
လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း စက်တင်ဘာ ၂၄ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဝန်ထမ်းဖြစ်ပါက နေရာဌာနအပြောင်းအလဲ ရှိနေပြီး နိုင်ငံရပ်ခြားအလုပ်သွားရောက်လုပ်ကိုင်နေသူများ နေရပ်သို့ ပြန်လာရကိန်းရှိနေပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်း၊ ရွှေထည်လုပ်ငန်းများ ကောင်းမွန်နေပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်လို့ သတိပြုသင့်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြားအထိ သွားရောက် ပညာသင်ရကိန်းရှိနေပါတယ်။ အထည်အလိပ်လုပ်ငန်းရှင်များ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်ခြံမြေလုပ်ငန်းရှင်များ လုပ်ငန်းမဖြစ်သလောက် အေးနေတတ်ပါတယ်။ ပညာရေးအတွက် အဆင့်မြင့်သင်တန်းတွေတက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရကိန်းရှိပြီး အိမ်ထောင်သည်တွေအနေနဲ့ ကြားလူ နှောင့်ယှက်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွားနာသွားကိုက် ဖြစ်ပွားတတ်ပါတယ်။
နေ့ရက်အလိုက်ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီး ကိစ္စလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။
ယတြာ - အရဟံဂုဏ်တော် ရွတ်ဖတ်ပေးပါ။
တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ လုပ်ငန်းစီးပွားအပြိုင်အဆိုင်တွေ ပေါ်ပေါက်လာနိုင်ပြီး မိမိကပဲ အနိုင်ယူနိုင်ပါလိမ့်မယ်။ မရိုးသားတဲ့နည်းလမ်းတွေနဲ့ ရာထူးဂုဏ်သိမ် ပြိုင်ဆိုင်ခံရတာမျိုးအထိ ကြုံနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့် ဆက်ဆံရေး အောင်မြင်နိုင်ပါတယ်။ ခရီးသွားရကိန်းလည်း ရှိပြီး ကောင်းသော ခရီးသွားလာခြင်း ဖြစ်လာပါလိမ့်မယ်။ စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်ခြံမြေလုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။ ဒီနေ့မှာကြားခံ အာမခံခြင်းမျိုး ရှောင်ကြဉ်သင့်ပြီး စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်းမျိုးလည်း သတိပြုသင့်ပါတယ်။ အချစ်ရေးမှာ မိမိအပေါ်ချစ်ဟန်ဆောင်ပြီး လိမ်ညာသူနဲ့ ကြုံဆုံရကိန်း ရှိနေပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်း အဆင်မပြေမှုကြောင့် မကြာခဏ စကားများ ရန်ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အသည်းရောဂါသတိထားရပါမယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင်ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပေမယ့် အရမ်းကြီးစိုးရိမ်စရာတော့ မရှိပါဘူး။ စားသောက်ကုန်လုပ်ငန်း၊ အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အနုပညာလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲရှိနေမယ့် အချိန်ဖြစ်ပါတယ်။ တနင်္လာ၊ သောကြာသားသမီးများ၏ အကူအညီဖြင့် လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး ငွေဝင်သလောက် ပြန်ထွက်နေမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်နေရာပြောင်းလဲလိုစိတ်ဖြစ်နေတတ်ပြီး အခုထက်ပိုကောင်းတဲ့နေရာက ကမ်းလှမ်းလာတာမျိုး ကြုံရတတ်ပါတယ်။ အလုပ်သစ်မှာ ပိုမိုအဆင်ပြေနိုင်တာမို့ အလုပ်ပြောင်းဖို့ တွေဝေမနေပါနဲ့။ အချစ်ရေးမှာ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပြီး အိမ်ထောင်ရေးမှာတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ပညာရေးမှာ စိတ်မဝင်စားပဲ စိတ်လေနေတတ်လို့ စာမေးပွဲကျတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နားကိုက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ဆီထမင်း ကပ်လှူဆုတောင်းပါ။
ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့်အချိန်ပဲဖြစ်ပါတယ်။ လုပ်ငန်းကနေ ငွေဝင်နေပေမယ့် တစ်ခုခုအကြောင်းရှာပြီး ငွေပြန်ကုန်တတ်လို့ သတိပြုသင့်ပါတယ်။ အိမ်ထောင်ပရိဘောဂနဲ့ အိမ်၊ ခြံမြေအသစ်ဝင်ကိန်းရှိပြီး ဆွေမျိုးများနှင့် အမွေကိစ္စ စကားများရတတ်ပါတယ်။ ဝင်ငွေထက် ထွက်ငွေများနေမယ့် ကာလလည်းဖြစ်ပါတယ်။ ဒီနေ့မှာ ဖိနပ်လုပ်ငန်း၊ ထီးလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်း အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ဆေးဆိုင်၊ ထမင်းဆိုင်၊ စက်ချုပ်ဆိုင်ပိုင်ရှင်တွေကတော့ အလုပ်ပါးနေတတ်တဲ့အချိန်ပါ။ ဒီနေ့မှာ သောကြာသားသမီးတွေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့် အောင်မြင်နိုင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြား ပညာတော်သင်သွားရကိန်း ရှိနေပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အထင်အမြင်လွဲနေရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ သားသမီးအတွက် စိတ်ပူပန်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အလာဂျီဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။
ယတြာ - ဘုရားတွင်ရွှေကြည် ကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခြင်းအားဖြင့် မှန်ကန်သော အကျိုးရလဒ်ကောင်းများ ရရှိလာပါလိမ့်မယ်။ နေအိမ်တွင်း ဒါမှမဟုတ် အလုပ်မှာ နေရာထိုင်ခင်း အသစ်ရရှိခြင်း ၊ အဆောက်အဦးပြင်ဆင်ခြင်းများ ကြုံရတတ်ပါတယ်။ ငွေကြေးကိစ္စ စကားပြောဆိုမှုများ အောင်မြင်မယ့် နေ့ရက်တစ်ရက်ပါပဲ။ ရွှေဆိုင်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး တန်ဖိုးကြီး ပစ္စည်းတစ်ခု ဝင်ကိန်းလည်း ရှိနေပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ရကိန်းရှိနေပြီး စနေ၊ သောကြာ သားသမီးတွေနဲ့ လုပ်ငန်းစပ်တူလုပ်ကိုင်ခြင်းမျိုးမှ အောင်မြင်မှု ရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးတတ်ပါတယ်။ ချစ်သူမရှိသေးသူများ မိမိနဲ့နေ့နံတူ ချစ်သူရလာတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ မိသားစုတွင်း သာယာမှု ရရှိနေပြီး ငွေကြေးပိုင်းလည်း စိတ်ချမ်းသာရလို့ အဆင်ပြေနေပါလိမ့်မယ်။ ကျန်းမာရေးပိုင်းအနေနဲ့ လက်ပိုင်းဆိုင်ရာ ထိခိုက်တတ်လို့ သတိပြုသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရရှိနိုင်တာဖြစ်ပါတယ်။
ယတြာ - ဝိဇ္ဇာစရဏသမန္တော ဂါထာ ၈ ပတ် ရွတ်ဆိုပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ မိတ်ဆွေများ၏ အကူအညီဖြင့် အရောင်းအဝယ်လုပ်ငန်းများ အစစအရာရာ အဆင်ပြေနေတတ်ပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။ လျှပ်စစ်ပစ္စည်းသစ် ဝင်ကိန်းရှိနေပြီး ဝင်လျှင်ပျက်တတ်ပါတယ်။ အိမ်ထောင်ပရိဘောဂ ပစ္စည်းသစ်လည်း ဝင်ကိန်းရှိနေပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီနဲ့ လုပ်ငန်းတိုးချဲ့မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက အထက်အရာရှိ အမျိုးသမီးရဲ့ ကူညီမှုနဲ့ ရာထူးတိုးနိုင်ပါတယ်။ တင်ဒါကိစ္စ၊ ငွေကြေးစပ်တူရှယ်ယာကိစ္စများကောင်းမွန်နေပြီး ဝယ်ထားတဲ့ ရှယ်ယာတွေလည်း ဈေးတက်တာမျိုး ကြုံရတတ်ပါတယ်။ ရွှေစုထားရင်ကောင်းမွန်တဲ့ အချိန်လည်းဖြစ်ပါတယ်။ ပညာရေးမှာ ထူးထူးချွန်ချွန်အောင်မြင်မယ့်အချိန်ဖြစ်ပြီး အချစ်ရေးမှာတော့ ချစ်သူဝိုင်းဝိုင်းလည်နေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်ယောင်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် ပူရီကပ်လှူပေးပါ။
သောကြာ - သောကြာသားသမီးတွေအနေနဲ့ ဘယ်လိုကိစ္စမျိုး မဆို အဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ လုပ်ငန်းတိုးချဲ့မှုပိုင်း အောင်မြင်နိုင်ပြီး မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ အလုပ်ရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်မှာဖြစ်ပြီး ကား၊ အိမ်အရောင်းအဝယ်လုပ်ငန်းများလည်း အကောင်အထည်ပေါ်လာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ အခက်အခဲကြုံပြီးမှ အောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်အတွင်း သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ အကူအညီရရှိလာပါလိမ့်မယ်။ အချစ်ရေးကံကောင်းနေပြီး အိမ်ထောင်သည်တွေလည်း အိမ်ထောင်ရေး သာယာနေပါလိမ့်မယ်။ ပညာရေးပိုင်းလည်းကောင်းမွန်တဲ့ နေ့ရက်ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောအားနည်းတဲ့ရောဂါ ဖြစ်ပွားတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သစ်တော်သီး ကပ်လှူဆုတောင်းပါ။
စနေ - မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ မိမိအပေါ် အနှောက်အယှက်ပေးသူအားလုံးကို အနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာန အပြောင်းအလဲ ကြုံရကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ စိတ်ကူးထားသမျှ တလွဲတွေဖြစ်နေတတ်ပြီး အိမ်အပြောင်းအရွှေ့လည်း ရှိနေပါတယ်။ အိမ်ခြံမြေနေရာ သစ်ဝင်ကိန်းရှိပြီး အမွေကိစ္စ စကားများရတတ်ပါတယ်။ မိသားစုထဲမှာ နာမကျန်းဖြစ်နေသူ ရှိတတ်ပြီး ငွေဝင်လာရင် အလှူအတန်းပြုလုပ်ပေးပါ။ စပ်တူရှယ်ယာလုပ်ငန်းများ တိုးတက်နေမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့ရကိန်းလည်း ရှိပါတယ်။ အိမ်အနီးအနားမှာ အလှူရှိပါက ၂အစ ၅အဆုံး ထီထိုးပေးပါ။ အချစ်ရေးမှာ ချစ်သူနဲ့ စိတ်ကောက်နေတတ်ပြီး အိမ်ထောင်သည်တွေကတော့ ဘေးလူကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ တုတ်ကွေးရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ထမီအဟောင်းများ စွန့်ပစ်လိုက်ပါ။
LEO