
ဒီနေ့မှာတော့ Myanmar Wedding Guide ပရိသတ်ကြီးအတွက် (၈) ဂဏာန်းသမားများအကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။
ဘယ်လမှာပဲ ဖြစ်ဖြစ်အင်္ဂလိပ်လ ရဲ့ (8 ,17 26) ရက်တွေမှာ မွေးတဲ့ သူတွေကို (၈) ဂဏန်းသမားလို့ ခေါ် တယ်။
၂၆- ဆိုတာလည်း ၂-နဲ ၆-ပေါင်းလိုက်ရင် ၈- မဟုတ်လား။
(8) ဂဏန်းသမားတွေဟာ စကားပြော ပွင့်လင်းတယ်။အလုပ် လုပ်စရာရှိရင်လည်းအလုပ် ကို ဖိလုပ်တယ်။
နားစရာ ရှိရင်လည်း ကျကျ နန နားတယ်။ ပြောစရာရှိရင်လည်း ဘယ်သူ့ကိုမှအားမနာတတ်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောတော့တာပဲ။သူ့အတိုင်းကတော့ ညစ်လေ့ မရှိဘူးကွ။
သူတစ်ပါးက ညစ်ပြီ ဆိုရင်လည်း ၈-ဂဏန်းသမားဟာ ပြန်ပြီး ညစ် တတ်တယ်။
၈-ဂဏန်းသမား ညစ်ရင် ဘယ်လို လူမျိုးမှလိုက်လို့ မမှီဘူးလေ။
အဲဒီမှာ တစ်ခု ထူးခြားတာကတော့ ၈-ဂဏန်းသမားဟာ ကံဇာတာညံ့ရင်လည်းအလွန် ညံ့တတ်တယ်။
ကောင်းရင်လည်းအလွန် ကောင်းတတ် တယ်။
လူကလည်း တစ်ဖက်စွန်း ပဲကွ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ဘဲအလုပ်တစ်ခုကိုစမိပြီဆိုရင် ပြီးအောင် ဇွဲ နဲ့ လုပ်တာ ၈-ဂဏန်း သမားတွေပဲ။
တစ်ခါတစ်ရံအကြောင်းမဲ့ လောကကြီးကိုမကျေမနပ် ဖြစ်နေတာ ၈-ဂဏန်း သမားတွေပဲ။
၈-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါ ကတော့အသည်းရောဂါ ၊ သွေး နဲ့ပတ်သက်တဲ့ ရောဂါတွေပဲ။
သူရဲ့ ဓာတ်စာတွေကတော့အသီးအရွက်တွေ မုန်လာဥတွေ ငှက်ပျောသီးတွေဟာသူရဲ့ ဓာတ်စာတွေပဲကွ။
ဆောင်ရမယ့် ကျောက်ကတော့ ပုလဲနက်စိန်နက်မဟူရာစတဲ့အနက်ရောင်ကျောက်တွေပဲ။
ကံကောင်းစေတဲ့အရောင် ကလည်း ခရမ်းရင့်ရောင်အပြာရင့်ရောင်အထူး သဖြင့်အနက်ရောင် ပေါ့ကွာ။
ကံကောင်းစေတဲ့ နေ့ကတော့ စနေနေ့ပဲဟေ့။ လောကီပညာ လိုက်စားရင် ၈-ဂဏန်းသမားတွေဟာ ထွန်းပေါက် တတ်တယ်။
မှတ်ချက်-ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရိုကမူ ၁၇-ကို ၈-ဂဏန်းဟု မယူဆပဲ ၈-ထက် ၆ ရဲ့အာနိသင် က ပိုတယ်ဟု ယူဆပါကြောင်း။
Source: Sayar Zayar Htoo
Myanmar Wedding Guide