စက်တင်ဘာ ၂၉ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-09-29



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း စက်တင်ဘာ ၂၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - ဒီနေ့မှာ တနင်္ဂနွေသားသမီးတွေအနေနဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။ လုပ်ငန်းစီးပွား ကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်။ နေရာထိုင်ခင်း အပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်။ လုပ်ငန်း အောင်မြင်မှုအပေါ် မနာလိုသူပေါများနေမှာဖြစ်ပြီး ဒီရန်တွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ အိမ်တွင်းရေးအနည်းငယ် ရှုပ်ထွေးနေပြီး အိမ်ရှိ အသက်ကြီးသူကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း စတင်လိုသူများ အချိန်ကောင်းဖြစ်ပြီး ထီး၊ ဖိနပ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းများ အထူးကောင်းမွန်နေပါတယ်။ အချစ်ရေးကြောင့် ပညာရေး အညံ့ရှိနိုင်လို့ သတိပြုသင့်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့လည်း သားသမီး ပညာရေးအတွက် စိတ်ပူပန်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိတိမ်စွဲတာမျိုး သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် အီကလဲမုန့် ကပ်လှူပေးပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ အိမ်ခြံမြေကိစ္စ၊ အမွေကိစ္စအတွက် စကားများရကိန်းရှိပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာလည်း ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူ လက်လွန်တာတွေအတွက် အမှုအခင်းဖြစ်ကိန်းရှိလို့ ဘယ်လို ငွေအပေးအယူမျိုးကိုမှ လုပ်ဆောင်ဖို့ မသင့်တဲ့ ကာလပါပဲ။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးကိန်းရှိပါတယ်။ အိမ်အလှဆင်ပစ္စည်းလုပ်ငန်း၊ ပရိဘောဂလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး ပညာရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ ပျော်ရွှင်ဖွယ် အချိန်လေးတွေ ပိုင်ဆိုင်ရမှာဖြစ်ပြီး အိမ်ထောင်သည်တွေကတော့ နှစ်ဖက်မိဘပံ့ပိုးမှုနဲ့ စီးပွားတိုးတက် တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခြေ၊ လက် မတော်တဆ ထိခိုက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ခရေပန်း ကပ်လှူပေးပါ။

အင်္ဂါ - ခရီးသွားရကိန်းရှိပြီး ရုတ်တရက်ငွေဝင်ကိန်းမျိုးလည်း ရှိနေပါတယ်။ ပြီးတော့ ချက်ချင်းဆုံးဖြတ် လုပ်ဆောင်လိုက်တဲ့ ကိစ္စမျိုးတွေမှာ အထူးအောင်မြင်ပါလိမ့်မယ်။ ထီကံကောင်းနိုင်လို့ ထီထိုးပေးသင့်တဲ့ နေ့ရက်ပါပဲ။ ငွေကြေးအဝင်များနေသလို ငွေအထွက်လည်း များနေတတ်ပါတယ်။ အိမ်အနီးအနားမှာ အပူသည်သော်လည်းကောင်း၊ ကိုယ်ဝန်ဆောင်သော်လည်းကောင်း ရှိနေတတ်ပြီး ရှိနေလျှင် မပတ်သက်မိအောင် သတိထားရှောင်ရှားလိုက်ပါ။ အိမ်ကို စနေ၊ တနင်္လာ သားသမီးတစ်ဦး လာရောက်တည်းခိုလျှင် လက်မခံပါနှင့် အိမ်ရှိမိသားစု စကားများ ရန်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ မကြာခဏ စကားများရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းစီးပွား တိုးတက်အောင်မြင်နေမှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အရေပြားယားယံတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် စပျစ်သီးခြောက် ကပ်လှူဆုတောင်းပါ။

ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။ အလုပ်ရှိပြီးသူတွေအနေနဲ့လည်း အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ ဒီနေ့မှာ သတိထား ဆက်ဆံသင့်ပါတယ်။ ရေသန့်၊ အချိုရည်လုပ်ငန်း၊ ရွှေဆိုင်လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့မယ်ဆိုရင်လည်း ကောင်းမွန်နေတဲ့ အချိန်ဖြစ်ပါတယ်။ လုပ်ငန်းမှာ ငွေထည့်လိုသူတွေ များပြားနေပြီး ငွေကြေး အရှုပ်အရှင်းပိုင်းအနည်းငယ်ရှိတတ်လို့ သတိပြုသင့်ပါတယ်။ အချစ်ရေးကံလည်း ကောင်းနေပြီး ဆုံးရှုံးပြီလို့ထင်ထားတဲ့ငွေတွေ ပြန်ရလာတတ်ပါတယ်။ အိမ်ထောင်ရေးပုံမှန်ပဲ ရှိနေပြီး ကျန်းမာရေးအနေနဲ့ အိမ်ရှိ ရင်သွေး ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။

ယတြာ - ဘုရားတွင် လိပ်စာ ကျွေးပေးပါ။

ရာဟု - ရာဟုသားသမီးတွေကတော့ လုပ်ငန်းတိုးချဲ့မှုတွေကို သတိထားလုပ်ဆောင်သင့်ပါတယ်။ အိမ်နေရာထိုင်ခင်း အပြောင်းအရွှေ့တွေမှာလည်း အပျောက်အရှရှိတတ်လို့ သတိပြုသင့်ပါတယ်။ သူခိုးခိုးခံရကိန်းရှိပြီး အိမ်တွင်းရေး ဆူပူနေမယ့် အချိန်လည်းဖြစ်ပါတယ်။ အိမ်ကို သောကြာသားသမီး ရောက်လာရင် အိမ်ရှိလူ ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းတတ်လို့ သတိထားသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးချခံရကိန်း၊ မတရားစွပ်စွဲခံရကိန်းရှိနေပြီး စပ်တူရှယ်ယာထည့်ဝင်မိပါက ဆုံးတတ်ပါတယ်။ အကျိုးဆောင်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပြီး ဆန်ဆိုင်၊ ဆေးဆိုင်များ လုပ်ငန်းကောင်းမွန်နေတဲ့ အချိန်ဖြစ်ပါတယ်။ အချစ်ရေးမှာ ဘေးလူစကားကြောင့် တစ်ဦးနဲ့တစ်ဦး သံသယဝင်တတ်ပြီး မကြာခဏရန်ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်တွင်းရေး သာယာနေပါတယ်။ ကျန်းမာရေးအနေနဲ့ ချောင်းဆိုးတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - မွေးနေ့တွင် ဝိဇ္ဇာစရဏသမန္တော သက်စေ့ ရွတ်ဆိုပေးပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ အရာရာ အဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ ပညာရေး၊ ကျန်းမာရေးအစ အိမ်ထောင်ရေးထိ စိတ်ချမ်းသာရမယ့် နေ့ရက်ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်း အဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါ။ ငွေတစ်လုံးတစ်ခဲတည်း ဝင်ကိန်းရှိပြီး သူတစ်ပါးကို ချေးငှားလိုက်တဲ့ ငွေကြေး ကိစ္စတွေအတွက် ဆုံးရှုံးရကိန်း သို့မဟုတ် အမှုအခင်း ဖြစ်နိုင်ခြေရှိနေပါတယ်။ လုပ်ငန်းတိုးချဲ့မှုအတွက် ကူညီမယ့်သူပေါ်လာတတ်ပြီး စပ်တူရှယ်ယာလုပ်ငန်းတွေလည်း ကောင်းမွန်နေပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ ကတောက်ကဆဖြစ်ပြီး နေရာရွှေ့ပြောင်းခံရတတ်လို့ သတိပြုပါ။ ပညာရေးအတွက် သင်တန်းအသစ်တွေ တက်ရောက်ရကိန်းရှိနေပြီး အချစ်ရေး၊ အိမ်ထောင်ရေးလည်း သာယာနေပါတယ်။ ကျန်းမာရေးအနေနဲ့ အသည်းအဆီဖုံးတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ပန်းသီးဖျော်ရည် ကပ်လှူပေးပါ။

သောကြာ - ဆုံးရှုံးပြီးသားငွေတွေပြန်ဝင်လာတတ်တဲ့ အချိန် ဖြစ်ပြီး အိမ်ကို ဧည့်သည် ရောက်လာရင်လည်း သတင်းစကားကောင်းတွေ သယ်ဆောင်လာပါလိမ့်မယ်။ အထက်အရာရှိ၊ လက်အောက်ငယ်သားတွေအားလုံးရဲ့ အကူအညီနဲ့ လုပ်ငန်းကိစ္စမှန်သမျှ ကောင်းမွန်နေမှာဖြစ်ပြီး လုပ်သမျှ အဆင်ပြေနေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းရှယ်ယာတွေတိုးပွားလာတတ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်း အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် သူတပါးကိုငွေချေးငှားတာမျိုး၊ ကြားခံ အာမခံပေးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးရတနာလည်း ရကိန်းရှိနေပြီး ချစ်သူမရှိသေးသူတွေ ချစ်သူရလာပါလိမ့်မယ်။ ပညာရေးအတွက် အဆင့်မြင့်သင်တန်းတစ်ခု တက်ရောက်ရကိန်းရှိပြီး ပညာရေးပေါ်မူတည်ပြီး အလုပ်အကိုင် နဲ့ လခပိုမို အဆင့်မြင့်လာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအဆိပ်သင့်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။

ယတြာ - အိမ်ရှိဘုရားတွင် သကြားဆွမ်းဆက်ကပ်ပေးပါ။

စနေ - ဒီနေ့မှာ စနေသားသမီးတွေအတွက် လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာ အထူးသတိထားလုပ်ဆောင်သင့်ပါတယ်။ အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ချောက်တွန်းတတ်သူတွေကို သတိပြုသင့်ပါတယ်။ လုပ်ငန်းရှင်ရဲ့ အထင်အမြင်လွဲမှုခံရတတ်ပြီး လုပ်ငန်းစပ်တူလုပ်ကိုင်ထားသူတွေကလည်း ငွေပြန်ထုတ်တာမျိုးကြုံပြီး လုပ်ငန်းခွင် အခက်တွေ့တတ်ပါတယ်။ ရေထွက်ပစ္စည်းလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူများ အထူးကောင်းမွန်နေပြီး ဆေးဆိုင်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူများ အနည်းငယ်ညံ့နေပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ရော လုပ်ငန်းတွင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ အဆင်ပြေနေမယ့် အချိန်ဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူဆီမှ တန်ဖိုးကြီးပစ္စည်းတစ်ခု မထင်မှတ်ပဲ လက်ဆောင်အဖြစ် ရလာတတ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းကတော့ အသင့်အတင့် ရှိနေတာဖြစ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ထမင်းနဲ ကပ်လှူပေးပါ။

LEO

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#သားသမီး
#ကိန်း
#ယတြာ
#လုပ်ငန်း
#ကံ

Some text some message..