ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့် လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ( ၁၅-၁၂-၂၀၁၉ ) မှ ( ၂၁-၁၂-၂၀၁၉) အထိ ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီးများ
ကျောက်မျက်ရတနာ၊ ရေနံ၊ ဓါတ်သတ္တု ၊ ရွေ၊ သဘာဝဓါတ်ငွေ့များစတင်ခြင်း၊ လုပ်ငန်းသစ်စတင်ခြင်း၊ အနုပညာလုပ်ငန်းစတင်ခြင်း၊ ဆိုင်သစ်ဖွင့်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း ကောင်း၏။ အကျိူ းထူးမည်။ စပ်တူ စီးပွားမလုပ်ပါနှင့်။ ငွေကြေးအပေးအယူသတိရှိသင့်တဲ့ အချိန်ကာလပါပဲ။ ပညာရေးမှာ ပညာရပ်အသစ်အသစ်တွေ ဆက်လက်ဆည်းပူးရမဲ့အချိန် ကာလပါပဲ။ အလုပ်ရှာနေသူများ ကြန့်ကြာနေတတ်သည်။ လက်ရှိအလုပ်ပေါ်စိတ်ကုန် စိတ်ပျက်မိနေတတ်သည်။ ငွေကြေး၊ စီးပွားရေးဝိသမလောဘနဲ့လုပ်မိပါက အရမ်းဆုံးရှုံးနစ်နာရလိမ့်မယ်။ အစိုးရနဲ့ ဥပဒေနဲ့ ငြိစွန်းတာမျိုးလုပ်နေသူဖြစ်ပါက ဒုက္ခတွေ့မယ့်အချိန်ဖြစ်လို့ အထူးဂရုစိုက်သင့်ပါတယ်။ လူငယ်များချစ်သူအပေါ် စိတ်ကုန်စိတ်ပျက် နေမိတတ်တယ်။ အိမ်ထောင်ရှင်မများထံ သတင်းကောင်းနှင့် ပြည်ပ မိသာစုများထံမှာ ငွေကြေးအမြောက်များ ပိုလိမ့်မည်။ ကျန်းမာရေး အညံမရှိပါ။ သို့သော် တခြားသူထံမှ အဖျားကူးတာမျိုး အထူးသတိထား ဂရုပြုပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှာ အုန်းယိုလှူပြီးသွားပါ။
အကျိုးပေးဂဏန်း - {၅,၄,ဝ}
အကျိုးပေးအရောင် - လိမ္မော်ရောင်
ဆောင်ရန် - လက်ကိုင်ပုဝါ လိမ္မော်ရောင်
ယတြာ - အိမ်ဘုရားတွင် *ကံပွင့်ဂါထာ*ရွတ်ပွားပြီး ဆီထမင်းဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
တနင်္လာသားသမီးမြား
အိမ်ပြင်၊ အိမ်ဆောက်၊ အိမ်တက်၊ အိမ်ပြောင်းပြုလုပ်ရတတ်။ ကုမ္ပဏီလုပ်ငန်း၊ အစုရှယ်ယာဝင် ယာဉ်စက်ပစ္စည်း ရောင်းဝယ်လုပ်ငန်းအကျိုးဖြစ်၍ မိမိရည်ရွယ်ထားသော အလှူ မင်္ဂလာ စလွယ်တင်၊ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထပ်ကိစ္စများ အကြောင်းတစ်ခုခုကြောင့် လွဲချော်ရတတ်ပါတယ်။ အချစ်ရေးကြောင့် အိမ်မှာမပျော်ဘဲ လမ်းမှာသာပျော်နေတတ်သည်။
ပညာရေးကောင်းမွန်ပြီး ကြားစကားတွေကြောင့် ချစ်သူရဲ့ နားလည်မှုလွဲနေခြင်းကို ဖြေရှင်းရလိမ့်မည်။ အိမ်ထောင်ရေးသာယာမည်။ ကျန်းမာရေးကတော့ အထူးဂရုစိုက်စေချင်သည်။ အစားအသောက်ဆင်ခြင်ပါ။ ဝမ်းပျက်ဝမ်းလျော ဖြစ်တတ်သည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှာ ကြံ(၁)ချောင်းလှူပြီးမှ သွားပါ။
အကျိုးပေးဂဏန်း - {၃,၂,၄}
အကျိုးပေးအရောင် - အပြာရောင်
ဆောင်ရန် - ကြံတစ်ဆစ်
ယတြာ - အိမ်ဘုရားတွင် *မေတ္တာသုတ်*ရွတ်ပွားပြီး ခရမ်းသီးသုပ် ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
အင်္ဂါသားသမီးများ
ရှင်ပြု နားသ၊ အနေကဇာတင်ခြင်း၊ ကလေးမွေးနေ့ ၊ နာမည်မှည့်ကင်ပွန်းတပ်မင်္ဂလာများ ပြုလုပ်ရမည်။ ခရီးဝေးသွားခြင်း ရှောင်ရှားသင့်တဲ့ကာလပါ။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီလဲရပါလိမ့်မယ်။ နွား၊ နာရီအရောင်းအဝယ် နှင့် သီးနှံ၊ ကုန်စိမ်း၊ ကုန်ချောက် ရောင်းဝယ်ဖောက်ကား အကျိုးအမြတ်ရှိကြမည်။ အနောက်တောင် အရပ်လာဘ် အကျိုးပေး၊ အရှေ့မြောက်အရပ် ရှောင်ပါ။ အနောက် အရပ် စန်းပွင့်၏။ အယူအဆမတူ အတွေးအခေါ်မတူသူတွေကြား မိမိကစေ့စပ်ညှိုနှိုင်းပေးလိုက်ခြင်းဖြင့်အောင်မြင်ပါလိမ့်မယ်။ ပညာရေး ကြိုးစားဖို့လိုပြီး အချစ်ရေးမှာတော့ ချစ်သူနှစ်ဦး ကြား သဘောထားကွဲ၊ အထင်မြင်မှားများ နားလည်မှုရခြင်းနှင့် မိတ်ဆွေတစ်ဦးအကူညီကြောင့် အချစ်ရေး အဆင်ပြေလာမည်။ အိမ်ထောင်ရေး အနည်းငယ်ညံ့၍ ကျန်းမာရေး အထူးကောင်းမွန်မည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှာ ဂန္ဓမာပန်း(၈)ညွန့်လှူပြီး သွားပါ။
အကျိုးပေးဂဏန်း - {၈,၃,၁}
အကျိုးပေးအရောင် - အကွက်ပြောက်ရောင်
ဆောင်ရန် - ဓာတ်ခဲ
ယတြာ - အိမ်ဘုရားတွင် *တရားဂုဏ်တော် ၆ပါး*ရွတ်ပွားပြီး ပဲထမင်းဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီးများ
အလုပ်ကောင်းပေမဲ့ အလုပ်တာဝန်တွေပိပြီး စိတ်ပန်းလူပန်းဖြစ်ရတတ်ပါတယ်။
အပျော်ခရီးသွားရာတွင် မိမိဖုန်းကို ဂရုစိုက်ပါ ။ မေ့ကျန်ရာမှ ပြန်မရဘဲဆုံးတဲ့အထိ ဖြစ်တတ်လို့ပါပဲ။ လောင်းကစားလုံးဝမလုပ်သင့်ပါ။ အသိသက်သေနေရာက အာမခံ လက်မှတ်ထိုး ခြင်းမျိုးရှောင်ပါ။ စက်သုံးဆီရောင်းဝယ်ခြင်း၊ အစုရှယ်ယာလုပ်ငန်းများ၊ အမျိုးများအတွက် ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊ အလှကုန်ပစ္စည်းများနှင့် ဖန်စီလုပ်ငန်းများ အကျိုးခံစားရမည်။ အချစ်ရေးကံကောင်းနေတဲ့အချိန်ပါ။ ပျော်စရာကောင်းတဲ့ အချိန်တွေကိုဖြတ်သန်းရမယ့် ချစ်ခရီးလမ်းဖြစ်နေပါလိမ့်မယ်။ ပညာရေးကံကောင်းပေမယ့် မိမိက စာမလိုက်နိုင်တာမျိုး ကြုံရတတ်ပါတယ်။ ကျန်းမာရေး အားနည်းယုတ်လျော့နိုင်တဲ့ ကာလဖြစ်သလို ပြင်ပရောဂါတွေလဲ ကူးစက်လွယ်တဲ့အချိန်ပါပဲ။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားမှာ သလဲသီးလှူပြီး သွားပါ။
အကျိုးပေးဂဏန်း - {၄,၉,၅}
အကျိုးပေးအရောင် - ဆင်စွယ်ရောင်
ဆောင်ရန် - လက်ကိုင်ပုဝါ ဆင်စွယ်ရောင်
ယတြာ - အိမ်ဘုရားတွင် *သမ္ဗုဒ္ဓေဂါထာ*ရွတ်ပွားပြိး ထမနဲဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
ကြာသပတေးသားသမီးများ
ငွေကြေးကိစ္စရပ်များချေးငှားခြင်းဆောင်ရွက်ရာတွင်အကျိုးအမြတ်ရရှိမည်။
အကြံဉာဏ်ရှိပြီး စဉ်းစားထားသည်များ ဆောင်ရွက်လိုသည့်ကိစ္စရပ်များ၊ ရှေ့တိုးလုပ်ကိုင်ရင်းတက်လမ်းများ ရရှိနိုင်မည်။ လုပ်ငန်းခွင်တွင်ပြိုင်ဘက်များ၏ အနှောက်အယှက်ကြောင့်စီးပွားရေးထိခိုက်တတ်သည်။ ပြည်ပပညာရပ်လေ့လာနေသူများ လိုရာပန်းတိုင်သို့ ဆွတ်ခူးနိုင်မည်။ နှစ်ဖက်မိဘဆွေမျိုးများ၏ ကျန်းမာရေးကိစ္စရပ်များတွင် ကူညီပံ့ပိုးရခြင်းများကြုံရမည်။ အချစ်ရေးတွင်စန်းပွင့်နေလိမ့်မည်။ အပျော်ခရီးများ သွားလာရတတ်သည်။ အိမ်ထောင်ရှင်များ ပတ်ဝန်းကျင်မှ သွေးထိုးမှုကြောင့် မိသားစုတွင် ပြဿနာဖြစ်တတ်သည်။ ကျန်းမာရေးတွင်အသည်းရောဂါ၊ ဆီးရောဂါ၊ ကျီးပေါင်း၊ လေရောဂါများ ဂရုစိုက်ရမည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားမှာ မေမြို့ပန်း လှူ ပြီးသွားပါ။
အကျိုးပေးဂဏန်း - {၅,၇,၃}
အကျိုးပေးအရောင် - ခရမ်းရောင်
ဆောင်ရန် - ကွမ်းသီး
ယတြာ - အိမ်ဘုရားတွင် *လာဘသိဒ္ဓိဂါထာ*ရွတ်ပွားပြီး ဒံပေါက်ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
သောကြာသားသမီးများ
စိတ်လိုက်မာန်ပါဆောင်ရွက်မူများ တတ်အားသမျှရှောင်ပါ။ အိုးအိမ်နေရာထိုင်ခင်း ကိစ္စစကားများရမည်။ လုပ်ငန်းခွင်မှ မပြောင်းလိုသောအရပ်သို့ပြောင်းရမည်။ ငွေကြေး အတွက်လည်းကောင်း၊ ရပိုင်ခွင့်အတွက်လည်းကောင်း စကားအတိုက်အခံပြောရမည်။
ပညာရေးကောင်း၍ အချစ်ရေးနှင့်ပတ်သက်ပြီး ဘေးပယောဂကြောင့်မိမိချစ်သူ၏ စိတ်ပြောင်း လဲမူနှင့် မိမိအပေါ်သူစိမ်းဆန်စွာ ဆက်ဆံမူအား အသည်းနင့်အောင်ခံစားရမည်။ ညီအစ်ကိုမောင်နှမချင်းစကားများမည်။ မိမိရည်မှန်းချက်အတွက် အပျော်အပါး လိုက်စားခြင်းများအား ရှောင်ကြဉ်ပေးပါ။ ဖုန်းနှင့် အဖိုးတန်ပစ္စည်း ကျပျောက်ခြင်းများ ရှိမည်။ ရေလမ်းခရီးသွားခြင်းရှောင်ကြဉ်ပေးပါ။ အိမ်ထောင်ဖက်ရဲ့ရိုသေလေးစား၊ ချစ်ခင်မှုတွေကိုပိုင်ဆိုင်ရမည်။ ဒါပေမယ့်တစ်ခါတစ်လေစကားများရပါမည်။ မိသာစုရေးရာ ပြသာနာများ ကိုယ့်ခေါင်းပေါ်ကျလာတတ်ပြီး ဝင်ရောက်ဖြေခြင်းပေးရင်းနဲ့ ရုံးရောက် ဂါတ်ရောက်တတ်သည်။ ကျန်းမာရေးနှင့်ပတ်သက်ပြီး ခါးနာခြင်း၊ ဗိုက်အောင့်၊ဗိုက်နာ ဖြစ်တတ်ပါသည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထန်းလျက်လှူပြီးသွားပါ။
အကျိုးပေးဂဏန်း - {၂,၇,ဝ}
အကျိုးပေးအရောင် - အနီရောင်
ဆောင်ရန် - သီးညွန့်
ယတြာ - အိမ်ဘုရားတွင် *ကံမြင့်ဂါထာ*ရွတ်ပွားပြီး ဘိန်းမုန့်ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
စနေသားသမီးများ
အလုပ်အကိုင်အသင့်အတင့် အဆင်ပြေနေပါမည်။ ထူးခြားသောအပြောင်းအလဲများ လုပ်ငန်းခွင်တွင်ပေါ်ပေါက်လာမည်။ ကိုယ်ကကြိုးစားချင်စိတ်ရှိပေမယ့် ကိုယ့်ရဲ့တဇွတ်ထိုး၊ တဇောက်ကန်းစိတ်က ကိုယ့်ကိုအမြဲ ဖျက်စီးနေတတ်ပါတယ်။ သူတပါးနှင့်မတူ ခြားနားသောပုံစံနှင့် လုပ်ကိုင်ခြင်းများမှ ပြသနာပေါ်တတ်သည်။ အိမ်ထောင်ရေး ကံသိပ်မကောင်းပါဘူး။ ကိုယ့်ကိုသူက အမြင်မကြည်လင်သလို့ သူကကိုယ့်ကို အမြင်မကြည်လင်ဖြစ်နေပြီး တယောက်နဲ့တယောက် ထင်သေး၊ အမြင်သေးဖြစ်နေမည်။ အချစ်ရေးနှင့်ပတ်သက်ပြီး ဤကာလအတွင်း ယောက်ကျားသော်၎င်း မိန်းမသော်၎င်း စန်းပွင့်လွန်းသောကြောင့် ချစ်သူက မနာလိုဝန်တိုပြီးပြဿနာလုပ်မည်။ ကျန်းမာရေးနှင့်ပတ်သက်ပြီး အမျိုးသမီးများ အမျိုးသမီးရောဂါ အထူးဂရုစိုက်ပါ။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားမှာ မြေပဲယိုလှူပြီးသွားပါ။
အကျိုးပေးဂဏန်း - {၄,၆,၁}
အကျိုးပေးအရောင် - နို့နှစ်ရောင်
ဆောင်ရန် - မြေပဲ ၇စေ့
ယတြာ - အိမ်ဘုရားတွင် *နမောတေဂါထာ*ရွတ်ပွားပြီး မြေပဲယိုဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
ရာဟုသားသမီးများ
အလုပ်အကိုင်နဲ့ပတ်သက်ပြီး စဉ်းစားရခက်နေတဲ့ အထဲမှ အလုပ်အကြံသစ်များပေါ်ထွက်လာပြီး အောင်မြင်မည်။ မိသားစုကိစ္စ၊ အိုးအိမ်ကိစ္စများပြောဆိုအောင်မြင်မည်။ပစ္စည်းဝယ်ယူခြင်း အလောမကြီးပါနှင့်။ ကိုယ်ရေးကိုယ်တာထက် အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများလုပ်လိုစိတ်များမည်။ ပညာရေးအဖွဲ့အစည်းနှင့် ဆေးပညာလောကသားများ အခက်တွေ့မည် အမှုရင်ဆိုင်ရကိန်း ကြုံမည်။ အချစ်ရေးနှင့်ပတ်သက်ပြီး မေတ္တာသက်ဝင်သလိုနဲ့ အချစ်ကိုလိမ်လည် လှည်ပတ် ရယူပြီး ခွဲခွာသွားသူမျိုး ကြုံရတတ်သည်။ အိမ်ထောင်သည်တွေကတော့
အိမ်ထောင်ရေးသုခအပြည့်အဝခံစားရပါမည်။ အိမ်တွင်ရေးသာယာပါမည်။
ကျန်းမာရေးနှင့် ပတ်သက်ပြီး အကောင်းဘက်တွင်ရှိသော်လည်း မိမိအသွားအလာ အနေအထိုင် အစားအသောက်ကြောင့် အရင်က ရောဂါဟောင်းတွေ တဖြည်းဖြည်းပြန်ပေါ်လာတတ်တာမို့ သတိပြုပါ။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် လမ်ဘေးရေအိုးစင်တွင် ရေဖြည့်ပြီး သွားပါ။
အကျိုးပေးဂဏန်း - {၂,၈,၉}
အကျိုးပေးအရောင် - အညိုရောင်
ဆောင်ရန် - ဒန်းညွန့်
ယတြာ - အိမ်ဘုရားတွင် နှင်းဆီ ၁၀ ပွင့်လှူပြီး မေတ္တာသုတ် ရွတ်ဖတ်ပေးပါ။