သောကြာသားသမီးများအတွက် 2019 တစ်နှစ်စာ ဗေဒင်ဟောစာတမ်း
weddingguide.com.mm
|
2019-09-16

သောကြာသားသမီးများ၊ စီပွားရေးလုပ်ငန်းများ လုပ်သမျှအောင်မြင်အံ့။


အပေါင်းအသင်း၊မိတ်ဆွေများကပါ မိမိကိုအံ့သြစွာကြည့်ပြီးအားပေးနေမည်။


ငွေကြေးကတော့မျှော်လင့်မထားဘဲဝင်မည်။ မိသားစုပျော်ရွှင်စွာ ဘုရားဖူးထွက်ရအံ့။


စီပွားရေးတွင်စပ်တူလုပ်ကိုင်ရန် ကမ်းလှမ်းခံရမည်။လုပ်ကိုင်ပါကအကျိုးရှိပါတယ်။


ကံကောင်းခြင်းလက်ဆောင်များ ဝင်တဲ့ရက်ပိုင်းဖြစ်ပါတယ်။ဘာပဲလုပ်လုပ်အဆင်ပြေမယ်။


သတိ။ ။စာရွတ်စာတမ်းကိစ္စ၊လက်မှတ်ထိုးရမည့်ကိစ္စများအထူးရှောင်ကြဉ်ပါ။


လုပ်ဖော်ကိုင်ဖက် တစ်ဦးက (တနင်္လာသားသမီး) မိမိကိုဒုက္ဒပေးတတ်သည်။


အိမ်ထောင်ရေးတွင် တစ်ဦးကိုတစ်ဦး သံသယစိတ်တွေကြောင့်စကားများလမ်းခွဲတတ်အံ့။


အိမ်ထောင်ရှိတဲ့အမျိုးသားများ ရှုပ်ထွေးပျော်ရွှင်နေမည်။


အိမ်ထောင်ရှင်မများ ငိုယိုဝမ်းနည်းပူဆွေသောကရောက်နေတတ်အံ့။


အသက်(၁၈ ၊၂၀ ၊၂၂ ၊၂၇)အသက်ပိုင်းရှိသူများ ချစ်သူနဲ့လမ်းခွဲရမည်။အဆက်ပြတ်အံ့။


မိန်းကလေးများ ချစ်သူခေါ်ရာမလိုက်ပါနဲ့။


ကံကောင်းတဲ့ရက်ပိုင်းပါ။ မိမိစိတ်ကိုမိမိ ထိန်းသိမ်းပါ။စိတ်ကြောင့်မဖြစ်သင့်တာတွေဖြစ်လိမ့်မည်။


ကျန်းမားရေးတွင်အစာအိမ်နှင့် ဘယ်ဘက်ခြေထောက် သွေးထွက်သံယိုဖြစ်တတ်သည်။


ပညာရေးသင်ယူနေတဲ့သူများ စီးပွားရေးဘက်စိတ်အားထက်သန်နေမည်။


 အညံ့များပပျောက်အောင် ( ယတြာ )


တန်ခိုးကြီးဘုရားတွင် ဖယောင်းတိုင်(၉)တိုင်၊အမွှေးတိုင်(၉)တိုင်၊အုန်ညွှန့်(၆)ညွန့်နဲ့ ဇီးညွှန့်(၃)ညွှန့်ကပ်ပေးပါ။


အိမ်ဘုရားတွင် တံခွန်လုံး(၄)ခု၊ ကြက်လျှာ( ၃)ခုကို ဖန်ခွက်နဲ့ထိုးထားပါ။


အကျိုးပေးဂဏန်း (၄၊ ၇)


အဝါရောင်ရှောင်ရန်၊အပြာရောင်ဆောင်ရန်


သောကြာသားသမီးများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Myanmar Wedding Guide

#သောကြာသား
#တံခွန်လုံး
#ကြက်လျှာ
#လမ်းခွဲ
#အိမ်ထောင်

Some text some message..