အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၂-၅-၂၀၁၉ မှ ၁၈-၅-၂၀၁၉ ရက်နေ့အထိ)
yoyarlay.com
|
2019-05-10



အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၂-၅-၂၀၁၉ မှ ၁၈-၅-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ





ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့၏ စီးပွားရေးလုပ်ငန်းများအတိုက်အခိုက်များမည်။ မလိုသူများကြောင့် လုပ်ငန်းနောင်နှေးမည်။ ချိန်ဆိုထားသည့်ကိစ္စများပျက်မည်။ စရံပေးထားသည့်ကိစ္စများ ထင်သလောက်မဖြစ်၊အချိန်စောင့်ရမည့်အခြေအနေဖြစ်သည်။အထူးသဖြင့် ကျောက်စိမ်းလုပ်ငန်းများ ထင်ထားသည့်အတိုင်းမဖြစ်ပါ။ ဟိုတယ်လုပ်ငန်းများ ကံကောင်းနေပါလိမ့်မည်။ ကျန်းမာရေးအနေဖြင့် ဆီးချိုနှင့်အရိုးရောဂါရှင်များ သတိထားရမည့်အချိန်ဖြစ်ပါသည်။အချစ်ရေးကတော့ မိမိချစ်ရသူ၏အဖြေရရန် ဝေကွာနေလိမ့်မည်။အကြိမ်ကြိမ်တောင်းဆိုရမည်။အိမ်ထောင်ရှင်များကတော့ ဒီရက်ပိုင်းအခြေအနေကောင်းပါသည်။ ပညာရေးသမားများ ရာထူးစာမေးပွဲဖြေရပါကအထွေထွေဗဟုသုတပိုင်း သတိထားပါ ။ ရွှေ၊ ကျောက်မျက်ရတနာ ဝင်တတ်ထွက်တတ်ပါသည်။အစိုးရဝန်ထမ်းများအထက်အောက် မျှအောင်ဆောင်ရွက်ပါ။

အကျိုးပေးဂဏန်းမှာ – ၁၊ ၂၊ ၅။ ယတြာ – သက်ကြီးသံဃာတော်တစ်ပါးကို ဆွမ်းဆပ်ကပ်လှူဒါန်းပေးပါ။

တနင်္လာ





ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများအနည်းငယ် ပြန်ကောင်းစပြုချိန်ဖြစ်သည်။ ရေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ စက်လှေလုပ်ငန်းများ သတိထားသင့်ပါသည်။ စုကြေးငွေ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ်ချေးငွေကိစ္စ သတိထားပါ။ စပ်တူလုပ်ငန်းအတွက် သတိပြုလုပ်ကိုင်ပါ။ ကျန်းမာရေးအနေနှင့် ခွဲစိတ်ထားရသူများအနာမကျက်ဖြစ်တတ်သည်။ သတိပြုပါ။အချစ်ရေးအနေနှင့်အဝေးကချစ်သူကို ရရှိလိမ့်မည်။အိမ်ထောင်ရေးအခြေအနေကောင်းပါသည်။ ဘုရားဖူးခရီးယာယီရှိသည်။ ပညာရေးသမားများ ရာထူးအတွက်ဆိုပါကအထူးကြိုးစားရမည်။ မြေ၊အိမ်အဝင်ကောင်းပါသည်။ ဝန်ထမ်းများ မိမိကိုင်တွယ်ရသော လုပ်ငန်း၊အထူးသဖြင့် ဂိုဒေါင်မှူးများ သတိပြုပါ။

အကျိုးပေးဂဏန်း – ၂၊ ၃၊ ၆။ ယတြာ – တနင်္လာနေ့တွင် ငါးအရှင်များလွှတ်ပေးပါ။

အင်္ဂါ





ယခုအပတ်အတွင်းအင်္ဂါသားသမီးတို့ စီးပွားရေးလုပ်ငန်းမှာ ကံပြန်တက်လာပြီဖြစ်သည်။ နိုင်ငံခြားဆက်ဆံသည့်လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ဆန်စပါးနှင့် လယ်ယာထွက်ကုန်လုပ်ငန်းများ ကံကောင်းချိန်ဖြစ်သည်။အစုအစပ်လုပ်ငန်းသတိထားပါ၊ ရန်ဖြစ်တတ်သည်။ မိမိလုပ်ကိုင်သောစီးပွားရေးတွင်အစုအစပ်လုပ်သူများနှင့် စကားပြောရမည့်အချိန်ဖြစ်သည်။ ယခုအချိန်တွင် လယ်ယာကိုအကြောင်းပြုသော စီးပွားရေးလုပ်ငန်းများ တိုးတက်မည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်း၊ မျက်စိနှင့် သွားရောဂါများအထူးသတိထားရလိမ့်မည်။အချစ်ရေးတွင် ကံကောင်းပြီးအဖြေရရန် စောင့်ရလိမ့်မည်။အိမ်ထောင်ရေးသမားများ သားသမီးကိုအကြောင်းပြုပြီး စကားပြောရမည်။ ပညာရေးသမားများစိတ်ချမ်းသာရမည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိပြုရန်အချိန်ဖြစ်သည်။

အကျိုးပေးဂဏန်း – ၃ ၊ ၁ ၊ ၉။ ယတြာ –အင်္ဂါနေ့တွင် ဘုရားရှင်အား ထီးအဖြူရောင်လှူပေးပါ။

ဗုဒ္ဓဟူး





ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ကတော့ ဆိုင်လုပ်ငန်းများ၊ စက်ပစ္စည်းလုပ်ငန်းများ ညံ့နေလိမ့်မည်။ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရွှေနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ကောင်းပါမည်။အထူးသဖြင့် သစ်လုပ်ငန်းလုပ်ကိုင်သူများ စီးပွားကောင်းပါလိမ့်မည်။ ငွေကြေးလုပ်ငန်းလုပ်သူများ ဤတစ်ပတ်အတွင်း ကံညံ့နေပြီးအလိမ်ခံရတတ်သဖြင့် သတိပြုပါ။ ကျန်းမာရေးအနေဖြင့်အရိုး၊အကြောရောဂါ နှင့် ဒူးနာ၊ခါးနာ ရောဂါများအထူးသတိထားရမည်။အချစ်ရေးတွင် ချစ်သူနှင့်အဆင်မပြေဖြစ်မည်။ နှစ်ဘက်မိဘတို့အဆင်မပြေဖြစ်မည်။အိမ်ထောင်သည်များ သံသယများနေတတ်သည်။ ပညာရေးတွင်အစိုးရ ရာထူးအတွက် ဇွဲတင်းထားရမည်။ ကား၊ ဆိုင်ကယ် စသည့်စက်ပစ္စည်း ဝင်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။


ရာဟု သားသမီးတို့ကတော့ စိတ်ချမ်းသာရမည်။အချစ်ရေးတွင် ကြားလူကြောင့် သောကရောက်မည် သတိထားပါ။ စီးပွားရေးတွင် လယ်ယာလုပ်ငန်း ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါကအထူးသတိထားပါ။ မြေစာပင်ဖြစ်တတ်သည်။

အကျိုးပေးဂဏန်း – ၄၊ ဝ၊ ၆။ ယတြာ။ ။ ယခုတစ်ပတ်အတွင်း ကလေးများအား ကိတ်မုန့် ကျွေးပါ။

ကြာသပတေး





ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့အတွက် စီးပွားရေးအခြေအနေမှာအညံ့ဘက်သို့ ရောက်ရှိနေပါသည်။ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ပြည်ပရောင်းဝယ်ရေးနှင့် ကုန်သည်လုပ်ငန်းများအခက်အခဲတစ်ခုမဟုတ်တစ်ခု ကြုံနေရမည့်အချိန်ဖြစ်သည်၊ လုပ်သားများ၊ ဝန်ထမ်းများ ဝင်လိုက်၊ထွက်လိုက်ဖြစ်မည်။ ကျန်းမာရေးအနေနှင့် သွေးရောဂါ၊ သားအိမ်၊အစာအိမ်ရောဂါများ ဖြစ်တတ်ပြီး ခွဲစိတ်ကုသရတတ်သည်။အချစ်ရေးနှင့်ပတ်သက်ပြီး လက်ထပ်ရန်ကြာနေတတ်သည်။ နှစ်ဘက်မိဘ ရန်ဖြစ်တတ်သည်။အိမ်ထောင်သည်များလည်း ရန်ပေါ်နေတတ်သည်။ ပညာရေးလိုက်နေသောသင်တန်းသားများ ကျန်းမာရေးသတိပြုပါ။ ရွှေနှင့် ရတနာပစ္စည်းများ ဝင်တတ်၊ထွက်တတ်သည်။ ဝန်ထမ်းများ ကံအနည်းငယ်ညံ့နေမည်။

အကျိုးပေးဂဏန်း – ၅၊ ၁၊ ၂။ ယတြာ –နွမ်းပါးသူတစ်ဦးကို ထမင်းကျွေးပါ။




ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများတွင် ကံကောင်းနေသည်။အလုပ်သမားပြဿနာ ပေါ်တတ်သည်။ ပြည်ပ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ ကံညံနေမည်၊ ငွေကြေးကိုအခြေခံသူများကတော့အားနည်းနေမည်သာဖြစ်သည်။ ဘဏ်လုပ်ငန်း၊ ဘဏ်ချေးငွေကိစ္စများ ပြဿနာရှိသည်၊အထူးသဖြင့် ရေနံနှင့်ဆိုင်သော လောင်စာဆီရောင်းချသူများ သတိပြုပါ။ လုပ်ငန်းအမှားကြောင့်အကြွေးတင်တတ်သည်။ ကျန်းမာရေးအနေနှင့်အဆုတ်၊ လေပြွန်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။ မတော်တဆဖြစ်ပြီး နံရိုးအထူးသတိထားရန်လိုအပ်သည်။အချစ်ရေးကတော့ ကံကောင်းနေပြီး မထင်မှတ်ဘဲ လက်ထပ်ရတတ်သည်။အိမ်ထောင်ရေးသမားများ ကံကောင်းသော်လည်းအလုပ်ကြောင့် ခွဲနေရမည်။ ပညာရေးသမားများ ရာထူးအတွက် စာမေးပွဲအောင်ပါလိမ့်မည်။ စက်ပစ္စည်းများဝင်မည်၊ ထွက်မည်။ ဝန်ထမ်းများအထူးကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၆၊ ၂၊ ၇။ ယတြာ – သောကြာနေ့တွင် သက်ကြီးသူကို ငွေလှူပါ။

စနေ





ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်သင့်သည့်အချိန်ဖြစ်သည်၊ လုပ်ငန်းသစ်၊ နေရာသစ်များတွင်အခြေအနေသစ်ဖြင့် လုပ်ကိုင်နိုင်မည်။ ငွေကြေးကိစ္စများကို သတိဖြင့်ဆောင်ရွက်ပါ။ စားသောက်ဆိုင်လုပ်ငန်း၊ မုန့်လုပ်ငန်းများ ကံကောင်းမည့်အချိန်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် ခြေထောက်၊ခြေချောင်းလေးများ ထိခိုက်မိတတ်သည်။အူမကြီးနှင့်ဆိုင်သော ရောဂါဖြစ်တတ်သည်။အချစ်ရေးတွင် ကံညံ့နေပြီး မိမိချစ်သူနှင့် မိဘတို့သဘောမတူသဖြင့် စိတ်လေနေမည်။အိမ်ထောင်ရေးအနေနှင့် ပြင်ပမှအခြားသူတစ်ယောက်ကိုအကြောင်းပြုပြီးအတော်လေးအခက်အခဲဖြစ်မည်။ သံသယဖြင့် သဘောထားကွဲနေမည်။ ဆင်ခြင်ပါ။ ကား၊ ဆိုင်ကယ် စသည့်စက်ပစ္စည်း ဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများအလွန်ကြိုးစားရမည့်အချိန်ဖြစ်သည်။ ဝန်ထမ်းများ ကောင်းပါသည်။ လက်နက်ကိုင်ဝန်ထမ်းများ မိမိတာဝန်ယူကိုင်တွယ်ရသော လက်နက်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းဖြစ်တတ်သည်။အထူးသတိထားရန်လိုပါသည်။

အကျိုးပေးဂဏန်း – ဝ၊ ၃၊၂။ ယတြာ – စနေနေ့တွင်အလှူတစ်ခုပြုပါ။


ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533


#လုပ်ငန်း
#သားသမီး
#ဝန်ထမ်း
#အချစ်
#စီးပွားရေးလုပ်ငန်း

Some text some message..