
၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၄-၄-၂၀၁၉ ) မှ ( ၂၀-၄-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးများအခုအပတ် သြင်္ကန်ကာလဖြစ်၍ ဥပုသ်သီလ၊ သမထ၊ ဝိပဿနာ တရားအားထုတ်ခြင်းနှင့် ဇီဝိတဒါနပြုခြင်း၊ ဘုရားတည်၊ ရေစက်ချ၊ တံတားမြောင်းပြုပြင်ခြင်း၊ ရေအိုးလှူခြင်းကောင်း၏။ စီးပွားရေး ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများအထူးအောင်မြင်မည်။အနုပညာဆိုင်ရာများ၊အဆိုတော်များအကျိုးများမယ့်အချိန်ဖြစ်ပြီး စာပေနှင့် စာနယ်ဇင်း ပညာရှင်များ၊ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများလည်း နာမည်ကျော်ကြားမယ့်အချိန်ဖြစ်ပါတယ်။ ချစ်သူများ သူငယ်ချင်း မိတ်ဆွေများကြောင့်အဆင်ပြေချောမွေ့မည်။ ပျိုရွယ်သူများ ချစ်သူနှင့် လက်ထပ်ရန် သတင်းစကားကြားခြင်း ၊အိမ်ထောင်ရှင်များ မိသားစုနှင့်ပတ်သက်၍လည်း စိတ်ချမ်းမြေ့ဖွယ်ရာ သတင်းစကားများကြားရတတ်၊ မိသားစုအသိုင်းအဝိုင်းအား ပေးကမ်းလှူဒါန်းရတတ်သည်။
၂၀၁၉
ခုနှစ် April (14)ရက် ကလေးမွေးဖွားသူ မိမိရင်သွေးငယ်များ ပညာရေးဘက်တွင်အောင်မြင်သော လုပ်ငန်းရှင် ဖြစ်နိုင်သည်။
၂၀၁၉
ခုနှစ် April (14)ရက် နံနက်(7:16)နာရီလွန် ဂါထာမန္တန်သိဒ္ဓိတင်ခြင်း၊ ရေတွင်းရေကန် ရေစက်ချ၊ ရှင်ပြု၊ သိက္ခာတင်၊ ဘာသာရေးစာအုပ်များဒါနပြုခြင်း၊အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊ သမထဝိပဿနာအားထုတ်ခြင်း၊ တံတားမြောင်းပြုပြင်ခြင်း၊ ရေးအိုးလှူခြင်းကောင်း၏။
(ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်ဝိဝါဟမင်္ဂလာနှင့်အိမ်ဆောက်၊အိမ်တက်၊အခါမင်္ဂလာရသည်)
အကျိုးပေးဂဏန်း - {၅-၃-၇}
အကျိုးပေးအရောင် -အစိမ်းရောင်
ဆောင်ရန် - သလဲသီး(၁)လုံး
ရှောင်ရန် -အနောက်တောင်အရပ်
ယတြာ - မေတ္တာသုတ်ရွတ်ပွားပြီး ခေါပုပ်ကြော် ကပ်လှူပါ။
တနင်္လာသားသမီး
တနင်္လာ သားသမီးများအခုအပတ် သြင်္ကန်ကာလဖြစ်၍အချိန်အခါအသင့်အတင့်ကောင်းအန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊ သမထဝိပဿနာအားထုတ်ခြင်း၊ သက်ကြီးရွယ်အိုးများကို ပြုစုစောက်ရှောက်ကုသိုလ်ပြု ဒါနပြုလုပ်ပါ။အိမ်ထောင်ရှင်များ သားသမီးရတနာထွန်းကားမည်။အချစ်ရေးတွင်အေးချမ်းသာယာစွာနဲ့ ဘဝတစ်ခုကိုလျှောက်လှမ်းရပါလိမ့်မည်။ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေးအမြတ်အစွန်း ရရှိလာပါလိမ့်မယ်။အရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်း ဒီနေ့မှာ စတင်နိုင်ပြီးအဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။အိမ်ကို ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ ကျန်းမာရေးအလိုလိုနေရင်း မူးမော်လာတတ်၍ ဂရုစိုက်ပေးပါ။
၂၀၁၉
ခုနှစ် April (15)ရက် ကလေးမွေးဖွားသူ မိမိရင်သွေးငယ်များ ဥပဒေပညာရှင်ဖြစ်နိုင်သည်။
၂၀၁၉
ခုနှစ် April (15)ရက် ဝါရမိတ္တု ဤနေ့ (မဟာသြင်္ကန်အကြတ်နေ့)အနေကဇာတင်၊ ဘုရားပင်ဆောင့်ခြင်း၊အဓိဌာန်ဝင်ခြင်း၊ တရားဘာဝနာအမှုကိစ္စဆောင်ရွက်ခြင်း၊ စတုဒီတာကျွေးမွေးခြင်း၊ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ကုသိုလ်ပြု ဒါနပြုလုပ်ခြင်း၊ တံတားရေတွင်းရေကန်ရေစက်ချ လှူဒါန်းခြင်း၊ ရေဆေးဝါးများလှူဒါန်းခြင်း၊အဝတ်အထည့်များလှူဒါန်းခြင်းကောင်း၏။
အကျိုးပေးဂဏန်း - {၅-၉-၄}
အကျိုးပေးအရောင် - လိမ္မော်ရောင်
ဆောင်ရန် - ကံကော်ညွန့်(၃)ညွန့်
ရှောင်ရန် -အရှေ့အရပ်
ယတြာ - တရားတော်ဂုဏ်တော် (၆)ပါးရွတ်ပွားပြီး မလိုင်မုန့် ကပ်လှူပါ။
အဂါၤ သားသမီးများအခုအပတ် သြင်္ကန်ကာလဖြစ်၍ ရေတွင်း၊ ရေကန်၊အဝီစိတွင်း လှူဒါန်းခြင်း၊ ရှင်ပြု၊ ဒုလ္လဘရဟန်းခံခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ သမထဝိပဿနာအားထုတ်ခြင်းပြုလုပ်ပါ။
လုပ်ငန်းရှင်များအနေနဲ့ တင်ဒါအောင်မြင်ခြင်း စီးပွားတိုးတက်နိုင်သကဲ့သို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းနယ်ပယ်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းသစ်ကိုလည်း လုပ်ကိုင်ရတတ်ပါတယ်။ ဒါပေမယ့်အတွင်းလူ ၊ လူယုံ ဒုက္ခပေးတတ်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ သာမန်လုပ်ငန်းသမာများ ဈေးရောင်း၊ ဈေးဝယ်အရောင်းအဝယ် ဖြစ်ထွန်းမည်။အချစ်ရေးတွင် မလိုအပ်ဘဲနဲ့ စကားအခြေအတင် ပြောရပြိးအခန့်မသင့် သူငယ်ချင်းဘောဒါ ချစ်သူငယ်များကြောင့်အထင်အမြင်လွှဲမှားခြင်း ခံရမည်။အိမ်ထောင်ရှင်များ ဆွေမျိုးများကြောင့် စိတ်ညစ်ရမည်။အထူး ခွေးသတိထားပါ။ ယာဉ်ကြီးစက် မောင်းသူများ သတိရှိပါ။ ကိုယ်ခန္ဓာအသိပ်အပိုင်း ထိခိုက်မည်။အထူး ၃ဂဏန်း မွေး
(၃-၁၂-၂၁-၃၀
)သတိနှင့် သွားလာပါ။
၂၀၁၉
ခုနှစ် April (16)ရက် ကလေးမွေးဖွားသူ မိမိရင်သွေးငယ်များ ဟိုတယ်၊အလှကုန်လုပ်ငန်ရှင်ဖြစ်နိုင်သည်။
၂၀၁၉
ခုနှစ် April (16)ရက် ဤနေ့ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝိပဿနာအားထုတ်ခြင်း၊ ကျောင်း၊ သိမ်၊ မုဒ်ဦး ရေစက်ချခြင်း၊ ဂါထာမန္တန်သိဒ္ဓိတင်ခြင်း၊ ကုသိုလ်ပြုခြင်း၊ ဖျော်ရည်နှင့်ငွေကြေးထောက်ပံ့လှူဒါန်းခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း၊ ရှင်ပြုရဟန်းခံခြင်းကောင်းမွန်ပါသည်။
အကျိုးပေးဂဏန်း - {၈-၅-၇}
အကျိုးပေးအရောင် - ဗေဒါရောင်
ဆောင်ရန် - ဇော်စိမ်းညွန့်
ရှောင်ရန် -အနောက်မြောက်အရပ်
ယတြာ - ရှင်သီဝလီဂါထာတော် ရွတ်ပြီး သာကူယိုဆွမ်း ကပ်လှူပါ။
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူး သားသမီးများအခုအပတ် သြင်္ကန်ကာလဖြစ်၍ ငယ်ရွယ်သူများအနေဖြင့်အချစ်ရေး သာယာ၍ မိမိချစ်သူနှင့်အတူ ပျော်ရွှင်စွာ ခရီးသွားရတတ်ပြီးအိမ်ထောင်ရှင်များကတော့အိမ်တွင်အလှူကြီးတန်းများပေးရတတ်သည်။ သတ္တဝါများကို ဘေးမဲ့လွတ်ခြင်း၊ ဘုရားကျောင်း၊ရေစက်ချခြင်း၊ ဘုရားစေတီပုထိုးများသန့်ရှင်းခြင်း၊အနေကဇာတင်၊ ရေတွင်းရေကန်တူးဖော်ခြင်း၊အိမ်သစ်တက်၊ ဆိုင်းဘုတ်တင်ခြင်း၊ ကုမ္ပဏီဖွင့်လှစ်ခြင်း၊ ဘာသာရေးစကားပြောဆိုခြင်းအောင်မြင်လိမ့်မည်။အရည်နှင့်ပတ်သတ်ရာဆိုင်ရာလုပ်ငန်းများအကျိုးထူးပြီး ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။
၂၀၁၉
ခုနှစ် April (17)ရက် ရက်ရာဇာ ကလေးမွေးဖွားသူ မိမိရင်သွေးငယ်များ သိုက်ဖွားဖြစ်၍ ဥစ္စာဓနကြွယ်ဝချမ်းသာနိုင်သည်။
၂၀၁၉
ခုနှစ် April (17)ရက် ရက်ရာဇာ ဤနေ့ သတ္တဝါများကို ဘေးမဲ့လွတ်ခြင်း၊ ဘုရားကျောင်း၊ရေစက်ချခြင်း၊ ဘုရားစေတီပုထိုးများသန့်ရှင်းခြင်း၊အနေကဇာတင်၊ ရေတွင်းရေကန်တူးဖော်ခြင်း၊အိမ်သစ်တက်၊ ဆိုင်းဘုတ်တင်ခြင်း၊ ကုမ္ပဏီဖွင့်လှစ်ခြင်း၊ ဘာသာရေးစကား ပြောဆိုခြင်း ကောင်း၏။
(နှစ်ဆန်းတစ်ရက်နေ့)
အကျိုးပေးဂဏန်း - {၅-၄-၆}
အကျိုးပေးအရောင် - စိမ်းနုရောင်
ဆောင်ရန် - လက်ဖက်ညွန့် (၃)ညွန့်
ရှောင်ရန် - မြောက်အရပ်
ယတြာ - လိုတရဂါထာတော်ရွတ်ပွားပြီး လက်ဖက်ရည်နှင့် စမူဆာဆွမ်း ကပ်လှူပါ။
ကြာသပတေးသားသမီး
လက်ရှိအလုပ်အကိုင်ကနေအမျိုးအစားမတူတဲ့ လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်ပါလိမ့်မယ်။ လူမျိုးခြားအကျိုးပေးမှာဖြစ်ပြီးအထူးသဖြင့် စနေသားသမီးရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိပါလိမ့်မည်။ ဝန်ထမ်းတွေအနေနဲ့ လက်ရှိအလုပ်ထက်ကောင်းမွန်တဲ့ လုပ်ငန်းခွင်မျိုး ပြောင်းလဲလုပ်ကိုင်ရကိန်းရှိ။ စပ်တူရှယ်ယာ လုပ်ငန်းတွေကနေလည်းအကျိုးအမြတ်ဖြစ်ထွန်းမည်။အနုပညာလုပ်ငန်း၊အိမ်ခြံမြေလုပ်ငန်းရှင်များကောင်းမွန်နေပြီးအိမ်ရှိအဖိုးတန်ပစ္စည်းထွက်တတ်ပျောက်တတ်ပါတယ်။ ပျိုရွယ်သူများအချစ်ခရီးလမ်း okဆိုပြေပြိး ချောမွေ့ပါလိမ့်မည်။အိမ်ထောင်ရှင်များ မိသားစုအလိုက် ဘုရားဖူး နယ်ဝေးအပျော်ခရီးထွက်ရတက်သည်။အိမ်တွင်းရေး၊အိမ်ထောင်ရေး သာယာနေပြီး ရင်သွေးရတနာလည်း ထွန်းကားတတ်ပါတယ်။အိမ်ရှိ ကြီးကဲသူကျန်းမာရေးညံ့နေတတ်ပြီးအိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးလည်း သတိပြုသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အူရောင်တတ်ပါတယ်။
အကျိုးပေးဂဏန်း - {၇-၁-၂}
အကျိုးပေးအရောင် - မီးခိုးရောင်၊
ဆောင်ရန် - ပေါက်ညွန့်(၃)ညွန့်
ရှောင်ရန် - တောင်အရပ်
ယတြာ - ကံပွင့်ဂါထာရွတ်ပွားပြိးအုန်းထမင်းဆွမ်းတော်ကပ်လှူပါ။
သောကြာသားသမီး
သောကြာသားသမီးများ စီးပွားရေးအနေဖြင့် ဆေးဆိုင်၊အလှပြင်လုပ်ငန်း၊ ရေထွက်ကုန်ပစ္စည်းအရောင်းဆိုင် နှင့် ကုန်စုံဆိုင်လုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်းတွေ ကောင်းမွန်နေမည်။ လုပ်ငန်းကြီးသမားတွေအဆင်မပြေမှုတစ်ချို့ ကြုံရနိုင်ပါတယ်။ ပညာတော်သင်သွားရကိန်းရှိပါတယ်။ ပျိုရွယ်သူများ ချစ်သူနှင့်အဆင်ပြေမည်။ သို့သော်အခုပတ် ပျိုရွယ်သူတွေများ မချစ်မနှစ်သက်သူနှင့် တွေ့တတ်ပါသ၍အိမ်ထောင်မပြုသင့်သေးပါ။ တစ်ဦးအကြောင်းတစ်ဦးသိဖို့လိုအပ်သည်။အိမ်ထောင်သည်များကတော့အိမ်ထောင်ဖက်၏ ကျန်းမာရေးအထူး ဂရုစိုက်ပါ။ သွေးနှင့်ပတ်သက်သောရောဂါ ဂရုစိုက်ပါ။အိမ်ထောင်ရှင်များအိမ်ထောင်ဖက်၏ စိတ်ပင်ပန်းမှုကြောင့် မိမိကိုပါ စိတ်ပင်ပန်းခံရမည်။
အကျိုးပေးဂဏန်း ➖ {၄-၁-၃}
အကျိုးပေးအရောင် -အဖြူရောင်
ဆောင်ရန် - သက်ကယ်ညွန့်
ရှောင်ရန် -အနောက်အရပ်
ယတြာ - နမောတေဂါထာရွတ်ပွားပြီးအုန်းနို့ခေါက်ဆွဲဆွမ်း ကပ်လှူပါ။
စနေသားသမီး
စနေသားသမီးများ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ စီးပွားရေး ယာဉ်ပစ္စည်းရောင်းဝယ်ခြင်း၊ စာပေဖြန့်ချီရေးလုပ်ငန်းနှင့်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများကတော့အထူးအောင်မြင်နိုင်သလို့အစိုးရဝန်ထမ်းများအနေနဲ့အလုပ်နေရာ ပြောင်းရွှေ့ရခြင်းမျိုးလည်း ရှိနေပါတယ်။ ငွေနံအထူးကောင်းတယ်။ နေရာသစ် ဌာနေသစ် ရာထူးတိုး၊ လစာတိုး စံစားခံစားရကိန်းရှိသည်။ ကုန်ပစ္စည်းများ ပြည်တွင်ပြည်ပသို့ တင်ပို့ကုန်ကူး ခြင်းအကျိုးမြတ်ဖြစ်ထွန်းမည်။ ပျိုရွယ်သူများအတွက်အချစ်ရေးကတော့အစစအရာရာအဆင်ပြေမည်။အိမ်ထောင်ရှင်များ ဆွေမျိုးများကြောင့် စိတ်အခန့်မသင့်ဖြစ်မည်။ ပညာရေးနဲ့ ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။
၂၀၁၉
ခုနှစ် April (20)ရက် နဂါးပြည်ပြဿဒါး ဤနေ့ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထပ် ညနေ့(4:45)နာရီလွန် ရေတွင်းရေကန် တူးဖော်ခြင်း၊ မြေသန့်မင်္ဂလာပြုလုပ်ခြင်းကောင်း၏။
အကျိုးပေးဂဏန်း ➖ {၄-၇-၈}
အကျိုးပေးအရောင် -အညိုရောင်
ဆောင်ရန် - ဒန်းညွန့်
ရှောင်ရန် -အရှေ့မြောက်အရပ်
ယတြာ - ပဌာန်း (၂၄)ပစ္စည်း ရွတ်ပွားပြီး ခေါက်မုန့်ဆွမ်း ကပ်လှူပါ။
ရာဟုသားသမီး
ရာဟုသားသမီးများအရာရာ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေပြီး လုပ်သမျှအဆင်မပြေဖြစ်နေပါလိမ့်မယ်။ ဒီနေ့မှာ လူတိုင်းအပေါ် စိတ်တိုင်းမကျဖြစ်နေတတ်။ ရပ်ရေးရွာရေး မိသားစုအိမ်တွင်းရေး ပီတိမင်္ဂလာအလှူဒါန ကုသိုလ်ကောင်းမှု ပြုလုပ်ရမည်။ လာဘ်လဘရွင်အံ့။ ရွှေလက်ကောက်၊ လက်စွတ်၊ ရင်ထိုး၊ ဥစ္စာပစ္စည်းပျောက်အံ့။အခိုးခံနှင့် လုယှက်မှုကြုံအံ့။ ပညာရေးပုံမှန်ပဲရှိနေပြီးအချစ်ရေးနှင့်ပတ်သတ်၍ စိတ်သောကရောက်နေတတ်သည်။အချစ်ရေး မိမိစိတ်က တစ်ဖက်သတ်အတွေးအမြင်များနေတတ်ပါတယ်။အိမ်ထောင်သာယာမှုရှိပြိး ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။
ကျိုးပေးဂဏန်း ➖ {၆-၄-၅}
အကျိုးပေးအရောင် - စိမ်းပြာရောင်
ဆောင်ရန် - ဝါးညွန့်
ရှောင်ရန် - မြောက်အရပ်
ယတြာ -အိမ်ဘုရားမှာ စံပယ်ပန်း နှင့် လက်ဖက်ရည်နှင့် စမူဆာဆွမ်း ကပ်လှူပါ။