မတ်လ ၃၀ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း မတ်လ ၃၀ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။
မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ
တစ်ယောက်တည်းလုပ်ကိုင်တာထက်အုပ်စုနဲ့လုပ်ကိုင်တဲ့ ရလဒ်တွေက ကောင်းကျိုးပိုရနိုင်တဲ့ နေ့ရက်ပါပဲ။ ရည်မှန်းထားတဲ့ လုပ်ငန်းချဲ့ထွင်မှုတွေရှိရင်လည်း ဒီနေ့မှာ စတင်အကောင်အထည်ဖော်လိုက်ပါ။အချစ်ရေးအဆင်မပြေမှုလေးတွေရှိနေပြီး လုပ်ငန်းအဆင်မပြေမှုတစ်ချို့နဲ့အချစ်ရေး၊အိမ်ထောင်ရေး ရောထွေးပြီး ဒေါသပုံချတတ်မိလို့ သတိပြုသင့်ပါတယ်။ ဒီနေ့မှာ ကိုယ်လုပ်ကိုင်ရမယ့် လမ်းကြောင်းကို တွေဝေနေတတ်ပြီးအလုပ်သစ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ သင့်ရဲ့ စိတ်ထဲရှိတဲ့အတိုင်း ရွေးချယ်လိုက်ပါ၊ ဒါကအမှန်ကန်ဆုံးရွေးချယ်မှုဖြစ်နိုင်မှာပါ။ ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေတစ်ချို့နဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီးအရင်က ကိုယ့်အပေါ်အကောင်းမမြင်သူတွေကလည်း ကောင်းမွန်စွာ ဆက်ဆံလာမယ့်အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့အစာအဆိပ်သင့်တတ်ပါတယ်။
ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။
ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ
အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာမှာဖြစ်ပြီး လက်ရှိအလုပ်ထက်ကောင်းတဲ့အလုပ်တွေကနေ ကမ်းလှမ်းလာတာမျိုးလည်း ကြုံရပါလိမ့်မယ်။အိမ်ထောင်ရှင်တွေအနေနဲ့ ခရီးထွက်ရကိန်းရှိပြီး ငွေပေးငွေယူ လုပ်ငန်းစပ်တူလုပ်ကိုင်ခြင်းများအကျိုးပေးပါလိမ့်မယ်။အချစ်ရေးမှာတော့အချစ်သစ်နဲ့တွေ့ဆုံကိန်းရှိပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးသုံးပစ္စည်းရောင်းဝယ်ခြင်းလုပ်ကိုင်သူများအထူးကောင်းမွန်နေပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။
ယတြာ -အိမ်ရှိဘုရားတွင် သစ်ခွပန်း ကပ်လှူပေးပါ။
မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ
အလုပ်ကိစ္စတွေနဲ့ ပတ်သက်ပြီး စကားအခြေအတင်ပြောဆိုရကိန်းရှိနေပါတယ်။ ချဲ၊ ထီ ကံကောင်းနေပြီးအိမ်ထောင်ဖက်ရဲ့အရှိန်နဲ့ လုပ်ငန်းတိုးတက်မှုလည်း ရရှိလာပါလိမ့်မယ်။ မိဘ၊ ဆွေမျိုးတွေရဲ့ ကူညီပေးမှုနဲ့ လုပ်ငန်းတိုးချဲ့နိုင်မှာဖြစ်ပြီးအထူးသဖြင့် စနေ၊အင်္ဂါသားသမီးတွေရဲ့ ပံ့ပိုးမှု ရရှိမှာဖြစ်ပါတယ်။အဝတ်အထည်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းအထူးအကျိုးပေးနေပြီးအနုပညာလုပ်ငန်းကတော့အနည်းငယ်အားနည်းနေပါတယ်။ ပညာရေးအတိုင်ပင်ခံလုပ်ငန်းရှင်တွေ ကောင်းမွန်နေပြီး ဝန်ထမ်းဖြစ်ပါက ကိုယ်ပိုင်လုပ်ငန်းဘက်ကို ပြောင်းလဲလုပ်ကိုင်နိုင်တဲ့အထိ တိုးတက်မှု ရှိမှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့အကြောကပ်တတ်ပါတယ်။
ယတြာ -အိမ်ရှိဘုရားတွင် သတ်သတ်လွတ် ခေါက်ဆွဲကြော် ကပ်လှူပေးပါ။
ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ
ရာထူးနေရာကိစ္စတွေမှာအခက်အခဲကြားက တိုးတက်အောင်မြင်မှာဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝန်ထမ်းများရဲ့ ကလန်ကဆန်လုပ်မှု ကြုံရတတ်ပါတယ်။ ဒီရက်မှာ လုပ်ငန်းတိုးချဲ့မှုတွေအနည်းငယ်အခက်အခဲရှိနေပြီး ဇွဲနဲ့လုပ်ကိုင်မယ်ဆိုရင်တော့အောင်မြင်မှု ရမှာဖြစ်ပါတယ်။ နေရာသစ်၊အိမ်သစ်၊ လုပ်ငန်းသစ်၊အစီအစဉ်သစ်များ ရှိနေရင် စတင်လိုက်ပါ။ ဘာသာရေး၊ ပညာရေးဆိုင်ရာအခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာမှာဖြစ်ပြီးအိမ်ထောင်သည်တွေ၊ ချစ်သူရည်းစားတွေကတော့ ခွဲခွာနေရကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးထွက်သံယိုရှိတတ်လို့ သတိပြုရပါမယ်။
ယတြာ -အိမ်ရှိဘုရားတွင် နို့ထမင်း ကပ်လှူပေးပါ။
သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ
အလုပ်ရှင်နဲ့အဆင်ပြေနေပြီး မိမိကိုပဲအားလုံးနီးပါး လွှဲထားမယ့်အချိန်ဖြစ်ပါတယ်။ သောကြာ၊စနေ သားသမီးတွေနဲ့ လုပ်ငန်းပူးတွဲလုပ်ကိုင်တာကနေအောင်မြင်မှု ရရှိပါလိမ့်မယ်။အထည်အလိပ်လုပ်ငန်း၊ ရေသန့်လုပ်ငန်းအထူးကောင်းမွန်နေပြီး လက်အောက်ဝန်ထမ်းတွေကလည်း မိမိကို ကူညီပေးကြပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်ပြီး စာမေးပွဲဖြေဆိုခြင်းများအနည်းငယ်ညံ့နေပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ ငွေရွှင်နေပြီး ပျိုရွယ်သူတွေကတော့ ချစ်သူရလာမယ့်အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ခိုက်မိတတ်လို့ သတိပြုရပါမယ်။
ယတြာ - ငါးစာကျွေးပေးပါ။
ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ
လုပ်ငန်းအောင်မြင်မှု ရှိနေမှာဖြစ်ပြီး လက်ရှိအလုပ်အကိုင်ကနေအမျိုးအစားမတူတဲ့ လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်ပါလိမ့်မယ်။အိမ်ရှိ ကြီးကဲသူကျန်းမာရေးညံ့နေတတ်ပြီးအိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးလည်း သတိပြုသင့်ပါတယ်။ ချစ်သူရည်းစားတွေအနေနဲ့ ငွေမစုဖြစ်ပဲ ရှိနေတတ်ပါတယ်။အိမ်တွင်းရေး၊အိမ်ထောင်ရေး သာယာနေပြီး ရင်သွေးရတနာလည်း ထွန်းကားတတ်ပါတယ်။ ဒီနေ့မှာအနုပညာလုပ်ငန်း၊အိမ်ခြံမြေလုပ်ငန်းရှင်များကောင်းမွန်နေပြီးအိမ်ရှိအဖိုးတန်ပစ္စည်းထွက်တတ်ပျောက်တတ်ပါတယ်။ စာမေးပွဲ၊ စာပြန်ပွဲတွေမှာအနှောင့်အယှက်ရှိနေတတ်ပြီး ကျန်းမာရေးအနေနဲ့အူရောင်တတ်ပါတယ်။
ယတြာ -အိမ်ရှိဘုရားတွင် ထမင်းနှင့် ပေါက်ပေါက်ဆွမ်း ကပ်လှူပေးပါ။
တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ
စက်ကိစ္စ ၊ ဆိုင်ကိစ္စအစရှိသည်တို့မှာ မတင်မကျဖြစ်နေပြီးအထစ်အငေါ့လေးတွေကြားကနေပဲအောင်မြင်အောင်လုပ်ယူရမယ့်အချိန်ဖြစ်နေပါတယ်။ ရပ်ဝေးပြည်ပ နိုင်ငံရပ်ခြားအလုပ်အကိုင်သမားတွေအဆင်ပြေနေပြီး ရွှေဆိုင်နဲ့ ရေထွက်ကုန်လုပ်ငန်းရှင်များအကျိုးပေးနေပါတယ်။ လူယုံထဲမှ ဒုက္ခပေးတာ ခံရတတ်ပြီး ပညာရေးကိစ္စ ၊ စာမေးပွဲကိစ္စတွေမှာအနှောင့်အယှက်ရှိတတ်ပါတယ်။အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများကြားတွင် ဘေးစကားများကြောင့် ရန်ဖြစ်ရတတ်ပါတယ်။ ဆုံးပြီးလို့ထင်ထားတဲ့ ပစ္စည်းတွေနဲ့ ငွေကြေးတွေကတော့ ပြန်ရလာတတ်ပါတယ်။ နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိလို့ ဝန်ထမ်းတွေအနေနဲ့ မပြောင်းချင်ဘူးဆိုရင် လက်ရှိနေရာမှာပဲအိပ်ယာနေရာပြောင်းလဲအိပ်လိုက်ပါ။ ကျန်းမာရေးအနေနဲ့အူအတက်ရောင်တတ်ပါတယ်။
ယတြာ - ဘုရားတွင် ကျောက်ကျောကပ်လှူပေးပါ။
ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ
ငွေဝင်သမျှ ပြန်ထွက်နေမယ့်အချိန်ဖြစ်ပြီး လုပ်ငန်းကိစ္စတွေမှာလည်းအနည်းငယ် လွဲချော်နေပါလိမ့်မယ်။အိမ်တွင်းရေး ဆူပူတတ်ပြီး မိသားစုအချင်းချင်း စည်းလုံးမှ စီးပွားရေး ပိုမိုအဆင်ပြေနိုင်မှာမို့ သတိပြုသင့်ပါတယ်။အချစ်ရေးအနေနဲ့ ရုတ်တရက်အိမ်ထောင်ကျကိန်းရှိနေပြီး ခိုးပြေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မမြဲနိုင်တဲ့အချစ်ရေးအိမ်ထောင်ရေးဖြစ်ဖို့များနေလို့ သတိထားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့မှုတွေကို ခေတ္တရပ်နားထားသင့်ပြီး လူယုံသတ်တတ်လို့အောက်လက်ငယ်သားတွေကိုမယုံသင့်တဲ့အချိန်ပါပဲ။ ကျန်းမာရေး၊ ပညာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။
ယတြာ - ဘုရားတွင် ဆီမီးအတွက် ငွေလှူဒါန်းပေးပါ။
ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ
ဒီနေ့မှာအပြိုင်အဆိုင်တွေကြားကအောင်မြင်တိုးတက်နေမှာဖြစ်ပြီး ရန်လိုတိုက်ခိုက်သူတွေကိုအနိုင်ရပါလိမ့်မယ်။အိမ်ထောင်ရေး၊အချစ်ရေးမှာ လည်းအနှောက်အယှက်ရှိနေပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ လုပ်ငန်းရှင်က လုပ်ငန်းခွဲပေးတာမျိုး ကြုံရမှာဖြစ်ပြီး သွပ်၊ သံလုပ်ငန်းရှင်များအထူးကောင်းမွန်နေပါတယ်။ စာရေးစာချီလုပ်ငန်း၊အနုပညာလုပ်ငန်းရှင်များအဆင်ပြေနေပြီး လက်ရှိအလုပ်ကနေ တစ်ဆင့်တိုးတက်ကောင်းမွန်တဲ့အလုပ်မျိုးကို လှမ်းနိုင်မယ့်အချိန်လည်း ဖြစ်ပါတယ်။ ခရီးထွက်ရကိန်းရှိပြီး ပညာရေးကိုအထောက်အပံ့ဖြစ်မယ့် ခရီးမျိုးဖြစ်နိုင်ပါတယ်။ မိသားစု ကျန်းမာရေး ဂရုစိုက်သင့်ပြီးအိမ်ရှိအသက်အငယ်ဆုံးသူရဲ့ ကျန်းမာရေးအနည်းငယ်ညံ့နေမှာဖြစ်ပါတယ်။
ယတြာ - လမ်းတွင်တွေ့သော သက်ကြီးရွယ်အိုတစ်ဦးအား တတ်နိုင်သလောက် လှူဒါန်းပေးပါ။
မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ
ပျိုရွယ်သူတွေစန်းပွင့်နေပြီးအချစ်ရေးအိမ်ထောင်ရေးအဆင်ပြေနေပါလိမ့်မယ်။ ပညာရေးကောင်းမွန်နေပြီး သင်တန်းတွေကတဆင့်အလုပ်အကိုင် တိုးတက်အောင်မြင်မှု ရရှိလာမှာဖြစ်ပါတယ်။ လုပ်ငန်းတူ သူငယ်ချင်းတွေဆီကနေအကူအညီအထောက်အပံ့တွေ ရရှိနိုင်မှာဖြစ်ပြီးအလုပ်အကိုင်တွေလည်းအဆင်ပြေနေပါလိမ့်မယ်။ စုပေါင်းလုပ်ဆောင်မှုနဲ့ စပ်တူရှယ်ယာလုပ်ငန်းတွေလည်းအောင်မြင်မယ့်အချိန်ဖြစ်ပါတယ်။အနေဝေးနေသည့် ဆွေမျိုးတစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အူရောင်တာမျိုး ဖြစ်တတ်ပါတယ်။
ယတြာ - လမ်းဘေးခွေးလေးများအားအစာကျွေးပေးပါ။
ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ
လုပ်ငန်းတိုးချဲ့မှုတွေကို ဒီရက်မှာ ခေတ္တရပ်နားထားသင့်ပါတယ်။အိမ်ထောင်ဖက်ရဲ့ ထောက်ပံ့မှုနဲ့ လုပ်ငန်းစီးပွားပိုမိုတိုးတက်လာမှာဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ ကုန်စည်ဒိုင်လုပ်ငန်းလုပ်ကိုင်သူများအကျိုးများမယ့် ကာလပါပဲ။ လက်အောက်ငယ်သားတွေရဲ့အကူအညီနဲ့ လုပ်ငန်းစဉ်တွေပိုမိုအောင်မြင်လာမှာဖြစ်ပြီးအင်္ဂါ၊ သောကြာ၊ စနေ သားသမီးတွေနဲ့ လက်တွဲလုပ်ကိုင်မှုတွေအဆင်ပြေအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ပျိုရွယ်သူတွေအနေနဲ့အချစ်ရေးညံ့နေပြီးအိမ်ထောင်သည်တွေကတော့ မိဘဆွေမျိုးတွေကြောင့် စကားများရတတ်ပါတယ်။ ပညာရေးစိတ်မဝင်စားဖြစ်နေတတ်ပြီး စာမေးပွဲတွေမှာလည်းအခက်အခဲရှိတတ်ပါတယ်။
ယတြာ -အရဟံဂုဏ်တော်ကို သက်စေ့ ရွတ်ဖတ်ပေးပါ။
မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ
လယ်ယာမြေ၊ ဥယျာဉ်ခြံလုပ်ငန်းများအထူးကောင်းမွန်နေပြီး တောင်သူလယ်သမားများအထွက်တိုးနေမယ့်အချိန်ပါပဲ။ ကိုယ်ပိုင်စီးပွားရေးသမားတွေအထူးကောင်းမွန်နေပြီး ဝန်ထမ်းတွေကတော့အလုပ်မှာ ရာထူးမတိုးပဲ ကြန့်ကြာနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင်အထက်အရာရှိရဲ့ ငြိုငြင်ခြင်းခံရတတ်လို့ သတိပြုသင့်ပါတယ်။အိမ်ထောင်ပြုမယ်ဆိုရင် ပြုသင့်တဲ့အချိန်ပါပဲ။အချစ်ရေးကလည်း ပုံမှန်ပဲရှိနေပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းတိုးချဲ့နိုင်မယ့်အချိန်ပါပဲ။
ယတြာ - ဘုရားတွင် ရွှေဆိုင်းလှူဒါန်းပေးပါ။
LEO