ဒီဇင်ဘာလ ၁၀ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-12-10



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ လုပ်ငန်းစီးပွားအပြိုင်အဆိုင်တွေ ပေါ်ပေါက်လာနိုင်ပြီး မိမိကပဲ အနိုင်ယူနိုင်ပါလိမ့်မယ်။ မရိုးသားတဲ့နည်းလမ်းတွေနဲ့ ရာထူးဂုဏ်သိမ် ပြိုင်ဆိုင်ခံရတာမျိုးအထိ ကြုံနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့် ဆက်ဆံရေး အောင်မြင်နိုင်ပါတယ်။ ခရီးသွားရကိန်းလည်း ရှိပြီး ကောင်းသော ခရီးသွားလာခြင်း ဖြစ်လာပါလိမ့်မယ်။ စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်ခြံမြေလုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။ ဒီနေ့မှာကြားခံ အာမခံခြင်းမျိုး ရှောင်ကြဉ်သင့်ပြီး စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်းမျိုးလည်း သတိပြုသင့်ပါတယ်။ အချစ်ရေးမှာ မိမိအပေါ်ချစ်ဟန်ဆောင်ပြီး လိမ်ညာသူနဲ့ ကြုံဆုံရကိန်း ရှိနေပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်း အဆင်မပြေမှုကြောင့် မကြာခဏ စကားများ ရန်ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အသည်းရောဂါသတိထားရပါမယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင် အုန်းထမင်း ကပ်လှူပေးပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့်အချိန်ပဲဖြစ်ပါတယ်။ လုပ်ငန်းကနေ ငွေဝင်နေပေမယ့် တစ်ခုခုအကြောင်းရှာပြီး ငွေပြန်ကုန်တတ်လို့ သတိပြုသင့်ပါတယ်။ အိမ်ထောင်ပရိဘောဂနဲ့ အိမ်၊ ခြံမြေအသစ်ဝင်ကိန်းရှိပြီး ဆွေမျိုးများနှင့် အမွေကိစ္စ စကားများရတတ်ပါတယ်။ ဝင်ငွေထက် ထွက်ငွေများနေမယ့် ကာလလည်းဖြစ်ပါတယ်။ ဒီနေ့မှာ ဖိနပ်လုပ်ငန်း၊ ထီးလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်း အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ဆေးဆိုင်၊ ထမင်းဆိုင်၊ စက်ချုပ်ဆိုင်ပိုင်ရှင်တွေကတော့ အလုပ်ပါးနေတတ်တဲ့အချိန်ပါ။ ဒီနေ့မှာ သောကြာသားသမီးတွေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့် အောင်မြင်နိုင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြား ပညာတော်သင်သွားရကိန်း ရှိနေပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အထင်အမြင်လွဲနေရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ သားသမီးအတွက် စိတ်ပူပန်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အလာဂျီဖြစ်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ကံ့ကော်ပန်းကပ်လှူဆုတောင်းပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။ လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်။ မိမိအပေါ် အနှောက်အယှက်ပေးသူအားလုံးကို အနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာန အပြောင်းအလဲ ကြုံရကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ စိတ်ကူးထားသမျှ တလွဲတွေဖြစ်နေတတ်ပြီး အိမ်အပြောင်းအရွှေ့လည်း ရှိနေပါတယ်။ အိမ်ခြံမြေနေရာ သစ်ဝင်ကိန်းရှိပြီး အမွေကိစ္စ စကားများရတတ်ပါတယ်။ မိသားစုထဲမှာ နာမကျန်းဖြစ်နေသူ ရှိတတ်ပြီး ငွေဝင်လာရင် အလှူအတန်းပြုလုပ်ပေးပါ။ စပ်တူရှယ်ယာလုပ်ငန်းများ တိုးတက်နေမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့ရကိန်းလည်း ရှိပါတယ်။ အိမ်အနီးအနားမှာ အလှူရှိပါက ၂အစ ၅အဆုံး ထီထိုးပေးပါ။ အချစ်ရေးမှာ ချစ်သူနဲ့ စိတ်ကောက်နေတတ်ပြီး အိမ်ထောင်သည်တွေကတော့ ဘေးလူကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ တုတ်ကွေးရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင်စတော်ဘယ်ရီသီးကပ်လှူပေးပါ။

ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ဝန်ထမ်းများ ကိုယ့်လက်အောက်ကသူတွေရဲ့ သစ္စာဖောက်မှု ခံရနိုင်တာကြောင့် သတိပြုဖို့လိုပြီး အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပါတယ်။ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာ အထူးသတိထားလုပ်ဆောင်သင့်ပြီး အမျိုးသမီး တစ်ဦးရဲ့ ငွေကြေး အကူအညီရရှိလာပါလိမ့်မယ်။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။ အလုပ်ရှိပြီးသူတွေအနေနဲ့လည်း အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အိမ်အနီးအနားမှာ အလှူကြီးပေးသူရှိတတ်ပြီး တတ်နိုင်သမျှ ပါဝင်ပေးလိုက်ပါ။ အလုပ်နေရာ ပြောင်းရွှေ့ခံရကိန်းရှိပြီး ငွေကြေးကြောင့် နာမည်ပျက်လည်း ရှိတတ်လို့ သတိပြုသင့်ပါတယ်။ အလှပြင်လုပ်ငန်း၊ ဒီဇိုင်နာလုပ်ငန်းများကောင်းမွန်နေပြီး အိမ်ထောင်ပရိဘောဂလုပ်ငန်း၊ အိမ်အလှပြုပြင်ရေး လုပ်ငန်းရှင်များ အလုပ်ပါးနေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူဝိုင်းဝိုင်းလည်နေတတ်ပြီး အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ လည်ချောင်းနာတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။

ယတြာ - ရွက်လှပန်းကို ဘုရားကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။

ရာဟု - ရာဟုသားသမီးတွေကတော့ ပညာရေး၊ ကျန်းမာရေးအကုန် စိတ်ချမ်းသာရမယ့် နေ့ရက်ဖြစ်ပြီး စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်း အဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါပဲ။ စီးပွားရေးလုပ်ငန်းတိုးချဲ့မှုများ အောင်မြင်နေပြီး စားသောက်ကုန်လုပ်ငန်း၊ ရေသန့် အချိုရည်လုပ်ငန်းများ ဝင်ငွေကောင်းနေပါလိမ့်မယ်။ ဆောက်လုပ်ရေးသုံး ပစ္စည်းရောင်းဝယ်သူတွေအနေနဲ့ လူလိမ်ခံရတတ်ပြီး ငွေစုငွေချေး စာချုပ်စာတမ်းကိစ္စတွေမှာ ဝင်မပါတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အိမ်အနီးအနားမှာ မုဆိုးမ၊ တစ်ခုလပ်ရှိနေတတ်ပြီး ရှိနေလျှင် သတိထားရှောင်ကြဉ်ပါ။ မိသားစုမှာ အကြီးဆုံးဖြစ်ပါက မိဘဆွေမျိုးတွေအတွက် ထောက်ပံ့နေရချိန် ဖြစ်ပြီး မိမိရှေ့ရေးအတွက် ရှေ့မဆက်နိုင်ပဲ ဘဝတိုးတက်မှု ရပ်တန့်နေတတ်ပါတယ်။ ဒီရက်ပိုင်းမှာ ချစ်သူမရှိသေးသူများချစ်သူရလာနိုင်ပြီး ချစ်သူရှိပြီးသူများ မင်္ဂလာကိစ္စ ဆောင်ရွက်ရတတ်ပါတယ်။ ဒါပေမယ့် မင်္ဂလာပွဲအတွက် ငွေကြေးအကြပ်အတည်း ဖြစ်တတ်ပါတယ်။ ပညာရေးကတော့ ပုံမှန်ပဲ ရှိနေပြီး ကျန်းမာရေးအနည်းငယ်ညံ့နေလို့ ဆေးရုံ၊ ဆေးခန်း ရောက်ကိန်းရှိနေပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ယပ်အဝါရောင် လှူဒါန်းပြီး လိုရာဆုတောင်းပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ နိုင်ငံခြားခရီးသွားရကိန်းရှိပြီး အိမ်ခြံမြေကိစ္စ အမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။ တစ်ခုရှိတာက ဒီနေ့မှာ ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက သူတစ်ပါးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်လို့ သတိပြုသင့်တာဖြစ်ပါတယ်။ အလုပ်ကနေ ငွေတွေဆက်တိုက် ဝင်နေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့တော့ လုပ်ငန်းတိုးချဲ့သင့်တဲ့အချိန်ပါပဲ။ ဒီနေ့မှာ စနေ၊ အင်္ဂါ သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုမျိုး သတိပြုရပါမယ်။ ယာဉ်နဲ့ စက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ ကားအရောင်းအဝယ်သမားတွေ အဆင်ပြေနေမယ့် ကာလပါပဲ။ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်းရှိနေပါတယ်။ ဆန်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ သတိပြုသင့်ပါတယ်။ ပညာရေး၊ အချစ်ရေး အဆင်ပြေအောင်မြင်မှာဖြစ်ပြီး အိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသော အပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ သွေးပေါင်ကျတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ပလာတာ ကပ်လှူပေးပါ။

သောကြာ - အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ချောက်တွန်းတတ်သူတွေကိုတော့ သတိပြုသင့်ပါတယ်။ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီး အတွေးအမြင်သစ်များကနေ ထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။ ဒါပေမယ့် ငွေဝင်များနေသလို ငွေထွက်မယ့် ကိစ္စတွေလည်း ဆက်တိုက်ကြုံရနိုင်လို့ သတိပြုသင့်ပါတယ်။ လုပ်ငန်းစီးပွားတိုးချဲ့ဖို့ အချိန်အခါကောင်းဖြစ်ပြီး အနုပညာလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်းလုပ်ကိုင်သူများ အကျိုးများမယ့် နေ့ရက်ပါပဲ။ ပြည်တွင်းပြည်ပ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေးနဲ့ ကျောက်မျက်လုပ်ငန်းရှင်များလည်း အောင်မြင်နိုင်ပါတယ်။ စနေသားသမီးများနှင့် ပတ်သက်သောခရီးသွားရခြင်း၊ ပြည်တွင်းပြည်ပ စပ်တူ ရှယ်ယာလုပ်ငန်းရပ်များ အကောင်အထည် ပေါ်လာကိန်းရှိပါတယ်။ အချစ်ရေးမှာ သောကြာသားသမီးနဲ့ ဖူးစာဆုံရတတ်ပါတယ်။ အိမ်ထောင်ရေးမှာ ဘာမဟုတ်တဲ့ကိစ္စနဲ့ တကျက်ကျက်ဖြစ်နေတတ်ပြီး ကျန်းမာရေးအနေနဲ့ လေရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။

ယတြာ - သစ်ခွပန်းကို အိမ်ရှိဘုရားမှာ ကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။

စနေ - ဒီနေ့မှာ လုပ်ငန်းအပြောင်းအလဲရှိနေပြီး အရာရာ အဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ ပညာရေး၊ ကျန်းမာရေးအစ အိမ်ထောင်ရေးထိ စိတ်ချမ်းသာရမယ့် နေ့ရက်ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်း အဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါ။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူတွေရဲ့ ကူညီမှုနဲ့ အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဒီနေ့မှာ စားသောက်ကုန်လုပ်ငန်း ၊ အထည်အလိပ် လုပ်ငန်းရှင်တွေ အထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်း အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ သောကြာသားသမီးတွေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့် အောင်မြင်နိုင်ပါတယ်။ ပညာရေး ၊ ကျန်းမာရေးကောင်းမွန်နေပြီး အချစ်ရေးလည်း ပုံမှန်ရှိနေပါတယ်။ကျန်းမာရေးအနေနဲ့ မျက်စိရောဂါသတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ထောပတ်ထမင်း ကပ်လှူပေးပါ။

LEO


#လုပ်ငန်း
#သားသမီး
#ကိန်း
#ယတြာ
#ဒီနေ့

Some text some message..