
၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၃၁-၃-၂၀၁၉ ) မှ ( ၆-၄-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီးများ
တနင်္ဂနွေသားသမီးများအလုပ်စီးပွားကိုပဲ စိတ်နှစ်ပြီးလုပ်ကိုင်ပါ။ စာရေးဆရာ၊ စာပေ၊ စာနယ်ဇင်းပညာရှင်များအောင်မြင်မှုရရှိမည်။အလုပ်သစ်စဖို့အတွက် ငွေကြေး ထုတ်သုံးလိုက်ရတာမျိုးလဲ တွေ့ရကြုံရတတ်ပါတယ်။ ငွေကိုအပျော်အပါးအတွက်တော့ မသုံးမိပါစေနဲ့။ ပြည်တွင်း ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ ရောင်းချခြင်း နှင့် စာပေစာနယ်ဇင်းလုပ်ငန်းတို့သည် ည ၉း၂၂ မတိုင်မီ ရှောင်ကြဉ်လျှင်ကောင်းမည်၊ စပ်တူအလုပ်တွေ ဆိုရင်တော့ စိတ်ဝမ်းကွဲရတတ်ပါတယ်။အချစ်ရေးတွင် ချစ်ရသူနဲ့နီးနီးနားနားနေခွင့်မရ။အချစ်ရေးနဲ့အိမ်ထောင်ရေးအလုပ်ကြောင့်ဖြစ်စေ၊အခြားအကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်စေ ဝေးနေ ရတတ်ပါတယ်။ ပညာရေးအလုပ်အင်တာဗျူး ၊ စာဖြေစာမေးပွဲ ဖြေဆိုရာ စိတ်ကသိကအောင့်ကြုံတွေ့ရ၍ ဖြေဆိုမှု၌ မဖြေနိုင် စိတ်ဗျာများနေတတ်သော်လည်းအဆိုးကြီးမဟုတ်ပါဘူး။ ကျန်းမာရေးကတော့အဆိုးကြီးမဟုတ်သလိုအကောင်းကြီးလဲ မဟုတ်ပါဘူးခင်ဗျာ။ ကျန်းမာရေးအတွက် ပုံမှန်လေး ဂရုစိုက်သွားရင်အိုကေပါလိမ့်မယ်။
အကျိုးပေးဂဏန်း - {၅-၄-၁}
အကျိုးပေးအရောင် -အပြာနုရောင်
ဆောင်ရန် - ပေါက်ပေါက်ဆုပ် (၃) ဆုပ်
ရှောင်ရန် -အနောက်တောင်အရပ်
ယတြာ - ချမ်းသာကြီး ဂါထာရွတ်ပွားအိမ်ဘုရားမှာ ပဲလမုန့် ၆ခု ကပ်လှူဆုတောင်းပါ။
တနင်္လာသားသမီး
တနင်္လာသားသမီးများအချစ်ရေးကဏ္ဍများ သာယာနေပြီးအိမ်ထောင်ရေးတွင် ပိုမိုစိတ်ချမ်းသာမှုနှင့် ပီတိဖြစ်စရာမင်္ဂလာ သတင်းကောင်းများကြားရမယ်။ ကျန်းမာရေးမှာတော့အနည်းငယ်ညံ့၍ ကိုုယ်ခန္ဓာများကိုက်ခဲခြင်းများ ဖြစ်မယ်။ ပညာရေး ကောင်းထားသည်။ ပညာရေးအခွင့်အလမ်းများအတွက် ဆွေနွေဟောပြောခြင်း ကောင်း၏။ ဆေးဝါးသစ်၊အလှကုန်ပစ္စည်းသစ်များ ထုတ်လုပ်ခြင်း၊ ယာဉ်ကားရောင်းဝယ်ခြင်းအကျိုးဖြစ်၍ လုပ်ငန်းသစ်စတင်ခြင်းအလုပ်အကိုင်အခွင့်အရေးများအတွက်အင်တာဗျူးအောင်မြင်မှုရရှိမည်။ ပြည်တွင်း ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ ရောင်းချခြင်း၊ ငွေကြေးဆောင်ရွက်ခြင်း၊ ကုန်စည်းဝယ်ယူသိုလှောင်ခြင်း ထိုအချိန်အခါ၌ ရှောင်သင့်၏။ နံနက် ရး၃၀ မှာ နံနက် ၉နာရီအတွင်းအချိန်မကောင်း ရှောင်လျှင်ကောင်း၏။
အကျိုးပေးဂဏန်း - {၂-၈-ဝ}
အကျိုးပေးအရောင် - ပုလဲရောင်
ဆောင်ရန် - ဓာတ်ခဲ(၁)လုံး
ရှောင်ရန် -အရှေ့အရပ်
ယတြာ - သမ္ဗုဒ္ဓေဂါထာရွတ်ပွား ရဲယိုသီး ကပ်လှူဆုတောင်းပါ။
အဂါၤသားသမီး
အဂါၤသားသမီးများ စိုက်ပျိုးရေးလုပ်ငန်း၊အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်း၊အလှပြင်ပစ္စည်းရောင်းဝယ်ခြင်းအကျိုးပေး၍ ယာဉ်၊ ရွေ၊ ဝက်အဝင်မကောင်း နောက်ပြိး ရွေ၊ ယာဉ်၊ ဝက်အရောင်းအဝယ်းကိစ္စးများအလုပ်ဖြစ်မလိုနှင့်အဆင်မပြေဖြစ်နေတတ်။ ရာဟု၊ ဗုဒ္ဓဟူး ထို့နေ့သားနှင့် တွဲမလုပ်သင့် သတိနှင့်အလုပ် လုပ်ရအံ့။အထူး ၄ ဂဏန်းမွေးဖွားသူအထူး ညံ့ပါလိမ့်မည်။အထူးကတော့အချစ်ရေးနှင့်အိမ်ထောင်ဘက် ချုပ်ချယ်လွန်းသူ၊အိမ်ထောင်ဘက်အပေါ်စိုးမိုးလွန်းတာမျိုးရှိခဲ့သူဆိုရင်တော့ ချစ်သူ၊အိမ်ထောင်ဘက်က ထွက်ပေါက်ရှာပြီး သာယာမှုနောက်လိုက်သွားတတ်ပါတယ်။ ကျန်းမာရေးအသင့်တင်ကောင်း၏။ သို့သော်လည်းအိမ်မှာ ရာဟု၊ ဗုဒ္ဓဟူးသားသမီးများအတွက်တော့ ကျန်းမာရေးညံ၍ စိတ်ပူရမည်။
၂၀၁၉
ခုနှစ် April (2)ရက် ဤတစ်ရက်လုံးအရေးတကြီးကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုကြီးသော လုပ်ငန်းကြီးများ ရှောင့်သင်၍အချိန်အခါ လုံးဝမကောင်းပါ။ မင်္ဂလာကိစ္စများဆောင်ရွက်ခြင်းရှောင့်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ရင်သွေးငယ်များမွေးဖွားခြင်းအချိန်အခါကောင်းကိုရွေး၍ မွေးဖွားသင့်၏။
အကျိုးပေးဂဏန်း - {၄-၅-၃}
အကျိုးပေးအရောင် -အနက်ရောင်
ဆောင်ရန် - စတော်ဘယ်ရီဖျော်ရည် (၁)ဘူး
ရှောင်ရန် -အနောက်မြောက်အရပ်
ယတြာ - စိန္တာမဏိ ဂါထာရွတ်ပွားအိမ်ဘုရားမှာ သဘောၤသီးစိပ် ၈စိပ် ကပ်လှူဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးသားသမီးများ စီးပွားရေး စာပေ၊ သတင်းနှင့်စာနယ်ဇင်း၊ မီဒီယာလုပ်ငန်း၊ စာပေတိုက်သစ်များ၊ နိုင်ငံတကာပညာရေးနှီးနှောဖလှယ်ပွဲများအောင်မြင်မှုရရှိမည်။အထူး နိုင်ငံတကာအဆင့်မြင့် ကုန်စည်ပြပွဲများ၊ ဈေးရောင်းပွဲတော်များ၊အရောင်းမြင့်ပွဲများနှင့် စာပေ၊ သတင်းနှင့်စာနယ်ဇင်း၊ မီဒီယာလုပ်ငန်း၊ စာပေတိုက်သစ်ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာပညာရေးနှီးနှောဖလှယ်ပွဲများ နေ့ ၁၂ မတိုင်မီ ပြုလုပ်ခြင်းအထူးကောင်း၏။ ၁၂နာရီ နှင့် ၁း၃၀အတွင်းမှာအချိန်မကောင်းပါ။ ကျန်အချိန်များအသင့်တင့်ကောင်း၏။ ပညာရေးအခွင့်အလမ်းများရခြင်းနှင့် နှစ်ယောက်အတူ ငွေစုတာ၊အလုပ်အတူလုပ်ပြီး ကြိုးစားတာမျိုးတွေ လုပ်လာနိုင်ပါလိမ့်မယ်။ လက်ထပ်ဖို့အရင်ကတည်းက ရည်ရွယ်ထားသူများဆိုအချစ်ရေးအိမ်ထောင်ရေးအကောင်အထည်ဖော်၍ လက်ထပ်ရတတ်သည်။ကျန်းမာရေး၌အထူး ရင်ကျပ်ရောဂါ၊ ပန်နာရောဂါရှင်များအထူး ဂရုစိုက်ရမည်။
အကျိုးပေးဂဏန်း - {၃-၉-၈}
အကျိုးပေးအရောင် - ကြက်သွေးရောင်
ဆောင်ရန် - သီးညွန့်
ရှောင်ရန် - မြောက်အရပ်
ယတြာ - လိုတရဂါထာရွတ်ပွားပြီး ကန်းစွန်းရွက်ဟင်း ကပ်လှူဆုတောင်းပါ။
ကြာသပတေးသားသမီး
ကြာသပတေးသားသမီးများအနုပညာတတ်သစ်စလူငယ်များအောင်မြင်မှုရခြင်းနှင့် ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်း၊ နိုင်ငံတကာဈေးကွက်များသို့ ကုန်စည်းများတင်ပို့ရောင်းချခြင်းအောင်မြင်မယ်။ စီပွားရေးအသင့်တင့်ကောင်း၏။ လုပ်ငန်းအကြီးအကဲတွေထံကနေအကူအညီအထောက်အပံ့တွေ ရရှိနိုင်မည်အခွင့်ရေးများ တစ်ပါးသူဝင်ရောက်ပျက်စီးခြင်း ခံရတတ်ကိုသတိထားပါ။အိမ်ထောင်ရေးကံ ဆိုးဆိုးဝါးဝါး ညံ့နေတာမျိုး မဟုတ်ပေမဲ့အိမ်ထောင်ရေးကံအနည်းငယ်ညံ့နေတာမျိုး တွေ့ရတတ်ပါတယ်။ မိမိအိမ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဝင်လာမယ်။ လာဘ်ရအံ့၊အထူးအိမ်ရှိမိသားစုတွင် ဤရက်
၂၀၁၉
ခုနှစ် April (4)ရက် ကိုယ်ဝန်ဆောင်အမျိုးသမီးများမွေးဖွားခြင်း မိမိရင်သွေးငယ်များအနုပညာပါရမီဗီဇ ပါလာတတ်ပြီးအနုပညာနယ်ပယ်တွင်အောင်မြင်မှုရအံ့။ ပြည်ပအခွင့်အရေး လမ်းကောင်းများ လက်လွတ်ဆုံးရခြင်း တွေ့ကြုံရလိမ့်မည်။ လူမျိုးခြား၊ ဘာသာခြားတွေရဲ့အကူအညီကိုလည်း ကျန်းမာရေးအနေနဲ့ ခါးနာခြင်း၊ ရင်ဘတ်အောင့်ခြင်း ဝေဒနာခံစားရတတ်ပါတယ်။
အကျိုးပေးဂဏန်း - {၃-ဝ-၅}
အကျိုးပေးအရောင် -အဝါရောင်၊
ဆောင်ရန် - နှင်းဆီပန်း
ရှောင်ရန် - တောင်အရပ်
ယတြာ - ဖယောင်းတိုင် ၁၁တိုင် ပန်း၃မျိုးနှင့် ကောင်းညှင်းပေါင်း ကပ်လှူဆုတောင်းပါ။
သောကြာသားသမီး
သောကြာသားသမီးများ လုပ်ငန်းစီးပွားတိုးတက်နေပေမဲ့ လုပ်သလောက်အကျိုးအမြတ်နည်းနေတတ်သည်။ ကိုယ်ပိုင်အလုပ်လုပ်သူတွေအလုပ်ပါးတတ်သလို ဝန်ထမ်းတွေအဖို့အထက်လူကြီးငြိုငြင်တာခံရလိမ့်မည်။ မိမိအလုပ်မလုပ်ရဘဲ ၊သာရေးနာရေးကိစ္စ ၊ လူမှုရေးကိစ္စ၊ ပရဟိတအလုပ်တွေနဲ့အချိန်ကုန်ရတတ်တယ်။ ပညာရေးကံမြင့်နေပေမဲ့ မိမိအနေနဲ့ ကြိုးစားဖို့တော့ လိုပါသည်။ ဇိမ်ခံပစ္စည်းများ ဒီကာလအတွင်းမဝယ်ပါနှင့်။အချစ်ရေး မိဘက သင့်တော်သူနဲ့ နေရာချပေးတာမျိုး ကြုံတွေ့ရမယ်။ မိမိဘက်ကအေးအေးဆေးဆေးနေလို စိတ်ဖြစ်နေတတ်၍ မိမိကံစေလိုရာမလိုက်အခက်တွေ့ရအံ့။အထူးဂရုစိုက်ရမှာက ကျန်းမာရေးပါ။ ကိုယ်ခံအားနည်းနေချိန်ဖြစ်တဲ့အတွက် မိုးအနည်းငယ်မိရုံနဲ့ ဖျားချင်သလိုဖြစ်လာလိမ့်မယ်။ ဆေးမြီးတိုနှင့်မကုပါနှင့်။
၂၀၁၉
ခုနှစ် April (5)ရက်နေ့ ညနေ ၃း၃၄မတိုင်မီ ဘုရား၊ ပုထိုး၊ စေတီ၊ မုခ်ဦး၊ မဏ္ဍပ်တည်ဆောက်ခြင်းတို့ ရှောင်သင့်ကာ ရှောင်လျှင်အထူးကောင်း၏။
အကျိုးပေးဂဏန်း - {၂-၈-ဝ}
အကျိုးပေးအရောင် -အဖြူရောင်
ဆောင်ရန် - ဇီးယို
ရှောင်ရန် -အနောက်အရပ်
ယတြာ - ချမ်းသာကြီး ဂါထာရွတ်ပွားအောင်သပြေ ၉ခက်၊ ဆနွင်းမကင်း ကပ်လှူဆုတောင်းပါ။
စနေသားသမီး
စနေသားသမီးများ ဤအပတ် ဥပဒေမဲ့လုပ်ကိုင်သူများ ကျောက်၊ သစ်၊အဖိုးတန် ကုန်သွယ်ရောင်းဝယ်မှု၊အရာရာအလိုပြည့် တစ်ချီထဲ ငွေအစုအခဲဝင်မယ်။ ခရီးကိစ္စပေါ်လာပါက ရက်ရွေ့လိုက်ပါ။ ကျန်းမာရေးညံ့တတ်ပါတယ်။အထည်လုပ်ငန်း ၊ ဖက်ရှင်၊အလှကုန်၊အလှပြင်ဆိုင် စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် လူကြီးမြှေက်စားခြင်းခံရမည်။ ပညာရေးကံအထူးကောင်းပါတယ်။ ကြိုးစားဖို့တော့လိုပါတယ်။ မိမိချစ်သူနဲ့ လက်ထပ်ဖို့ရည်ရွယ် ထားသူများအကြောင်းအမျိုးမျိုးကြောင်း လွဲချော်ရတတ်သည်။ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် တစိမ်းမိန်းကလေးတွေနဲ့မပက်သက်ပါစေနဲ့ ။အမျိုးသားများအဖို့ ငြိစွန်းလွယ်တဲ့ကာလမို့ပါ။ ထိုသို့ငြိစွန်းပါကအကောင်းထက်အဆိုးများပါလိမ့်မယ်။
၂၀၁၉
ခုနှစ် April (6)ရက် နဂါးပြည်ပြဿဒါး ဤနေ့ ရေနံတူးဖော်ခြင်း၊ ကြော်ငြာဆိုင်းဘုတ်တင်ခြင်း၊ ညနေ(44:33)နာရီလွန် ပန္နက်ရိုက်၊ ကျင်ထူး၊အုတ်မြစ်ချ၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ ထီထိုး၊ ဘဏ်လုပ်ငန်းလုပ်င်ခြင်း၊ တရားစီရင်ခြင်းကောင်း၏။အထည်ချုပ်စက်ရုံဖွင့်လှစ်ခြင်း၊ ဈေးသစ်၊ ကုမ္ပဏီလုပ်ငန်း နှင့် စပ်တူရှယ်ယာလုပ်ငန်း ပလာဇာသစ်များစတင့်ဖွင်လှစ်ခြင်းတို့ကို မလုပ်သင့်ပါ။
၂၀၁၉
ခုနှစ် April (6)ရက် တွင် ကြေးနီရောင်၊အဝါရောင် ဝတ်ဆင်၍ ထီထိုးပါ။
အကျိုးပေးဂဏန်း - {၉-၅-၃}
အကျိုးပေးအရောင် - ကြေးနီရောင်၊အဝါရောင်
ဆောင်ရန် - သပြေ (၉)ခက်
ရှောင်ရန် -အရှေ့မြောက်အရပ်
ယတြာ - တရားတော်ဂုဏ်တော် (၆)ပါးရွတ်ပွားပြီး ပန်းဝေဝေဆာဆာနှင့် မြေပဲယိုများ ကပ်လှူဆုတောင်းပါ။
ရာဟုသားသမီး
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတက်မည်။ မိမိဆိုင် မိမိလုပ်ငန်းလူစည်မည်။ ဆွေမျိုးအသိုင်းအဝိုင်းထံမှအကူအညီအထောက်အပံ့ရမည်။ ဈေးရောင်းပွဲတော်များ၊အရောင်းမြင့်ပွဲများနှင့် သာမန်လုပ်ငန်းရှင်များအလုပ်ဖြစ်မည်။ ယခုကာလအတွင်းမိမိကိုယ်သာအားကိုးသင့်တဲ့ကာလပါ။ မိမိအတွေးအကြံမှတစ်ပါး တစ်ခြားလူဆီကအကြံဉာဏ်မတောင်းပါနှင့်။ ကူညီမဲ့သူထက် ဒုက္ခပေးမဲ့သူသာအနားမှာ ဝန်းရံနေတတ်လို့ပါ။ ကျန်းမာရေးအသင့်တင့်ကောင်း၏။ ပညာရေးအခွင့်အလမ်းများရခြင်းနှင့် မိမိကိုယ်တိုင်ကလဲအချစ်ထက်အရေးကြီးတာကိုအချိန်ပေးမိနေတာကြောင့်ချစ်သူရဲ့ စိတ်ကောက်စိတ်ဆိုးခြင်းခံရမည်။
အကျိုးပေးဂဏန်း - {၉-၅-၁}
အကျိုးပေးအရောင် -အကွက်ရောင်၊
ဆောင်ရန် - သပြေရွက်
ရှောင်ရန် - မြောက်အရပ်
ယတြာ - ကန်စွန်းဥကြော် ဒါနပြုပါ။