မတ်လ ၃၀ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မတ်လ ၃၀ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆရာ LEO ဟောပြောပေးထားတဲ့ ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့ကစပြီးအကောင်းဘက်ကို ရောက်ရှိပြီလို့ ပြောနိုင်ပါတယ်။ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကိုအနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာနအပြောင်းအလဲ ကြုံ၇ကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ ဒီရက်မှာ မိမိရဲ့ စိတ်ကူးဆန္ဒတွေက တစ်ခြားသူတွေနဲ့ ဆန့်ကျင်ဘက်တွေပဲဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ကူးအတိုင်းပဲ လုပ်ဆောင်လိုက်ပါ၊အောင်မြင်ပါလိမ့်မယ်။ ဝင်ငွေပုံမှန်ရှိနေတဲ့ ကာလဖြစ်ပြီးအဆုတ်ပိုင်းဆိုင်ရာ ကျန်းမာရေးညံ့တတ်လို့ သတိပြုသင့်ပါတယ်။ ဒီရက်မှာ ကြားကနေအာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ ပညာရေးမှာ ထူးထူးချွန်ချွန်အောင်မြင်မယ့်အချိန်ဖြစ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ -အိမ်ရှင်းပေးပါ။
တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ လုပ်ငန်းပူးပေါင်းလုပ်ကိုင်သူတွေက မယုံမကြည်ဖြစ်တတ်ပြီး စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလပါပဲ။ ဒီရက်ပိုင်းမှာအစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဆေးရုံတက်ရကိန်းရှိနေပြီး ဆွေမျိုးမိတ်ဆွေထဲက ဆေးရုံတက်နေသူရှိတယ်ဆိုရင် သတင်းမေးသွားရောက်လိုက်ပါ။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ ဝင်ကိန်းလည်းရှိနေပါတယ်။ ပညာရေး၊အချစ်ရေးအစစအဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက် မကြာခဏဖြစ်လေ့ရှိနေပါလိမ့်မယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ငှက်ပျောသီး ကပ်လှူပေးပါ။
အင်္ဂါ - ဒီနေ့မှာအင်္ဂါသားသမီးတွေအနေနဲ့အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်း လုပ်ကိုင်သူများအကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ ငွေကြေးပိုင်းအနေနဲ့လည်း ပုံမှန်ဝင်ငွေရှိနေပါမယ်။ လုပ်ငန်းခွဲတွေကနေ ဝင်ငွေရလမ်းများနေမယ့်အချိန်ဖြစ်ပါတယ်။ လုပ်ငန်းထဲမှာ မြုပ်နေတဲ့ ငွေတွေ ပြန်ပေါ်လာမယ့် ကာလပါပဲ။ ချေးထားတာ ကာလအတန်ကြာလို့ ဆုံးပြီထင်တဲ့ ငွေတွေလည်း ပြန်ရလာတတ်ပါတယ်။အိမ်မှာရှိတဲ့ မိသားစုထဲကအငယ်တစ်ဦးဦးရဲ့ မင်္ဂလာသတင်းလည်းကြားရတတ်ပါတယ်။အချစ်ရေးကတော့အဆင်မပြေမှုတွေ များနေမယ့် ကာလပါပဲ။ လက်ရှိအလုပ်မှာလည်းအဆင်ပြေနေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအထိ စတင်နိုင်မယ့်အချိန်လို့လည်း ဆိုရမှာပါ။ ကျန်းမာရေးအနေနဲ့အစာအိမ်ရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ဇော်မွှားပန်း ကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် မူလလုပ်ငန်းကိုအခွဲတွေထပ်ချဲ့တာမျိုးထက် လက်ရှိလုပ်ငန်းနဲ့ လုပ်ငန်းသဘာ၀ ကွဲပြားတဲ့လုပ်ငန်းသစ်မျိုး တိုးချဲ့ပြုလုပ်သင့်ပါတယ်။အိမ်၊ ခြံ နေရာထိုင်ခင်းအသစ်ဝင်ကိန်းလည်း ရှိပြီး မိသားစုဆွေမျိုးကြား စကားအရှုပ်အရှင်းဖြစ်တတ်ပါတယ်။ ဝင်ငွေထက် ထွက်ငွေက များနေမယ့် ကာလပါပဲ။အမှုအခင်းဖြစ်တတ်တာကြောင့် ငွေပေးငွေယူ ကိစ္စတွေကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ ဒီနေ့မှာအစားအစာနဲ့အဖျော်ယမကာလုပ်ငန်းလုပ်ကိုင်သူတွေအထူးအောင်မြင်မှာဖြစ်ပြီး ကြာသပတေးနံညံ့နေလို့ သတိထားသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးရဲ့အထင်လွဲမှားခြင်း ခံရတတ်ပါတယ်။ ကျန်းမာရေးပိုင်းအနေနဲ့ ခါးနာခါးကိုက် ဖြစ်တတ်ပြီးအချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာပဲ ရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။
ယတြာ - ဘုရားတွင် ရဲယိုညွှန့်ကပ်လှူဆုတောင်းပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ငွေကြေးပိုင်းဆိုင်ရာ ကံကတော့အသင့်အတင့်အနေအထားရှိနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများအဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေအကျိုးအမြတ်ကောင်းရရှိပါလိမ့်မယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့်အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ငန်းဌာနတဆင့်မြင့်စေမယ့် သင်တန်းမျိုး တက်ရောက်ရကိန်းရှိပါတယ်။အလုပ်အခွင့်အလမ်းကံနဲ့အချစ်ရေးကံကောင်းနေပြီး ကျန်းမာရေး နဲ့အထွေထွေ ကိစ္စရပ်တွေမှာ ကံကောင်းနေတဲ့ နေ့ရက်ပါ၊
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ -အိမ်ရှိ ရေခွက်အကွဲများ စွန့်ပစ်လိုက်ပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။အလုပ်ကနေ ငွေတွေဆက်တိုက် ဝင်နေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့တော့ လုပ်ငန်းတိုးချဲ့သင့်တဲ့အချိန်ပါပဲ။ ဒီနေ့မှာ စနေ၊အင်္ဂါ သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုမျိုး သတိပြုရပါမယ်။ ယာဉ်နဲ့ စက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ ကားအရောင်းအဝယ်သမားတွေအဆင်ပြေနေမယ့် ကာလပါပဲ။ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်းရှိနေပါတယ်။ ဆန်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ သတိပြုသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၂နာရီကနေ နေ့လည် ၁နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် မက်စ်အချိုရည်တစ်ပုလင်း ကပ်လှူဆုတောင်းပါ။
သောကြာ - လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်မျိုးကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်လို့ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အသင့်ပြင်ထားသင့်ပါတယ်။ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ လုပ်ငန်းခွဲတွေကနေ ဝင်ငွေရလမ်းများနေမယ့်အချိန်ဖြစ်ပါတယ်။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ လုပ်ကိုင်သူများအောင်မြင်မယ့်အချိန်ဖြစ်ပြီး ရေသန့်လုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေအကျိုးများပါလိမ့်မယ်။အချစ်ရေးမှာ ချစ်သူမရှိသူတွေ ချစ်သူရလာနိုင်ပြီးအိမ်ထောင်ရေးလည်း သာယာနေမှာပါ။ ကျန်းမာရေးအနေနဲ့အဆုတ်ရောဂါသတိထားသင့်ပါတယ်။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သစ္စာပန်း ကပ်လှူပေးပါ။
စနေ - ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး မိသားစုုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ လုပ်ငန်းပူးပေါင်းလုပ်ကိုင်သူတွေက မယုံမကြည်ဖြစ်တတ်ပြီး စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလပါပဲ။ ဒီရက်ပိုင်းမှာအစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တကိုယ်တည်းပဲ ဆက်ရှိနေမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့ သားသမီးကြောင့် စိတ်ချမ်းသာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျှောတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ထမီအဟောင်းများအား လိုအပ်နေသူများထံ ပေးလှူလိုက်ပါ။
LEO