မတ်လ ၁၉ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို မတ်လ ၁၉ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးအဆင်ပြေနေလိမ့်မည်။ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ငွေကြေးအခက်အခဲအနည်းငယ်ရှိနေတတ်ပါတယ်။ သို့သော် ကူညီမည့်သူများနှင့်လည်း တွေ့ရတတ်ပါတယ်။ ရွှေရောင်းဝယ်သော လုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်အောင်မြင်မှုများ ရရှိနေတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် လက်အောက်ငယ်သားများနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပြည်ပရပ်ဝေးခရီးနှင့် ပတ်သက်၍လည်းအနည်းငယ် ညံ့နေတတ်ပါသေးတယ်။ ကျန်းမာရေးအနေဖြင့်အစာအိမ်နှင့် ပတ်သက်သော ဝေဒနာမျိုး ဂရုစိုက်ပါ။
ကံကောင်းသောနံပါတ် ။ ။ ၆, ၇, ၉ ကံကောင်းသောအရောင် ။ ။ ပန်းရောင်ရင့်ရင့်အရောင်
ယတြာ ။ ။ မိမိနေအိမ်ဘုရား၌ နို့ဆွမ်းကပ်လှူပါ။
မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ချစ်သူ၏အထင်လွဲခြင်းခံရတတ်သည်။ မိမိ၏လုပ်ငန်းပိုင်းဆိုင်ရာ၌အခက်အခဲမရှိအောင်မြင်စွာ ကျော်လွှားနိုင်လိမ့်မည်။ ပြည်ပရပ်ဝေးနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းကိစ္စများ ထူးခြားစွာအောင်မြင်မှုရရှိလိမ့်မည်။ မိမိ၏လုပ်ငန်းများ ပိုမိုကောင်းမွန်လာသလို ဝင်ငွေနှင့် စုဆောင်းငွေများလည်း တိုးပွားလာမည်။ မိခင် ရှိခဲ့ရင်တော့ ကျန်းမာရေးအနည်းငယ်ဂရုစိုက်လိုက်ပါ။ ပညာရေးအနေဖြင့် မိမိမျှော်မှန်းထားသလိုအောင်မြင်မှုရနိုင်ချိန်လည်း ဖြစ်တတ်ပါတယ်။ ပြည်ပရပ်ဝေး ပညာသင်ခရီးအနေဖြင့်အနည်းငယ် ထစ်ငေါ့နေတတ်ပါတယ်။ နှစ်ခါလုပ်မှအောင်မြင်မှုပိုရရှိတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ဘက်ကြောင့် စိတ်ပျော်ရွှင်စရာများနှင့် ကြုံတွေ့ရတတ်ပါတယ်။
ကံကောင်းသောနံပါတ် ။ ။ ၁, ၆, ၃ ကံကောင်းသောအရောင် ။ ။အညိုရောင်
ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ထောပတ်ထမင်းနှင့် ကော်ဖီကပ်လှူပါ။
မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် ဝေခွဲမရတာမျိုး ဖြစ်နေတတ်ပါတယ်။ မိမိစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍အခက်အခဲအနည်းငယ်ရှိနေတတ်ပါတယ်။အနုပညာနှင့်ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်သူဖြစ်ပါက ဝင်ငွေကောင်းများ ရရှိနေလိမ့်မည်။အဖိုးတန် စက်ပစ္စည်းများ ဝင်လာတတ်ပါတယ်။ ရပ်ဝေးမှ သတင်းကောင်းများ ကြားသိရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်းအထက်လူကြီးကြောင့် စိတ်ညစ်စရာပေါ်လာတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးနှင့်ပတ်သက်၍ ကံကောင်းပြီးအောင်မြင်မှုများ ရရှိတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် နား၊ နှာခေါင်းနှင့် ပတ်သက်သော ဝေဒနာမျိုးအထူးဂရုစိုက်ရမည့်ကာလဖြစ်သည်။
ကံကောင်းသောနံပါတ် ။ ။ ၁, ၇, ၉ ကံကောင်းသောအရောင် ။ ။အဖြူရောင်
ယတြာ ။ ။ မိမိမွေးနေ့ နံနက်စောစောတွင် ခိုလေးများကိုအစာကျွေး ကုသိုလ်ယူပါ။
မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများ ပျော်ရွှင်မှုများဖြင့် မင်္ဂလာကိစ္စများကို ချစ်သူနှစ်ဦး စိတ်တိုင်းကျ ဆောင်ရွက်နေရတတ်သည်။အလုပ်အကိုင်အကြံအစည်များအောင်မြင်နေတတ်သည်။ မမျှော်လင့်ဘဲ ငွေဝင်နေမည့်ကာလဖြစ်သည်။ ကြိုးစားသလောက် ပစ္စည်းဥစ္စာ တိုးတက်ကြီးပွားနိုင်သည်။ စီးပွားရေးပညာရှင်များ၊အယ်ဒီတာများ၊ ထုတ်ဝေသူများ၊ ကောက်ပဲသီးနှံရောင်းဝယ်သူများအဖို့အကျိုးပေး ထက်သန်နေမည့် ကာလဖြစ်သည်။ ကုသိုလ်ရေးအဓိဋ္ဌာန်အောင်မြင်မှုကြောင့် ဆုလာဘ်ကောင်းများ ရရှိလိမ့်မည်။ ယာယီရောင်းဝယ်ဖောက်ကားမှုအပြိုင်အဆိုင်များနေမည်။ ကျန်းမာရေးမှာ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း ဖြစ်မည်။
ကံကောင်းသောနံပါတ် ။ ။ ၇, ၉, ဝ ကံကောင်းသောအရောင် ။ ။ ကြေးနီရောင်
ယတြာ ။ ။ သစ်မြစ်၊ သစ်ဖု စသည်ဖြင့် ပြုလုပ်ထားသော ဆေးဝါးများကိုအသက်ကြီးသူများအား လှူဒါန်းပါ။
မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးအဆင်ပြေနေလိမ့်မည်။ စီးပွားရေးလုပ်ငန်းများ၌ ကိုယ်ပိုင်အရည်အချင်းများဖြင့်အောင်မြင်ကျော်ကြားနေလိမ့်မည်။ မိတ်ဆွေသစ်များထံမှ မမျှော်လင့်ဘဲ လက်ဆောင်ပစ္စည်းများ ရရှိတတ်ပါတယ်။ နယ်စပ်ကုန်သွယ် မှုများမှလည်းအမြတ်အစွန်းများ ရရှိတတ်ပါတယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသူများအဖို့ ပိုမိုအောင်မြင်မှုရရှိပြီး ဝင်ငွေကောင်းနေတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် နိုင်ငံရပ်ခြား၌ ပညာရပ်တစ်ခုသင်ကြားရန်အခွင့်အရေးပေါ်လာတတ်ပါတယ်။ ပညာရေးအနေဖြင့် ကြိုးစားသလောက်အခွင့်အရေး ရရှိတတ်ပါတယ်။ ပြည်ပရပ်ဝေးခရီးသွားရန် ကြံရွယ်ထားသူများအနေဖြင့်အခက်အခဲအနည်းငယ်ရှိနေတတ်ပါတယ်။ မျက်စိဝေဒနာ ဂရုစိုက်ပါ။
ကံကောင်းသောနံပါတ် ။ ။ ၁, ၄, ၃ ကံကောင်းသောအရောင် ။ ။ မိုးပြာရောင်
ယတြာ ။ ။ မိမိနေအိမ်ဘုရား၌ သင်္ဘောသီး (၆)စိပ် ကပ်လှူပါ။
မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများ ရည်ရွယ်ထားသော ချစ်သူထံမှ လိုချင်သောအဖြေစကားကြားရမည်။ ပြီးခဲ့သောအချိန်များထက် ပိုမို၍ ကံတရားကောင်းမွန်လာလိမ့်မည်။ ရင်းနှီးမြှုပ်နှံထား သော ရေရှည်လုပ်ငန်းများအကျိုးအမြတ်ပေါ်ထွက်မည်။ မိမိ၏နယ်ပယ်၌ ယှဉ်ပြိုင်ဘက်အသီးသီးကို ဖြတ်ကျော်အနိုင်ရလိမ့်မည်။ ကြိုးစားသမျှအရာထင်သော ကာလဖြစ်သည်။အမွေအနှစ်များ ရတတ်သည်။ ဘာသာရေးအဓိဋ္ဌာန်များအောင်မြင်မည်။ ကျောင်းသားကျောင်းသူများအဖို့ ပညာရေး၌အောင်ပွဲခံရမည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမြှင့်ခြင်းခံရမည်။ လုပ်ငန်းဝင်ငွေတိုးမည်။ ပျော်စရာအချစ်ဇာတ်လမ်းများ ဖန်တီးနိုင်မည်။အိမ်ထောင်ရေး သာယာချမ်းမြေ့မည်။ ကျန်းမာရေးမှာအမျိုးသမီးများ၊အမျိုးသမီးရောဂါများ ဖြစ်တတ်သည်။
ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၄ ကံကောင်းသောအရောင် ။ ။အစိမ်းရောင်
ယတြာ ။ ။အိမ်ကဘုရားမှာ ငွေပန်းများကပ်လှူပါ။
မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ
ဒီရက်မှာအချစ်ရေး စိတ်ချမ်းမြေ့ရပါမည်။ ကံတရားက မျက်နှာသာပေးသောကာလဖြစ်ပြီး ကြိုးစားနေရမည့်ကာလဖြစ်သည်။ ဘယ်အရာမဆို ချင့်ချိန်ကာ ဆောင်ရွက်သင့် သည်။ သင်မမျှော်လင့်ထားသောအောင်မြင်မှု ဆုလာဒ်တို့ ရရှိမည်။ စီးပွားရေးလုပ်ငန်းကြီးများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။အများ၏ ချစ်ခင် လေးစားမှုကိုရရှိမည်။ မိတ်ဆွေကောင်းတွေလည်း တိုးပွားနေပါလိမ့်မည်။ ဝင်ငွေနှင့်ထွက်ငွေကို တိကျပြတ်သားစွာ ချင့်ချိန်သုံးစွဲရမည့်နှစ်ဖြစ်ပါသည်။အခက်အခဲတွေ့လျှင် စိတ်မညစ်ပါနှင့်။ စီးပွားဥစ္စာတိုးတက်ဖို့အတွက်အရင်းခံအကြောင်း များသာဖြစ်ပါသည်။အိမ်ထောင်သည်များ တစ်ဦးနှင့်တစ်ဦး ပိုမိုချစ်ခင် သံယောဇဉ်တွယ်လာမည်။ ကျန်းမာရေးကောင်းမွန်နေမည်။ ပညာရေးအစစအရာရာ ချောမွေ့တိုးတက်အောင်မြင်တော့မည်။
ကံကောင်းသောနံပါတ် ။ ။ ၃, ၇, ၄ ကံကောင်းသောအရောင် ။ ။ မီးခိုးရောင်
ယတြာ ။ ။အိမ်ကဘုရားကို ရွှေထမင်းကပ်လှူပါ။
မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ
ဒီရက်မှာအချစ်ရေးကံအရမ်းထူးပြီး ပွင့်လန်းနေချိန်ဖြစ်ပါသည်။ ကိုယ်ရည်ကိုယ်သွေးနှင့်အကျင့်စာရိတ္တ ပိုမိုကောင်းမွန်နေမည်။အလုပ်အကိုင်မရှိသေးသူများအလုပ်အကိုင်ကောင်း ရရှိပါမည်။ လောကီ လောကုတ္တရာအကျိုးချမ်းသာများ ခံစားရတတ်ချိန်ဖြစ်ပါသည်။ ကုသိုလ်ရေးအဓိဋ္ဌာန်များဝင်ပါကအောင်မြင်မည်။အစစအရာရာ ဘုန်းကံပွင့်လန်း တိုးတက်နေမည်။ ပတ်ဝန်းကျင်နှင့်အဆင်ပြေမည်။ မိမိ၏ပညာရပ် နယ်ပယ်တွင် ထူးခြားသောအသိပညာသစ်များ၊ တီထွင်ဖန်တီးမှုအသစ်များအောင်မြင်အောင်ပြုလုပ်နိုင်မည်။အလုပ်အကိုင်၌ မိမိတတ်ကျွမ်းသောအလုပ်မျိုး၌အကျိုးအမြတ်များ ရရှိနိုင်သည်။ ဝင်ငွေနှင့် ဘဏ္ဍာရေးမျှော်မှန်းချက်များ ပြည့်ဝတိုးတက်လာပါမည်။ ပညာရေးကောင်းမွန်ပါသည်။ ကျန်းမာရေး မကောင်းသူများပင် ကုသ၍ ပျောက်ကင်းချမ်းသာရာရမည်။
ကံကောင်းသောနံပါတ် ။ ။ ၈, ၂, ၃ ကံကောင်းသောအရောင် ။ ။အစိမ်းနုရောင်
ယတြာ ။ ။အိမ်ကဘုရားမှာအောင်သပြေကပ်လှူပါ။
မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ
ဒီရက်မှာအချစ်ရေး ပျော်ရွှင်ချမ်းမြေ့ရမည်။အစွန်းမရောက်ပါစေနှင့်။ တစ်ခါရသော သင်ခန်းစာသည် တစ်သက်တာ မှတ်မိလောက် စရာဖြစ်တတ်သည်။အလုပ်နေရာဌာန၊အိုးအိမ်ပြောင်းရွှေ့ခြင်းများ ရှိတတ်သည်။ ကံကောင်းခြင်းဖြင့် ပြောင်းရွှေ့ရတတ်သည်။ ယခုအပတ်တွင် ကံကောင်းနေမည်။ ပြည်တွင်း၌သာအလုပ်လုပ်မည်ဆိုလျှင် မိမိနားလည်ပြီးအကျိုးရှိစေပါသည်။ ဘာလုပ်ငန်းလုပ်လုပ် ကံအကျိုးပေးလေးက လိုက်နေမည်ဖြစ်သည်။အိမ်ထောင်ဖက်ကြောင့် ငွေကြေးနှင့် စည်းစိမ်ချမ်းသာ တိုးပွားမည်။ ကျန်းမာရေးအထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ပညာရေးအထူးဖြောင့်ဖြူးသာယာပါသည်။
ကံကောင်းသောနံပါတ် ။ ။ ၉, ၂, ၄ ကံကောင်းသောအရောင် ။ ။ နီညိုရောင်
ယတြာ ။ ။အိမ်ကဘုရားမှာ နို့ဆွမ်းကပ်လှူပါ။