
ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့် လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ( ၁၃-၁၀-၂၀၁၉ ) မှ ( ၁၉-၁၀-၂၀၁၉) အထိ ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီးများ
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဘာသာပြန်လုပ်ငန်း၊ အနုပညာဆိုင်ရာလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်းရှိပါသည်။ လုပ်ငန်းစီးပွား တိုးတက်နေပေမဲ့ လုပ်သလောက်အကျိုးအမြတ်နည်းနေတတ်သည်။ စပ်တူရှယ်ယာ အလုပ်ကိစ္စများ လုပ်လျှင်နှောင်နှေးမှုများနှင့်ကြုံမည်။ သတိထားရမယ့်အချက်က စိတ်လိုက်မာန်ပါ အလျင်စလို ဘာမှ မလုပ်ဖို့ပါပဲ။ အာမခံ၊ တာဝန်ယူတာမျိုးတွေတော့မလုပ်ပါနဲ့။ အလုပ်ပို၊ ကိစ္စပိုများ တစ်ခုပီးတစ်ခုကြုံမည်။ စနေ၊ ဗုဒ္ဓဟူး ချစ်သူအိမ်ထောင်ဖက်ဖြစ်လျှင် ဖောက်ပြန်၍ ကွဲသွားတတ်သောကာလဖြစ်ပါသည်။ ကျန်းမာရေးကတော့ အထူးဂရုစိုက်စေချင်သည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ပိတောက်ရွက်ခူးပြီး ဆောင်သွားပါ။
အကျိုးပေးဂဏန်း - {၆.၁.ဝ.၄}
အကျိုးပေးအရောင် - ဖက်ဖူးရောင်
ဆောင်ရန် - ပိတောက်ရွက်
ယတြာ - အိမ်ဘုရားတွင် *တရားဂုဏ်တော် ၆ပါး*ရွတ်ပွားပြီး အုန်းထမင်း ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
တနင်္လာသားသမီးမြား
လူထုနှင့်ပတ်သက်သောလုပ်ငန်း၊ ပညာရေးဆိုင်ရာလုပ်ငန်းကိစ္စများ နှင့် ပြည်ပအလုပ်အကိုင်များ အဆင်ပြေ၍ စပ်တူအလုပ်၊ ရှယ်ယာအလုပ် အကျိုးဖြစ်ထွန်းမည်။ ရွှေဝင်လိမ့်မည်။ တစ်စစီပြန့်ကျဲနေသောငွေများ ပြန်လည် စုဆောင်းနိုင်မည်။ သားသမီးကြောင့်စိတ်ချမ်းမြေ့ရမည်။ အိမ်ထောင်ရှင် အမျိုးသမီးများ အိမ်ထောင်ဖက် စန်းပွင့်လွန်းခြင်းကြောင့် မိမိစိတ် မတင်မကျဖြစ်ပြီး အိမ်ထောင်ဖက်နှင့် အဆင်မပြေဖြစ်ခြင်းများ ကြုံရတတ်ပါတယ်။ ရည်းစားမရှိသူများလည်း ရည်းစားရတတ်တဲ့ အချိန်ပါပဲ။ ချစ်သူဖြစ်ဖို့ ရည်ရွယ်ထားသူရှိလျှင် အမြန်ဆုံးသာ ဖွင့်ပြောလိုက်ပါ အဖြူ ရောင်အဝတ်သစ်ဝတ်ဆင်သွားလျှင် အဆင်ပြေပါလိမ့်မယ်။ ခရီးကိစ္စပေါ်လာပါက ရက်ရွေ့လိုက်ပါ။ ဒီရက်ပိုင်းမှာ ကျန်းမာရေးညံ့နေတတ်ပါတယ်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှ အသီး ၁လုံး လှူပြီးသွားပါ။
အကျိုးပေးဂဏန်း - {၉.၄.၃.၂}
အကျိုးပေးအရောင် - ခရမ်းရောင်
ဆောင်ရန် - အသီး ၁လုံး
ယတြာ - အိမ်ရှိဘုရားတွင် အသီး(၆)လုံးရွက်လှ၊ ဒန်းညွန့် (၁၇)ညွန့်စီ , ဖယောင်းတိုင်အနီရောင် (၁၁၁)တိုင်ကို ထွန်းညှိပူဇော်ပြီး လိုရာဆုတောင်းပါ။
အင်္ဂါသားသမီးများ
မထင်မှတ်ထားသော လုပ်ငန်း နေရာ အပြောင်းအလဲများ ပြောင်းရွေ့လုပ်ကိုင်ရမည့် ကာလဖြစ်သည်၊၊ ခြေထောက်မှာ ဗွေပါသလိုမျိုး မကြာခဏခရီးထွက်ရတတ်သည်။ ကိုယ်ပိုင်အလုပ်လုပ်သူတွေ အလုပ်ပါးနေတတ်သလို ဝန်ထမ်းတွေအဖို့ အထက်လူကြီး ငြိုငြင်တာခံရတတ်ပါတယ်။ အနေဝေးနေတဲ့ချစ်သူက အဆက်ဖြတ်ဖို့ကြိုးစားတာမျိုးလည်း ကြုံရတတ်လို့ သတိပြုပါ။ ရည်စားရှိသူများ အချစ်ရေး အဆင်မပြေဖြစ်တတ်ပြီး အချစ်ရေးကြောင့် ခေါင်းရှုပ်ရတတ်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသားများကတော့ စန်းပွင့်နေချိန်ဖြစ်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခြင်းမျိုးအထိ ဖြစ်လာတတ်လို့ သတိထားသင့်တဲ့ ကာလပါပဲ။ သစ်၊ ကျောက်၊ သတ္တုလုပ်ငန်းများ လုပ်ကိုင်သူများ ငွေကြေးကုန်းကျများနေတတ်ပြီး မင်းစိုးရာဇာပိုင်းနှင့် အမှုအခင်းဖြစ်လာတတ်ပါတယ်။ ကျန်းမာရေးကိုတော့ နည်းနည်းဂရုစိုက်ပါ။ ဦးခေါင်းနှင့်ဗိုက် ဒုက္ခပေးတတ်တဲ့ အချိန်ပါပဲ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှ မြေအိုးရေဖြည့်လှူပြီးသွားပါ။
အကျိုးပေးဂဏန်း - {၅.၈.ဝ.၆}
အကျိုးပေးအရောင် - နို့နှစ်ရောင်
ဆောင်ရန် - နာရီ
ယတြာ - အိမ်ဘုရားမှ ကံ့ကော်၊ ဒန်းညွန့် သီးညွန့် (၈)ညွန့်စီ ဆီးယို တို့ကို ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီးများ
မိမိမှာ ဒီရက်ပိုင်း ကိုယ့်အလုပ်ကိုယ် အလုပ်မလုပ်ရဘဲ ၊ သာရေးနာရေးကိစ္စ ၊လူမှုရေးကိစ္စ၊ ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်ရတတ်ပါတယ်။ ဆရာသမားလို ပုဂ္ဂိုလ်မျိုး အိမ်ကို ရောက်လာပြီး ဒုက္ခပေးတတ်လို့ သတိပြုပါ။ အိမ်တွင်ရှိသော စက်ပစ္စည်းအစုတ်တစ်ခု စွန့်ပစ်လိုက်ပါ။ စိတ်ညစ်လျှင် ရပ်ဝေးခရီးထွက်ခြင်း၊ ဘုရားဖူးထွက်ခြင်းမျိုး ပြုလုပ်ပေးလိုက်ပါ။ ခရီးမှပြန်လာလျှင် ညံ့နေသောကံများ ကောင်းသွားပါလိမ့်မယ်။ မိမိအိမ် ခြေရင်းဘက်မှာ အသုဘသော်လည်းကောင်း ပေါ်တတ်ပြီး ပေါ်ရင်တော့ (၈)ဂဏန်းအစ ထီထိုးပေးပါ။ ဒီရက်ပိုင်း ပညာတစ်ခုရလိမ့်မည်။ ပညာထူးဖြစ်ပါတယ်။ ချစ်သူရည်းစားများ ဆွေမျိုးထဲက ဝင်ရှုပ်လိမ့်မည်။ စကားအရှုပ်တွေ ရှင်းရလိမ့်မည်။ ကျန်းမာရေး အနေနဲ့ အကြော၊ အစာအိမ်၊ ဗိုက်နဲ့ ပတ်သက်ပြီး ဂရုစိုက်ပါ။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အိမ်ဘုရားမှ သံပုရာသီး ၅လုံး လှူပြီးသွားပါ။
အကျိုးပေးဂဏန်း - {၈.ဝ.၁.၃}
အကျိုးပေးအရောင် - အညိုရောင်
ဆောင်ရန် - သံပုရာသီး
ယတြာ - အိမ်ဘုရားတွင် ရွက်လှညွန့်သက်စေ့ ဖရုံယိုဆွမ်း ကပ်လှူပြီး လိုရာဆုတောင်းပါ။
ကြာသပတေးသားသမီးများ
အလုပ်အကိုင် အဆင်ပြေမလိုလိုနှင့် မပြေဘဲလွဲလွဲနေတတ်ပါသည်။ ဝင်စရာရှိ သောငွေများလည်း မဝင်ခြင်း၊ ရစရာရှိသောလုပ်ငန်းများလည်း မအောင်မြင်သေးခြင်းများ ကြုံရတတ်သည်။ မိတ်ဆွေရင်း ၊ သူငယ်ချင်းကောင်းများ၏ အကူညီများရတတ်ပါသည်။
လူမျိုးခြား ဘာသာခြား မစတတ်ပါတယ်။ အကူအညီရပါလိမ့်မယ်။ မုဆိုးမ ဧည့်သည် ညအိပ်လက်ခံမိလျှင် မမျှော်လင့်ပဲ အမှုဖြစ်တတ်ပါတယ်။ ကျန်းမာရေး သိပ်အညံ့ကြီးတော့ မဟုတ်တော့ပေမဲ့ ပညာရေးကံကြမ္မာကတော့ အညံ့ဆုံး အနေအထားကို ရောက်နေပါမယ်။
အသက်ကြီးသူ အဖိုး၊ အဖွား အရွယ်ရှိတဲ့သူများရှိလျှင် ပိုဂရုစိုက်ပါ။
ငယ်ရွယ်သူတွေ အတွက်ကတော့ ပြောင်းလဲမှုတိုင်းက အကောင်းဘက်သို့ရှိနေပြီး အိမ်ထောင်ရှင်များ အထူး စနေ၊ သောကြာတွေက *တစ်ပင်လဲတစ်ပင်ထူ*ခြင်းနှင့် ချစ်သူရည်းစားအသစ်ပြောင်းလဲ ချစ်ကြိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ကျန်းမာရေးမှာတော့ ခြေထောက်၊ ခါးနဲ့ပတ်သက်လို့ နာကျင်ခံစားရနိုင်ပါတယ်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် တောင်အရပ်မျက်နှာမှုကာ ဗန်ဒါစေ့ ၉စေ့ ဘုရားလှူပြီးသွားပါ။
အကျိုးပေးဂဏန်း - {၃.၉.၁.၂}
အကျိုးပေးအရောင် - နက်ပြာ၊အညို
ဆောင်ရန် -ဗန်ဒါစေ့ တစ်စေ့
ယတြာ - အိမ်ဘုရားမှ *ကံပွင့်ဂါထာ*ရွတ်ပွားပြီး ပဲထမင်း၊ ဘူးသီးကြော် ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
သောကြာသားသမီးများ
ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ကူညီရတတ်ပါတယ်။
အလုပ်အကိုင်တိုးတက်မှုအားကောင်းတတ်ချိန်ဖြစ်ပြီး ယခင်ရင်းနှီးမြုပ်နှံထားသော ငွေကြေးများထဲမှ အမြတ်အစွန်း အကျိုးအမြတ်များရရှိပါလိမ့်မယ်။
အချစ်ရေး၊ အိမ်ထောင်ရေးတွင် နားလည်မှု လွဲတတ်ချိန်ဖြစ်ပြီး ချစ်သူကိုအချိန်ပေးဖို့ထက် ငွေနောက်ပဲ လိုက်နေပါလိမ့်မယ်။ လူငယ်တွေအနေနဲ့ စီးပွားရေးကို မဲပြီး လုပ်နေတဲ့အချိန် ချစ်သူကြောင့်စိတ်ညစ်ရတတ်ပါတယ်။ ငွေကုန်ကြေးကျများနေတတ်ပြီး မိတ်ရင်း၊ ဆွေရင်း၊ ဆရာသမားလို ပုဂ္ဂိုလ်မျိုးနဲ့လည်း အဆင်မပြေ ဖြစ်ကိန်းရှိနေပါတယ်။ အလုပ်ရှာနေသူများ အလုပ်ရဖို့ ဝေးနေမယ့် အချိန်ဖြစ်ပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ခေတ္တခဏ ခွဲခွာရကိန်း ရှိနေပါတယ်။ ကျန်းမာရေးညံ့၍ ဆေးရုံ၊ ဆေးခန်းပြရခြင်းများလည်း ကြုံရတတ်ပါသည်။ ဒူးနား ၊ဖနောင့်၊ ခြေ၊ လက် ထိခိုက်ဒဏ်ရာရတတ်လို့ သတိပြုပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ပန်းနုရောင်လက်ကိုင်ပုဝါ ဆောင်သွားပါ။
အကျိုးပေးဂဏန်း - {၁.၅.၆.၃}
အကျိုးပေးအရောင် - ပန်းနုရောင်
ဆောင်ရန် - ပန်းနုရောင်လက်ကိုင်ပုဝါ
ယတြာ - ရေအိုးအဖုံးအပိတ် တစ်စုံကို အိမ်၏ မြောက်အရပ်ရှိ ဘုန်းကြီးကျောင်းသို့သွားလှူပါ။
စနေသားသမီးများ
အလုပ်တွေ သိပ်ကောင်းနေပြီး အကြံအစည် မျှော်လင့်ချက်တွေလည်း အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ ကြိုးစားမှုရဲ့ ရလဒ်တွေ ကောင်းမွန်နေပါလိမ့်မယ်။ အိမ်ထောင်ရှင်များ အနေနဲ့ မိမိရဲ့ ခင်ပွန်းဇနီးကြောင့် ပျော်ရွှင်စရာ ကိစ္စများပေါ်ပေါက်မယ့် အချိန်ပါ။ ကိုယ်ဘာလုပ်လုပ် ဘေးကနေ ကူညီဖေးမမယ့်သူတွေ ပေါများနေပါလိမ့်မယ်။ အလုပ်အကိုင်က ပုံမှန်ထက် ပိုကောင်းနေမှာ ဖြစ်ပြီး ကိုယ့်အရည်အချင်းကို ပြသနိုင်ပါလိမ့်မယ်။ ဝန်ထမ်းများအနေနဲ့ နေရာအပြောင်းအရွှေ့ ရှိပါတယ်။ သမီးရည်းစားရှိသူများ အဆင်ပြေမယ့် အချိန်ဖြစ်ပြီး ပညာရေးမှာ အချိန်ယူပြီး တိကျမှန်ကန်စွာသင်ယူသင့်နေတဲ့ အချိန်ပါပဲ။ အချစ်ရေးကြောင့် ပညာရေး စိတ်လေတတ်တာကိုတော့ သတိပြုပါ။ ကျန်းမာရေး အညံ့မရှိပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အဝါရောင်လက်ကိုင်ပုဝါ ဆောင်သွားပါ။
အကျိုးပေးဂဏန်း - {၉.ဝ.၇.၁}
အကျိုးပေးအရောင် - အဝါရောင်
ဆောင်ရန် - အဝါရောင် လက်ကိုင်ပုဝါ
ယတြာ - အိမ်ဘုရားတွင် နှင်းဆီပန်း အဝါရောင် နှင့် နို့ထမင်း ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
ရာဟုသားသမီးများ
လုပ်ငန်းသစ်၊ နေရာသစ် အစပြုချင်းတွေလည်း အကျိုးရှိပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပီး အောင်မြင်မည့်ကာလဖြစ်၍ မိမိစိတ်ထဲမှာ ဖြတ်ခနဲပေါ်လာရင် ဆတ်ခနဲလုပ်သင့်တဲ့ အချိန်ပါပဲ။ အိမ်ပူလေ အလုပ်ကောင်းလေ ကာလလို့လည်း ဆိုရပါမယ်။ အထက်လူကြီးများ၏ အကူညီများရရှိမည်။ ရောင်းမှား၊ ဝယ်မှား ပြဿနာများလည်း ဖြေရှင်းရတတ်ပါတယ်။ အိမ်ထောင်ဘက်နှင့် ဘာမဟုတ်တဲ့ကိစ္စအတွက် အချင်းချင်းစကားများနိုင်သလို လူလွတ်ဆိုပါကလည်း အတူနေမောင်နှမတွေနဲ့ စိတ်ဝမ်းကွဲတတ်တဲ့ အချိန်ပါပဲ။ အပေါင်းအသင်း တွေကြောင့် လမ်းမှား၊ ခြေမှားတတ်ပီး စိတ်အနှောက်အယှက်ဖြစ်စရာများ ကြုံလိမ့်မည်။ မိသားစုထဲမှာ တစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေး ချူချာလိမ့်မည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အိမ်ရှိဘုရားတွင် ရဲယိုညွန့် ၈ညွန့် လှူပြီးသွားပါ။
အကျိုးပေးဂဏန်း - {၁.ဝ.၈.၄}
အကျိုးပေးအရောင် - နက်ပြာရောင်
ဆောင်ရန် - ရဲယိုညွန့်
ယတြာ - အိမ်ဘုရားတွင် ရဲယိုညွန့် (၁၂)ညွန့် ရှောက်ယို ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။