ဇွန်လ ၂၀ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-19


ဇွန်လ ၂၀ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၂၀ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - ဒီနေ့မှာ တနင်္ဂနွေသားသမီးတွေအနေနဲ့ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေးအမြတ်အစွန်း ရရှိလာပါလိမ့်မယ်။အရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်း ဒီနေ့မှာ စတင်နိုင်ပြီးအဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။အိမ်ကို ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ ရပ်ဝေးခရီးသွားရကိန်းရှိပြီး ခရီးအတွင်း နာဖျားတတ်ပါတယ်။အလှပြင်ပစ္စည်းလုပ်ငန်း၊အလှပြုပြင်ရေးလုပ်ငန်းရှင်များအကျိုးများမယ့်အချိန်လည်းဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ငွေလိုအပ်နေလျှင်လည်း ကူညီပေးမယ့်သူ ပေါ်လာပါလိမ့်မယ်။ ပညာရေးကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အချိုရည်ဘူး ကပ်လှူပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဝန်ဆောင်မှုလုပ်ငန်းရှင်များအဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီးအနုပညာလုပ်ငန်းလုပ်ကိုင်သူတွေကတော့အထူးအောင်မြင်နိုင်ပါတယ်။ ငွေလိမ်ခံရကိန်းရှိလို့ ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ ငွေကြေးကံအနည်းငယ်ညံ့နေပြီး လုပ်ငန်းတိုးချဲ့ဖို့စီစဉ်ထားရင် ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ စုမဲစုခြင်း၊ ငွေချေးငှားခြင်းလုပ်ကိုင်နေတယ်ဆိုရင် ရပ်တန်းက ရပ်လိုက်ပါတော့ ဒီကနေ ကောင်းကျိုးထက် ဆိုးကျိုးများမယ့်အချိန်ဖြစ်နေလို့ပါပဲ။ မိဘနဲ့အတူနေထိုင်သူဖြစ်ပါက မိဘနဲ့ကိုယ်နဲ့အမြင်မတူတာမျိုးဖြစ်တတ်ပြီးအိမ်မှာ နေချင်စိတ်မရှိလောက်အောင် စိတ်ညစ်ရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ သားသမီးပညာရေးကို စိတ်ပူရတတ်ပြီးအချစ်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကြာဇံချက်ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီနေ့မှာအောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပေမယ့်အရမ်းကြီးစိုးရိမ်စရာတော့ မရှိပါဘူး။ ပညာရေး၊အချစ်ရေးအောင်မြင်မှာဖြစ်ပြီးအိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ ကျန်းမာရေးပိုင်းအနည်းငယ်ညံ့နေပြီး ဆေးရုံဆေးခန်းပြသရကိန်း ရှိနေလို့ ဆေးရုံတက်နေသူတစ်ဦးဦးကို သွားရောက်သတင်းမေးလိုက်ပါ။ စားသောက်ကုန်လုပ်ငန်း၊အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအနုပညာလုပ်ငန်းလုပ်ကိုင်သူများအခက်အခဲရှိနေမယ့်အချိန်ဖြစ်ပါတယ်။ တနင်္လာ၊ သောကြာသားသမီးများ၏အကူအညီဖြင့် လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး ငွေဝင်သလောက် ပြန်ထွက်နေမယ့်အချိန်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နားကိုက်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဆီးဖျော်ရည်ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက်အချစ်ရေး၊အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။ လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်မှုအပေါ် မနာလိုသူပေါများနေမှာဖြစ်ပြီး ဒီရန်တွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။အိမ်တွင်းရေးအနည်းငယ် ရှုပ်ထွေးနေပြီးအိမ်ထောင်ဖက် ဖောက်ပြန်မှုတစ်ခုကို မမျှော်လင့်ပဲ သိရှိလာရတတ်ပါတယ်။အိမ်ရှိအသက်ကြီးသူကျန်းမာရေး ဂရုစိုက်သင့်တဲ့အချိန်လည်း ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအောက်လက်ငယ်သား ဒုက္ခပေးတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းစတင်လိုသူများအချိန်ကောင်းဖြစ်ပြီးအထည်အလိပ်လုပ်ငန်းအထူးကောင်းမွန်နေပါတယ်။အချစ်ရေးကြောင့် ပညာရေးအညံ့ရှိနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိတိမ်စွဲတာမျိုး သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ဘုရားတွင်လက်ဖက်အသားကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေကတော့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။ မိသားစု မောင်နှမတွေရဲ့အထောက်အပံ့ ရရှိမှာဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာလည်းအလုပ်ရှင်ရဲ့ယုံကြည်စွာ တာဝန်ပေးခြင်း ခံရပါလိမ့်မယ်။ လုပ်ငန်းမှန်သမျှအောင်မြင်စွာ လုပ်ဆောင်နိုင်မယ့်အချိန်လည်း ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါကအောက်လက်ငယ်သားရောအထက်လူကြီးပါ ကိုယ့်အပေါ်အထောက်အပံ့ပေးပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိအလုပ်မှာရော ထပ်တိုးချဲ့ဖို့ စီစဉ်ထားတဲ့အလုပ်အတွက်ရောအခွင့်အလမ်းသစ်တွေပေါ်လာတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ရေးကိစ္စမှာ ကောင်းသောအပြောင်းအလဲတွေ ကြုံရဖို့ရှိပြီး တစ်ခုရှိတာက ဒီနေ့မှာ ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက သူတစ်ပါးရဲ့အချစ်ရေး၊အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်လို့ သတိပြုသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အူအတက်ယောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင်ရွှေရင်အေးလှူဒါန်းပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ဆုံးရှုံးပြီးသားငွေတွေပြန်ဝင်လာတတ်တဲ့အချိန် ဖြစ်ပြီးအိမ်ကို ဧည့်သည် ရောက်လာရင်လည်း သတင်းစကားကောင်းတွေ သယ်ဆောင်လာပါလိမ့်မယ်။ ပညာရေး၊အချစ်ရေးပိုင်းအောင်မြင်မှာဖြစ်ပြီးအရေးကြီး ဆုံးဖြတ်ချက်တွေကိုလည်း စိတ်ချလက်ချ လုပ်ဆောင်လိုက်ပါ။အထက်အရာရှိ၊ လက်အောက်ငယ်သားတွေအားလုံးရဲ့အကူအညီနဲ့ လုပ်ငန်းကိစ္စမှန်သမျှ ကောင်းမွန်နေမှာဖြစ်ပြီးအိမ်ထောင်ရေးလည်း သာယာနေပါလိမ့်မယ်။ သားသမီးရတနာလည်း ရကိန်းရှိနေပြီး ချစ်သူမရှိသေးသူတွေ ချစ်သူရလာပါလိမ့်မယ်။ ကျန်းမာရေးပိုင်း၊ ပညာရေးပိုင်းကတော့ ပုံမှန်အနေအထားမှာပဲ ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ပန်းသီး ကပ်လှူပေးပါ။


သောကြာ - နယ်ဝေးခရီးသွားရကိန်းရှိပြီး ကောင်းမွန်တဲ့ ခရီးဖြစ်နိုင်ပါတယ်။ မိသားစုထဲကအကြီးအကဲ ကျန်းမာရေးညံ့နေတတ်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်တွေအကျိုးအမြတ်များမယ့် ကာလပါပဲ။အလုပ်အကိုင်သစ်ကနေ ကမ်းလှမ်းလာတာမျိုးလည်း ကြုံရတတ်ပါတယ်။ စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလဖြစ်ပြီး ဒီရက်ပိုင်းမှာအစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ ယှဉ်ပြိုင်သူများ ၊အကောက်ကြံသူများနဲ့ ကြုံရတတ်ပါတယ်။ ငွေဝင်ပေါက်ရှိမယ့် လုပ်ငန်းတွေလုပ်ကိုင်နေရပေမယ့် မှန်းထားသလောက် ဝင်ငွေအကျိုးအမြတ်မရရှိမယ့်အချိန်လည်းဖြစ်ပါတယ်။ ငွေစုလို့မမြဲတဲ့ကာလဖြစ်ပြီး ဝင်လာသမျှငွေတွေလည်းအကြောင်းရှာပြီး ပြန်ထွက်နေပါလိမ့်မယ်။ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ -အိမ်ရှိဘုရားတွင် သရက်ပြင် ကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့အထွေထွေကိစ္စရပ်တွေအတွက် ကံအသင့်အတင့် ရှိနေတဲ့ နေ့ရက်ပါ။ ငွေကြေးကံလည်းအသင့်အတင့်သာရှိနေပြီးအချစ်ရေးကံကတော့အနည်းငယ် ညံ့နေတယ်လို့ ဆိုရမှာပါ။အရှေ့ပိုင်းမှာ ကြိုးစားခဲ့တဲ့အရာတွေက ဒီနေ့မှာအကောင်အထည်ပေါ်လာမှာပါ။ ဒီနေ့မှာပြုလုပ်မယ့် ဘယ်လိုအရာမျိုးအတွက်မဆို သင်ဂုဏ်ယူမဆုံးဖြစ်ရမှာပါ။ ငွေနံကောင်းနေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေကလည်းအကျိုးအမြတ်ရပါလိမ့်မယ်။ မိမိအရည်အချင်းကြောင့် လက်ရှိအလုပ်အကိုင်အပြင် တစ်ခြားအလုပ်တွေပါ လုပ်ကိုင်ခွင့်ရပြီး ငွေရွှင်နေမယ့် ကာလပါပဲ။ ဆန်၊ ဆီ၊ ဆားလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး သောကြာ၊အင်္ဂါနေ့နံ သားသမီးတွေရဲ့အကူအညီကိုလည်း ရရှိပါလိမ့်မယ်။အိမ်နေရာထိုင်ခင်းပြောင်းရွှေ့ရကိန်းရှိပြီး ဝန်ထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအလဲ ကြုံနိုင်တာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ထမင်းနှင့်ဟင်းကပ်လှူပေးပါ။


LEO

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို "ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ " နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#သားသမီး
#ယတြာ
#ကံ
#လုပ်ငန်း
#နာရီ

Some text some message..