ဇူလိုင်လ ၉ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-07-09



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇူလိုင်လ ၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဆုံးရှုံးပြီးသားငွေတွေပြန်ဝင်လာတတ်တဲ့အချိန် ဖြစ်ပြီးအိမ်ကို ဧည့်သည် ရောက်လာရင်လည်း သတင်းစကားကောင်းတွေ သယ်ဆောင်လာပါလိမ့်မယ်။ ပညာရေး၊အချစ်ရေးပိုင်းအောင်မြင်မှာဖြစ်ပြီးအရေးကြီး ဆုံးဖြတ်ချက်တွေကိုလည်း စိတ်ချလက်ချ လုပ်ဆောင်လိုက်ပါ။အိမ်ထောင်သည်တွေကတော့ တကျက်ကျက် ရန်ဖြစ်နေမယ့်အချိန်ပါပဲ။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီး စောင့်ရှောက်မှုဖြင့် လုပ်ငန်းအဆင်ပြေ၊ ရာထူးတိုး လစာတိုး ဖြစ်လာတတ်ပါတယ်။အထည်လုပ်ငန်း၊ ဒီဇိုင်နာလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးတက်အောင်မြင်ပါလိမ့်မယ်။အိမ်အနီးအနားမှာ မကျန်းမာသူရှိရင် တတ်နိုင်သလောက် ထောက်ပံ့ပေးလိုက်ပါ။ ကျန်းမာရေးအနေနဲ့ မျက်စိတိမ်ဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင်အုန်းထမင်း ကပ်လှူပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ လုပ်ငန်းတိုးချဲ့မှုကနေ နာမည်ကောင်းရပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက လုပ်သမျှအောင်မြင်နေမှာဖြစ်ပြီး ရာထူးတိုးကိန်းရှိနေပါတယ်။ ခရီးသွားရကိန်းရှိပြီး ရုတ်တရက်ငွေဝင်ကိန်းမျိုးလည်း ရှိပြီး ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တဲ့ ကိစ္စမျိုးတွေမှာအထူးအောင်မြင်ပါလိမ့်မယ်။ ထီကံကောင်းနိုင်လို့ ထီထိုးပေးသင့်တဲ့ နေ့ရက်ပါပဲ။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ဖက် ဖောက်ပြန်မှုကြောင့် သိက္ခာကျဆင်းရတတ်ပါတယ်။ မိသားစုအတွင်း စိတ်ဝမ်းကွဲတတ်ပြီး ကျန်းမာရေးပိုင်းဆိုင်ရာမှာအကြောနဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာလည်း ရရှိတတ်လို့သတိပြုရမယ့်အချိန်ပါ။အချစ်ရေးကတော့ ချစ်သူနဲ့အထင်အမြင်လွဲမှားကိန်းရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကံ့ကော်ပန်းကပ်လှူဆုတောင်းပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အချစ်ရေး၊အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။ လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်းဖြစ်ပါတယ်။ မိသားစု ၊ မောင်နှမတွေရဲ့အကူအညီနဲ့ လုပ်ငန်းခွင်အခက်အခဲ တွေ ပြေလည်နိုင်မှာဖြစ်ပါတယ်။ စားသောက်ဆိုင်၊ ကာရာအိုကေဆိုင် လုပ်ငန်းရှင်များ ကောင်းမွန်နေပါတယ်။ ဝန်ထမ်းဖြစ်ပါကအောက်လက်ငယ်သားကြောင့် ဂုဏ်တက်တတ်ပြီးအထက်လူကြီးကလည်း မိမိကို ကူညီပါလိမ့်မယ်။အချစ်ရေးမှာ တတိယလူကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်စတော်ဘယ်ရီသီးကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် လက်ရှိအလုပ်မရှိသေးသူများအလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။အလုပ်ရှိပြီးသူတွေအနေနဲ့လည်းအဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။အချစ်ရေးကံလည်း ကောင်းနေပြီး ဆုံးရှုံးပြီလို့ထင်ထားတဲ့ငွေတွေ ပြန်ရလာတတ်ပါတယ်။ လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ ဒီနေ့မှာ သတိထား ဆက်ဆံသင့်ပါတယ်။အနုပညာလုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်များအောင်မြင်နေမှာဖြစ်ပြီးအိမ်ထောင်သည်တွေအနေနဲ့ သားသမီးကျန်းမာရေးညံ့တတ်ပါတယ်။အိမ်ရှိ ကြီးကဲသူတစ်ဦး ဆေးရုံဆေးခန်း ရောက်ကိန်းရှိပြီး မိမိကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါ သတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ရွက်လှပန်းကို ဘုရားကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။


ရာဟု - ရာဟုသားသမီးတွေကတော့ ပညာရေး၊ ကျန်းမာရေးအကုန် စိတ်ချမ်းသာရမယ့် နေ့ရက်ဖြစ်ပြီး စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်းအဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါပဲ။ လူမျိုးခြားနဲ့ ပတ်သက်ပြီးလည်း ကောင်းကျိုး ရရှိနိုင်ပါတယ်။အိမ်ထောင်ပရိဘောဂပစ္စည်းသစ် ဝင်လာကိန်းရှိပြီးအနာအဆာ ပါလာတတ်ပါတယ်။အိမ်ရှိ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်များ စွန့်ပစ်လိုက်ပါ၊အိမ်အနီးအနားမှာ နာရေးရှိရင် ၄အစ ၂အဆုံး ထီထိုးပေးပါ။အိမ်ထောင်သည်တွေကတော့အိမ်ထောင်ကွဲတဲ့အထိ စိတ်ဝမ်းကွဲတတ်လို့ သတိပြုရပါမယ်။ ချစ်သူမရှိသေးသူများအင်္ဂါသားသမီးနဲ့ ချစ်သူဖြစ်လာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျော သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ယပ်အဝါရောင် လှူဒါန်းပြီး လိုရာဆုတောင်းပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ နိုင်ငံခြားခရီးသွားရကိန်းရှိပြီးအိမ်ခြံမြေကိစ္စအမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူ လက်လွန်တာတွေအတွက်အမှုအခင်းဖြစ်ကိန်းရှိလို့ ဘယ်လို ငွေအပေးအယူမျိုးကိုမှ လုပ်ဆောင်ဖို့ မသင့်တဲ့ ကာလပါပဲ။အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိရင် မွေးဖွားစရိတ်ထောက်ပံ့ပေးလိုက်ပါ။ ရုတ်တရက်မီးလန့်တာမြင်ခဲ့ရင်တော့ ၆အစ ၂အဆုံးထီထိုးပေးသင့်ပါတယ်။ ချစ်သူရှိပြီးသူများ ချစ်သူရဲ့ သစ္စာဖောက်မှု ခံရတတ်ပြီး ချစ်သူမရှိသေးသူ တွေကတော့ ကိုယ့်အပေါ် လိမ်ညာမယ့် ချစ်သူမျိုး ကြုံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လေရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ပလာတာ ကပ်လှူပေးပါ။


သောကြာ - လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာအထူးသတိထားလုပ်ဆောင်သင့်ပါတယ်။အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံုးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ချောက်တွန်းတတ်သူတွေကိုတော့ သတိပြုသင့့်ပါတယ်။ မိမိနဲ့ မိသားစုုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ ငွေပေးငွေယူလုပ်ငန်းများ၊ စပ်တူရှယ်ယာလုပ်ငန်းများ ဆုံးရှုံးမှုကြုံရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း ပြုလုပ်ဖို့ မသင့်သေးပါဘူး။ ဒီရက်မှာ လက်ထဲ ငွေမြဲလေ့မရှိပဲ ရွှေငွေကျောက်မျက် တန်ဖိုးကြီးပစ္စည်းတွေလည်း ပျောက်ရှတတ်လို့ သတိပြုသင့်ပါတယ်။ အချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပြီး ပညာရေး၊ ကျန်းမာရေးပိုင်းအသင့်အတင့်ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - သစ်ခွပန်းကိုအိမ်ရှိဘုရားမှာ ကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။


စနေ - ဒီနေ့မှာ လုပ်ငန်းအပြောင်းအလဲရှိနေပြီးအရာရာအဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ ပညာရေး၊ ကျန်းမာရေးအစအိမ်ထောင်ရေးထိ စိတ်ချမ်းသာရမယ့် နေ့ရက်ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်းအဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါ။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူတွေရဲ့ ကူညီမှုနဲ့အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေအထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိရောဂါသတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ထောပတ်ထမင်း ကပ်လှူပေးပါ။


LEO

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ယတြာ
#သားသမီး
#ကိန်း
#လုပ်ငန်း
#ကံ

Some text some message..