အောက်တိုဘာလ ၃ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-10-03



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း အောက်တိုဘာလ ၃ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေ အနေနဲ့ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ အလုပ်တာဝန် မနိုင်မနင်း ဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထား လုပ်ဆောင်သင့်ပါတယ်။ အိုးအိမ်သစ်ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများ အထူးကောင်းမွန်နေပြီး လက်ရှိလုပ်ငန်းနဲ့ သဘောသဘာဝမတူညီတဲ့ လုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ကိုင်ရကိန်းရှိနေပါတယ်။ ဒီရက်ပိုင်းမှာ သူတပါးအတွက် ကြားခံကူညီခြင်းမျိုးကနေ စေတနာ ဝေဒနာဖြစ်တတ်လို့ သတိပြုရပါမယ်။ အိမ်အနီးအနားမှာ မင်္ဂလာသတင်းကြားရလျှင် ထီထိုးပေးပါ။ ဝန်ထမ်းဖြစ်ပါက အောက်လူ ဒုက္ခပေးတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူက စိတ်ကောက်နေတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ကြောင့် ဂုဏ်တက်တတ်ပါတယ်။ ခေါင်းမူးခေါင်းကိုက်ဝေဒနာ မကြာခဏ ခံစားနေရတတ်သလို ကျန်းမာရေး အနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီး အိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်း အဟောင်းအစုတ်တွေကို စွန့်ပစ်လိုက်ပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အညံ့များပြေပျောက်စေရန် အိမ်ရှင်းပေးပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။ စားသောက်ဆိုင်လုပ်ငန်းရှင်များ ကောင်းမွန်နေတဲ့ ကာလဖြစ်ပြီး ဆိုင်ခွဲဖွင့်မယ်ဆိုရင်လည်း သင့်တော်တဲ့အချိန်ဖြစ်ပါတယ်။ စနေနံပါဝင်သော နေ့နံသားတွေ ဒုက္ခပေးတတ်ပြီး အထည်လုပ်ငန်း၊ ထီး၊ ထီဆိုင်လုပ်ငန်း၊ ဖိနပ်ဆိုင်ပိုင်ရှင်များ အရောင်းအဝယ် အေးနေပါလိမ့်မယ်။ ပညာရေးကောင်းမွန်နေပြီး နိုင်ငံရပ်ခြား ပညာတော်သင်ကိစ္စတွေလည်း ပေါ်ပေါက်လာပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက သူတပါး ချောက်တွန်းမှုကြောင့် အလုပ်ခွင်အတွင်း နာမည်ပျက်ရတတ်ပါတယ်။ ဒါ့အပြင် ဒီရက်အတွင်း သူတစ်ပါးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တာမျိုးလည်း ကြုံနိုင်ပါသေးတယ်။ အချစ်ရေးမှာ ချစ်သူက မိမိအခင်ဆုံး သူငယ်ချင်းနဲ့ ဖောက်ပြန်သလိုဖြစ်တတ်လို့ သတိပြုပါ။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးအကြီးရဲ့ ပညာရေးကြောင့် စိတ်မချမ်းသာ ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အအေးမိနှာစေး ဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ကြာပန်းကပ်လှူပေးပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတာတွေ့ရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှု အောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေ အကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ငွေနံကောင်းနေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေကလည်း အကျိုးအမြတ်ရပါလိမ့်မယ်။ မိမိအရည်အချင်းကြောင့် လက်ရှိအလုပ်အကိုင်အပြင် တစ်ခြား အလုပ်တွေပါ လုပ်ကိုင်ခွင့်ရပြီး ငွေရွှင်နေမယ့် ကာလပါပဲ။ ဆန်၊ ဆီ၊ ဆားလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး သောကြာ၊ အင်္ဂါနေ့နံ သားသမီးတွေရဲ့ အကူအညီကိုလည်း ရရှိပါလိမ့်မယ်။ အိမ်နေရာထိုင်ခင်းပြောင်းရွှေ့ရကိန်းရှိပြီး ဝန်ထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအလဲ ကြုံနိုင်တာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။ အချစ်ရေးပိုင်းမှာ စန်းပွင့်နေတဲ့ ကာလဖြစ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ကတော့ အိမ်ထောင်ရေးအရှုပ်အရှင်းဖြစ်တတ်လို့ သတိထား သင့်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အဂါၤ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် စံပယ်ပန်းကပ်လှူ ဆုတောင်းပါ။

ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံး အဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်း အင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး မိသားစုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်ခွင်ကနေ ဝင်ငွေတိုးပါလိမ့်မယ်။ ဒီနေ့မှာ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်း လုပ်ကိုင်သူတွေ အထူးအောင်မြင်မှာဖြစ်ပြီး ကြာသပတေးနံညံ့နေလို့ သတိထားသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတိုးချဲ့တာ၊ စပ်တူလုပ်ကိုင်တာတွေ သတိပြုသင့်ပါတယ်။ အိမ်၊ ခြံ နေရာထိုင်ခင်း အသစ်ဝင်ကိန်းလည်း ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းတွေတိုးတက်အောင်မြင်မယ့် အချိန်ဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ စိတ်ကောက်ရာကနေ ခွဲခွာရတဲ့အထိ ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘနဲ့ အိမ်ထောင်ဖက်ကြား ဗျာများနေရမယ့် ကာလပါ။ ကျန်းမာရေးအနေနဲ့ အစာအိမ်ဒုက္ခပေးတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင်လက်ဖက်ရည်ကပ်လှူဆုတောင်းပါ။

ရာဟု - ရာဟုသားသမီးတွေကတော့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ကောင်းရရှိပါလိမ့်မယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ငန်းဌာနတဆင့်မြင့်စေမယ့် သင်တန်းမျိုး တက်ရောက်ရကိန်းရှိပါတယ်။ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ကတော့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပြည်ပမှာ သွားရောက်သင်ကြားရမယ့် ပညာရေးပိုင်း ကောင်းမွန်နေပြီး အချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီး ပညာရေးကို ထောက်ပံ့ဖို့အတွက် ငွေကြေးအခက်အခဲ ရှိနေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - လမ်းတွင်တွေ့သော သက်ကြီးရွယ်အိုများအား ရေသန့်ဒါနပြု လှူဒါန်းပေးပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။ အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ပညာရေး၊ ကျန်းမာရေးပိုင်းလည်း တိုးတက်မှု ရရှိနေတဲ့ ရက်ဖြစ်ပါတယ်။ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်း လုပ်ကိုင်သူများ အကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ လက်ရှိအလုပ်မှာလည်း အဆင်ပြေနေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအထိ စတင်နိုင်မယ့် အချိန်လို့လည်း ဆိုရမှာပါ။ အချစ်ရေးမှာ ချစ်သူရဲ့ မိဘတွေနဲ့ အဆင်မပြေဖြစ်တတ်ပြီး အိမ်ထောင်သည်တွေအတွက် အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်တဲ့ ကာလပါပဲ။ ကျန်းမာရေးအနေနဲ့ အမျိုးသမီးများ သားအိမ်ရောဂါ အထူးဂရုပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ မနက်၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ပန်းသစ်တော်သီး ကပ်လှူ ဆုတောင်းပါ။

သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလဖြစ်ပြီး ဒီရက်ပိုင်းမှာ အစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာ ပေါ်ပေါက်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ ယှဉ်ပြိုင်သူများ ၊ အကောက်ကြံသူများနဲ့ ကြုံရတတ်ပါတယ်။ ငွေဝင်ပေါက်ရှိမယ့် လုပ်ငန်းတွေ လုပ်ကိုင်နေရပေမယ့် မှန်းထားသလောက် ဝင်ငွေအကျိုးအမြတ်မရရှိမယ့် အချိန်လည်းဖြစ်ပါတယ်။ ငွေစုလို့မမြဲတဲ့ ကာလဖြစ်ပြီး ဝင်လာသမျှငွေတွေလည်း အကြောင်းမရှိ အကြောင်းရှာပြီး ပြန်ထွက်နေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက သူတပါးအရှုပ်အရှင်းကြား ဝင်ပါမိသလိုဖြစ်တတ်ပြီး အလုပ်နေရာ ရာထူး ထိခိုက်တတ်ပါတယ်။ ဝန်ထမ်းရာထူးကြီးဖြစ်ပါက လာဘ်စားတဲ့အမှုတွဲထဲမှာ ပါဝင်နေတတ်လို့ သတိပြုပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တနင်္လာနာမည်ပါသူရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်နဲ့ ကလေးတွေဆေးရုံ၊ ဆေးခန်းရောက်ကိန်းရှိလို့ သတိပြုပါ။ ပညာရေး ကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်မှာရှိနေတဲ့ သေတ္တာအဟောင်းအပျက်တွေကို စွန့်ပစ်လိုက်ပါ။

စနေ - ဒီနေ့မှာ ဘယ်လိုကိစ္စမျိုး မဆို အဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ လုပ်ကိုင်သူများ အောင်မြင်မယ့် အချိန်ဖြစ်ပြီး ရေလုပ်ငန်းလုပ်ကိုင်သူတွေလည်း အကျိုးပေးမယ့် ကာလပါပဲ။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင် အလှူအတန်းပြုလုပ်ပေးပါ။ ချစ်သူနဲ့ အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုပိုင်း အောင်မြင်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။ ကျန်းမာရေး၊ ပညာရေးပိုင်းလည်းကောင်းမွန်တဲ့ နေ့ရက်ဖြစ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ထမနဲ ကပ်လှူပေးပါ။

LEO

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#သားသမီး
#ယတြာ
#လုပ်ငန်း
#အိမ်ထောင်သည်
#ကံ

Some text some message..