အောက်တိုဘာလ ၁၄ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-10-14



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း အောက်တိုဘာလ ၁၄ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ- တနင်္ဂနွေသားသမီးတွေ အနေနဲ့ ဒီနေ့မှာ ယှဉ်ပြိုင်မှုများသော လုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေးအကျိုးအမြတ်တွေ ရရှိတတ်ပါတယ်။ စိတ်ကူးထဲပေါ်လာသည့် မည်သည့်ကိစ္စမဆို မဖြစ်မနေလိုအပ်သည်များကို ရှေ့တိုး ဆောင်ရွက်သင့်ပါတယ်။ အတတ်ပညာနှင့် ပတ်သက်၍ ကောင်းသောအကျိုးဆက်တွေ ခံစားရတတ်ပါတယ်။ ရတနာအရောင်းအဝယ် လုပ်ငန်းကိစ္စများ အောင်မြင်ရန် နည်းလမ်းကောင်းများ ရှာဖွေတွေ့ရှိ တတ်ပါတယ်။ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေ အကုန်လုံး အဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်း အင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေကနေလည်း အောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။ အိမ်တွင်းရေး အဆင်ပြေနေပြီးအိမ်ထောင်သည်တွေအနေနဲ့ စီးပွားအဆင်ပြေတာကြောင့် မိသားစုနဲ့ မိဘ၊ မောင်နှမတွေကို ထောက်ပံ့ကူညီနိုင်ပါလိမ့်မယ်။ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံ၊ လက်မှုပစ္စည်းလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ကောက်တတ်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။ အိမ်ထောင်ရှင်တွေအဖို့ အိမ်ထောင်ရေးသာယာမယ့် အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။

ံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်ပါတယ်။

ယတြာ - အိမ်ရှိ အိတ်အဟောင်းအစုတ်များစွန့်ပစ်လိုက်ပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများ ဝင်ငွေကောင်းခြင်း၊ ကံကောင်းခြင်းများ ရှိနေလိမ့်မည်။ ငွေရေး ကြေးရေးအနေဖြင့်လည်း အစစအရာရာ အဆင်ပြေ အောင်မြင်နေမည်။ ဆုံးရှုံးထားသည့် လက်ဝတ်ရတနာများနှင့် ရွှေထည်များ ပြန်လည်ဝင်ရောက်လာမည်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာ ရွှေ့ပြောင်းမှုများကြောင့် အထူးသတိထားသင့်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ယခုအချိန်မှာ စာရွက်စာတမ်းများ စတင်စုဆောင်းခြင်းမျိုး ပြုလုပ်လိုက်ပါ။ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး လုပ်သမျှ အကျိုးဖြစ်ထွန်းပြီး ငွေဝင်လည်း ကောင်းနေပါလိမ့်မယ်။ ပညာရေးပိုင်း ကောင်းမွန်နေပြီး အချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။ လျှပ်စစ်ပစ္စည်းသစ် ဝင်ကိန်းရှိနေပြီး ဝင်လျှင်ပျက်တတ်ပါတယ်။ အိမ်ထောင်ပရိဘောဂပစ္စည်းသစ်လည်း ဝင်ကိန်းရှိနေပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီနဲ့ လုပ်ငန်းတိုးချဲ့မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက အထက်အရာရှိ အမျိုးသမီးရဲ့ ကူညီမှုနဲ့ ရာထူးတိုးနိုင်ပါတယ်။ တင်ဒါကိစ္စ၊ ငွေကြေးစပ်တူရှယ်ယာကိစ္စများကောင်းမွန်နေပြီး ဝယ်ထားတဲ့ ရှယ်ယာတွေလည်း ဈေးတက်တာမျိုး ကြုံရတတ်ပါတယ်။ ရွှေစုထားရင်ကောင်းမွန်တဲ့ အချိန်လည်းဖြစ်ပါတယ်။ ပညာရေးအနေဖြင့် စိတ်လော၍ မဆုံးဖြတ်သင့်။ ဆရာသမားကောင်းများနှင့် တွေ့ရတတ်သည်။ အချစ်ရေး အိမ်ထောင်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်ယောင်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။

ယတြာ - ဘုရားတွင် ကြံရည်ကပ်လှူပေးပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ အရောင်းအဝယ် လုပ်ငန်းများနှင့်ပတ်သက်၍ အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ နစ်နာဆုံးရှုံးထားသောငွေကြေးများလည်း ပြန်လည်ရရှိနိုင်သော အချိန်ကာလ မျိုးလည်းဖြစ်တတ်ပါတယ်။ ခရီးအကျိုးပေးသော ကာလမျိုးဖြစ်၍ ယာယီခရီးများလည်း ထွက်ခွာနေရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ စီစဉ်ထားပြီးသား အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။ အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ လုပ်ငန်းစပ်တူ ရှယ်ယာထည့်ဝင်ထားသူတွေအနေနဲ့တော့ အကျိုးအမြတ်ရနိုင်မယ့် အချိန်ဖြစ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ အဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီး အနုပညာလုပ်ငန်း လုပ်ကိုင်သူတွေကတော့ အထူးအောင်မြင်နိုင်ပါတယ်။ အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ အချစ်ရေးမှာတော့ ကြားလူကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေမယ့် အချိန်ဖြစ်ပြီး မျက်စိထိခိုက်မိတတ်လို့ သတိပြုရပါမယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။

ယတြာ - ဘုရားတွင် ဇလပ်ပန်း ကပ်လှူပေးပါ။

ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီရက်မှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြီးအကဲများမှ မိမိကို ကူညီပါလိမ့်မည်။ စက်မှု၊ လက်မှုလုပ်ငန်းများနှင့်ပတ်သက်၍တော့ စိတ်အနှောင့်အယှက်ဖြစ်စရာ အနည်းငယ်ကြုံရတတ်ပါတယ်။ ဝန်ထမ်းများဖြစ်ပါက ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ပူးတွဲလုပ်ဆောင်ရ တတ်ပါတယ်။ သို့သော် အထက်လူကြီး၏ အထင်အမြင်လွဲမှားခံရခြင်း၊ သံသယဖြစ်တတ်ခြင်းများ ရှိနေတတ်၍ သတိထားနေထိုင်သင့်ပါတယ်။ ဒီနေ့မှာ ထီပေါက်သလို ငွေတွေ ဝင်လာတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တိုးချဲ့တာ က အချိန်ကောင်းဖြစ်နိုင်သ လို ပညာရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ အထူးကောင်းမွန်တဲ့ ကာလပါပဲ။ အိမ်ပြောင်းရွှေ့ရကိန်းရှိ ပြီး လက်ရှိအလုပ်ကနေ ပြောင်းရွှေ့ဖို့ ကြိုးစားနေတတ်တဲ့ ကာလလည်း ဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း ပြုလုပ်ဖို့ မသင့်သေးပါဘူး။ ကာလအတန်ကြာကြန့်ကြာနေသော လုပ်ငန်းများလည်း ပြန်လည်အကောင်အထည်ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းသဘာ၀ အပြောင်းအလဲ ကြုံရကိန်းရှိပြီး မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊ အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူထံမှ တန်ဖိုးကြီးရွှေထည်ပစ္စည်းလက်ဆောင် ရတတ်ပြီး အိမ်ထောင်သည်တွေကတော့ သားသမီး ရလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်ပေးပါ။

ယတြာ - ဘုရားတွင် လမုန့်ကပ်လှူပေးပါ။

ရာဟု - ဒီရက်မှာ ကံတရား အထူးကောင်းမွန်သော အချိန်ကာလဖြစ်ပါသည်။ အကျိုးအမြတ်များ ရရန်ရှိသော အရောင်းအဝယ်ကိစ္စများ ဦးစားပေးဆောင်ရွက်သင့်သည်။ လုပ်ငန်းသစ်တွေ စတင်လုပ်ကိုင် တာ၊ လုပ်ငန်းပြောင်းရွှေ့တာတွေ ဒီအချိန်မှာ ကောင်းပါသည်။ မိမိပြုလုပ် လိုက်သော ကိစ္စတစ်ခုကြောင့် လူအများ၏ အထင်ကြီးခြင်း ခံရတတ်သည်။ မိမိသူငယ်ချင်း အရင်းအချာနှင့် လုပ်ငန်းတစ်ခုကို တိုင်ပင်ခြင်းမျိုး ကြုံရတတ်သည်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တော်တော်လေးကို ကြိုးစားမှ အောင်မြင်နိုင်ခြေရှိနေပါတယ်။ အချစ်ရေးအနည်းငယ် ညံ့နေပြီး အိမ်ထောင်ရေးအနေနဲ့ နှစ်ဖက်မိဘကြောင့် စိတ်ညစ်ရတတ်တဲ့ အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ ဝမ်းကိုက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။

ယတြာ - လမ်းဘေးကလေးငယ်များအား ရေသန့်ဒါနပြုပေးပါ။

ကြာသပတေး - ဒီနေ့မှာ လုပ်ငန်းနှင့်ပတ်သက်ပြီး ကံကောင်းတော့မလိုလိုနှင့် ညံ့သွားတတ်ပါသည်။ သို့သော် စိတ်ကူးကောင်းလေးတွေ တွေးခေါ်မိတတ်တဲ့ အချိန်ကာလဖြစ်ပါသည်။ လုပ်ငန်းတိုးချဲ့ဖို့ ကြံရွယ်ထားတယ်ဆိုရင် ဒီနေ့မှာ မလုပ်သင့်သေးပါဘူး။ ရေသန့်လုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူများ အကျိုးများနေပြီး တနင်္ဂနွေသားသမီး ဒုက္ခပေးတတ်ပါတယ်။ တနင်္ဂနွေနံလုပ်ငန်းရှင်များလည်း အနည်းငယ် အညံ့ရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လူဒုက္ခပေးတတ်ပါတယ်။ လုပ်ငန်းမှာ စာရင်းအင်းပိုင်း လုပ်ကိုင်ရသူတွေအနေနဲ့ သတိထားလုပ်ကိုင်သင့်ပြီး သူတပါးပြဿနာက ကိုယ့်ပြဿနာဖြစ်လာတတ်ပါတယ်။ ငွေကြေးကိစ္စ ပြောဆို ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေမည်။ ပညာရေးနှင့်ပတ်သက်ပြီး မိမိတက်ချင်သော သင်တန်း တစ်ခုတက် ရောက်ရခြင်း၊ ရာထူးတိုးစာမေးပွဲ ဖြေဆိုရခြင်းများ ကြုံရတတ်သည်။ အစုစပ်လုပ်ငန်းများနှင့်ပတ်သက်ပြီး အကျိုးအမြတ်များရရှိမည်။ မိမိ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးပမ်းအားထုတ်သည့် အလုပ်များ အကျိုးပေးလိမ့်မည်။ ကိုယ်တိုင်ဖြစ်စေ သူတပါးအိမ်ထောင်ရေးဖြစ်စေ အိမ်ထောင်ရေးအရှုပ်အရှင်းတွေကိုလည်း ဖြေရှင်းရတတ်ပြီး အိမ်ထောင်ဖက်နဲ့ ခွဲနေရတတ်ပါတယ်။ အချစ်ရေးမှာတော့ ကိုယ့်အပေါ်လိမ်ညာမယ့် ချစ်သူရလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။

ယတြာ - အိမ်ရှိဘုရားတွင် မြေပဲပြုတ်ကပ်လှူပေးပါ။

သောကြာ - ဒီနေ့မှာ မိမိ၏ အစုစပ်လုပ်ငန်းများ၌ တစ်စထက်တစ်စ တိုးတက်အောင်မြင်လာမှာဖြစ်ပြီး ဆောင်ရွက်သမျှကိစ္စတွေမှာလည်း ထူးထူးခြားခြား အောင်မြင်အဆင်ပြေမှာဖြစ်ပါတယ်။ မိသားစုနှင့် ပတ်သက်ပြီးလည်း သတင်းစကားကောင်းတွေ ကြားသိရတတ်သလို မိမိ၏ ဘဝတက်လမ်းတွေလည်း ပွင့်လန်းလာတတ်ပါတယ်။ ပြည်ပခရီးဝေး သွားဖို့ ကြံရွယ်ထားလျှင်လည်း အဆင်ပြေချောမွေ့စွာနဲ့ပဲ ထွက်ခွာရတတ်ပါတယ်။ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေး အမြတ်အစွန်း ရရှိလာပါလိမ့်မယ်။ အရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်း ဒီနေ့မှာ စတင်နိုင်ပြီး အဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူ ပေါ်ပေါက်လာနိုင်ပါတယ်။ အိမ်ကို ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ ရပ်ဝေးခရီးသွားရကိန်းရှိပြီး ခရီးအတွင်း နာဖျားတတ်ပါတယ်။ အလှပြင်ပစ္စည်းလုပ်ငန်း၊ အလှပြုပြင်ရေးလုပ်ငန်းရှင်များ အကျိုးများမယ့် အချိန်လည်းဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ငွေလိုအပ်နေလျှင်လည်း ကူညီပေးမယ့်သူ ပေါ်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး ချစ်သူရဲ့ နာမည်မှာ စနေ၊ အင်္ဂါနံတစ်ခုခု ပါရှိတတ်ပါတယ်။ ပညာရေးကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ အစာအိမ်ယောင်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။

ယတြာ - ဘုရားတွင် သရက်ပြင် ကပ်လှူပေးပါ။

စနေ - ဒီနေ့မှာ မိသားစုများနှင့်ပတ်သက်၍လည်း စိတ်အနှောင့် အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပြီး စိတ်ပင်ပန်း၊ လူပင်ပန်းရမည့်အချိန်ကာလမျိုးပါပဲ။ သူတစ်ပါးရဲ့ အမှုကိစ္စများကို အာမခံခြင်း၊ ကြားဝင်ဖြေရှင်းခြင်းမျိုး မပြုပါနှင့်။ ငွေကြေးကံကောင်းနေတဲ့ အချိန်ဖြစ်ပြီး ပညာရေးအနေနဲ့ ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း ကြိုးစားသလောက် ထွန်းပေါက် တတ်မြောက်အောင်မြင်ခြင်းမျိုး မရရှိနိုင်သော ကာလမျိုးပါပဲ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှု အောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေ အကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်အရာရှိရဲ့ မျက်နှာသာပေးခံရတတ်ပြီး လက်အောက်ငယ်သားတွေနဲ့ လုပ်ငန်းပြိုင်တွေ၊ ရာထူးတူသူတွေရဲ့ မနာလိုမှုကိုတော့ ခံရကိန်းရှိနေပါတယ်။ ထီး၊ ဖိနပ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး အိမ်ခြံမြေလုပ်ငန်းရှင်တွေကတော့ အနည်းငယ်အထစ်အငေါ့ရှိနေပါတယ်။ ချစ်သူမရှိသေးသူများ ယခုအတိုင်း ဆက်ရှိနေမှာဖြစ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်က မိမိစကားကို အထအနကောက် စိတ်ဆိုးတတ်တဲ့ အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ အူယောင်ငန်းဖျားဖြစ်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ဒူးရင်းသီးမုန့် ကပ်လှူပေးပါ။

LEO

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#လုပ်ငန်း
#ယတြာ
#သားသမီး
#ကိန်း
#တိုးချဲ့

Some text some message..