မတ်လ ၂၄ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2019-03-24




မတ်လ ၂၄ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို မတ်လ ၂၄ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးစန်းပွင့်နေသော ကာလမျိုးဖြစ်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ၌ မိမိရည်ရွယ်ထားသည့်အတိုင်းအောင်မြင်အောင် တိုးချဲ့နိုင်လိမ့်မည်။အတိုက်အခံများကြားမှလည်း လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ ငွေကြေးကိစ္စများ၌အာမခံပေးခြင်း၊ ငွေကြေးထုတ်ချေးခြင်းမျိုးမပြုလုပ်ပါနှင့်။ ငွေကြေး လိမ်ခံရခြင်းမျိုးနှင့်ကြုံတွေ့ရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်မှ လက်အောက်ငယ်သားများ၏အခက်အခဲများကို ဖြေရှင်း ပေးနေရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့် သားသမီးကြောင့် ဝမ်းမြောက် ပျော်ရွှင်ဂုဏ်ယူရသောအချိန်ကာလမျိုးပါ။ ကျန်းမာရေးအနေဖြင့်အစာအိမ်နှင့်ပတ်သက်သော ဝေဒနာဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၅, ၁, ၃ ကံကောင်းသောအရောင် ။ ။ ရွှေဝါရောင်

ယတြာ ။ ။ မိမိမွေးနေ့ ညနေဘက်တွင် ခွေးကိုအစာကျွေးပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ချစ်သူသစ် တွေ့တတ်သည်။ လုပ်ငန်းဆိုင်ရာအတွင်းမှာ ငွေကြေးဆုံးရှုံးမှုအနည်းငယ်ကြုံတွေ့ရတတ်ပါတယ်။ ယာယီခရီးတွေလည်း ထွက်ခွာနေရတတ်ပါတယ်။ ရွှေနှင့်ပတ်သက်၍လည်း ရောင်းမှား၊ ဝယ်မှားဖြစ်တတ်ပါတယ်။ ဆိုင်တစ်ဆိုင်ဖွင့်ရန်အတွက် နေရာကောင်းတစ်ခု ရခြင်းမျိုးကြုံတွေ့ရမည်။ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များမှာလည်းအမှားအယွင်းအတိမ်းအစောင်းများအနည်းငယ်ရှိနေတတ်သည်။ ဝန်ထမ်းများအနေဖြင့်လည်း ဌာနဆိုင်ရာအတွင်းအကြီးအကဲ၏အမြင်မကြည်လင်မှုများနှင့် ကြုံတွေ့ရတတ် ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်တွင်းရေးသာယာ၍ နှစ်ဘက်မိဘများနှင့် ပျော်ရွှင်စွာ ခရီးထွက်ရတတ်ပါတယ်။ ပညာဂုဏ်သတင်းလည်းအထူးကျော်ဇောတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အစာအိမ်နှင့် ဝမ်းဗိုက်ဝေဒနာအထူးဂရုစိုက်သင့်၏။

ကံကောင်းသောနံပါတ် ။ ။ ၁, ၆, ၉ ကံကောင်းသောအရောင် ။ ။ ချောကလက်ရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ထောပတ်ထမင်း ကပ်လှူပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအချစ်ရေးမှာ သတိထားသင့်ချိန် ဖြစ်ပါသည်။ မိမိ၏ စီးပွားရေးလုပ်ငန်းများ ဝင်ငွေကောင်းခြင်း၊ ကံကောင်းခြင်းများ ရှိနေ လိမ့်မည်။ ငွေရေး ကြေးရေးအနေဖြင့်လည်းအစစအရာရာအဆင်ပြေအောင်မြင်နေမည်။ ဆုံးရှုံးထားသည့် လက်ဝတ်ရတနာများနှင့် ရွှေထည်များ ပြန်လည်ဝင်ရောက်လာမည်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာ ရွှေ့ပြောင်းမှုများကြောင့်အထူးသတိထားသင့်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ပညာရေးအနေဖြင့် စိတ်လော၍ မဆုံးဖြတ်သင့်။ ဆရာသမားကောင်းများနှင့် တွေ့ရတတ်သည်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ယခုအချိန်မှာ စာရွက်စာတမ်းများ စတင်စုဆောင်းခြင်းမျိုး ပြုလုပ်လိုက်ပါ။အိမ်ထောင်ရှင်များအနေဖြင့် မိမိအိမ်ထောင်ဖက်၏ ကျန်းမာရေးဂရုစိုက်သင့်၏။ ကျန်းမာရေးအနေဖြင့် ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်းမျိုး ခံစားရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၁, ၉, ၇ ကံကောင်းသောအရောင် ။ ။အနီရောင်

ယတြာ ။ ။ မွေးနံထောင့်ဘုရားမှာ ဆီမီးသက်စေ့လှူဒါန်းပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ချစ်သူနှင့် ရန်ဖြစ်တတ်သည်။ သင်၏ စီးပွားရေးလုပ်ငန်းများကိုအထူးသတိထား ဆောင်ရွက်သင့်ပါ၏။ မိသားစုများနှင့်ပတ်သက်၍လည်း စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်သည်။ စိတ်ပင်ပန်း၊ လူပင်ပန်းရမည့်အချိန်ကာလမျိုးပါ။ သူတစ်ပါး၏အမှုကိစ္စများကိုအာမခံခြင်း၊ ကြားဝင်ဖြေရှင်းခြင်းမျိုး မပြုပါနှင့်။ ငွေကြေးကံကောင်းနေပါမည်။ ပညာရေးအနေဖြင့် ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း ကြိုးစားသလောက် ထွန်းပေါက် တတ်မြောက်အောင်မြင်ခြင်းမျိုး မရရှိနိုင်သော ကာလမျိုးပါ။ ပြည်ပ ရပ်ဝေးခရီးအနေဖြင့်အနှောင့်အယှက်များရှိနေတတ်သည်။ ကျန်းမာရေးအနေဖြင့် စိုးရိမ်ဖွယ်မရှိလောက်အောင်ကောင်းနေမည်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၄, ၇ ကံကောင်းသောအရောင် ။ ။ ပုစွန်ဆီရောင်

ယတြာ ။ ။ မွေးနံထောင့်ဘုရားမှာ ဆီထမင်းကပ်လှူပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ဖူးစာရှင်ဆုံတွေ့နိုင်သော ကာလဖြစ်သည်။အလုပ်တစ်ခု ကျိန်းသေပေါက် လုပ်ဖြစ်ပါလိမ့်မယ်။ စပ်တူလုပ်ခြင်း၊ ပူးပေါင်းလုပ်တဲ့ လုပ်ငန်းများ ဖြစ်နေတတ်တယ်။ စီးပွားရေးလုပ်ငန်းတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တဲ့ကာလ ဖြစ်ပါတယ်။ ယခင်ရက်များနဲ့ မတူတဲ့ ကံတရားကြောင့် သင့်ဘဝတိုးတက်ထည်ဝါစွာ ပြောင်းလဲသွားမယ့် ကာလဖြစ်ပါတယ်။ ခရီးထွက်မယ်ဆိုရင်အနောက်အရပ်ကို လုံးဝမသွားမိပါစေနဲ့။ စက်ပစ္စည်းတစ်ခု ဝင်တတ်သည်။ ကိုယ့်အတွက်အကျိုးပေးသော ပစ္စည်းဖြစ်မယ်။အိမ်ထောင်သည်တွေအဖို့ ပျော်ရွှင်သောမိသားစုခရီး ထွက်ရမည်။ ကျန်းမာရေးမှာ မတော်တဆ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၁၁ ကံကောင်းသောအရောင် ။ ။ နီညိုရောင်

ယတြာ ။ ။ သိကြားမင်းကို သကြားပွဲ လှူပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ချစ်သူ၏အထင်လွဲမှုများ ခံရတတ်သည်။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဇွတ်လုပ်တတ်သည်။ ဘဝမြင့်မားရေးကြိုးစားမည်။ ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများ သေချာစွာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။အရာရာ စိတ်ရှည်ရှည်ထားပြီး ဆောင်ရွက်ပါ။ ခရီးသွားမည့်သူများ ခရီးအတွက်အထစ်အငေါ့ဖြစ်ပြီးမှအောင်မြင်မှုရတတ်သည်။ နိမ့်ကျသူများပင် ချမ်းသာြ<ွကယ်ဝလာနိုင်သည့်ကာလဖြစ်သည်။ မထင်မှတ်သော ခရီးများလည်း သွားရ တတ်သည်။ ပညာရေးအနေနှင့်အောင်မြင်မှုများရရှိမည်။ ထင်မှတ်မထားသော သင်တန်းများ တက်ရောက် ရမည်။အိမ်ထောင်ရေးအနေနှင့် မိမိအိမ်ထောင်ဖက်၏အထင်အမြင်လွဲမှားမှုများ ကြုံရတတ်သည်။ ကျန်းမာရေးအနေနှင့်အမြင့်မှလိမ့်ကျတတ်သည်။ ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၆ ကံကောင်းသောအရောင် ။ ။အစိမ်းရင့်ရင့်အရောင်

ယတြာ ။ ။အိမ်ကဘုရားတွင် မုန့်စိမ်းပေါင်းလှူပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေနှင့်အချစ်ရေးတွင် စန်းပွင့်နေတတ်သည်။အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခုကြုံမည်။အတွေးအခေါ် ထူးခြားနေချိန်ဖြစ်သည်။ ကြာသပတေးသားသမီးနှင့် လုပ်ငန်းကိစ္စ တိုင်ပင်ဆောင်ရွက်ပါ။အခွင့်အရေးသစ်၊ လုပ်ငန်းသစ်များကို လက်မလွှတ်သင့်ပါ။ ကူညီသင့်သူကို ကူညီပါ။ စိတ်ချမ်းမြေ့စရာများနှင့် သာကြုံတွေ့ရမည်။ ရှေ့သွားလည်းမတက်၊ နောက်သို့လည်းမဆုတ် ဖြစ်နေတတ်သည်။ သူတစ်ပါး၏ ပြဿနာများ ဖြေရှင်းရတတ်သည်။အိမ်နေရာ၊အဆောက်အဦများနှင့်ပတ်သက်ပြီး စကားပြောဆိုရမည်။ မထင်မှတ်ဘဲအိမ်ထောင်ကျတတ်သည်။ သတိထားပါ။အိမ်ထောင်ရှင်များအနေနှင့်အိမ်ထောင်ရေး သာယာမှုများနှင့်ကြုံတွေ့ရမည်။ ကျန်းမာရေးအနေနှင့် ဝမ်းဗိုက်နှင့်ပတ်သက်သော ဝေဒနာများခံစားရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၃, ၈ ကံကောင်းသောအရောင် ။ ။ ပန်းရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ ဇီးယိုနှင့်ဆွမ်းကပ်ပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေနှင့် ချစ်သူ၏အထင်လွဲမှုခံရတတ်သည်။ ကံကောင်းနေချိန်ဖြစ်သောကြောင့် နှုတ်ငြိမ် စိတ်ငြိမ်နေထိုင်သင့်သည်။ မထင်မှတ်သူ ဖြားယောင်းမှုခံရမည်။ ပြိုင်ဘက်တွေ ထက်သာအောင် လုပ်ဆောင်နိုင်မည်။ မိမိကိုယ်မိမိ ယုံကြည်ပါ။အလိမ်ခံရတတ်သည်။ ပစ္စည်းများ ဆုံးရှုံးရတတ်သည်။ ရာထူး၊ သြဇာများ ဆုတ်ယုတ်တတ်သည်။အထူးသတိထားပါ။ ခရီးသွားဖို့ ကြံရွယ်ထားသူများအောင်မြင်မည်။ မထင်မှတ်သော ပညာရပ်များ သင်ကြားရတတ်သည်။အိမ်ထောင်ရှင်များအနေနှင့်အိမ်ထောင်ဘက်နှင့် ခွဲခွာနေရတတ်သည်။ ကျန်းမာရေးအနေနှင့် ထိခိုက်ဒဏ်ရာရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၃, ၈ ကံကောင်းသောအရောင် ။ ။ မီးခိုးရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ တံခွန် ၂ လုံးလှူပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအချစ်ရေးတွင်အသစ်မရှာသင့်ပါ။အလုပ်အကိုင်အခွင့်အလမ်းကောင်း၏။အလုပ်ကံကောင်းသလို ငွေကံလည်းကောင်းမည်။ နိုင်ငံခြားခရီးစဉ် ချောမွေ့မည်။ လက်အောက်ငယ်သားအချေအတင် ပြောရတတ်သည်။ မြေ၊အဆောက်အအုံ ရောင်းသောကိစ္စများအဆင်ပြေမည်။ ငွေစုပြုံဝင်ပြီး ကံစမ်းမဲပေါက်တတ်သည်။ ငွေကြေးအခက်အခဲများ ပြေလည်မည်။ သယံဇာတ တူးဖော်သူများအကျိုးရှိမည်။ မျှော်မှန်းမထားသည့် ပညာရေးအောင်မြင်မည်။အိမ်ထောင်ရှင်များအနေနှင့် ငွေကြေးကိစ္စကြောင့် စကားများရတတ်သည်။ ကျန်းမာရေးအနေဖြင့်အာရုံကြောအားနည်းခြင်းများ ကြုံရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၆, ၄ ကံကောင်းသောအရောင် ။ ။ လိမ္မော်ရောင်

ယတြာ ။ ။ ဘုန်းတော်ကြီးကျောင်းသို့ ဘဲသားဟင်းချက်ပြီး ဆွမ်းချိုင့်ပို့ပါ။


#ကံ
#ယတြာ
#အရောင်
#နံပါတ်
#အိမ်ထောင်

Some text some message..