ ဝတ်ပေးရမှာ ဖြစ်ပါတယ်။ ဝတ်ပေးပြီးတော့မှ အဲဒီအရုပ်မှာပဲ သူ့ရဲ့နာမည်ကို ပြောင်းပြန်ရေးမှာဖြစ်ပါတယ်။ နာမည်ကို ပြောင်းပြန်ရေးပြီးတော့မှ တြိရန်းအခါမှာ စတုရန်းအရပ်မှာ သွားပြီးတော့ မြှပ်ရမှာဖြစ်ပါတယ်။
တြိရန်းအခါဆိုတာကတော့ တနင်္ဂနွေသားသမီးဆိုရင် ညနေ ၃း၀၀နာရီမှ ၄း၃၀ မိနစ်အတွင်း တောင်ဘက်အရပ်ကို သွားပြီးတော့မှ (သူနေခဲ့တဲ့အိမ်ရဲ့ တောင်ဘက်အရပ်မှာ) မြှပ်ရမှာ ဖြစ်ပါတယ်။ မြှပ်တဲ့အခါမှာလည်း ဘယ်လိုမြှပ်ရမလဲဆိုရင် အဲဒီသူနေခဲ့တဲ့အိမ်ဘက်ကို ပြန်လှည့်ပြီးတော့မှ အရုပ်ကို (အိမ်ဘက်ကို မျက်နှာမူပြီးတော့မှ) မြှပ်ရမှာ ဖြစ်ပါတယ်။ မြှပ်ရုံနဲ့ မပြီးသေးဘဲနဲ့ ရေလောင်းရမယ့် ရေခွက်က နေ့နံသားအလိုက်ကို ဇယားလေးနဲ့ ပြပေးထားပါတယ် ။ တနင်္ဂနွေသားသမီးဆိုရင် ရေ (၈) ခွက် လောင်းရပါမယ်။ ရေ (၈) ခွက် လောင်းတဲ့အခါမှာ ပျောက်သွားတဲ့သူ မြန်မြန်ပြန်လာပါစေဆိုပြီးတော့ စိတ်ထဲကနေ ရည်မှန်းပြီးတော့ တောင်းဆုပြုပြီး ဆုတောင်းပြီးတော့မှ ရေကိုလောင်းရမှာဖြစ်ပါတယ်။
ကျန်ရှိသောနေ့သားတွေလည်း ဇယားထဲမှာ ကြည့်ပြီးတော့ ပြုလုပ်နိုင်ပါတယ်။
တချို့ကျတော့လည်း သေသွားတာမျိုး ၊ တချို့ကျတော့လည်း တကယ့်ကို ပြန်လာလို့ မရတာမျိုးဆိုရင်လည်း အကြောင်းတစ်ခုခုနဲ့ ပြန်လာပါလိမ့်မယ်။ ဒါဆိုလို့ရှိရင် မိမိတို့ လူပျောက်ကြော်ငြာတွေ ၊ ပျောက်တဲ့သူပြန်လာအောင်လုပ်တဲ့နည်းတွေကို ရပြီဖြစ်တဲ့အတွက် တကယ်လို့မှ လိုအပ်လာတဲ့အခါမှာ ဒီနည်းလမ်းလေးနဲ့ ပြုလုပ်ပေးသင့်ပါတယ်။ ဒါဆိုရင် မိမိတို့ ပျောက်တဲ့သူကို ပြန်ရှာလို့ ရရှိမှာ ဖြစ်ပါတယ်။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope