အချစ်ရေး၊အိမ်ထောင်ရေးကံအလွန်ညံ့နေသူများအတွက်အထူးယတြာ
weddingguide.com.mm
|
2019-11-02

အချစ်ရေး၊အိမ်ထောင်ရေးကံအလွန်ညံ့နေသူများအတွက်အထူးယတြာမိတ်ဆွေများအတွက်တင်ပေးလိုက်ပါတယ်။


အရင်ကတည်းကချစ်လာတဲ့သူတွေ အကြောင်းအမျိုးမျိုးကြောင့် လက်မထပ်ရသေးလို့ဖြစ်ဖြစ်၊ များမကြာသေးခင်ကမှချစ်ကြပြီး၊


လက်မထပ်ရသေးသူများ၊ ၊အချစ်ရေး၊အိမ်ထောင်ရေးမှာဒုက္ခ၊သောကအမျိုးမျိုးကြုံနေသူများ၊


အိမ်ထောင်ကျပြီး မိမိအိမ်ထောင်ဖက်မှ ဖောက်လွဲဖောက်ပြန်ဖြစ်လို့ပြသနာကြုံနေရသူများ၊ ချစ်ရသူနှင့်အဆက်အသွယ်ပြတ်နေသူများ၊


လက်မထပ်ခင်စပ်ကြားမှာ ကြားခံအဖျက်အမျိုးမျိုး ဝင်နေလို့ကြန့်ကြာနှောင့်နှေးနေသူများအတွက်


ေန့နံအလိုက် လုပ်ရန် ယတြာများကို ဆရာကိုယ်တိုင်တွက်ချက်တင်ပေးလိုက်ပါတယ်။


မိတ်ဆွေတို့အတွက် တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုရင် အခြားသူတွေပါ အကျိုးရရှိစေဖို့ မျှဝေပေးဖို့မမေ့ပါနဲ့ခင်ဗျာ။


လုပ်ရမည့်အထူးယတြာကတော့-


တနင်္ဂနွေသားသမီးများ


သောကြာနေ့မှာမိမိအင်္ကျီ အနက်ရောင်တစ်ထည်ပေါ်၌ သူ့နာမည် ရေးပါ။အဲဒီအင်္ကျီထဲမှာ နာရီအသေးတစ်လုံးထည့်ပါ။


ပြီးလျင်အပ်ချည်ကြိုးအနက်ရောင်ဖြင့်သူ့နာမည်ပြောပြီး (၈) ပါတ် ပတ်လိုက်ပါ။ ထိုအင်္ကျီကိုမိမိအိပ်သောအိပ်ယာဘေးမှာထားအိပ်ပါ။


နောက်နေ့မနက်စောစောမှာ အနောက်အရပ်ရှိရေထဲသို့စွန့်ပစ်ပါ။ စွန့်ပစ်သည့်အချိန်တွင်လိုရာဆန္ဒကိုပြောပါ။


တနင်္လာသားသမီးများ


မိမိမွေးနေ့တစ်ရက်သက်သက်လွတ်စားပေးပါ။ ပြီးလျင် ဗုဒ္ဓဟူးနေ့မှာသူ့ဓာတ်ပုံ သူအဝတ်စာ(သို့မဟုတ်)သူပေးထားသော


လက်ဆောင်ပစ္စည်း တစ်မျိုးအပေါ်၌ သူ့နာမည်ရေးပြီး စတီးဖလား(ရေခပ်သည့်ဖလားအကြီး)တစ်ခုနှင့်အုပ်ထားပြီး


မိမိအိပ်ယာဘေးတွင် ဦးခေါင်းရှေ့ (၁၅)ရက်ထားအိပ်ပါ။ (၁၅)ရက်ပြည့်ပြီးနောက်နေ့မနက်စောစော၌


ထိုပစ္စည်း နှင့်ဖလားအား အရှေ့အရပ်ရှိရေတွင်စွန့်ပစ်ပါ။ စွန့်ပစ်သည့်အချိန်တွင် လိုရာဆန္ဒကိုတောင်းဆိုပြီးစွန့်ပါ။


အဂါၤသားသမီးများ


မိမိမွေးနေ့တစ်ရက်သက်သက်လွတ်စားပါ။ ပြီးလျှင်ကြာသပတေးနေ့မှာ စိန်ပန်းရွက်တစ်ရွက်ပေါ်၌ နှစ်ယောက်စလုံးနာမည်ရေးပြီး ငွေကျပ်စိတစ်စိတင်ပါ။


ထိုငွေကျပ်စိပေါ်တွင် ဖယောင်းတိုင် အသေးတစ်တိုင်ထွန်းပါ။ ထွန်းသည့်အချိန်တွင်လိုရာဆန္ဒကို (၈) ခေါက်တိတိ နှုတ်ကနေရွတ်ဆိုပါ။


ဖယောင်းတိုင်ကုန်လျင် ထိုပစ္စည်းများအားလုံးကိုသာသနာမြေတစ်နေရာရာ၌သွား၍စွန့်ပစ်ပါ။


ဗုဒ္ဓဟူးသားသမီးများ


မိမိမွေးနေ့တစ်ရက်သက်သက်လွတ်စားပါ။ ပြီးလျင်စနေနေ့၌ သြဇာရွက် တစ်ရွက်ပေါ်၌ သူ့နာမည်ကိုရေးပြီး


ယပ်တောင်တစ်ချပ်ဖြင့်အုပ်လျှက်ကိုယ့်အိပ်ယာဘေးမှာတစ်ညထားအိပ်ပါ။နောက်နေ့မနက်စောစောတွင်ထိုအရွက်ကိုယပ်တောင်ဖြင့်(၁၇) ခါပုတ်ပါ။


ပြီးလျင်ထိုယပ်တောင်အားစနေဂြိလ်ဘုရားထောင့်မှာသွား၍ ထားပြီးလိုရာဆန္ဒတောင်းဆိုပါ။


ကြာသပတေးသားသမီးများ


မိမိမွေးနေ့တစ်ရက်သက်သက်လွတ်စားပါ။ ပြီးလျင်အင်္ဂါနေ့၌ တံမျက်စည်းတစ်ချောင်း အိပ်ယာခြေရင်းအောက်မှာ


(မိန်းကလေးအတွက်ဆိုရင် ဘယ်ဘက်) (ယောင်္ကျားလေးအတွက်ဆိုရင်) ညာဘက်တစ်ရက်ထားပြီးအိပ်ပါ။


နောက်နေ့မနက်စောစောဘုရားတစ်ဆူဆူမှာသွားပြီး ဖြစ်ချင်သောဆန္ဒကိုရွတ်၍အရှေ့အရပ်မျက်နှာမူလျက်(၁၉) ခါလှည်းပါ


ပြီးလျင် ထိုတံမျက်စည်းအား ထိုဘုရား၌လှူထားခဲ့ပါ။ ထားပီးရင်ပြန်လှည့်မကြည့်ပါနဲ့။တခါတည်းလှည့်ပြန်ပါ။


သောကြာသားသမီးများ


စနေနေ့၌ တဘက် အစိမ်းရောင်တစ်ထည်မှာ သူ့နာမည်ရေးပြီး အိပ်ယာခေါင်းအုံးအပေါ်မှာထားအိပ်ပါ။


မနက်အိပ်ယာနိုးတာနဲ့ မျက်နှာသစ်သည့်အချိန် ထို တဘက် နှင့်မျက်နှာသုတ်ပါ။ ဒီလိုပုံစံမျိုး (၂၁)ရက်တိတိလုပ်ပေးပါ။


မျက်နှာသုတ်သည့်အချိန်တိုင်းသူနှင့်အဆင်ပြေရန်နုတ်မှရွတ်ဆိုရန်။


စနေသားသမီးများ


ဗုဒ္ဓဟူးနေ့မှာ မြေစာပင် (၁၀) ခက်ကိုဂွမ်းနဲနဲရယ်၊ အပ်ချည်ကြိုး အဝါရောင်နှင့်(၁၀)ပါတ်ပတ်ပြီးအိပ်ယာဘေးမှာထားအိပ်ပါ။


ပြီးလျှင်နောက်နေ့နံနက် ညာဘက်လက်နှင့်ထိုမြေစာအားကိုင်၍ ဘယ်ဘက်လက်ကို ၁၀ ချက်ရိုက်ပါ။


တစ်ချက်ရိုက်တိုင်းဖြစ်ချင်သောဆန္ဒကိုတစ်ခါစီပြောပါ။


ထိုသို့လုပ်ပြီးလျှင် မြေစာစည်းအားမိမိနေသောအရပ်၏မြောက်ဘက်အရပ်တွင်စွန့်ပစ်ပါ။စွန့်ပစ်သည့်အချိန်မိမိလိုရာကိုဆုတောင်းလိုက်ပါ။


ဆရာတိုးတက်အောင်


(Unicode)


အချစ်ရေး၊အိမ်ထောင်ရေးကံအလွန်ညံ့နေသူများအတွက်အထူးယတြာမိတ်ဆွေများအတွက်တင်ပေးလိုက်ပါတယ်။


အရင်ကတည်းကချစ်လာတဲ့သူတွေ အကြောင်းအမျိုးမျိုးကြောင့် လက်မထပ်ရသေးလို့ဖြစ်ဖြစ်၊ များမကြာသေးခင်ကမှချစ်ကြပြီး၊


လက်မထပ်ရသေးသူများ၊ ၊အချစ်ရေး၊အိမ်ထောင်ရေးမှာဒုက္ခ၊သောကအမျိုးမျိုးကြုံနေသူများ၊


အိမ်ထောင်ကျပြီး မိမိအိမ်ထောင်ဖက်မှ ဖောက်လွဲဖောက်ပြန်ဖြစ်လို့ပြသနာကြုံနေရသူများ၊ ချစ်ရသူနှင့်အဆက်အသွယ်ပြတ်နေသူများ၊


လက်မထပ်ခင်စပ်ကြားမှာ ကြားခံအဖျက်အမျိုးမျိုး ဝင်နေလို့ကြန့်ကြာနှောင့်နှေးနေသူများအတွက်


နေ့နံအလိုက် လုပ်ရန် ယတြာများကို ဆရာကိုယ်တိုင်တွက်ချက်တင်ပေးလိုက်ပါတယ်။


မိတ်ဆွေတို့အတွက် တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုရင် အခြားသူတွေပါ အကျိုးရရှိစေဖို့ မျှဝေပေးဖို့မမေ့ပါနဲ့ခင်ဗျာ။


လုပ်ရမည့်အထူးယတြာကတော့-


တနင်္ဂနွေသားသမီးများ


သောကြာနေ့မှာမိမိအင်္ကျီ အနက်ရောင်တစ်ထည်ပေါ်၌ သူ့နာမည် ရေးပါ။အဲဒီအင်္ကျီထဲမှာ နာရီအသေးတစ်လုံးထည့်ပါ။


ပြီးလျင်အပ်ချည်ကြိုးအနက်ရောင်ဖြင့်သူ့နာမည်ပြောပြီး (၈) ပါတ် ပတ်လိုက်ပါ။ ထိုအင်္ကျီကိုမိမိအိပ်သောအိပ်ယာဘေးမှာထားအိပ်ပါ။


နောက်နေ့မနက်စောစောမှာ အနောက်အရပ်ရှိရေထဲသို့စွန့်ပစ်ပါ။ စွန့်ပစ်သည့်အချိန်တွင်လိုရာဆန္ဒကိုပြောပါ။


တနင်္လာသားသမီးများ


မိမိမွေးနေ့တစ်ရက်သက်သက်လွတ်စားပေးပါ။ ပြီးလျင် ဗုဒ္ဓဟူးနေ့မှာသူ့ဓာတ်ပုံ သူအဝတ်စာ(သို့မဟုတ်)သူပေးထားသော


လက်ဆောင်ပစ္စည်း တစ်မျိုးအပေါ်၌ သူ့နာမည်ရေးပြီး စတီးဖလား(ရေခပ်သည့်ဖလားအကြီး)တစ်ခုနှင့်အုပ်ထားပြီး


မိမိအိပ်ယာဘေးတွင် ဦးခေါင်းရှေ့ (၁၅)ရက်ထားအိပ်ပါ။ (၁၅)ရက်ပြည့်ပြီးနောက်နေ့မနက်စောစော၌


ထိုပစ္စည်း နှင့်ဖလားအား အရှေ့အရပ်ရှိရေတွင်စွန့်ပစ်ပါ။ စွန့်ပစ်သည့်အချိန်တွင် လိုရာဆန္ဒကိုတောင်းဆိုပြီးစွန့်ပါ။


အဂါၤသားသမီးများ


မိမိမွေးနေ့တစ်ရက်သက်သက်လွတ်စားပါ။ ပြီးလျှင်ကြာသပတေးနေ့မှာ စိန်ပန်းရွက်တစ်ရွက်ပေါ်၌ နှစ်ယောက်စလုံးနာမည်ရေးပြီး ငွေကျပ်စိတစ်စိတင်ပါ။


ထိုငွေကျပ်စိပေါ်တွင် ဖယောင်းတိုင် အသေးတစ်တိုင်ထွန်းပါ။ ထွန်းသည့်အချိန်တွင်လိုရာဆန္ဒကို (၈) ခေါက်တိတိ နှုတ်ကနေရွတ်ဆိုပါ။


ဖယောင်းတိုင်ကုန်လျင် ထိုပစ္စည်းများအားလုံးကိုသာသနာမြေတစ်နေရာရာ၌သွား၍စွန့်ပစ်ပါ။


ဗုဒ္ဓဟူးသားသမီးများ


မိမိမွေးနေ့တစ်ရက်သက်သက်လွတ်စားပါ။ ပြီးလျင်စနေနေ့၌ သြဇာရွက် တစ်ရွက်ပေါ်၌ သူ့နာမည်ကိုရေးပြီး


ယပ်တောင်တစ်ချပ်ဖြင့်အုပ်လျှက်ကိုယ့်အိပ်ယာဘေးမှာတစ်ညထားအိပ်ပါ။နောက်နေ့မနက်စောစောတွင်ထိုအရွက်ကိုယပ်တောင်ဖြင့်(၁၇) ခါပုတ်ပါ။


ပြီးလျင်ထိုယပ်တောင်အားစနေဂြိလ်ဘုရားထောင့်မှာသွား၍ ထားပြီးလိုရာဆန္ဒတောင်းဆိုပါ။


ကြာသပတေးသားသမီးများ


မိမိမွေးနေ့တစ်ရက်သက်သက်လွတ်စားပါ။ ပြီးလျင်အင်္ဂါနေ့၌ တံမျက်စည်းတစ်ချောင်း အိပ်ယာခြေရင်းအောက်မှာ


(မိန်းကလေးအတွက်ဆိုရင် ဘယ်ဘက်) (ယောင်္ကျားလေးအတွက်ဆိုရင်) ညာဘက်တစ်ရက်ထားပြီးအိပ်ပါ။


နောက်နေ့မနက်စောစောဘုရားတစ်ဆူဆူမှာသွားပြီး ဖြစ်ချင်သောဆန္ဒကိုရွတ်၍အရှေ့အရပ်မျက်နှာမူလျက်(၁၉) ခါလှည်းပါ


ပြီးလျင် ထိုတံမျက်စည်းအား ထိုဘုရား၌လှူထားခဲ့ပါ။ ထားပီးရင်ပြန်လှည့်မကြည့်ပါနဲ့။တခါတည်းလှည့်ပြန်ပါ။


သောကြာသားသမီးများ


စနေနေ့၌ တဘက် အစိမ်းရောင်တစ်ထည်မှာ သူ့နာမည်ရေးပြီး အိပ်ယာခေါင်းအုံးအပေါ်မှာထားအိပ်ပါ။


မနက်အိပ်ယာနိုးတာနဲ့ မျက်နှာသစ်သည့်အချိန် ထို တဘက် နှင့်မျက်နှာသုတ်ပါ။ ဒီလိုပုံစံမျိုး (၂၁)ရက်တိတိလုပ်ပေးပါ။


မျက်နှာသုတ်သည့်အချိန်တိုင်းသူနှင့်အဆင်ပြေရန်နုတ်မှရွတ်ဆိုရန်။


စနေသားသမီးများ


ဗုဒ္ဓဟူးနေ့မှာ မြေစာပင် (၁၀) ခက်ကိုဂွမ်းနဲနဲရယ်၊ အပ်ချည်ကြိုး အဝါရောင်နှင့်(၁၀)ပါတ်ပတ်ပြီးအိပ်ယာဘေးမှာထားအိပ်ပါ။


ပြီးလျှင်နောက်နေ့နံနက် ညာဘက်လက်နှင့်ထိုမြေစာအားကိုင်၍ ဘယ်ဘက်လက်ကို ၁၀ ချက်ရိုက်ပါ။


တစ်ချက်ရိုက်တိုင်းဖြစ်ချင်သောဆန္ဒကိုတစ်ခါစီပြောပါ။


ထိုသို့လုပ်ပြီးလျှင် မြေစာစည်းအားမိမိနေသောအရပ်၏မြောက်ဘက်အရပ်တွင်စွန့်ပစ်ပါ။စွန့်ပစ်သည့်အချိန်မိမိလိုရာကိုဆုတောင်းလိုက်ပါ။


ဆရာတိုးတက်အောင်


Myanmar Wedding Guide



#သားသမီး
#ထို
#နောက်နေ့
#နှာ
#ယပ်တောင်

Some text some message..