ဒီဇင်ဘာလ ၂ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-12-02



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ဒီဇင်ဘာလ ၂ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ လုပ်ငန်းအပြောင်းအလဲရှိနေပြီး လက်ရှိအလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တာမျိုးတွေ ကြုံတွေ့ရတတ်တဲ့အချိန်ပါပဲ၊ ငွေကြေးပိုင်း စကားပြောဆို၊ လက်မှတ်ရေးထိုးမှုတွေအတွက် သတိပြုသင့်ပြီး အထက်အရာရှိ ဒါမှမဟုတ် လုပ်ငန်း စပ်တူလုပ်တဲ့သူတွေရဲ့ အထင်အမြင်လွဲခြင်းကိုလည်း ခံရတတ်တဲ့ နေ့ရက်ပါပဲ။ နိုင်ငံခြားပညာတော်သင်လည်း သွားရတတ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးတစ်ခုကနေ လုပ်ငန်း နဲ့ပတ်သက်တဲ့ အကျိုးအမြတ်တွေရရှိလာပါလိမ့်မယ်။ အလုပ်ရှင်ရဲ့ မျက်နှာသာပေးမှု ခံရတတ်ပြီး လစာလည်း တိုးတတ်ပါတယ်။ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်သူများ ကံကောင်းမယ့် နေ့ရက်ပါပဲ။ ဝေးကွာနေသော မိတ်ဆွေများနဲ့ ပြန်လည်ဆုံတွေ့ရတတ်ပြီး လုပ်ငန်း တိုးချဲ့မှုအတွက် အဆိုပါ မိတ်ဆွေရဲ့ အကူအညီရရှိတတ်ပါတယ်။ အိမ်ခန်းဝယ်ဖို့ စိတ်ကူးထားသူများ ဒီအချိန်မှာဝယ်ရင် အဆင်မပြေဖြစ်ရပါလိမ့်မယ်။ ကျောက်မျက်ရတနာနဲ့ ရွှေ၊ ငွေဝင်ကိန်းရှိပြီး ဝင်လာလျှင် အိမ်ထောင်ဦးစီး ကျန်းမာရေးညံ့တတ်လို့ ဘုန်းကြီးကျောင်းမှာ ဆန်အိတ်လှူပေးပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အရဟံဂုဏ်တော်ကို ပုတီးသက်စေ့စိပ်ပေးပါ။

တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေး အမြတ်အစွန်း ရရှိလာပါလိမ့်မယ်။ အရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်း ဒီနေ့မှာ စတင်နိုင်ပြီး အဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။ အိမ်ကို ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများ အထူးအောင်မြင်မည်။ ဆရာဝန်၊ အဆိုတော်များ အကျိုးများမယ့် အချိန်ဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများ၊ စာပေနှင့် စာနယ်ဇင်း ပညာရှင်များလည်း နာမည်ကျော်ကြားမယ့် အချိန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ တင်ဒါအောင်မြင်ပြီး စီးပွားတိုးတက်နိုင်သကဲ့သို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းနယ်ပယ်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းသစ်ကိုလည်း လုပ်ကိုင်ရတတ်ပါတယ်။ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ ဒါပေမယ့် အတွင်းလူ ၊ လူယုံ ဒုက္ခပေးတတ်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ အချစ်ရေးလည်း သာယာနေပြီး ပညာရေးလည်း ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင်ကျွဲကောသီး ကပ်လှူပေးပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ ဒီနေ့မှာ ဘာအလုပ်ပဲ ဖြစ်ဖြစ် ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တာတွေကနေ အကျိုးထူးရရှိစေနိုင်ပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများ အောင်မြင်နေပြီး ဆရာဝန်၊ အဆိုတော်များ အကျိုးများမယ့် အချိန်ဖြစ်ပါတယ်။ နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်ရသူများ အဆင်ပြေနေပြီး မိတ်ဆွေကောင်းများရဲ့ အကူအညီတွေလည်း ရရှိပါလိမ့်မယ်။ နိုင်ငံရပ်ခြား သွားလာရကိန်းလည်း ရှိပြီး အစုရှယ်ယာဝင်ခြင်း၊ အလုပ်သစ်ပြောင်းလဲလုပ်ကိုင်ခြင်းများလည်း အကျိုးများမယ့် အချိန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ တင်ဒါအောင်မြင်ပြီး စီးပွားတိုးတက်နိုင်သကဲ့သို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းနယ်ပယ်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းသစ်ကိုလည်း လုပ်ကိုင်ရတတ်ပါတယ်။ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ စိတ်ကောက်ရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ကြောင့် စိတ်ချမ်းမြေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ပုံမှန်ပဲရှိနေပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင် စပျစ်သီး ကပ်လှူဆုတောင်းပေးပါ။

ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကို အနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာန အပြောင်းအလဲ ကြုံ၇ကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ အချစ်ရေးသာယာနေပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ မိဘတွေနဲ့ အထင်မြင်လွဲ စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်ယောင်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် လိုင်ချီးသီး ကပ်လှူပေးပါ။

ရာဟု - ရာဟုသားသမီးတွေအနေနဲ့ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီး အတွေးအမြင်သစ်များကနေ ထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။ ပုံမှန်ထက်ငွေဝင်ခြင်း အဆင်ပြေခြင်းများ ကြုံတွေ့ရမယ့် နေ့ရက်တစ်ရက်ပါပဲ။ ဒါပေမယ့် ယုံကြည်ရသူတစ်ဦးရဲ့ နောက်ကျောဓါးထိုးခံရကိန်းရှိပြီး ငွေကြေးပိုင်းဆိုင်ရာ အလိမ်ခံရကိန်း ရှိနေပါတယ်။ ဝန်ထမ်းများအနေနဲ့ အလုပ်ရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်မှာဖြစ်ပြီး ကား၊ အိမ်အရောင်းအဝယ်လုပ်ငန်းများလည်း အကောင်အထည် ပေါ်လာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ အခက်အခဲကြုံပြီးမှ အောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်အတွင်း သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ အကူအညီရရှိလာပါလိမ့်မယ်။ အချစ်ရေးကံကောင်းနေပြီး ချစ်သူမရှိသေးသူတွေရော ချစ်သူရှိပြီးသူတွေပါ ချစ်သူဝိုင်းဝိုင်းလည်နေ တတ်ပါတယ်။ အိမ်ထောင်သည်တွေလည်း အိမ်ထောင်ရေး သာယာနေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါ ဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတွာ - ဘုရားရသေပ်ပာယျပေးပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ နိုင်ငံခြားခရီးသွားရကိန်းရှိပြီး အိမ်ခြံမြေကိစ္စ အမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူ လက်လွန်တာတွေအတွက် အမှုအခင်းဖြစ်ကိန်းရှိလို့ ဘယ်လို ငွေအပေးအအယူမျိုးကိုမှ လုပ်ဆောင်ဖို့ မသင့်တဲ့ ကာလပါပဲ။ လုပ်ငန်းကနေ ငွေဝင်နေပေမယ့် လောင်းကစားကြောင့် ငွေဆုံးရှုံးတာမျိုး ဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။ အိမ်ထောင်ပရိဘောဂနဲ့ အိမ်ရာအသစ်ဝင်ကိန်းရှိပြီး ဆွေမျိုးများနှင့် အမွေကိစ္စ စကားများရတတ်ပါတယ်။ ဝင်ငွေထက် ထွက်ငွေများနေမယ့် ကာလလည်းဖြစ်ပါတယ်။ ဒီနေ့မှာ စားသောက်ကုန်လုပ်ငန်း ၊ အထည်အလိပ်လုပ်ငန်းရှင်တွေ အထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်း အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ သောကြာသားသမီးတွေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့် အောင်မြင်နိုင်ပါတယ်။ ပညာရေး ၊ ကျန်းမာရေးကောင်းမွန်နေပြီး အချစ်ရေးလည်း ပုံမှန်ရှိနေပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ပဲပေါင်မုန့် ကပ်လှူပေးပါ။

သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းများမှာလည်း ဝင်ရောက်ကူညီရတတ်ပြီး ဘာသာရေးနဲ့ အလှူအတန်းများလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။ ဆန်အရောင်းအဝယ် လုပ်ငန်းရှင်များ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားသူများ အထူးကောင်းမွန်နေပြီး အထည်အလိပ်၊ ကျောက်မျက်လုပ်ငန်းရှင်များလည်း စီးပွားတိုးတက်အောင်မြင်နေမှာဖြစ်ပါတယ်။ တနင်္လာသားသမီးများနှင့် လက်တွဲလုပ်ကိုင်သည့် ကိစ္စရပ်များ အောင်မြင်နိုင်ပြီး စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများ အကျိုးပေးပါလိမ့်မယ်။ ဆောက်လုပ်ရေးနဲ့ အိမ်အလှဆင်ပစ္စည်း ရောင်းဝယ်သူများ ကံကောင်းနေပါတယ်။ ငွေကြေးကံကောင်းနေပေမယ့် လုပ်ငန်းတိုးချဲ့မှုတွေမှာတော့ အနည်းငယ်ညံ့နေပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး အိမ်ထောင်သည်များ ရင်သွေးရတနာတိုးပွားတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အူလမ်းကြောင်းရောဂါ သတိပြုရမှာဖြစ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင် သင်္ဘောသီး ကပ်လှူပေးပါ။

စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာ အထူးသတိထား လုပ်ဆောင်သင့်ပါတယ်။ အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ချောက်တွန်းတတ်သူတွေကို သတိပြုသင့်ပါတယ်။ ရပ်ဝေးမှ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ လုပ်ငန်းခွဲတွေ နယ်ဆိုင်ခွဲတွေ တိုးချဲ့လာနိုင်မှာဖြစ်ပြီး သောကြာသားသမီး ဒုက္ခပေးတတ်လို့ သတိပြုရပါမယ်။ စားသောက်ဆိုင်လုပ်ငန်း၊ အလှကုန်လုပ်ငန်း ၊ ရေထွက်ကုန်လုပ်ငန်း လုပ်ကိုင်သူများ အကျိုးများမယ့် အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား လုပ်ကိုင်နေသူတွေအနေနဲ့တော့ လုပ်ငန်းခွင်မှာ အခက်အခဲကြုံရနိုင်ပါတယ်။ လုပ်ငန်းအောင်မြင်လာမှုနဲ့အတူ မနာလိုသူတွေလည်း ပေါများတတ်လို့ သတိပြုသင့်ပါတယ်။ အောက်လက်ငယ်သား ဒုက္ခပေးတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ အခုအတိုင်း ဆက်ရှိနေတာကအဆင်ပြေပြီး ချစ်သူရှိပြီးသူများ ချစ်သူကြောင့် နာမည်ပျက်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးနာတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ထန်းလျက် ကပ်လှူပြီး လိုရာဆုတောင်းပါ။

LEO


#သားသမီး
#လုပ်ငန်း
#ယတြာ
#ကိန်း
#ဒီနေ့

Some text some message..