မင်္ဂလာပွဲကျင်းပသင့်သည့် နေ့ရက်များ
weddingguide.com.mm
|
2019-09-21

ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် မင်္ဂလာပွဲကျင်းပသင့်တဲ့ရက်တွေကို ဖော်ပြပေးချင်ပါတယ်။


တနင်္ဂနွေ ၊အင်္ဂါ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်ရင် သားကောင်းရတနာထွန်းကားတတ်သလို


ဥစ္စာပစ္စည်းလဲ ကြွယ်ဝချမ်းသာတတ်ကြပါတယ်။


စနေနေ့၊ တနင်္လာနေ့တွေမှာ မင်္ဂလာဆောင်ရင်တော့ သားသမီးအရနည်းတတ်သလို လင်မယားချင်းလဲ တကျက်ကျက်ဖြစ်တတ်ပါတယ်။


မင်္ဂလာနေ့ရက်တွေရွေးချယ်ပေးပြီးပြီဆိုတော့အကောင်းဆုံးမင်္ဂလာအချိန်လေးတွေရွေးချယ်ပေးလိုက်ပါတယ်။အခုရွေးချယ်ပေးမဲ့


မင်္ဂလာအချိန်တွေဟာ မင်္ဂလာပွဲတွေမှာအခမ်းအနားမှူးက "မင်္ဂလာအချိန်ကျရောက်ပါပြီ"လို့ နှုတ်မြွက်ပြောကြားပြီး


မင်္ဂလာအခမ်းအနားစတင်ဖွင့်လှစ်ဖို့အကောင်းဆုံးအချိန်တွေပါပဲ။



ဒါ့အပြင် ရုံးတတ်လက်မှတ်ထိုးဖို့အကောင်းဆုံးအချိန်တွေကိုလဲ ထပ်မံရွေးချယ်ပေးလိုက်ပါ့မယ်။


တနင်္ဂနွေနေ့ ၊ဗုဒ္ဓဟူးနေ့၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင်အကောင်းဆုံး မင်္ဂလာအချိန်တွေကတော့


မနက် ၆နာရီမှ ၈နာရီ ၂၄မိနစ်အတွင်းပါပဲ။ မင်္ဂလာအခမ်းအနားစတင်နိုင်တဲ့အချိန်ပါ။



လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးကြမယ်ဆိုရင်တော့ဗုဒ္ဓဟူးနေ့မှာ မွန်းလွဲ ၁နာရီ ၁၃မိနစ် မှ ၃နာရီ ၃၆မိနစ်အတွင်းက


လက်မှတ်ရေးထိုးဖို့အကောင်းဆုံးအချိန်ပါပဲ။



သောကြာနေ့ မှာ ရုံးတတ်လက်မှတ်ထိုးဖို့အကောင်းဆုံးအချိန်ကတော့ မနက် ၁၀နာရီ ၄၉မိနစ်က



နေ မွန်းလွဲ ၁နာရီ ၁၂မိနစ်အတွင်းဟာအကောင်းဆုံးအချိန်ပါပဲ။


အင်္ဂါနေ့ နှင့် ကြာသပတေးနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင်တော့ ညနေပိုင်းကပိုသင့်တော်ပါတယ်။


ညနေ ၃နာရီ ၃၇မိနစ် မှ ၆နာရီအတွင်း မင်္ဂလာအခမ်းအနား စတင်ဖို့အကောင်းဆုံးအချိန်ကာလပါပဲ။



တရားရုံးမှာ လက်ထပ်စာချုပ်ပေါ်လက်မှတ်ရေးထိုးဖို့အကောင်းဆုံးအချိန်တွေကတော့


အင်္ဂါနေ့ဆို မနက် ၁၀နာရီ ၄၉မိနစ် မှ မွန်းလွဲ ၁နာရီ ၁၂ မိနစ်အတွင်းကအကောင်းဆုံးဖြစ်ပြီး


ကြာသပတေးနေ့ဆို မနက် ၈နာရီ ၂၅မိနစ် မှ ၁၀နာရီ ၄၈မိနစ်အတွင်းက မင်္ဂလာလက်မှတ် ရေးထိုးဖို့အကောင်းဆုံးအချိန်ပါပဲ။


စနေနေ့နဲ့တနင်္လာနေ့တွေကတော့ မင်္ဂလာမဆောင်သင့်တဲ့ရက်တွေဖြစ်တာကြောင့်အချိန်မရွေးပေးတော့ပါဘူး။


ဒါတွေက ယေဘုယျသဘောတွေပါ။အတိအကျလိုက်နာရမယ်လို့တော့မဆိုလိုပါဘူး။


လိုက်နာကျင့်သုံးနိုင်ရင်တော့အကောင်းဆုံးပေါ့။အရမ်း ဥပါဒါန်စွဲနေဖို့တော့ မလိုပါဘူး။



ရက်ရာဇာ ၊ ပြဿ ဒါး၊သမားဖြူ၊၊ သမားညို ၊ဝါရမိတ္တူ ရက်တွေရွေးချယ်ဖို့ကတော့ ပြက္ခဒိန်ကြည့်ပြီး ရွေးလို့ရပါတယ်။



အဲဒီမှာ တစ်ခု သတိပေးချင်တာက မင်္ဂလာအခါတွေ ဘယ်လောက်ရွေးရွေး ကာယကံရှင်ဇနီးမောင်နှံ နှစ်ဦးရဲ့ဇာတာနှစ်ခုကို တိုက်စစ်ပြီး


ဆောင်ရန်ရှောင်ရန်တွေ လုပ်ဆောင်ထားခြင်းကတော့အကောင်းဆုံးပါ။အခါကောင်းတွေ ရွေးချယ်ပြီး


ထိမ်းမြားလက်ထက်ထားပေမယ့် ဇာတာတွေ မတိုက်ဆိုင်ဘဲနဲ့ ယူထားရင် စလယ်ဝင်အိုးဖင်မမဲခင် ပြန်ကွဲသွားကြမည်သာ။


အဲဒါကြောင့် နီးစပ်ရာဆရာတွေဆီမှာ သေချာစွာ ဇာတာတိုက်စစ်ပါ။


ဇာတာတွေမတိုက်ဆိုင်ဘူးဆိုရင် ဆရာ့တွေဆီကနေ လိုအပ်တဲ့အိမ်ထောင်ရေးအေးချမ်းစေမဲ့ ယတြာတွေတောင်းပါလို့


တိုက်တွန်းရင်းနိဂုံးချုပ်လိုက်လိုက်ပါတယ်။


Source- ဗေဒင်သုတေသီ

Myanmar Wedding Guide

#မင်္ဂလာ
#ဇာတာ
#မိနစ်
#နာရီ
#မင်္ဂလာဆောင်

Some text some message..