လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း နိုဝင်ဘာလ ၂၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ခရီးသွားရကိန်းရှိပြီးလူမျိုးခြားနဲ့ ပတ်သက်ပြီး ကောင်းကျိုးရရှိနိုင်ပါတယ်။ သင်တန်းတက်ဖို့ စီစဉ်ထားတာရှိရင် အဆင်ပြေတိုးတက်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးလည်း သွားရကိန်းရှိပြီး ဒီခရီးကနေ ပိုမိုတိုးတက်တဲ့လုပ်ငန်းခွင်နဲ့ ဘဝကို ရရှိလာဖို့ တက်လမ်းပါပဲ။ လုပ်ငန်းစပ်တူလုပ်ကိုင်မှုတွေကနေ အကျိုးအမြတ်ရရှိလာပါလိမ့်မယ်။ အိမ်နေရာထိုင်ခင်း အသစ်ဝင်ကိန်းရှိပြီး အိမ်ကိုသောကြာသားသမီးတစ်ဦး ရောက်လာရင် ထီထိုးပေးပါ။ ဝန်ထမ်းဖြစ်ပါက အလုပ်မှာ အစစအဆင်ပြေမယ့်အချိန်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်တွေကတော့ ဝန်ထမ်းရေးရာနဲ့ ပတ်သက်ပြီး အခက်ကြုံရနိုင်ပါတယ်။ ရေသန့်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အနုပညာလုပ်ငန်းလုပ်ကိုင်သူတွေကတော့ အနည်းငယ် ခက်ခဲပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ သူတပါးရဲ့ ချစ်သူနဲ့ စွပ်စွဲခံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်မှာလာနေတဲ့ အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ဖက်က ဖောက်ပြန်တတ်လို့ သတိပြုပါ။ ကျန်းမာရေးပိုင်းမှာတော့ လိပ်ခေါင်းရောဂါ ဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိဘုရားတွင် အုန်းနို့ခေါက်ဆွဲ ကပ်လှူပေးပါ။
တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကပါ မကောင်းကြံစိတ်မွေးနိုင်တဲ့ ကာလဖြစ်လို့ ဘယ်သူ့ကိုမဆိုယုံကြည်မှုလွန်ကဲပြီး ကိုယ်ရေးကိုယ်တာကိစ္စ တိုင်ပင်တာမျိုးတွေကို သတိထားသင့်ပါတယ်။ မိတ်ဆွေရင်း၊ မိသားစုသားချင်းထဲက ကိုယ့်ရဲ့အားနည်းချက်အပေါ် အခွင့်ကောင်းယူ မကောင်းကြံတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လက်ငယ်သားဒုက္ခပေးတတ်ပါတယ်။ နိုင်ငံရပ်ခြား ပညာတော်သင်သွားရကိန်းရှိပြီး စာမေးပွဲဖြေဆိုမှုတွေမှာ လည်း အဆင်ပြေပြေအောင်မြင်နိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးမှာသားသမီးကြောင့် ဂုဏ်တက်တတ်ပြီး အိမ်ထောင်ဖက် ဝင်ငွေကောင်းနေပါလိမ့်မယ်။ စက်ကိရိယာ ရောင်းဝယ်ခြင်းလုပ်ငန်း၊ ကားအပိုပစ္စည်းရောင်းဝယ်ခြင်း၊ ယာဉ်၊ ဆန်စက်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး စပ်တူလုပ်ငန်း လုပ်ကိုင်ခြင်းကိုလည်း သတိပြုသင့်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူတွေ ချစ်သူရလာနိုင်ပြီး ပညာရေးအတွက် နိုင်ငံရပ်ခြား သွားရောက်ရကိန်းလည်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နှလုံးသွေးကြောပိတ်ရောဂါ သတိပြုသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကန်စွန်းရွက်ကြော် ကပ်လှူပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ရပ်ဝေးကနေ သတင်းစကားကောင်း ကြားရကိန်းလည်းရှိနေပါတယ်။ ခရီးသွားဖို့ရှိနေရင်လည်း ချက်ချင်းအကောင်အထည်ဖော်သင့်တဲ့နေ့ရက်ပါပဲ။ ကာလရှည်ကြာနစ်မြုပ်နေတဲ့ ငွေကြေးတွေ ပြန်လည်ရရှိလာမှာဖြစ်ပြီးဆုံးပြီထင်တဲ့ အကြွေးတွေလည်း ပြန်ပေးလာပါလိမ့်မယ်။ ဝန်ထမ်းများအနေနဲ့ နေရာပြောင်းရကိန်းရှိပါတယ်။ အရေးကြီးလုပ်ငန်းကိစ္စတွေကိုလည်း ဒီနေ့မှာစတင်နိုင်ပြီး အဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူ ပေါ်ပေါက်လာနိုင်ပါတယ်။ ကွန်ပျူတာ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်မှာ စက်ပစ္စည်းသစ် ဝင်လာတတ်ပါတယ်။ ဒီနေ့မှာ အိမ်ကို ကိုယ်ဝန်ဆောင်သည် ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကားပါလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ ရာထူးတိုးကိန်းရှိပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း လုပ်ငန်းတိုးချဲ့ရကိန်းရှိနေပါတယ်။ အိမ်တွင်းရေးမှာ ငွေကြေးကြောင့် စကားများရကိန်းရှိပြီး ပျိုရွယ်သူတွေကတော့ ချစ်သူနဲ့ အထင်အမြင်လွဲမှားရတတ်ပါတယ်။ ပညာရေးမှာ ထူးချွန်ပေါက်မြောက်မယ့် အချိန်ဖြစ်ပြီး ကျန်းမာရေးအနေနဲ့ အနာသေးသေးလေးကနေ ခွဲရစိတ်ရတဲ့အထိ ဖြစ်တတ်လို့ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင်ဆန်းကစ်သီးကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအတွက် လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ် ။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်းဖြစ်ပြီးလုပ်ငန်းခွင်မှာအနည်းငယ် စိတ်အနှောက်အယှက်ဖြစ်စရာ ကြုံနိုင်ပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီး အတွေးအမြင်သစ်များကနေထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။ အချစ်ရေး၊ ပညာရေးကောင်းမွန်နေပြီး ပုံမှန်ထက်ငွေဝင်ခြင်း အဆင်ပြေခြင်းများ ကြုံတွေ့ရမယ့် နေ့ရက်တစ်ရက်ပါပဲ။ ကလေးနဲ့ ပတ်သက်တဲ့ ပစ္စည်းရောင်းဝယ်တာမျိုး၊ အထည်အလိပ် ဆေးဝါး အရောင်းအဝယ်ပြုလုပ်တာမျိုးတွေအတွက် ကောင်းမွန်နေပြီး စားသောက်ကုန်လုပ်ငန်းရှင်များ အမြတ်နည်းနေတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်အတွင်း မိမိရဲ့ လုပ်ဆောင်မှုအတွက် နာမည်ကောင်းရမယ့် အချိန်ပါ။ အချစ်ရေးမှာ ချစ်သူခင်သူ ဝိုင်းဝိုင်းလည်နေမယ့်အချိန်ဖြစ်ပြီး အရွေးမှားတတ်လို့ သတိပြုပါ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းအောင်မြင်ပြီး ငွေဝင်နေပါလိမ့်မယ်။ နိုင်ငံရပ်ခြားခရီးသွားရောက်ရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့ အစာအိမ်ကင်ဆာ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။
ယတြာ - ဘုရားတွင်လက်ဖက်ရည်ကပ်လှူဆုတောင်းပါ။
ရာဟု - ရာဟုသားသမီးတွေကတော့ ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်ပြီး အချစ်ရေးကံလည်း ကောင်းနေပါတယ်။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး အလုပ်ရှိပြီးသူတွေအနေနဲ့ အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ငွေလိမ်ခံရနိုင်ခြေရှိလို့ ဒီရက်အတောအတွင်း ငွေပေးငွေယူ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတိပြုရမှာပါ။ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်အရာရှိ အလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ ဒီနေ့မှာ ကြာသပတေး၊ တနင်္လာသားသမီးတွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက အလှပြင်လုပ်ငန်း၊ ဒီဇိုင်နာလုပ်ငန်းများ ကောင်းမွန်နေပြီး အချစ်ရေး၊ အိမ်ထောင်ရေးလည်း သာယာကောင်းမွန်နေပါတယ်။ ပညာရေးပိုင်းနဲ့ပတ်သက်လို့ ဆွေမျိုးထဲက ကူညီပေးပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ မျက်စိခွဲရတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း ပြုလုပ်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ရဲယိုသီးကပ်လှူပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။ သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး နေရာလုပ်ငန်းပေါင်းစုံကနေ ထီပေါက်သလို ငွေဝင်ကိန်းရှိနေပါတယ်။ အိမ်အနီးအနားမှာ ဘုရားထီးတင်အလှူရှိတယ်ဆိုရင် ထီထိုးပေးပါ။ ထီး၊ဖိနပ်လုပ်ငန်း လုပ်ကိုင်သူများ အထူးကောင်းမွန်နေပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်မှာ မပျော်ပဲ ရှိနေတတ်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး မကြာခင်မှာ လက်ရှိထက်ပိုပြီး လစာကောင်းတဲ့ အလုပ်မျိုး လုပ်လာရတတ်ပါတယ်။ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းရောင်းဝယ်သူများ မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်များ အထူးကောင်းမွန်နေပါတယ်။ ဆုံးရှုံးပြီးသားငွေတွေလည်း ပြန်ဝင်လာမှာဖြစ်ပြီး အိမ်နေရာထိုင်ခင်း အသစ်ပြောင်းလဲရကိန်းရှိနေပါတယ်။ ဝင်ငွေကောင်းနေပေမယ့် လက်ထဲမမြဲတဲ့ အချိန်ဖြစ်လို့ ငွေဝင်လာရင် ရွှေလုပ်ထားသင့်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး ချစ်သူကြောင့် မျက်နှာပွင့်ပါလိမ့်မယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ရေးသုခအပြည့်အဝ ရရှိမယ့် အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ အညောင်းမိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ဖရဲသီးဖျော်ရည် ကပ်လှူပေးပါ။
သောကြာ - ကိုယ်ပိုင်စီးပွားရေးသမားများပိုမိုအောင်မြင်နိုင်ပြီးအချစ်ရေးကံလည်းကောင်းနေပါတယ်။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီးအလုပ်ရှိပြီးသူတွေအနေနဲ့ အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ငွေလိမ်ခံရနိုင်ခြေရှိလို့ ဒီရက်အတောအတွင်းငွေပေးငွေယူကိစ္စတွေနဲ့ ပတ်သက်ပြီးသတိပြုရမှာပါ။ မဲစုခြင်းငွေစုခြင်းကနေလည်း ငွေကြေးဆုံးရှုံးကိန်းရှိပြီး အမှုအခင်း စကားများရကိန်းရှိနေပါတယ်။ အိမ်နေရာထိုင်ခင်း အပြောင်းအလဲအတွက် မကောင်းသေးလို့ ဒီရက်မှာမူလနေရာမှာနေတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အိမ်အနီးအနားမှာ မီးလန့်ရင် ၅အစ ၅အဆုံး ထီထိုးပေးပါ။ အဖျော်ယမကာလုပ်ငန်းရှင်များ၊ စားသောက်ကုန် လုပ်ငန်းရှင်များ အကျိုးအမြတ်များမယ့် ကာလဖြစ်ပြီး အချစ်ရေးမှာ ချစ်သူမရှိသေးသူများချစ်သူရလာတတ်ပြီး ရလာတဲ့ချစ်သူက လူတိုင်းအားကျရသူဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်နဲ့ စိတ်ချမ်းသာပျော်ရွှင်နေရမယ့် အချိန်ပါ။ ကျန်းမာရေးအနေနဲ့ ခါးမျက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သံဗူးဖျော်ရည်ကပ်လှူပေးပါ။
စနေ - ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေ အကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ အချစ်ရေးပိုင်းမှာ စန်းပွင့်နေတဲ့ ကာလဖြစ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ကတော့ အိမ်ထောင်ရေး အရှုတ်အရှင်းဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။ အလှူကြီးပေးရကိန်းရှိပြီး ငွေဝင်လာရင် ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူပေးသင့်ပါတယ်။ မိသားစုထဲမှာ တနင်္လာသားသမီးရှိနေခဲ့ရင် ကျန်းမာရေး ဂရုစိုက်ပေးလိုက်ပါ။ ဆန်လုပ်ငန်း၊ ဆီစက်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့လို့ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်ရှင်ရဲ့ ယုံကြည်ကိုးစားမှု ရရှိမှာဖြစ်ပြီး လခလည်းတိုးနိုင်ခြေရှိနေပါတယ်။ ရေထွက်ကုန်ပစ္စည်းလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူများ အကျိုးများမယ့် အချိန်ဖြစ်ပြီး စိန် နဲ့ အဖိုးတန်ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူတွေကတော့ လုပ်ငန်းအနည်းငယ်အေးနေပြီး လူလိမ်ခံရကိန်းလည်းရှိလို့ သတိပြုပါ။ အိမ်တွင်းရေး အဆင်ပြေနေပြီးအိမ်ထောင်သည်တွေအနေနဲ့ စီးပွားအဆင်ပြေတာကြောင့် မိသားစုနဲ့ မိဘ၊ မောင်နှမတွေကို ထောက်ပံ့ကူညီနိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ကောက်တတ်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။ ကျန်းမာရေးအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ဒူးရင်းသီး ကပ်လှူပေးပါ။
LEO