နိုဝင်ဘာလ ၆ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-11-06



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း နိုဝင်ဘာလ ၆ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ စီးပွားရေး တိုးတက်နေမယ့်အချိန်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့သင့်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ အိမ်ထောင်ဖက်ရဲ့ အကူအညီနဲ့ လုပ်ငန်းတွေတိုးတက်မှာဖြစ်ပြီး မိဘ ဆွေမျိုးတွေဆီကနေလည်း ငွေကြေးအကူအညီရလာတတ်ပါတယ်။ အိမ်သားထဲမှာ စနေ၊ ကြာသပတေး သားသမီးတွေရှိနေရင် သူတို့ရဲ့ အကူအညီအဓိက ရမှာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လက်ငယ်သားရဲ့ အကူအညီပေးမှုနဲ့ ရာထူးတိုး လစာတိုး တတ်ပါတယ်။ ရွှေဆိုင်လုပ်ငန်း၊ ရေသန့်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အနုပညာလုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။ ချစ်သူရှိပြီးသူများ အနေဖြင့် တတိယလူပေါ်လာတတ်ပါတယ်။ ပညာရေးအနေနဲ့ စာမေးပွဲကို ခက်ခက်ခဲခဲ ဖြေဆိုရတတ်ပြီး အချစ်ရေးကြောင့် ပညာရေးမှာ ထိခိုက်တတ်ချိန်ဖြစ်လို့ သတိပြုပါ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေး အထူးသတိပြုပါ။ ကျန်းမာရေးအနေနဲ့ နှလုံးအားနည်းတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အသက်ကြီးမြင့်သူတစ်ဦးအား ငွေကြေးတတ်နိုင်သလောက် လှူဒါန်းပေးပါ။

တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ အခက်အခဲတစ်ချို့ ကြုံနေရမယ့် အချိန်ပါပဲ။ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့ အရေးကြီးသလို အလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့် ဆက်ဆံရေးအောင်မြင်နိုင်ပါတယ်။ ခရီးသွားရကိန်းလည်း ရှိပြီး ကောင်းသော ခရီးသွားလာခြင်း ဖြစ်လာပါလိမ့်မယ်။ ပဲမျိုးစုံ၊ ဆေးဝါး၊ အိမ်ခြံမြေလုပ်ကိုင်သူတွေလည်း အကျိုးများမယ့် နေ့ရက်ပါပဲ။ အိမ်အသုံးအဆောင် ပရိဘောဂ၊ အဖိုးတန်ပစ္စည်းများ ဝင်ကိန်းရှိပြီး အိမ်ရှိ မော်တော်ကား၊ ယာဉ် စက် ပျက်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် လက်အောက်ငယ်သား အကူအညီရရှိတတ်ပြီး အကြံအစည်သစ်တွေကိုလည်း အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ ဘဏ်လုပ်ငန်း၊ ငွေစုငွေချေးနှင့် အစုရှယ်ယာလုပ်ငန်းများ ကောင်းမွန်နေပါတယ်။ အချစ်ရေးကံကောင်းနေပြီး အိမ်ထောင်သည်တွေအနေနဲ့သားသမီးရတနာ ထွန်းကားတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အဆစ်အမြစ်ယောင်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင်ကြံရည်လှူဒါန်းပေးပါ။

အင်္ဂါ - အင်္ဂါသားသမီးတွေအတွက် ကံကကောင်းတော့မလိုနဲ့ ဆိုးနေတတ်ပြီး ထိခိုက်ဒဏ်ရာရရှိတတ်လို့ သတိပြုသင့်ပါတယ်။ ဘေးအိမ်မှာ နာရေးရှိရင် ထီထိုးပေးပါ၊ ရပ်ဝေးကနေ ဧည့်သည်ရောက်လာတတ်သလို ကိုယ်တိုင်လည်း ခရီးဝေးထွက်ရတတ်ပါတယ်။ နိုင်ငံခြား ခရီးသွားရကိန်းလည်း ရှိနေပြီး ခရီးအတွင်း ကျန်းမာရေး ညံ့တတ်လို့ သတိပြုပါ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ကိုယ်ပိုင်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်ရှိ ကြီးကဲသူရဲ့ ကျန်းမာရေးညံ့နေပြီး ဆေးရုံဆေးခန်းရောက်ကိန်းရှိပါတယ်။ အမျိုးထဲက နာရေးရှိလာတတ်ပြီး အိမ်မှာ အပူသည်ရှိနေတတ်ပါတယ်။ ပညာရေးအနေနဲ့ လုပ်ငန်းခွင်အတွက်လိုအပ်တဲ့ တဆင့်မြင့်သင်တန်းများ တက်ရောက်ရကိန်းရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်းရကိန်းရှိပြီး အိမ်ထောင်သည်တွေအနေနဲ့ စကားများရာကနေ ကွဲကွာတဲ့အထိ ဖြစ်တတ်ပါတယ်။ အချစ်ရေးမှာတော့ ကြားစကားကြောင့် အချင်းချင်း အထင်အမြင်လွဲမှားတတ်ပါတယ်။ အိမ်အနီးအနားမှာ မီးလန့်တတ်ပြီး ဖြစ်ခဲ့ရင် ထီထိုးပေးပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အသိမိတ်ဆွေတစ်ဦးအား စနိုးတာဝါ လက်ဆောင်ပေးလိုက်ပါ။

ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ကံအနည်းငယ်ပြန်ကောင်းလာပြီလို့ ဆိုနိုင်ပြီး စပ်တူလုပ်ငန်းတွေကနေလည်း ငွေပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ငွေစုငွေချေးလုပ်ငန်း စုမဲလုပ်ငန်းများကိုတော့ ရှောင်ကြဉ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ သူတစ်ပါးအတွက် ကြားခံ ငွေချေးပေးခြင်းကနေလည်း ဆုံးရှုံးကိန်းရှိလို့ သတိပြုသင့်ပါတယ်။ ငွေကြေးကံကောင်းနေပြီး ငွေကတော့ ဝင်သလောက် ပြန်ထွက်နေမှာပါ။ ငွေစုတာထက် ရွှေလုပ်ထားသင့်တဲ့ အချိန်ပါပဲ။ ဖိနပ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဆေးဆိုင်လုပ်ငန်းရှင်များလည်း အရောင်းအဝယ်ကောင်းနေမှာ ဖြစ်ပါတယ်။ အမွေကိစ္စ စကားများရကိန်းရှိပြီး လက်လီလုပ်ငန်းလုပ်ကိုင်သူများ အကျိုးများမယ့် နေ့ရက်ပါပဲ။ အချစ်ရေးမှာ ချစ်သူရှိပြီးသူများ ချစ်သူနဲ့ ခွဲခွာနေရတတ်ပြီး အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ ပညာရေးအတွက် တစ်ဆင့်မြင့်သင်တန်းတွေ တက်ရောက်ရကိန်း ရှိနေပြီး ကျန်းမာရေးအနေနဲ့ သွေးတိုးတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုန်းကြီးတစ်ပါးအား ယပ် ကပ်လှူပေးပါ။

ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာ စီးပွားရေးလုပ်ငန်းတိုးချဲ့မှုများ အောင်မြင်နေပြီး အိမ်ခြံမြေလုပ်ငန်းရှင်များကတော့ အခက်အခဲ အနည်းငယ်ကြုံရနိုင်ပါတယ်။ စားသောက်ကုန်လုပ်ငန်း၊ ရေသန့် အချိုရည်လုပ်ငန်းများ ဝင်ငွေကောင်းနေပါလိမ့်မယ်။ ဆောက်လုပ်ရေးသုံး ပစ္စည်းရောင်းဝယ်သူတွေအနေနဲ့ လူလိမ်ခံရတတ်ပြီး ငွေစုငွေချေး စာချုပ်စာတမ်းကိစ္စတွေမှာ ဝင်မပါတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အိမ်အနီးအနားမှာ မုဆိုးမ၊ တစ်ခုလပ်ရှိနေတတ်ပြီး မိသားစု ဆွေမျိုးတွေအတွက် ထောက်ပံ့နေရချိန်ဖြစ်ပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက နေရာပြောင်းရွှေ့ရကိန်း ရာထူးတက်ကိန်းရှိနေပါတယ်။ အိမ်ထောင်သည်ဖြစ်ပါက သားသမီးအတွက် အိမ်ထောင်ဖက်နဲ့ စကားများရကိန်းရှိပြီး ချစ်သူမရှိသေးသူများ ချစ်သူရလာနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခွဲစိတ်ကုသရခြင်းမျိုး ရှိတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင်လက်ဖက်အသားကပ်လှူပေးပါ။

ကြာသပတေး - ဒီနေ့မှာ အိမ်သားတွေနဲ့ စကားများရတတ်ပါတယ်။ အိမ်အနီးအနားမှာ ကိုယ်ဝန်သည်သော်လည်းကောင်း၊ ဆေးရုံတက်လူနာသော်လည်းကောင်းရှိပါက လက်ဆောင်ပေး သတင်းသွားမေးလိုက်ပါ။ ဝန်ထမ်းများအနေနဲ့ အလုပ်မှာ ငွေကြေးကိစ္စ အနည်းငယ် စိတ်ညစ်ရကိန်းရှိပြီး ငွေကြေးနဲ့ ပတ်သက်ပြီး ကြားခံကိုင်တွယ်ပေးရသူများဖြစ်ပါက ပြဿနာကြီးကြီး ရှင်းရတတ်ပါတယ်။ အိမ်တွင်းမိသားစုထဲမှာ ကျန်းမာရေးကိစ္စ ငွေကုန်ကျေးကျများတတ်ပြီး ဝင်ငွေနဲ့ ထွက်ငွေမမျှ ဖြစ်နေတတ်တဲ့ အချိန်ပါပဲ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ မိသားစုဆီကနေ ထောက်ပံ့မှုတွေ ရရှိလာပါလိမ့်မယ်။ ချစ်သူမရှိသေးသူတွေအနေနဲ့ ချစ်သူရလာတတ်ပြီး ချစ်သူကြောင့် မိဘနဲ့ စကားများရတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားမှာ ပညာသင်သွားရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်ယောင်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားစင်အား သန့်ရှင်းရေးပြုလုပ်ပြီး လိုရာဆုတောင်းပါ။

သောကြာ - လုပ်ငန်းစီးပွားတိုးချဲ့ဖို့အချိန်အခါကောင်းဖြစ်ပြီး အနုပညာလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်းလုပ်ကိုင်သူများလည်း အကျိုးများမယ့် နေ့ရက်ပါပဲ။ မိသားစုနဲ့လုပ်ငန်းခွင်အတွင်း သူတစ်ပါးအတွက် ကြားခံပြောဆိုပေးခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အကူအညီပေးခြင်းမျိုး ရှောင်ကြဉ်ရပါမယ်။ လူမျိုးခြားနဲ့လုပ်ကိုင်သော ကိစ္စရပ်များ အကျိုးများနိုင်ပြီး အိမ်ခန်း၊ဆိုင်ခန်းသစ်လည်း ဝင်လာတတ်ပါတယ်။ စနေသားသမီးများနှင့် ပတ်သက်သောခရီးသွားရခြင်း၊ ပြည်တွင်းပြည်ပ စပ်တူ ရှယ်ယာလုပ်ငန်းရပ်များ အကောင်အထည် ပေါ်လာကိန်းရှိပါတယ်။ အိမ်ထောင်ပရိဘောဂလုပ်ငန်း၊ သွပ်သံလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး စတိုးဆိုင်၊ အလှကုန်ဆိုင်ပိုင်ရှင်များ အနည်းငယ် ညံ့နေပါတယ်။ ပညာရေး၊ အချစ်ရေး အစစအဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက် မကြာခဏဖြစ်လေ့ရှိနေပါလိမ့်မယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင်သရက်သီးကပ်လှူ ဆုတောင်းပါ။

စနေ - ဒီနေ့မှာ ငွေကြေးပိုင်းအနေနဲ့ကတော့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီး အချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်မျိုးကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်လို့ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ အသင့်ပြင်ထားသင့်ပါတယ်။ အလုပ်ကနေ ငွေတွေဆက်တိုက် ဝင်နေပါလိမ့်မယ်။ ဒီနေ့မှာ စနေ၊ အင်္ဂါ သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုမျိုး သတိပြုရပါမယ်။ ယာဉ်နဲ့ စက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ ကားအရောင်းအဝယ်သမားတွေ အဆင်ပြေနေမယ့် ကာလပါပဲ။ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်းရှိနေပါတယ်။ ဆန်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ သတိပြုသင့်ပါတယ်။ အချစ်ရေးမှာ ကြားလူနှောက်ယှက်တတ်ပြီး အိမ်ထောင်သည်တွေကတော့ အဆင်ပြေနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဆီးချိုရောဂါ ဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - သူရဿတီမယ်တော်အား နွားနို့ဆက်ကပ်ပြီး လိုရာဆုတောင်းပါ။

LEO

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ကိန်း
#သားသမီး
#ယတြာ
#လုပ်ငန်း
#မာရေး

Some text some message..