၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၂၂-၁၂-၂၀၁၉ ) မှ ( ၂၈-၁၂-၂၀၁၉) အထိ
lotaya.mpt.com.mm
|
2019-12-22



ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့် လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ( ၂၂-၁၂-၂၀၁၉ ) မှ ( ၂၈-၁၂-၂၀၁၉) အထိ ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများ

ကံကြမ္မာ အနည်းငယ်ညံ့နေချိန်ပါပဲ။ အလုပ်ထဲမှာအထက်လူကြီးနဲ့အဆင်ပြေအောင်နေပါ။

အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်ကကိုယ့်ကိုချစ်မြတ်နိုးလို့အနိုင်ကျင့်တာခံရပါမည်။ ချစ်သူက ဥပက္ခာ ပြုထားခြင်းခံရမည်။ အချစ်ရေးမှာစိတ်ညစ်ရမည်။ အိမ်ထောင်သည်များ ကလေး ပျက်ကျတာမျိုး ကြုံတွေ့ရတတ်သည်။ အရာရာကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ မသင့်သေးတဲ့ကာလပါပဲ။ သည်းခံပါ။ မိမိမာနကို ထိပါးစော်ကား စကားမျိုးတွေပြောလာတာမျိုး ကြုံရတတ်ပါတယ်။ စီးပွားသစ်တစ်ခု စတင်မလုပ်ကိုင်ပါနဲ့။ မိမိအတွေးအကြံအတိုင်းသာ ရဲ့ရဲ့လုပ်ကိုင်ပါ။ အယုံမလွယ်ပါနှင့် ဘဝမှာ ယူကြုံးမရ ဖြစ်တတ်သည့်ကာလပါ။ ာ တနင်္လာနံ ငွေလုပ်ငန်း၊ ကျောက်လုပ်ငန်း၊ ခြံလုပ်ငန်း ပြဿနာရင်ဆိုင်ရမယ်။ ပညာရေးမှာ စိုးရိမ်စိတ်ကြောင့် အမှားများတတ်ပါတယ်။ ကျန်းမာရေး အနေဖြင့် အကြောတက် ဒူးနာ၊ ခါးနာဖြစ်တတ်ပါတယ်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှာ သံပုရာသီး၊ သကြားထုပ် တစ်ထုပ် လှူပြီးသွားပါ။

အကျိုးပေးဂဏန်း - {၉,၇,၂}

အကျိုးပေးအရောင် - အကွက်ပြောက်ရောင်

ဆောင်ရန် - သံပုရာသီး

ယတြာ - အိမ်ဘုရားမှာ *ပဌာန်း(၂၄)ပစ္စည်း*ရွတ်ပွားပြီး အုန်းနို့ခေါက်ဆွဲ ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

တနင်္လာသားသမီးမြား

မိသားစုအတွင်း အဆင်ပြေလည်မှုတွေရရှိမယ်။ အရင်လအပတ်တွေတုန်းက ပြောဆို ဆုံးမရခက်တဲ့ သားသမီးတွေ ထူးခြားစွာပြောင်းလဲပြီး စကားနားထောင်လာမယ်။ အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်စဉ်းစားပြီး အလုပ်လုပ်ပါ။ ပညာရေးဆိုင်ရာဆွေနွေးပွဲများ၊ ဟောပြောပွဲများပြုလုပ်ခြင်း အကျိုးထူးခြင်းနှင့် စာပေစာနယ်ဇင်းလုပ်ငန်း၊ အားကစားကွင်းနှင့် အားကစားနှင့် ပတ်သက်သည့် ပစ္စည်းဆိုင်များဖွင့်လှစ်ခြင်း၊ အိမ်ခြံမြေ၊လုပ်ငန်းစတင်ခြင်း ရင်နှီးမြှုပ်နှံခြင်းတို့အတွက် အကျိုးမြတ်ရနိုင်မည့် အချိန်ဖြစ်သည်။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ မိသာစုလိုအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်မယ်။ စေတနာဝေဒနာဖြစ် စော်ကားခံရတတ်တယ်။ ငယ်ရွယ်သူများ အချစ်ရေးတွင် ကြားလူအဖျက်၊အနောက်အယှက်ကြောင့် အချစ်ရေး အဆင်မပြေတာမျိုး ကြုံမည်။ ပညာရေးညံ့ပြီး အိမ်ထောင်ရေးသာယာ၍ ကျန်းမာရေး မိဘအတွက် စိတ်အပူသောက များအံ့။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် နေအိမ်မှ မထွက်မီ အဝင်အထွက် ၃ခါပြုလုပ်ပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - {၄,၃,၁}

အကျိုးပေးအရောင် - ဆင်စွယ်ရောင်

ဆောင်ရန် - နာရီ

ယတြာ - အိမ်ဘုရားမှာ *သုဂတော(၅)ချက်ဂါထာ*ရွတ်ပွားပြီး ရှမ်းခေါက်ဆွဲဆွမ်း ကပ်လှူ လိုရာဆုတောင်းပါ။

အင်္ဂါသားသမီးများ

လုပ်ငန်းနေရာ၊ နေထိုင်မူနေရာ ပြောင်းလဲမည်။ အောင်မြင်မှုအတွက် အခွင့်အရေး (၂)မျိုး(၂)ခွပေါ်ပေါက်မည်။ အတိုက်အခံမည်မျှရှိစေ အောင်မြင်မူရရှိမည်။ မိတ်ဆွေကောင်းတွေရဲ့ အကူအညီအထောက်အပံ့တွေလဲ ရပါလိမ့်မယ်။ သူခိုး မျက်စိအကျခံရသောကာလဖြစ်၍ သူခိုး အခိုးခံရတတ်လို့ သတိပြုပါလေ။ ရပ်ဝေးမှဆွေမျိုးသားချင်းများ ရောက်လာတက်၏။ ငယ်ရွယ်သူများ အချစ်ရေးတွင်ချစ်သူ၏ ဆရာလုပ်ခြင်း၊ ဖိနှိပ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရတတ်သည်။ အိမ်ထောင်သည်များ အိမ်ထောင်ဖက်နှင့် စကားများနိုင်သလို လူလွတ်ဆိုပါက အတူနေမောင်နှမတွေစိတ်ဝမ်းကွဲတတ်တယ်။ ကျန်းမာရေး အလွန်ကောင်းနေချိန်ပါပဲ။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် တောင်ဘက်အရပ်က အရွက် ၃ရွက်ခူးပြီး ဆောင်သွားပါ။

အကျိုးပေးဂဏန်း - {၃,၉,၆}

အကျိုးပေးအရောင် - လိမ္မော်ရောင်

ယတြာ - အိမ်ဘုရားမှာ *ကံပွင့်ဂါထာ*ရွတ်ပွားပြီး ဘူးသီးကြော် ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီးများ

ကံကမိမိဘက်မှာရှိနေပါပြီ။ ဆန္ဒနဲ့ ဘဝတစ်ထပ်ထဲကျမဲ့ ကာလအပိုင်းအခြားလေးပါ။ ခရီးဝေးတွေသွားရခြင်းမျိုးကြုံရပါလိမ့်မယ်။ ခရီးသွားခြင်းကလဲ မိမိကို ကံကောင်းစေဖို့တွန်းအားတစ်ခုပေးပါတယ်။ ပျော်စရာအကောင်းဆုံး ကာလလေးတစ်ခုပါ။ အလုပ်အကိုင်တွေအဆင်ပြေလာနိုင်တဲ့အတွက် ငွေကံလဲအထူးကောင်းလာပါလိမ့်မယ်။ အလုပ်ရှာနေသူများ အလုပ်သစ်ရပါပြီ။ နိုင်ငံခြားကိစ္စတွေ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ အထက်လူကြီးရဲ့ ချစ်ခင်အားကိုးခြင်းခံရမည်။ မိတ်ဆွေတွေကြောင့် မိမိအဘက်ဘက်ကအဆင်ပြေလာတယ်လို့ပြောနိုင်တဲ့အချိန်ပါ။ အချစ်ရေးကံကောင်းပေမဲ့ အနေဝေးနေတဲ့အတွက် ဖုန်းနဲ့ပဲ အလွမ်းဖြေရပါလိမ့်မယ်။ ပညာရေးကံ အထူးကောင်းပါပြီ။ ကျန်းမာရေး အနည်းငယ်ညံ့ပါလိမ့်မည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် နောက်ဘက်အရပ်က ကျောက်ခဲတစ်လုံးယူပြီး ဆောင်သွားပါ။

အကျိုးပေးဂဏန်း - {၄,၅,ဝ}

အကျိုးပေးအရောင် - အစိမ်းရောင်

ယတြာ - အိမ်ဘုရားမှာ *မင်္ဂလသုတ်*ရွတ်ပွားပြီး ခေါပုတ်ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

ကြာသပတေးသားသမီးများ

နေရာသစ်၊ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ သူတစ်ပါးကိုအားကိုး၍မရသောအပတ်ဖြစ်သည်။ အရာရာကို ကိုယ်တိုင်လုပ်ပါမှ အဆင်ပြေလာမည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။ စတိုးဆိုင်များဖွင့်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ကျောက်မျက်ရတနာ တူးဖော်ရောင်းဝယ်ခြင်းကောင်းမည်။ ရင်းနှီးသောသူများနှင့်မိမိအကြား အယူအဆသဘောထားမကိုက်မှုများ ကြုံရမည်။ အမွေကိစ္စရပ်များလည်း ရင်ဆိုင်ရတတ်သည်။ သားသမီးများ၊သူငယ်ချင်းများ မိသားစုအတွင်းဒုက္ခပေးတတ်သည်။ အိမ်ထောင်ရှင်များ မိသားစုအတွက်ငွေကြေးကုန်ကျခြင်း၊ စိတ်ရှုပ်ထွေးမှုများ ကြုံတတ်သည်။ ပညာရေးတွင် မိမိရည်မှန်းချက် အောင်မြင်မှုများမည်။ ကျန်းမာရေးဖောက်ပြန်မှုများနှင့်ကြုံ ရတတ်သည်။ လေးဘက်နာ၊ အရိုးအကြော၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်းများလည်း ခံစားရတတ်သည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အရှေအရပ်မျက်နှာမှုကာ ရေတစ်ခွက်စွန့်ပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - {၃,၈,၄}

အကျိုးပေးအရောင် - အကွက်ပြောက်ရောင်

ဆောင်ရန် - သံတစ်ချောင်း

ယတြာ - အိမ်ဘုရားမှ *ဂုဏ်တော်(၆)ပါး*ရွတ်ပွားပြိး ပဲထမင်းဆွမ်းကပ်ပါ။လိုရာဆုတောင်းပါ။

သောကြာသားသမီးများ

ရွှေငွေရတနာပစ္စည်းများ ဝင်မည်။ မိတ်ဆွေတွေနဲ့တိုင်ပင်ပြီးမှလုပ်ရင် ပိုပြီးအကျိုးအမြတ်ဖြစ်ထွန်းပါမည်။ ဝင်ငွေကောင်းပါမယ်။ ကိုယ်ကကြိုးစားရှာပေမယ့် ဝင်ငွေလည်းမမြဲပါဘူး။ အသောက်အစား ရှောင်ကျဉ်ပါ။ အသောက်အစားကြောင့် ဒုက္ခကြုံရမည်။ လုပ်ငန်းခွင်တွင် မျက်နှာသာမရပဲ လက်အောက်ငယ်သားများ၏ ငြိုညင်ခြင်းခံတတ်သည်။ ချစ်ဦးသူတွေ့မည်။ ပျိုရွယ်သူများအဖို့ ချစ်သူနှင့် မိမိအကြား ဘေးစကား သွေးသားအနှောင့် အယှက်ကြောင့် ကွဲကွာရတတ်သည်။ အိမ်ထောင်ရေး စိတ်ချမ်းသာမည်။ ခရီးသွားရင်း လမ်းမှာတွေ့တဲ့ထီဆိုင်မှာ ထိုးပါ။ ပညာရေးကံကောင်းနေမှာပါ။ ကျန်းမာရေး အနေဖြင့် ရင်ဝမ်း ဥပါဒ်ပေးတတ်သည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားမှ ဖန်ခွက်နဲ့ ရေတစ်ခွက် လှူပြီး သွားပါ။

အကျိုးပေးဂဏန်း - {၁,၄,၃}

အကျိုးပေးအရောင် - အဖြူ ရောင်

ဆောင်ရန် - အဖြူရောင်လက်ကိုင်ပုဝါ

ယတြာ - အိမ်ဘုရားမှာ *ဖုဌဿ မန္တာန်သုတ်*ရွတ်ပွားပြိး ရွေထမင်းဆွမ်းကပ်ပါ။ လိုရာဆုတောင်းပါ။

စနေသားသမီးများ

ငွေကုန်ကျများတတ်သည်။ အရာရာသတိနဲ့ဆောင်ရွက်ပါ။ ကိုယ့်က အပေါင်းအသင်းမက်၍ အပေါင်းအသင်းကြောင့် ဒုက္ခရောက်တတ်သည့် ကာလပါ။ ကိုယ့်ဖြစ်ချင်တာကို ဦးစားမပေးပဲ ဖြစ်ပေါ်လာတဲ့ အချိန်အခါကို အသုံးချပြီး အလုပ်ကို အကောင်အထည်ဖော်ပါ။ အလုပ်အကိုင်ဘာအလုပ်လုပ်လုပ် အထူးအောင်မြင်ပါမည်။ ကိုယ်ရဲ့ အားနည်းချက်တွေကိုကူညီမယ့် သူနဲ့တွေ့မည်။ လူငယ်လူရွယ်များအတွက် အချစ်ရေးကိုဦးစားမပေးသင့်ပါ။ တစ်ခါတစ်ရံ မိမိကိုယ်ကိုသော်၎င်း၊ စိတ်အလိုမကျခြင်းလည်းဖြစ်ရတတ်သည်။ အိမ်ထောင်ရှင်များအနေဖြင့် မိသားစုအတွက် ငွေကုန်ကြေးကျများခြင်း စိတ်ရှုပ်ထွေးရခြင်းများ ကြုံရတတ်ပါသည်။ ကျန်းမာရေး အထူးကောင်း၍ ပညာရေးတွင် ဝိရီယစိုက်ထုတ်မှသာ အကျိုးထူးခံစားရကိန်း ရှိနေပါသည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် နေအိမ်မှ မထွက်မီ ခြေဖဝါး(၇)လှမ်းပြီးသွားပါ။

အကျိုးပေးဂဏန်း - {၇,၉,၁}

အကျိုးပေးအရောင် - နက်ပြာရောင်

ဆောင်ရန် - ဇီးယို

ယတြာ - အိမ်ဘုရားမှာ *ဗောဇျ္စင်္ဂသုတ်*ရွတ်ပွားပြီး လက်ဖက်ထမင်း ဆွမ်းကပ်ပါ။ လိုရာဆုတောင်းပါ။

ရာဟုသားသမီးများ

စက်ပစ္စည်းအရောင်းအဝယ်ကိစ္စများ အဆင်ပြေအောင်မြင်မည်။ မိတ်ဆွေများ ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်းများ လုပ်ရကိန်း ရှိပါတယ်။ စိတ်လောပြီး သူတစ်ပါးသူအကူအညီဖြင့် လုပ်ငန်းလုပ်ခြင်းများ ရှောင်ကြဉ်ပေးပါ။ အဂါၤသား၊ သောကြာသားသမီးများမှ ဒုက္ခပေးတတ်သည်။ အချစ်ရေးနှင့် ပတ်သက်ပြီး မခံချင်စိတ်ထားရှိခြင်းကြောင့် နှလုံးသားရေးရာတွင် စိတ်ညစ်ရမည်။ ရည်ရွယ်ချက်များအား အတိုက်အခံကြုံပြီးမှ အောင်မြင်ရမည်။ ပညာရှာဖွေနေသူများသည် အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်ရာပညာရပ်များအား ဦးစားပေးသင်ကြားသင့်ပါသည်။ ဉာဏဆိုင်ရာပညာရပ်များ တီထွင်ဆန်းသစ်သောပညာရပ်များ လေ့လာသင်ယူသင့်သည်။ အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများတွင် ဦးဆောင်မှုများ ပြုလုပ်ပေးရတတ်သည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး အထူးကောင်းပြီး သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီအပြောင်းအလဲတွင် ဖြစ်တတ်သော ရောဂါလေးတွေဖြစ်တတ်ပါသည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် မိဘကို ကန်တော့ပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - {၃,၆,၂}

အကျိုးပေးအရောင် - နံ့သာရောင်

ဆောင်ရန် - သနပ်ခါးတုံး

ယတြာ - မိမိမွေးနေ့ရက် တန်ခိုးကြီးဘုရားတွင်ရွှေသင်္ကန်းကပ်လှူ ခြင်း၊ နှင်းဆီပန်း၊ သနပ်ခါးပန်း၊မေမြို့ပန်းများ လှူဒါန်းခြင်း ပြုလုပ်ပေးပါ။


#လုပ်ငန်းဆောင်တာ
#ယတြာ
#ဂဏန်း
#သားသမီး
#အရောင်

Some text some message..