
၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၇-၄-၂၀၁၉ ) မှ ( ၁၃-၄-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးများ လုန်းငန်းတိုးတက်ခြင်း။ရာထူးတိုးတက်ခြင်းမျိုး ကြုံတွေ့ရပါလိမ့်မယ်။ ကောင်းသော ဂုဏ်သတင်းတွေ့နဲကျော်လာမယ်။ ပျော်စရာကောင်းတယ်အလုပ်တွေကိုလည်း လုပ်ရပါလိမ့်မယ်။ ဘုရားဖူးထွက်တာမျိုးအလှူအတန်းကိစ္စအတွက် ခရီးထွက်တာမျိုး ကြုံရတတ်ပါသည်။ ရပ်ဝေးခရီး နိုင်ငံရပ်ခြားခရီးသွားတာမျိုးလည် ကြုံတွေရတတ်သည်။ လူမျိုး ဘာသာခြား မစတတ်ပါတယ်။အချစ်ရေးမှာအထင်လွဲ ပျက်စဲမူများ ဖြစ်လာတတ်သည်။ ကျန်မားရေးမှာ မျက်နာမှာအဖုအပိန့်အနာလေးတွေဖြစ်တတ်ပြီးအဖျားကြီး တုပ်ကွေးရောဂါဖြစ်တတ်ပါတယ်။ ဆွေမျိုးအကြီးအကဲ တစ်ဦး နေမကောင်းအကြီးအကျယ်ဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။
၂၀၁၉
ခုနှစ် April (7)ရက် နံနက်(9:55)ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထပ်၊ ပန္နက်ရိုက်၊ ကျင်းတူး၊အုတ်မြစ်ချ၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ ခရီးသွားခြင်းကောင်း၏။
အကျိုးပေးဂဏန်း - {၆-ဝ-၈}
အကျိုးပေးအရောင် - ငွေရောင်
ဆောင်ရန် - ကြံတဆစ်
ရှောင်ရန် -အနောက်တောင်အရပ်
ယတြာ -အိမ်ဘုရားမှာ ကြာပန်း(၂)ပွင့် ကြံတစ်ချောင်းအောင်သပြေ(၆)ညွန့် ထိုးပေးပါ။ ရှောက်သီးသုပ် ဆွမ်းကပ်ပါ။
တနင်္လာသားသမီး
တနင်္လာသားသမီးများအလုပ်တစ်ခုပြီးတစ်ခု လုပ်နေရလို့အလွန်ကိုပင်ပန်းတတ်ပါတယ်။ သူများလာအပ်သော ပစ္စည်းပောာင်းတွေအဖိုးမတန်တဲ့ကျောက်မျက်ရတနာတွေ့ လက်မခံသင်ပါ။ လက်ခံလိုက်ပါက လာဘ်တိတ်သွားမယ်။ စက်ယာဉ်ပစ္စည်းများ မကြာခဏပျက်လိမ့်မည်။အဝယ်အဝင်မကောင်းပါ။အခိုက်ကြုံမည်။အလျော်အစားပေးရတတ်သည်။အထူးစနေနံပစ္စည်းအဝင်မကောင်း။ သူတပါးက စုန်း နတ် ပယောဂအတတ်တွေနဲ့ ကိုယ့်ကိုမကောင်းကြံတတ်ပါသည်။ ပညာသင်ကျောင်းသားများအနေဖြင့် ပညာရေးကံအနည်းငယ် ညံ့နေတတ်ပါတယ်။ လုံ့လဝီရိယ စိုက်ထုတ်ကြိုးစားမှု များများပြုလုပ်ပါ။ ပျိုရွယ်သူများနှင့်အိမ်ထောင်ရှင်များ စိတ်ချမ်းသာရမယ့် ကာလမျိုး ဖြစ်ပါလိမ့်တယ်။ ကျန်းမာရေးတော့အထူးဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - {၅-၂-၉}
အကျိုးပေးအရောင် -အနီရောင်
ဆောင်ရန် - ရဲယို့ညွန့်
ရှောင်ရန် -အရှေ့အရပ်
ယတြာ - ဘုန်းကြီးကျောင်းမှာအုန်းနို့ခေါက်ဆွဲ ဒါနပြုပါ။ တန်ခိုးကြီးဘုရားမှာ(သုဂတော ဂုဏ်တော်ကို ပုတီး(၃)ပတ်စိပ်ပါ။
အဂါၤသားသမီး
မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေဝင်လာတတ်သည်။ ငွေလည်း စုဆောင်းမိနိုင်မယ်။အိမ်ထောင်ရှိတဲ့ လူများကတော့ သတိထားရမည်။ဘာဖြစ်လိုဆိုတော့ မျက်နာစံပွင့်တယ်။ သင့်အိမ်မှာ ကိုယ်ဝန်ဆောင် ရောက်လာပြိး ညအိပ်ညနေတည်းခိုလျှင် ငွေအစုခဲဝင်ခြင်းနှင့် ထီဆုကြီးပေါက်တတ်။အဖိုးမတန်းသော ကျောက်ကလေးဆိုပြိး သိမ်းထားခဲ့လျှင်အဒိကျောက်ကိုလက်စွပ်ကွင်းလုပ်ပြိး လက်မှာ ဝတ်ထားပါက လာဘ်အလွန်ရွှင်လိမ့်မည်။အချစ်ရေးမှာ ချစ်သူစီးက မမျော်လင်ဘဲသတင်းများကြားရတတ်။အဖိုးတန်ပစ္စည်းများရတတ်သည်။ ကျန်းမာရေးကတော့ ထွေထွေထူးထူး မရှိပါ။
အကျိုးပေးဂဏန်း - {၂-၉-၅}
အကျိုးပေးအရောင် - မိုးပြာရောင်
ဆောင်ရန် - ဖရုံကွာစေ့ (၁)ထုတ်
ရှောင်ရန် -အနောက်မြောက်အရပ်
ယတြာ -အဂါၤဂြိုဟ်ထောင့်မှာ ဘုရားဆင်းတုတော်ကို ရေသပ္ပါယ်ပေးပါ။ကြာပန်း ၂ပွင့်၊ သစ္စာပန်း ၆ပွင့်ကို ဘုရားမှာကပ်လှူပေးပါ။
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးသားသမီးများအိမ်ထောင်ရေးသာယာပါမည်။ မိသားစုပျော်ရွှင် ဘုရားဖူးသွားရလိမ့်မည်။ မိမိအိမ်မှာ ဆွေမျိုးအသိုင်းဝိုင်းများ လာတတ်သည်။ လူအဝင်အထွက်များမည်။ ရွှေ ငွေဝင်မယ်။အဝယ်အရောင်းအထူးသတိထားပါ။အတုအလိမ်ခံရမူဖြစ်တတ်ကြုံတတ်သည်။ မိမိအိမ်မှာ သားသ္မီးပျိုများရှိလျှင် သတင်ကောင်းများကြားရတတ်ပြီး ရှေ့ရေးအနာဂတ်
ချမ်းသာသောအသိုင်းဝိုင်းများ လာတောင်းတတ်သည်။အချစ်ရေးမှာမိမိချစ်သူလွဲပြိး မိဘပေးသောသူနဲ့ ဇွတ်အတင်းပေးစားခံရတတ်သည်။ မိမိ မိဘ မောင်နများ သဘောမတူချင်းအချစ်ရေးတွင်အဖျက်ကြုံရတတ်ပါသည်။ မြောက်ဘက်အရပ်ကလာသောအစားသောက်မစားပါနှင့်အထူးအသုဘအစားအသောက်ရှောင်ကြဉ်ပါ။ ကျန်းမာရေးအညံ့ကြုံမည်။
အကျိုးပေးဂဏန်း - {၆-ဝ-၂}
အကျိုးပေးအရောင် - ဆင်စွယ်ရောင်
ဆောင်ရန် - နေကြာစေ့
ရှောင်ရန် - မြောက်အရပ်
ယတြာ -အိမ်ဘုရားမှာအသီး(၅)လုံး၊ ဆီးမီးခွက်(၅)ခွက် သကြားထမင်း ဆွမ်းကပ်လှူပါ။
ကြာသပတေးသားသမီး
ကြာသပတေးသားသမီးများ လခစားအလုပ်ဆိုလျှင် ဤလပတ်ထဲမှာ ထွက်ချင်စိတ်ဖြစ်ပေါ်လာတတ်ပါသည်။အလုပ်ကိုစိတ်မဝင်စားသလို ဖြစ်နေတတ်သည်။အလုပ်မှာပြသာနာတက်တတ် ပါတယ်။ ငွေကြွေးတွေလည်း ဆုံးပါးတတ်သည်။အိမ်ကပစ္စည်းတွေ ချရောင်းရတဲ့အထိ ငွေပြတ်သွားတတ်သည်။ ပညာသင်ကျောင်းသားများအဖို့ ဆရာကောင်းများ၏ သင်ကြားမှုဖြင့်အောင်မြင်မှုရရှိမည်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေးသာယာပြီး စိတ်ပျော်ရွှင်နေရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတက်ကိန်းရှိနေတတ်ပါတယ်။ ဌာနဆိုင်ရာအတွင်း လုပ်ဖော်ကိုင်ဖက်များနှင့်လည်းအဆင်ပြေမှုမျိုးနှင့် ကြုံရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် မျက်စိနှင့်ပတ်သက်သော ဝေဒနာ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - {၅-၃-၈}
အကျိုးပေးအရောင် - စိမ်းပြာရောင်၊
ဆောင်ရန် - ဖရုံယို့
ရှောင်ရန် - တောင်အရပ်
ယတြာ - မိမိအနီးနား စေတီတော်ဘုရားတစ်ဆူ သွားပြီး ဗုဒ္ဓေါ ဂုဏ်တော်ကိုပုတီး(၃)ပတ်စိပ်ပါ။
သောကြာသားသမီး
သောကြာသားသမီးများအခုအပတ်အကောင်းအဆိုး ဒွန်တွဲထား၍ လုပ်ငန်းတိုးချဲခြင်းအထူးရှယ်ယာဝင်လုပ်ငန်းများအောင်မြင်လိမ့်မယ်။ သင်ပိုင်သော ပစ္စည်းတွေ့ကိုတော့ သတိထားပြီး သိမ်းဆည်းပါ။ သူခိုးခိုးခံရတတ်ပါတယ်။ လက်လွန်ထားသော ငွေများပြန်ရပါမည်။ တစ်ခုသတိထားရမှာကတော့ မုဆိုးမဧည့်သည် ညအိပ်လက်မခံမိလျှင် မမျော်လင်ဘဲအမူဖြစ်တတ်ပါတယ်။အိမ်ထောင်ရေး တကျက်ကျက်ဖြစ်နေမည်။အချစ်ရေးများကံကောင်းပါလိမ့်မယ်။ ဘုရားဖူးသွားရတတ်သည်။ ပျော်ရွှင်မူရတတ်သည်။ မနာလိုသူတွေ့ လုပ်လို့ လုပ်ငန်းတွေ ထိခိုက်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတာ တွေကြုံရလိမ့်မယ်။ စက်ပစ္စည်များအဟောင်းထွက်အသစ်ဝင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ နည်းနည်းပိုဂရုစိုက်ပါ။ ဦးခေါင်း နှင့် ဗိုက် ဒုက္ခပေးတတ်သည်။
၂၀၁၉
ခုနှစ် April (12)ရက် ရက်ရာဇာ ဤနေ့ ဘုရားတည်၊ ထီးတင်၊အနေကဇာတင်၊ ရှင်ပြု၊ မြေသန့်မင်္ဂလာ၊ နာမည်မှည့်၊ လက်ထပ်၊ ကလေးထမင်းခွံ့ ကောင်းသည်။ နံနက်(8:22)နာရီအတွင်း ပန္နက်ရိုက်၊ ကျင်းတူး၊ တိုင်ထူ၊ ထီထိုး၊ ခွဲစိပ်ကုသခံယူခြင်း၊ ဘဏ်စာရင်းဖွင့်၊ တရားထိုင်ခြင်း၊ ခရီးသွားလာခြင်းကောင်း၏။
မိမိအိမ် ခြေရင်းဘက်မှာအသုဘပေါ်တတ်သည်။ပေါ်ရင်တော့ (၄)ဂဏန်းအစထီထိုးပေးပါ။
အကျိုးပေးဂဏန်း - {၄-၁-၈}
အကျိုးပေးအရောင် - ပန်းရောင်
ဆောင်ရန် -အုန်းယို
ရှောင်ရန် -အနောက်အရပ်
ယတြာ - နေအိမ်မှအဝင်အထွက် (၃)ခါပြုလုပ်ပြီးအိမ်ရှေ့ ဆန် (၃) ကျဲ့ဖြန့် ငှက်စာကျွေးပါ။
စနေသားသမီး
စနေသားသမီးများအလုပ်အကိုင်ကောင်းတယ်ဆိုပေမဲ့အလုပ်မှာအတိုက်ခံတော့ရှိတယ်။မိမိထက်အထက်လူကြီးက မိမိပေါ်အထင်လွဲတတ်ပါတယ်။ ဆရာသမားလို ပုဂ္ဂိုလ်မျိုးအိမ်ကို ရောက်လာပြိး ဒုက္ခပေးတတ်သည်။အလွန်းရင်းနှီးသော မိတ်ဆွေတစ်ဦးကအထင်လွဲပြီး မုန်းသွားတတ်တယ်။ စီးပွားရေးလုပ်ငန်းများပြုလုပ်ရာ၌အောင်မြင်မှုများ ရရှိတတ်ပါတယ်။အစုစပ် လုပ်ငန်းများတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါကအကျိုးအမြတ်ဖြစ်ထွန်းအောင်မြင်မှုများ ရှိပါတယ်။အချစ်ရေးကိစ္စမှာ မိဘဆွေမျိုးများကြောင့် သောကရောက်ရတတ်ပါတယ်။ ပြည်ပရပ်ဝေးခရီးအနေဖြင့်လည်း သူငယ်ချင်းများ၏ ကူညီမှုများကြောင့်အောင်မြင်စွာ ထွက်ခွာရခြင်းမျိုးရှိမည်။ ကျန်းမာရေးတော့ ဦးခေါင်းကိုက်ခဲခြင်းအထူးဂရုစိုက်ပါ။၂၀၁၉ခုနှစ် April (13)ရက် နဂါးပြည်ပြဿဒါး ဤနေ့ နံနက်(9:27)အတွင်း ပန္နက်ရိုက်၊ ကျင်းတူး၊ တိုင်ထူ၊ ကျောက်သွေးလောင်း၊ ကင်းပွန်းတပ်၊ နာမည်မှည့်၊ စေ့စပ်၊ ကလေးထမင်းခွံ၊ ပရဟိတလုပ်ခြင်း၊အချစ်ရေးစကားပြောခြင်းကောင်း၏။
အကျိုးပေးဂဏန်း - {၈-ဝ-၅}
အကျိုးပေးအရောင် -အဖြူရောင်
ဆောင်ရန် - သရက်ယို့
ရှောင်ရန် -အရှေ့မြောက်အရပ်
ယတြာ - မိမိမွေးနေ့ မနက်(၁၀)နာရီလောက်မှာ ဘုန်းကြီးတစ်ပါးကို ဒံပေါက်တစ်ထုပ်ဝယ်ပြီး လှူပေးပါ။အဓိဌာန်ပြုပြိး သတ်သတ်လွတ်စားပါ။
ရာဟုသားသမီး
မမျှော်လင့်တဲ့ဆီက ငွေတွေဝင်လာတတ်သည်။ဆုံးပြိးလို့ထင်တဲ့ ငွေတွေပြန်ရတတ်သည်။အလှူလုပ်ရတတ်သည်။ လုပ်ရမယ့်အလှူကလည်း ရည်ရွယ်တုန်းကသေးသေး တကယ်အကြီးပေးရတတ်ပါတယ်။ မိမိပတ်ဝန်းကျင်အရင်နင့်မတူ ကိုယ်ကို မလေးစားတဲ့လူတွေ့တောင် ကြည်ညိုလေးစားလာတတ်သည်။ ဘယ်အသင်းအဖွဲမှာမဝင်ပါနဲ့။အလောင်းကစားမပြုလပ်ပါနဲ့အကျိုးမပေးပါ။အဖမ်းအဆီးခံရတတ်တယ်။အဝါရောင်အဝတ်အစား များရှောင်ကြဉ်ပါ။ ကျန်းမားရေးအရမ်းကြီးအညံမရှိပါ။ သို့သော် လည်ချောင်း၊ သွားနားခြင်း (အရိုးများသော ငါးဟင်းမစားပါနှင့်)လည်ချောင်း ဥပါဒ်ပေးတတ်သည်။
အကျိုးပေးဂဏန်း - {၂-ဝ-၆}
အကျိုးပေးအရောင် - ခရမ်းရောင်၊
ဆောင်ရန် - ကြံညွန့်
ရှောင်ရန် - မြောက်အရပ်
ယတြာ - တန်ခိုးကြီးဘုရားမှာ ရွှေသင်္ကန်း ရွှေထီးငွေထီးအောင်သပြေနဲ့ ပန်းအဝါရောင် သက်စေ့လှူပေးပါ။