မတ်လ ၁၆ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2019-03-16




မတ်လ ၁၆ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း မတ်လ ၁၆ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

ဒီရက်ပိုင်းမှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပါလိမ့်မယ်။ လုပ်ကိုင်သမျှ လုပ်ငန်းကိစ္စတွေကလည်းအဆင်မပြေမှုတွေကြုံရမှာဖြစ်ပြီး ဒီအချက်တွေကြောင့်အလုပ်နဲ့ ပတ်သက်တဲ့ စိတ်အားထက်သန်မှုကတော့ ပပျောက်သွားမှာ မဟုတ်ပါဘူး။ တကမ္ဘာလုံးက ပြဿနာတွေကိုကိုယ်တစ်ဦးတည်း ရင်ဆိုင်နေရတယ်လို့ ခံစားနေရမယ့်အချိန်ဖြစ်ပြီး လုပ်ငန်းမှာလည်းအခက်အခဲတွေကြုံရနိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းဆောင်တာတွေကိုပုံမှန်ပဲ ဆက်ပြီးလုပ်ဆောင်လိုက်ပါ၊ ကိုယ့်အပေါ်ကူညီနေသူတွေကို ကျေးဇူးကန်းတဲ့အပြုအမူမျိုး ပြုမူမိတတ်လို့ သတိပြုသင့်ပါတယ်။ ချစ်သူမရှိသေးသူတွေကတော့ တစ်ယောက်တည်းပဲ ဆက်ရှိနေဦးမယ့်အချိန်ပါပဲ။ ပညာရေး၊ ကျန်းမာရေးပိုင်း ကောင်းမွန်နေတဲ့နေ့ရက်ပါပဲ။

ယတြာ -အိမ်ရှိအိတ်အဟောင်းအစုတ်များ စွန့်ပစ်လိုက်ပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

လုပ်ငန်းကိစ္စတွေအားလုံးအောင်မြင်နေမယ့်နေ့ရက်ပါပဲ။ ဒီနေ့မှာ လုပ်ငန်းတိုးချဲ့မှုတွေပြုလုပ်ဖို့ သင့်တော်ပြီး မိသားစုရေး၊အချစ်ရေးအားလုံး စိတ်ချမ်းသာနေပါလိမ့်မယ်။ ကုန်စိမ်းဒိုင်၊ ဆန်စပါးဒိုင်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး လုပ်ငန်းကနေ ငွေဝင်များနေပါလိမ့်မယ်။ ပျိုရွယ်သူတွေအနေနဲ့ စန်းပွင့်နေချိန်ဖြစ်ပြီးအိမ်ထောင်သည်တွေအတွက်လည်းအိမ်ထောင်ရေး သာယာနေမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ လစာ၊ ရာထူး တိုးတက်ခြင်းများကြုံရမှာဖြစ်ပြီး ပညာရေးတစ်ဆင့် မြင့်မယ့် သင်တန်းမျိုးတက်ရောက်ရတတ်ပါတယ်။ ကျန်းမာရေးကတော့အစာအိမ်ရောဂါသတိပြုရပါမယ်။

ယတြာ -အိမ်ရှိဘုရားတွင် ထီးဖြူ ၉ လက်လှူဒါန်းပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

ရပ်ဝေးက မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံရတတ်ပြီးအကူအညီကောင်းတွေလည်း ရရှိပါလိမ့်မယ်။ ဒီနေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး လုပ်ငန်း ပတ်ဝန်းကျင်လည်း ပြောင်းလဲနိုင်ပါသေးတယ်။အပြောင်းအလဲကြားကပဲ တိုးတက်မှုတွေ ရရှိလာနိုင်ပြီး လူမျိုးခြား ကူညီမစမှု ရရှိပါလိမ့်မယ်။အချစ်ရေးမှာ လုံးဝမျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး ဝေးကွာနေတဲ့ ချစ်သူတွေလည်း ပြန်လည်ဆုံဆည်းရနိုင်ပါတယ်။ တစ်ခုထက်မကတဲ့ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး သင်တန်းတွေရဲ့အကျိုးကျေးဇူးတွေကိုလည်း ပြန်ပြီး ခံစားရပါလိမ့်မယ်။ ခရီးသွားရကိန်းရှိပြီး ခရီးမှာ ကျန်းမာရေးညံ့တတ်လို့ သတိထားသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါတွေ သတိပြုရပါမယ်။

ယတြာ - ဘုရားတွင် ကြာဆံချက် ကပ်လှူပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

မနာလိုသူပေါများနေပြီး ဒီရက်ပိုင်းမှာ ခရီးမထွက်သင့်ပါဘူး။အချစ်ရေးမှာ မိမိရွေးချယ်လိုက်တဲ့ချစ်သူကို မိသားစုအသိုင်းအဝိုင်းကနေ လက်မခံတာမျိုး ကြုံရနိုင်ပါတယ်။အိမ်ထောင်ပြုမယ်ဆိုရင်တောင်အချစ်ရေး၊အိမ်ထောင်ရေးအနည်းငယ်ညံ့နေလို့ ရေရှည်မမြဲနိုင်ပါဘူး။ လုပ်ငန်းတွေအများအပြားတိုးချဲ့မိလို့ ဆုံးရှုံးမှုကြီးနိုင်ပါတယ်။ ငွေကြေးအရှုတ်အရှင်းတွေမှာ ပါဝင်နေရတတ်ပြီး စာချုပ်စာတမ်းကိစ္စ လက်မှတ်ထိုးရတတ်ပါတယ်။အိမ်၊ ခြံမြေအပေါင်ခံပါကအမှားအယွင်းကြုံရတတ်လို့သတိပြုသင့်ပါတယ်။ ဒီရက်ပိုင်းမှာ ရောင်းမှားဝယ်မှားဖြစ်တတ်ပြီး ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါသတိပြုသင့်ပါတယ်။

ယတြာ - ဘုရားတွင် ထောပတ်သီး ကပ်လှူပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပိုမိုအကျိုးပေးနေပြီး ဒီနေ့မှာလုပ်ငန်းတိုးချဲ့မှုပြုလုပ်မယ်ဆိုရင် စနေ၊ ဗုဒ္ဓဟူး သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းတိုးတက်မှုကြုံရမှာဖြစ်ပြီး မိတ်ဆွေကောင်းတွေဆီက ငွေအား၊အကြံဉာဏ်အားအကူအညီများရရှိပါလိမ့်မယ်။အချစ်ရေးမှာ စန်းပွင့်နေပြီးအချစ်သစ်နဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်အပေါ်အထောက်အကူပြုမယ့် ချစ်သူမျိုးနဲ့လည်း ကြုံကြိုက်နိုင်ပါတယ်။အချစ်ရေးအပေါ် ဦးစားပေးမှုကြောင့် ပညာရေးပိုင်းမှာတော့အနည်းငယ်အားနည်းနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ သာမန်ရောဂါအသေးတွေ မကြာခဏဖြစ်လေ့ရှိပြီး စိုးရိမ်စရာတော့မရှိပါဘူး။

ယတြာ - သံဃာတော်တစ်ပါးအား သင်္ကန်းကပ်လှူပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ပညာရေး၊ ကျန်းမာရေးပိုင်းကတော့ ကောင်းမွန်နေတဲ့နေ့ရက်ပါပဲ။ ဒီရက်ပိုင်းမှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပါပြီး လုပ်ကိုင်သမျှ လုပ်ငန်းကိစ္စတွေကလည်းအဆင်မပြေမှုတွေကြုံနိုင်ပါတယ်။ ဒါပေမယ့် လူမျိုးခြားရဲ့ ကူညီမှုနဲ့အဆင်ပြေပါလိမ့်မယ်။အချစ်ရေးအနည်းငယ်ညံ့နေပြီးအိမ်ထောင်သည်တွေလည်း တကျက်ကျက်ဖြစ်နေပါလိမ့်မယ်။ ချစ်သူမရှိသေးသူတွေကတော့ တစ်ယောက်တည်းပဲ ဆက်ရှိနေဦးမယ့်အချိန်ပါပဲ။ နယ် ဒါမှမဟုတ် ပြည်ပလုပ်ငန်းခွဲရှိသူတွေအနေနဲ့အထူးကောင်းမွန်တဲ့နေ့ရက်ဖြစ်ပါတယ်။ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ကိုင်သူများအထူးကောင်းမွန်နေပြီး ပညာရေးအတွက် သင်တန်းအသစ်တွေတက်ရောက်ရကိန်းရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်လုံးအာရုံကြောထိခိုက်တတ်ပါတယ်။

ယတြာ - ဘုရားမှာ သရက်သီး ကပ်လှူပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းတော်တော်များများကို ဦးဆောင်လုပ်ကိုင်နေရမှာဖြစ်ပြီးအောင်မြင်မှုလည်း ရရှိမှာဖြစ်ပါတယ်။အရေးကြီး ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်ပါက မိမိထက်အသက်ကြီးရင့်သူများနှင့် တိုင်ပင်လုပ်ဆောင်ပါ။အိမ်တွင်းရေး၊ မိသားစုအရှုပ်အရှင်းများကြောင့် ရန်ဖြစ်စကားများရတတ်ပြီးအိမ်ပေါ်ကနေ ဆင်းရတဲ့အထိလည်း စိတ်ညစ်စရာ ကြုံရတတ်ပါတယ်။အိမ်၊ နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနေပြီးအိမ်၊ ခြံမြေအသစ်ဝင်ကိန်းလည်း ရှိနေပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူတွေ့လာနိုင်တဲ့အချိန်ပါပဲ။ ကူညီတတ်သော စိတ်ရင်းအပေါ်အခွင့်ကောင်းယူသူများ တွေ့ကြုံရတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြား ပညာတော်သင်သွားရကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ပျားလိမ္မော်သီး ကပ်လှူပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

လုပ်ငန်း ကိစ္စတွေမှာ စဉ်းစားဆင်ခြင်မှုအားနည်းပြီး လုပ်ကိုင်လိုက်တာတွေက ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်အမျိုးသမီးကြီးတစ်ဦးရဲ့ ကူညီမှုနဲ့အစစအရာရာအောင်မြင်သွားပါလိမ့်မယ်။ ငွေကြေးပိုင်းဆိုင်ရာမှာ ကောင်းမွန်နေပြီး ငွေဝင်များနေမယ့်အချိန်ပါပဲ။ သူတပါး နားမထောင်ချင်တဲ့ စကားတွေကို ဆက်တိုက်ပြောမိနေတတ်တဲ့အချိန်ဖြစ်လို့ ဖြစ်နိုင်ရင် ဒီနေ့မှာ နားထောင်သူပဲလုပ်ပြီး စကားသိပ်မပြောတာက ပိုအဆင်ပြေပါလိမ့်မယ်။အချစ်ရေးမှာလည်း စေ့စပ်ကြောင်းလမ်းထားသူတွေတောင် ပျက်နိုင်တဲ့အချိန်ဖြစ်ပါတယ်။အချစ်ရေးရဲ့ သက်ရောက်မှုက လူမှုရေးနဲ့ စီးပွားရေးကိုပါ ထိခိုက်နိုင်တာကြောင့် ချစ်သူအပေါ် စိတ်ရင်းနဲ့ ဆက်ဆံပေးတာကအကောင်းဆုံးလို့ဆိုပါရစေ။ မိသားစုနဲ့အိမ်တွင်းရေး ပြဿနာတွေ ဒိုင်ခံဖြေရှင်းနေရမှာဖြစ်ပြီး သင်ပြုလုပ်သမျှကိုအားလုံးကအဆိုးမြင်နေမယ့် နေ့ရက်ပါပဲ။ ကျန်းမာရေး ၊ ပညာရေးလည်း သိသိသာသာ ညံ့နေပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် သပြေပန်း ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

ရန်အနှောက်အယှက်များနေပြီး လက်ရှိလုပ်နေတဲ့ ကိစ္စတစ်ချို့ ရပ်တန့်သွားနိုင်တဲ့အထိပဲ ဖြစ်ပါတယ်။အချစ်ရေးမှာ မိမိရွေးချယ်လိုက်တဲ့ချစ်သူကို မိသားစုအသိုင်းအဝိုင်းကနေ လက်မခံတာမျိုး ကြုံနိုင်ပြီး ရုတ်တရက်အိမ်ထောင်ကျကိန်းလည်း ရှိနေပါတယ်။ ဒါပေမယ့်အချစ်ရေး၊အိမ်ထောင်ရေးအနည်းငယ်ညံ့နေလို့ ရေရှည်မမြဲနိုင်ပါဘူး။အောင်မြင်မယ်လို့ မှန်းထားတဲ့ကိစ္စတွေ ဆုံးရှုံးမှု ကြုံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါသတိပြုသင့်ပါတယ်။ ချော်လဲတာကနေ ရက်ရှည်ဆေးရုံတက်ရကိန်းရှိလို့ သတိထားပါ။

ယတြာ -အိမ်ရှိဘုရားတွင် တံခွန်တိုင် ကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်သမျှအားလုံးအကောင်းပဲ ဖြစ်နေပါလိမ့်မယ်။ ချစ်သူရှိသူတွေအနေနဲ့ ချစ်သူနဲ့ ပိုမိုအဆင်ပြေချောမွေ့မှာဖြစ်ပြီး ချစ်သူမရှိသေးသူတွေလည်း စိတ်လှုပ်ရှားဖွယ်အချစ်ရေးတစ်ခု ကြုံကြိုက်ရမှာဖြစ်ပါတယ်။အိမ်ထောင်ကျကိန်းရှိတဲ့ နေ့ရက်တစ်ရက်ပါပဲ။ ဒီနေ့မှာ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ခရီးထွက်ရကိန်းရှိပြီး ဒီခရီးကနေ ကောင်းမွန်တဲ့ ရလဒ်တွေရရှိပါလိမ့်မယ်။ လုပ်ငန်း ကိစ္စတွေမှာလည်း မိတ်ဆွေ၊အပေါင်းအသင်းတွေရဲ့ ကူညီမှုနဲ့အရာရာအဆင်ပြေနေမယ့် ကာလပါပဲ။ ပညာရေးနဲ့ ကျန်းမာရေးပိုင်းမှာတော့အနည်းငယ်ညံ့နေပါတယ်။

ယတြာ -အိမ်ရှိဘုရားမှာ သစ္စာပန်း ကပ်လှူပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

အချစ်ရေးကောင်းမွန်နေပြီး ဒီနေ့မှာ လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ စိတ်ညစ်စရာတွေ ဝေးနေမှာဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် ဂုဏ်တက်မယ့် နေ့ရက်လည်း ဖြစ်ပါတယ်။အလုပ်အတွက် ရွေးချယ်စရာတွေထပ်မံပေါ်ပေါက်လာမှာဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ လူကြီးသူမတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ချစ်သူနဲ့အိမ်ထောင်ဖက်ရဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိနိုင်ပြီး လုပ်ဖော်ကိုင်ဖက်တွေကလည်း သင့်ကိုအစစအရာရာ ကူညီပေးပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ လေငန်းရောဂါသတိပြုသင့်ပါတယ်။

ယတြာ -အိမ်ရှိအဟောင်းအစုတ်များစွန့်ပစ်လိုက်ပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး လုပ်ငန်း ပတ်ဝန်းကျင်လည်း ပြောင်းလဲနိုင်ပါသေးတယ်။အပြောင်းအလဲကြားကပဲ တိုးတက်မှုတွေ ရရှိလာနိုင်ပြီး လူမျိုးခြား ကူညီမစမှု ရရှိပါလိမ့်မယ်။ လုပ်ငန်းချဲ့ထွင်မှုတွေ ဒီရက်မှာ ရပ်နားထားသင့်ပြီးအိုးသစ်အိမ်သစ်လည်း ဝင်ကိန်းရှိနေပါတယ်။ တစ်ခုထက်မကတဲ့ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး သင်တန်းတွေရဲ့အကျိုးကျေးဇူးတွေကိုလည်း ပြန်ပြီး ခံစားရပါလိမ့်မယ်။ ပြည်တွင်းပြည်ပခရီးသွားရကိန်းရှိပြီးအချစ်ရေးမှာ လုံးဝမျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး ဝေးကွာနေတဲ့ ချစ်သူတွေလည်း ပြန်လည်ဆုံဆည်းရနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါတွေ သတိပြုရပါမယ်။

ယတြာ - ဘုရားတွင်အုန်းသီးမုန့် ကပ်လှူပေးပါ။

LEO


#ယတြာ
#ကိန်း
#အချစ်
#ချစ်သူ
#ကျန်းမာရေး

Some text some message..