ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၄-၈-၂၀၁၉ ) မှ ( ၁၀-၈-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးများ ပညာရေး နှင့်အချစ်ရေးများ ရောထွေးနေခြင်းများကြုံတွေ့ရတတ်သည်။အပေါင်းအသင်းနှင့်အပျော်အပါး လိုက်စားမှုများကြောင့် မိမိရည်မှန်းချက်များ နှောင့်နှေးသွားတတ်သည်။အစောပိုင်းက မပြေမလည် ဖြစ်ခဲ့တဲ့ ငွေကြေးကိစ္စ ပြန်အဆင်ပြေဖို့ ရှိပါတယ်။ ကိုယ့်အလုပ်ရော စပ်တူလုပ်ငန်းတွေပါအားလုံးအဆင်ပြေပြေ ဖြစ်နေပါမယ်။ ဝင်ငွေတိုးသလို ထွက်ငွေလည်း များတတ်ပါတယ်။အချစ်ရေး ကံကောင်းပါတယ်။အိမ်ထောင် ဘက်နဲ့အပေးအယူမျှပြီးနားလည်မှုရှိကြမဲ့အပတ်ပါပဲ။ ကျန်းမာရေးအတွက်ကောင်းသော ရလဒ်တွေရှိ၍ ခံစားနေရတဲ့ဝေဒနာတွေရှိရင် သက်သာလာပါလိမ့်မယ်။အရှေ့မြောက်အရပ်လာဘ်အကျိုးပေး၊အရပ် ရှောင်ပါ။အရှေ့အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ကံကော်၊ကြံ၊ညွန့်များကို ဆောင်နိုင်သည်။၂၀၁၉-ခုနှစ် August လ(4)ရက်
၁၃၈၁-ခု ဝါခေါင်လဆန်း(၄)ရက် တနင်္ဂနွေနေ့ ဤနေ့ နံနက်(၉း၂၂)နာရီလွန် ရှင်ပြု နားသ၊ ဘုရားတည်၊ ထီးထင်၊ ဆံရိတ်၊ဆံသ၊ ဘဏ်စရင်းဖွင့်၊ လက်မှုတီထွင်ခြင်းကောင်း၏။
အကျိုးပေးဂဏန်း ➖ {၃,၅,၄}
အကျိုးပေးအရောင် -အစိမ်းရောင်၊အနီရောင်
ဆောင်ရန် - လက်ကိုင်ပုဝါ "အ"အက္ခရာရေး
ရှောင်ရန် -အနောက်တောင်အရပ်
ယတြာ -အိမ်ဘုရားမှာအုန်းရည်၊အုန်းနို့" တို့ဖြင့်ပြုလုပ်သောအချိုရည်နှင့်အုန်းထမင်း ဆွမ်းကပ်လှူပါ။
တနင်္လာသားသမီးများ
တနင်္လာသားသမီးများအကောင်း နှင့်အဆိုး ဒွန်တွဲနေပါလိမ့်မည်။ ယခုရက်ပိုင်းအတွင်း မိမိဂုဏ်သတင်းကျော်ဇောပြီး မိမိဆောင်ရွက်သမျှ တိုးတက်၍အခက်အခဲအားလုံးကို ကျော်လွှားနိုင်ပါလိမ့်မည်။ ရွေနှင့်ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်း ကြုံရတတ်။ ပညာရှာနေသူများကတော့ လိုက်လေဝေးလေ ဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ မီး၊လျှပ်စစ်အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်၏။အပျော်အပါးတွေနဲ့ ငွေကုန်များတတ်ပြီးအချစ်ရေးမှာကအငြင်းမသန်ဖို့ သတိပြုပါ။အိမ်ထောင်ရေးအသင့်တင့် သုခရရှိပြိးအထူးမိမိနှင့်တကွ မိသားစုပါ တစ်ဦးပြီးတစ်ဦး ကျန်းမာရေးညံ့တတ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းရောက်ရတတ်ပါတယ်။အနောက်အရပ်လာဘ်အကျိုးပေး၊အရှေ့အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ မေမြို့ပန်း၊ ပိန်းပန်း၊ ဇွန်ပန်းညွန့်(၃)ညွန့် ဘုရားပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း ➖ {၃,၁,၉}
အကျိုးပေးအရောင် - ဆင်စွယ်ရောင်၊ ခရမ်းရောင်
ဆောင်ရန် - ကံကော်ရွက် "ရ"အက္ခရာရေး
ရှောင်ရန် -အရှေ့အရပ်
ယတြာ - မေမြို့ပန်း၊ ပိန်းပန်း၊ ဇွန်ပန်းညွန့်(၃)ညွန့် နှင့် ကြံရည်တစ်ခွက် ဘုရားပူဇော်ပါ။
အဂါၤသားသမီးများ
အဂါၤသားသမီးများ လူမျိုးခြား၊ နိုင်ငံခြားနှင့်ပတ်သက်သော ကိစ္စများအကျိုးပေးအောင်
မြင်မည်ဖြစ်၏။အရင်တုန်းကအဖြေရှာမရ ဖြစ်ခဲ့တဲ့ ပြဿနာတွေ ပြန်ရှင်းနိုင်ပါမယ်။အလုပ်ကိစ္စမှာလည်း ကောင်းလာပါမယ်။ စာရွက်စာတမ်းကိစ္စ ၊ စာချုပ်ကိစ္စများအတွက် စိတ်ညစ်ရခြင်းများ ကြုံရတတ်ပါတယ်။အဖိုးတန်ကျောက်မျက်ရတနာဝင်မည်။အချစ်ရေးမှာ ဥပေက္ခာပြုခံရတတ်ပြိးအိမ်ထောင်ရှင်များအိမ်ထောင်ရေးအတွက် သောကရောက်ရတတ်သော ကာလဖြစ်၏။ ကျန်းမာရေးအနေဖြင့် ဆီးချိုရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးတတ်ပါတယ်။အရှေ့တောင်အရပ်လာဘ်အကျိုးပေး၊အနောက်မြောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သက်ကယ်ညွန့်၊ သီးညွန့်၊ သစ္စာပန်းများကို ဆောင်နိုင်သည်။
အကျိုးပေးဂဏန်း ➖ {၈,၃,၉}
အကျိုးပေးအရောင် - လိမ္မော်ရောင်၊ မိုးပြာရောင်
ဆောင်ရန် - သီးသားတစ်ဆစ်
ရှောင်ရန် -အနောက်မြောက်အရပ်
ယတြာ -အိမ်ဘုရားမှာ ဂန္ဓမာပန်း၊ သစ္စာပန်းများ ဝေဝေဆာဆာ ဘုရားပူဇော်ပြီး ဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ စီးပွားတိုးချဲ့ခြင်း ပြည်ပသို့ ပညာတော်သင်သွားရောက်ရခြင်းမျိုး ရှိတတ်ပါတယ်။ ငွေကြေးလာဘ်လာဘတွေလဲ ပေါများနေချိန်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာပဲလုပ်လုပ်ငွေနဲ့ ခင်းပြီး လုပ်ရတဲ့အချိန်ဖြစ်တဲ့အတွက် ငွေကုန်ကြေးကုန်ကျလဲ များနေတတ်ပါတယ်။ လုပ်ငန်းတွင်ဦးဆောင်နေရတတ်ပြီး သြဇာအာဏာရှိခြင်း၊ ရာထူးတည်မြဲခြင်း နှင့် သူများ၏လေးစားမှုကို ခံယူရတတ်ပါတယ်။ မိတ်သင်္ဂဟတို့၏ ကူညီမစမှု ပညာရေးဆိုင်ရာ၊ ရာထူးတိုး၊ လစားတိုးခြင်း သားသမီးများ မိမိလုပ်ငန်းဦဆောင်ခြင်းများ တိုးတက်မှုရပါမယ်။ မိမိ၏လုပ်ငန်းဆောင်တာ ရည်ရွယ်ချက်များအတွက်အိမ်ထောင်ဖက်ထံမှအကူအညီကောင်းအကြံကောင်းများရ၍စီးပွားတက်မယ်။အချစ်ရေး စိတ်ချမ်းသာ ပျော်ရွှင်ရမယ်။ ကျန်းမာရေးညံ့၍ ခြေထောက်၊ခါး၊သွား ဒုက္ခပေးခြင်းကြုံရတတ်ပါတယ်။ တောင်အရပ်လာဘ်အရပ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။ နောက်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဝါးညွန့်၊လက်ဖက်ညွန့်၊ ပိန်းညွန့်များကို ဘုရားပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း ➖ {၅,၄,၁}
အကျိုးပေးအရောင် -အဝါရောင်၊ ကြည်ပြာရောင်
ဆောင်ရန် - လက်ကိုင်ပုဝါအဝါရောင် "န"အက္ခရာရေး၍ ဆောင်ပါ။
ရှောင်ရန် - မြောက်အရပ်
ယတြာ -အိမ်ဘုရားမှာ လက်ဖက်ညွန့်၊ ပိန်းညွန့်နှင့် လိမ္မော်ရည်(၁)ခွက်ဆွမ်းကပ်လှူပါ။
ကြာသပတေးသားသမီးများ
ကြာသပတေးသားသမီးများ စီးပွားရေးတွင် မိမိကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူများ လုပ်ငန်းခွင်ထဲတွင် နှောက်ရှက်ခံရ၍ပျက်စီးခြင်းအမျိုးမျိုးဖြစ်ပေါ်လာတတ်သည်။ ပြည်တွင်း/ပြည်ပခရီးသွားလာခြင်း၊ ဘုရားဖူးခရီးသွားလာရကိန်းရှိသည်။ ဉာဏ်ပိုင်ဆိုင်ရာပညာရပ်များ တီထွင်ဆန်းသစ်သော ပညာရပ်များ သင်ယူသင့်သည်။ ထူးချွန်အောင်မြင်လာလိမ့်မည်။အချစ်ရေး ကံကောင်းနေသော်လည်း ချစ်သူ၏ဟန်ဆောင် လိမ်ညာ ဖုံးကွယ်ခြင်းကို ခံရတတ်တဲ့အတွက်လည်း သတိထားသင့်ပါတယ်။အိမ်ထောင်ရေးအဆင်ပြေပါလိမ့်မယ်။အိမ်ခြံမြေအဆောက်အဦးသစ် ဝင်လာတတ်ပြီးအစုရှယ်ယာလုပ်ငန်းများ၊ ငွေးကြေးကိစ္စရပ်များချေးငှားခြင်းများ သတိပြုဆောင်ရွက်သင့်ပါတယ်။ ကျန်းမာရေးအနေဖြင့်အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်ပြီးအထူးသဖြင့် မိမိရင်သွေးကျန်းမာရေးဂရုပြုပါ။ မြောက်အရပ်လာဘ်အရပ်အကျိုးပေး၊ တောင်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ကန်ဇွန်းညွန့်၊ ကြာပန်း၊ ခရေညွန့်များကို ဘုရားပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း ➖ {၂,၄,၇}
အကျိုးပေးအရောင် - လိမ္မော်ရောင်၊အနီရောင်
ဆောင်ရန် - ပိတောက်ရွက်ပေါ်"ဇ"အက္ခရာရေး
ရှောင်ရန် - တောင်အရပ်
ယတြာ - မိမိနေ့နံထောင့်တွင်အဝတ်အစားသစ်ဝတ်ဆင်၍ ကြာပန်း ၅ညွန့် ခရေညွန့်(၅)ညွန့် ဖြင့် ဘုရားဆင်းတုတော်ကို ရေတော် သက်စေ့လှူဒါန်းပေးပါ။
သောကြာသားသမီးများ
သောကြာသားသမီးများအခက်ခဲများဖြတ်ကျော်နိုင်ပါမည်။အမျိုးသမီးများအတွက် ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊အလှကုန်ပစ္စည်းများနှင့် ဖန်စီလုပ်ငန်းများအကျိုးခံစားရမည်။အရှေ့အရပ်လာဘ်အကျိုးပေး၊အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။အိမ်ထောင်ဘက်ရှင်များ စနေ၊သောကြာ ထိုနေနံသားသမီးများနှင့် မိမိလုပ်ငန်းဆောင်တာများအကောင်အထည် ဖော်နိုင်၍ ပူးပေါင်းဆောင်ရွက်ခြင်းအစုရှယ်ယာဝင် တွဲလုပ်လုပ်ခြင်းအကျိုးထူး ခံစားရမည်။ ငွေရွှင်မည်။ ချစ်သူရည်စားများအကြောင်းတစ်ခုကြောင့် ခေတ္တယာယီ ကွဲရတတ်သည်။ စက်ယာဉ်ကြီး ကားဝင်တတ်သည်။ သို့အဝယ်ရောင်းအထူးသတိထားပါ။ ကိုယ်လက်ထဲရောက်မှ ချို့ယွင်းချက်တစ်ချို့ တွေ့ရကြုံရတတ်ပါသည်။အဟောင်းထွက်အသစ်ဝင်ပါမည်။ ပညာရေးမှာ မိမိသားသမီးများနှင့် ပတ်သက်ပြီး မကောင်းသည့် သတင်းဆိုးကြားရတတ်ပါသည်။ ဆရာ၊ဆရာမ များနှင့် ပြဿနာဖြစ်တတ်ပြီး သားသမီး ပညာရေးနှောင့်နှေးရတတ်လို့ သတိပြုပါ။ ကျန်းမာရေးအထွေအထူး မရှိပါ။
မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သရက်ညွန့်၊ နှင်းဆီးပန်း၊ သစ္စာပန်းများကို ဘုရားပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း ➖ {၃,၅,၉}
အကျိုးပေးအရောင် - မီးခိုးရောင်၊အဝါရောင်
ဆောင်ရန် - သံတစ်ချာင်း
ရှောင်ရန် -အနောက်အရပ်
ယတြာ -အိမ်တွင်ဆွမ်းခံကြွသည့် ဘုန်းကြီးတစ်ပါးကိုအသီး ၃မျိုးလှူပေးပါ။
စနေသားသမီးများ
စနေသားသမီးများ မိမိစိတ်ကူးအတိုင်း ဖြေးဖြေးမှန်မှန်လုပ်ဆောင်သွားမယ်ဆိုရင်တော့အဆိုးတွေကြုံရဖို့နည်းသွားမှာဖြစ်ပါတယ်။ ရေထွက်လုပ်ငန်း၊ ရတနာ၊ ရေလုပ်သား၊ ရေပိုက်လုပ်ငန်း၊ လုပ်ငန်းရှင်များ ကံဇာတာအလွန်တောက်ပြောင်လာလိမ့်မယ်။အနောက်တောင်အရပ်လာဘ်အကျိုးပေး၊အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။ ပညာရေးကံ တအားကောင်းနေ၍ ဆရာကောင်း သမားကောင်းများထံမှအကူအညီကောင်းရမယ်။အိမ်ထောင်ရေး၊အချစ်ရေးပြဿနာများပေါ်လာတတ်ပြိး ကွဲရကွာရခြင်းများ ဖြစ်လာတတ်ပါသည်။အထင်လွဲမူများအတ္တတစ်ယူတန်မူ တစ်စွတ်ထိုးဆန်ချင်းရှောင်ပါ။ သာယာပါလိမ့်မည်။အထူးအိမ်ထောင်ရှင်မိခင်များ ကလေးများ နေမကောင်းဖစ်နေပါကအခုလပတ်ထဲအသုဘအိမ် သွားရောက်ခြင်းအဆိုပါအိမ်မှအစားအသောက်မစားပါနှင့် မိမိကြောင့် ကလေးကျန်းမာရေး ပိုညံ့တတ်ပါသည်။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဒန်းညွန့်၊ သဇင်ပန်း၊ ဂန္ဓမာပန်းများကို ဘုရားပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း ➖ {၁.၃,၅}
အကျိုးပေးအရောင် - ကြက်သွေးရောင်၊ နက်ပြာရောင်
ဆောင်ရန် - နာရီ
ရှောင်ရန် -အရှေ့မြောက်အရပ်
ယတြာ - ထမနဲဆွမ်း၊ ဒန်းညွန့်၊ သဇင်ပန်း၊ ဂန္ဓမာပန်းများကို ဘုရားပူဇော်ပြီး ဆုတောင်းပါ။
ရာဟုသားသမီးများ
ရာဟုသားသမီးများ မိမိလုပ်ငန်းပိုင်းအဆင်ပြေမူရှိသလိုအတိုက်အခိုက်ရင်ဆိုင်ရတတ်ပါတယ်။ မိမိလက်အောက်သားအတွက်အကူညီပေးရတတ်ပြီး မိမိ မိသားစုမှာလည်းအခက်ခဲပြဿနာများ ဖြေရှင်းရတတ်ပါသည်။ ပညာရေးအပေါင်းအသင်းမှားခြင်း ၊ စာကိုစိတ်မဝင်စားပဲ ပျင်းရိငြီးငွေ့ခြင်းကိုတော့ သတိထားသင့်။ တောင်အရပ်လာဘ်အရပ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။ နောက်အရပ် စန်းပွင့်၏။ မိမိနေအိမ်အထက်လူကြီးများလာရောက် ဝင်ရောက်ပြီး ရှာဖွေမေးမြန်းစစ်ဆေးခြင်းခံရတတ်ပါတယ်။
အလောင်းကစားပြုလုပ်ပါက သတိးထားပြီးပြုလုပ်ပါ။ ဒီကာလအတွင်းအဖမ်းဆီးအချုပ်အနှောင် ထောင်မလွတ်ကိန်း ရှိနေပါတယ်။ ငယ်ရွယ်သူများအချစ်ရေးမှာအေးတိအေးစက် ဖြစ်နေတတ်ပါတယ်။အိမ်ထောင်ရှင်ဘက်များအိမ်ထောင်ရေး သာယာစိုပြည် ၍ ပြည်တွင်း၊ ပြည်ပခရီးသွားရခြင်း၊ ဘုရားဖူးခရီးသွားလာရကိန်းရှိသည်။ ကျန်းမာရေးတွင် ရင်ကျပ်ရောဂါ ခံစားရတတ်ပါတယ်။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ရဲယိုညွန့်၊ ပိန်းညွန့်များကို ဘုရားပူဇော်ပြီးမှသွားပါ။
အကျိုးပေးဂဏန်း ➖ {၄,၁,၅}
အကျိုးပေးအရောင် - လိမ္မော်ရောင်၊ ကြည်ပြာရောင်
ဆောင်ရန် - ရဲယိုရွက်မှာ "က"အက္ခရာရေး
ရှောင်ရန် - မြောက်အရပ်
ယတြာ -အိမ်ဘုရားမှာ ရဲယိုညွန့်၊ ပိန်းညွန့်နှင့် ဇီးဖျော်ရည် (၁)ခွက် ဆွမ်း ကပ်လှူ ပါ။
ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။