ကိုယ်တစ်ခါမှမမြင်ဖူး မတွေ့ဖူးတဲ့ လူတစ်ယောက်ကိုအိပ်မက်မက်တာ ဘာလို့လဲ
trend.com.mm
|
2019-08-14

တစ်ခါမှအပြင်မှာမဆုံဖူး ၊ မတွေ့ဖူး ၊ သိတောင်မသိတဲ့လူစိမ်းတစ်ယောက်ကိုအိပ်မက်မက်ကြဖူး
မယ်ထင်ပါတယ်။အဲ့ဒီ သူစိမ်းဟာ ကိုယ့်ရဲ့ချစ်သူဖြစ်နေသလို ၊ သူငယ်ချင်း ဒါမှမဟုတ် တမင်
လိုက်ပြီး နှောင့်ယှက် ဒုက္ခပေးနေတဲ့လူလည်း ဖြစ်နိုင်ပါတယ်။



ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်နေ့မနက်ရောက်တဲ့အခါ သူ့မျက်နှာကို မမှတ်မိတော့ပဲ
အဖြစ်ပျက်တွေကတော့ စိတ်ထဲထင်ကျန်နေခဲ့ဖူးမှာပါ။အိပ်မက်ဆိုတာ ထူးတော့ထူးဆန်းတယ်။
အိပ်နေတဲ့အချိန် စိတ်ကလျှောက်သွားနေပြီး ပေါ်လာတဲ့ပုံရိပ်တွေကို ထိုင်ကြည့်နေရသလိုမျိုး ၊
ဒါမှမဟုတ် ကိုယ်တိုင်ပါဝင်လှုပ်ရှားနေရတာမျိုးပေါ့။



ကိုယ်မသိတဲ့လူတစ်ယောက်ကိုအိပ်မက်ထဲမှာ မြင်တွေ့ရတာမျိုးဟာ တကယ်တော့အဲ့ဒါသင့်ရဲ့
အရိပ်ပါပဲတဲ့။ ကိုယ့်ရဲ့personality ကို ကိုယ်စားပြုနေတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ပါ
တယ်။ ဥပမာ သင်ဟာအပြင်မှာ သစ္စာဖောက်ခံခဲ့ရတယ်ဆိုပါစို့ ။အိပ်မက်ထဲမှာ သူစိမ်း
တစ်ယောက်က သင့်ကိုလာနှစ်သိမ့်ပေးတယ်။ ကူညီပေးတယ်။ ကာကွယ်ပေးနေတာမျိုးကို
မက်လိုက်တယ်။ သင့်ဘဝထဲအဲ့ဒီသူစိမ်းက ရောက်လာမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။


တစ်ယောက်ယောက်က သင့်ကို လာပြီးကူညီ နှစ်သိမ့်ပေးတာမျိုးကို လိုချင်နေခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ သင့်အတွက် ဘယ်သူမှမရှိတဲ့အတွက် တစ်ယောက်ယောက်ရောက်လာဖို့ကို
စိတ်ထဲ တောင်းတနေမိတာကြောင့်အိပ်မက်ထဲမှာ မြင်တွေ့လာတာပါ။



တစ်ခါတစ်လေ စိတ်ထဲမှာ တောင်းတမိနေတဲ့အရာတွေဟာအိပ်မက်ထဲမှာ ပေါ်လာတတ်ပါတယ်။
တကယ်ဖြစ်နေသလိုပဲ။ မျက်လုံးနှစ်လုံး ရုတ်တရက်ပွင့်သွားတော့မှ ” ငါအိပ်မက်မက်နေပါလား”
ဆိုတာ သိရတော့တယ်။အချို့အိပ်မက်တွေဆို နိုးတောင်မနိုးထချင်ဘူး မလား။ ဆက်ပြီးတော့ပဲ
မက်လိုက်ချင်နေမိတယ်။အိပ်မက်မက်ကအိပ်မက်ပဲလေ။ သင် ထိန်းချုပ်လို့မရပါဘူး ။


ဒါကြောင့်အိပ်မက်ထဲ သူစိမ်းတစ်ယောက်ရောက်လာရင် ထူးဆန်းမနေတော့ပဲ ကိုယ့်စိတ်က
စွဲထင်နေတဲ့အရာတွေသာအိပ်မက်ထဲပေါ်လာတာဖြစ်ပါတယ်။


#အိပ်မက်
#သူစိမ်း
#စိတ်
#တောင်မ
#လူစိမ်း

Some text some message..