လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း အောက်တိုဘာလ ၂၄ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ- တနင်္ဂနွေသားသမီးတွေ အနေနဲ့ ငွေပေးငွေယူ လက်မလွန်ပါစေနှင့်၊ အမှုအခင်းဖြစ်ကိန်းရှိပါတယ်။ နိုင်ငံခြားခရီးသွားရကိန်းရှိပြီး အိမ်ခြံမြေကိစ္စ အမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ယုံကြည်ရသူတစ်ဦးရဲ့ နောက်ကျောဓါးထိုးခံရကိန်းရှိပြီး ငွေကြေးပိုင်းဆိုင်ရာ အလိမ်ခံရကိန်းလည်း ရှိနေပါတယ်။ ဝန်ထမ်းများအနေနဲ့ အလုပ်ရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်မှာဖြစ်ပြီး ကား၊ အိမ်အရောင်းအဝယ် လုပ်ငန်းများလည်း အကောင်အထည်ပေါ်လာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ အခက်အခဲကြုံပြီးမှ အောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်အတွင်း သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ အကူအညီရရှိလာပါလိမ့်မယ်။ စာစီစာရိုက်လုပ်ငန်း၊ စာပုံနှိပ်စက်လုပ်ငန်းများ ကောင်းမွန်နေပြီး လုပ်ငန်းတူပြိုင်ဖက်တွေရဲ့ တိုက်ခိုက်မှုကိုတော့ ခံရတတ်ပါတယ်။ ထီကံစမ်းပေးနိုင်ပြီး လမ်းသွားလာရင်း အက်စီးဒန့်တစ်ခုခု တွေ့မြင်ပါက ၈အစ ၅အဆုံး ထီထိုးပေးပါ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ကျန်းမာရေးညံ့နေတတ်ပြီး ဆေးရုံဆေးခန်းရောက်ကိန်း ရှိနေပါတယ်။ ချစ်သူမရှိသေးသူများ တနင်္လာ၊ သောကြာ သားသမီး တစ်ဦးဦးရဲ့ ချစ်ခွင့်ပန်ခြင်းခံရတတ်ပါတယ်။ ပညာရေးညံ့နေပြီး ကျန်းမာရေး ကတော့ ပုံမှန်ပဲ ရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်ပါတယ်။
ယတြာ - အိမ်အနီးအနားရှိ တနင်္ဂနွေသားကလေးငယ်တစ်ဦးကို မုန့်ဖိုးပေးလိုက်ပါ။
တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်ပြီး အချစ်ရေးကံလည်း ကောင်းနေပါတယ်။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး အလုပ်ရှိပြီးသူတွေအနေနဲ့ အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ငွေလိမ်ခံရနိုင်ခြေရှိလို့ ဒီရက်အတောအတွင်း ငွေပေးငွေယူ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတိပြုရမှာပါ။ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းတိုးချဲ့မှုတွေကိုတော့ ပြုလုပ်ဖို့ မသင့်သေးပါဘူး။ ဝန်ထမ်းဖြစ်ပါက နေရာဌာနအပြောင်းအလဲ ရှိနေပြီး နိုင်ငံရပ်ခြားအလုပ်သွားရောက်လုပ်ကိုင်နေသူများ နေရပ်သို့ ပြန်လာရကိန်းရှိနေပါတယ်။ ကာလအတန်ကြာကြန့်ကြာနေသော လုပ်ငန်းများလည်း ပြန်လည်အကောင်အထည်ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းသဘာ၀ အပြောင်းအလဲ ကြုံရကိန်းရှိပြီး မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊ အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ ဒီနေ့မှာ ကြာသပတေး၊ သောကြာ သားသမီး တွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။ အချစ်ရေး ၊ အိမ်ထောင်ရေးကံ အသင့်အတင့်ရှိနေပြီး ပညာရေး ၊ ကျန်းမာရေးပိုင်း ပုံမှန်ပဲရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။
ယတြာ - ဘုရားတွင် ကတ်ကြေးကိုက် ကပ်လှူပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ခရီးသွားရကိန်းရှိပြီး လူမျိုးခြားနဲ့ ပတ်သက်ပြီး ကောင်းကျိုး ရရှိနိုင်ပါတယ်။ သင်တန်းတက်ဖို့ စီစဉ်ထားတာရှိရင် အဆင်ပြေတိုးတက်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးလည်း သွားရကိန်းရှိပြီ ဒီခရီးကနေ ပိုမိုတိုးတက်တဲ့လုပ်ငန်းခွင်နဲ့ ဘဝကို ရရှိလာဖို့ တက်လမ်းပါပဲ။ ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင် အလှူအတန်းပြုလုပ်ပေးပါ။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် အချိန်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်မယ်ဆိုရင်တော့ ငွေကြေးစပ်တူလုပ်တာမျိုး သတိထားသင့်ပါတယ်။ အလှကုန်လုပ်ငန်း၊ အွန်လိုင်းရှော့ပင်သမားများ အထူးအမြတ်ရနေမယ့်အချိန်ဖြစ်ပြီး လူသုံးကုန်၊ စားသောက်ကုန်လုပ်ငန်းရှင်များလည်း စိတ်ချမ်းသာရမယ့် အချိန်ပါပဲ။ အကျိုးဆောင်လုပ်ငန်း၊ ပညာရေး အတိုင်ပင်ခံလုပ်ငန်းများကောင်းမွန်နေပြီး ပညာရေးပိုင်း မှာလည်း အဆင့်မြင့်မြင့်အောင်မြင်ပါလိမ့်မယ်။ အိမ်တွင်းရေး အိမ်ထောင်ရေးသာယာနေပြီး ချစ်သူရှိပြီးသူများ ချစ်သူနဲ့ စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပြီး ပညာရေး၊ ကျန်းမာရေးပိုင်း အသင့်အတင့်ရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် ဆန်နို့ဆီဘူးတစ်လုံးကို ကြွေပန်းကန်တွင်ထည့်ပြီး ကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ခရီးသွားဖို့ရှိနေရင်လည်း ချက်ချင်းအကောင်အထည်ဖော်သင့်တဲ့နေ့ရက်ပါပဲ။ ဒါပေမယ့် ငွေကြေး လက်လွန်မိလို့ အမှုအခင်း ဖြစ်နိုင်တာကြောင့် ငွေကြေး အပေးအယူကိစ္စတွေမှာ သတိပြုရမှာ ဖြစ်ပါတယ်။ အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။ မိသားစု မောင်နှမတွေရဲ့ အထောက်အပံ့ ရရှိမှာဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာလည်း အလုပ်ရှင်ရဲ့ယုံကြည်စွာ တာဝန်ပေးခြင်း ခံရပါလိမ့်မယ်။ လုပ်ငန်းမှန်သမျှ အောင်မြင်စွာ လုပ်ဆောင်နိုင်မယ့် အချိန်လည်း ဖြစ်ပြီး ပညာရေးအနေနဲ့ တဆင့်မြင့်သင်တန်းတွေ တက်ရောက်ရကိန်း ရှိပါတယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးအတိုင်ပင်ခံလုပ်ငန်းရှင်များလည်း အထူးကောင်းမွန်မယ့်နေ့ရက်ဖြစ်ပါတယ်။ အိမ်ထောင်ရေးမှာ ကောင်းသော အပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများ အထူးကောင်းမွန်နေပြီး လက်ရှိလုပ်ငန်းနဲ့ သဘောသဘာဝမတူညီတဲ့ လုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ကိုင်ရကိန်းရှိနေပါတယ်။ ဒီရက်ပိုင်းမှာ အချစ်ရေးကိစ္စ သူတပါးအတွက် ကြားခံကူညီခြင်းမျိုးကနေ စေတနာ ဝေဒနာဖြစ်တတ်လို့ သတိပြုရပါမယ်။ အိမ်အနီးအနားမှာ မင်္ဂလာသတင်းကြားရလျှင် ထီထိုးပေးပါ။ အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ အမျိုးသားရဲ့ မိဘတွေနဲ့ ကတောက်ကဆဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်ပေးပါ။
ယတြာ - ဘုရားတွင်ရွှေရင်အေးလှူဒါန်းပေးပါ။
ရာဟု - လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ် ။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်းဖြစ်ပြီး လုပ်ငန်းခွင်မှာ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်စရာ ကြုံနိုင်ပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှု အောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်း အပြောင်းအရွှေ့ရှိနိုင်ပါတယ်။ ရပ်ဝေးခရီးသွားရကိန်းရှိပြီး ဒီခရီးကနေ အကျိုးအမြတ်တွေရရှိလာမှာ ဖြစ်ပါတယ်။ သူတစ်ပါးသွေးထိုးမှု ခံရကိန်းရှိပြီး လုပ်ငန်းအောင်မြင်မှုအပေါ် နှောင့်ယှက်သူပေါတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်း၊ အိမ်ရာလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဆေးဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူတွေရဲ့ ကူညီမှုနဲ့ အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးကိုစိတ်မဝင်စားပဲ အချစ်ရေးအတွက် စိတ်လေနေတတ်ပါတယ်။ အိမ်ထောင်ရှင်များ ငွေကြေးအများအပြား ရရှိနေမယ့် အချိန်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။
ယတြာ - ရေကုသိုလ်ပြုပေးပါ။
ကြာသပတေး - ဒီရက်ပိုင်းမှာ ငွေဝင်ကိန်းရှိပြီး ထင်မှတ်မထားတဲ့နေရာတွေကနေ ဝင်လာတာကို တွေ့ရမှာပါ။ ပညာရေး၊ အချစ်ရေးပိုင်း အောင်မြင်မှာဖြစ်ပြီး အရေးကြီး ဆုံးဖြတ်ချက်တွေကိုလည်း စိတ်ချလက်ချ လုပ်ဆောင်လိုက်ပါ။ ဆုံးရှုံးပြီးသားငွေတွေလည်း ပြန်ဝင်လာမှာဖြစ်ပြီး အိမ်နေရာထိုင်ခင်း အသစ်ပြောင်းလဲရကိန်း ရှိနေပါတယ်။ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းများမှာလည်း ဝင်ရောက်ကူညီရတတ်ပြီး ဘာသာရေးနဲ့ အလှူအတန်းများလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။ အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ ချစ်ခင်မှုခံရတတ်ပြီး အချစ်ရေးမှာ ချစ်သူမရှိသေးသူများအနေနဲ့ တသက်တာလက်တွဲရမယ့် ချစ်သူရလာတတ်ပါတယ်။ ဆန်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားသူများ အထူးကောင်းမွန်နေပြီး အထည်အလိပ်၊ ကျောက်မျက်လုပ်ငန်းရှင်များလည်း စီးပွားတိုးတက် အောင်မြင်နေမှာဖြစ်ပါတယ်။ ကျန်းမာရေးပိုင်းမှာတော့ အနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီး အိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်း အဟောင်းအပျက်တွေကို စွန့်ပစ်လိုက်ပါ။ ကျန်းမာရေးအနေနဲ့ အစားမှား၊ ဆေးမှား အထူးသတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် ပဲပေါက်စီ ကပ်လှူပေးပါ။
သောကြာ - လုပ်ငန်းပိုင်းဆိုင်ရာမှာ ကိုယ့်လက်အောက်ကသူတွေရဲ့ သစ္စာဖောက်မှု ခံရနိုင်တာကြောင့် သတိပြုဖို့လိုပြီး အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပါတယ်။ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာ အထူးသတိထားလုပ်ဆောင်သင့်ပါတယ်။ အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။ အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ဝန်ထမ်းများအနေနဲ့ လက်ရှိအလုပ်ကနေ ထွက်ချင်စိတ်ဖြစ်နေပြီး အလုပ်သစ်ကလည်း မရေမရာဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအလုပ်ကို ရဲရဲတင်းတင်းသာ ထွက်လိုက်ပါ၊ ပိုမိုကောင်းမွန်တဲ့ အလုပ်က သင့်ကို စောင့်ကြိုနေမယ့် အချိန်ပါပဲ။ ရေလုပ်ငန်း၊ ပင်လယ်ထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး အဖိုးတန်ပစ္စည်းလက်ဆောင်ရကိန်း ရှိနေပါတယ်။ အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ အချစ်ရေးမှာ စန်းပွင့်နေပြီး ရွေးရခက်နေပါလိမ့်မယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းလည်း တိုးတက်မှု ရရှိနေတဲ့ ရက်ဖြစ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သီးသီး ကပ်လှူပေးပါ။
စနေ - ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင် သင့်တော်တဲ့နေ့တစ်နေ့ဖြစ်ပြီး ဒီနေ့အတွက် အရာရာ အဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်း အဆင်ပြေပါလိမ့်မယ်။ ကျောက်မျက်ရတနာလုပ်ငန်း၊ ရွှေထည်လုပ်ငန်းများ ကောင်းမွန်နေပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်လို့ သတိပြုသင့်ပါတယ်။ ငွေပေးငွေယူလုပ်ငန်းများ၊ စပ်တူရှယ်ယာလုပ်ငန်းများ ဆုံးရှုံးမှုကြုံရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့ခြင်းကနေ လတ်တလောဆုံးရှုံးမှုက ပိုများနေမှာဖြစ်လို့ ရေရှည်သည်းခံနိုင်မှ လုပ်ငန်းချဲ့သင့်ပါတယ်။ လုပ်ငန်းသဘာ၀ အပြောင်းအလဲ ကြုံရကိန်းရှိပြီး မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊ အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ ဝန်ထမ်းဖြစ်ပါက နေရာဌာနအပြောင်းအလဲ ရှိနေပြီး နိုင်ငံရပ်ခြား အလုပ်သွားရောက်လုပ်ကိုင်နေသူများ နေရပ်သို့ ပြန်လာရကိန်းရှိနေပါတယ်။ ကျန်းမာရေးပိုင်းမှာတော့ ခေါင်းမူး၊ ခေါင်းကိုက် အဖြစ်များနေပါလိမ့်မယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် နဂါးမောက်သီးကပ်လှူပေးပါ။
LEO
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။