လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ဒီဇင်ဘာလ ၃၁ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ငွေဝင်များနေသလို ငွေထွက်မယ့် ကိစ္စတွေလည်း ဆက်တိုက်ကြုံရနိုင်လို့ သတိပြုသင့်ပါတယ်။ စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများ သတိထားသင့်ပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်တတ်ပါတယ်။ ဒါပေမယ့် အရမ်းတော့ စိုးရိမ်စရာမရှိပါဘူး။ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီး အတွေးအမြင်သစ်များကနေ ထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။ အဖျော်ယမကာနဲ့ ဆေးဝါး၊ ကျောက်မျက်ရတနာရောင်းဝယ် ဖောက်ကားသူများ ကောင်းမွန်နေမယ့် အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးထွက်ရကိန်းလည်း ရှိပါတယ်။ စနေ၊ အင်္ဂါသားသမီးတွေရဲ့ အကူအညီနဲ့ လုပ်ငန်းတစ်ချို့ အောင်မြင်နိုင်ပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အဆင်မပြေဖြစ်တတ်ပြီး နေရာအပြောင်းအလဲရှိနေပါတယ်။ ရွှေဆိုင်လုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပြီး စားသောက်ကုန်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပါတယ်။ လုပ်ငန်းသဘာဝမတူတဲ့ လုပ်ငန်းတိုးချဲ့မှုနဲ့ ပတ်သက်ပြီး အလျင်မလိုသင့်ပဲ လက်ရှိလုပ်ငန်းကိုပဲ တိုးတက်အောင် ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။ ဘေးစကားများကိုလည်း စဉ်းစားတွေးခေါ်ပြီးမှ ယုံပါ။ အချစ်ရေးတွင် ချစ်သူကလမ်းခွဲသွားတတ်ပါတယ်။ အိမ်ထောင်ရှင်တွေအဖို့ မိမိ၏အိမ်ထောင်ဘက်ကြောင့် စိတ်ပျော်ရွှင်ကြည်နူးစရာလေးတွေ တွေ့ကြုံရမှာပါ။ ကျန်းမာရေးကတော့ နားကိုက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် အီကလဲမုန့်ကပ်လှူပေးပါ။
တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ မိတ်ဆွေများ၏ အကူအညီဖြင့် အရောင်းအဝယ်လုပ်ငန်းများ အစစအရာရာ အဆင်ပြေနေတတ်ပါတယ်။ စီးပွားရေး အကြံအစည်သစ်များလည်း အကောင်အထည်ဖော် ဆောင်ရွက်ရတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးကိစ္စတွေလည်း အောင်မြင်နေတတ်ပါတယ်။ အိုးအိမ်သစ်တွေလည်း ပြောင်းရွှေ့ရတတ်ပါတယ်။ စနေနံဖြစ်တဲ့ ထီး၊ ဖိနပ်တော့ အဝင်မခံပါနဲ့။ အိမ်ရှိ စက်ပစ္စည်းတစ်ခု ချို့ယွင်းပျက်စီးတတ်တယ်။ ပညာရေး၊ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါပဲ။ လူမျိုးခြားနဲ့ ပတ်သက်ပြီးလည်း ကောင်းကျိုး ရရှိနိုင်ပါတယ်။ အိမ်ထောင်ပရိဘောဂပစ္စည်းသစ် ဝင်လာကိန်းရှိပြီး အနာအဆာ ပါလာတတ်ပါတယ်။ အိမ်ရှိ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်များ စွန့်ပစ်လိုက်ပါ၊ အိမ်အနီးအနားမှာ အလှူကြီးပေးနေရင် ၁ အစ ၅ အဆုံး ထီထိုးပေးပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ မိမိကြား အောက်လူဒုက္ခပေး ခလောက်ဆန်တတ်ပါတယ်။ အိမ်ထောင်သည်များအနေဖြင့် အိမ်ထောင်ဖက် စီးပွား တိုးတက်မယ့်အချိန်ပါပဲ။ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးအနေဖြင့် မျက်စိတိမ်ဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကတ်ကြေးကိုက် ကပ်လှူပေးပါ။
အင်္ဂါ - သူတပါးနဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့ အလုပ်တစ်ခု ကျိန်းသေပေါက် လုပ်ဖြစ်ပါလိမ့်မယ်။ စပ်တူလုပ်ခြင်း၊ ပူးပေါင်း လုပ်တဲ့လုပ်ငန်းများ ဖြစ်နေပါလိမ့်မယ်။ ငွေကြေးနှင့်ပတ်သက်၍ ပြောဆိုခြင်းများ အောင်မြင်မည်။ သူတစ်ပါး၏ ဝေဖန်ပြောဆိုမှုကို ပြင်းပြင်းထန်ထန် ခံစားရတတ်သည်။ မိမိကြောင့် မိသားစု စိတ်အနှောင့် အယှက်ဖြစ်ရတတ်သည်။ ဆောင်ရွက်သမျှ ထွန်းထွန်းပေါက်ပေါက်ဖြစ်မည့် အချိန်ဖြစ်၍ အနှောင့်အယှက် ပေါများနေမည်။ ပြည်တွင်းပြည်ပ အပျော်ခရီး ထွက်ရတတ်သည်။ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာ အထူးသတိထားလုပ်ဆောင်သင့်ပါတယ်။ အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ချောက်တွန်းတတ်သူတွေကိုတော့ သတိပြုသင့်ပါတယ်။ မိမိနဲ့ မိသားစုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ ငွေပေးငွေယူလုပ်ငန်းများ၊ စပ်တူရှယ်ယာလုပ်ငန်းများ ဆုံးရှုံးမှုကြုံရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း ပြုလုပ်ဖို့ မသင့်သေးပါဘူး။ ရေလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ပွဲစားများ အခက်တွေ့ရမယ့် အချိန်ပါပဲ။ ပျိုရွယ်သူများ ပတ်ဝန်းကျင်၏ ဘေးစကားကြောင့် မိမိနှင့် ချစ်သူကြား ပဋိပက္ခများဖြစ်နေမည်။ ကျန်းမာရေးမှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာများ ရရှိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အမျိုးထဲမှ သက်ကြီးဝါကြီးတစ်ဦးအား အကျီကန်တော့လိုက်ပါ။
ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ကံတရားကြောင့် ဘဝအနိမ့်အမြင့် သိသိသာသာပြောင်းလဲနိုင်တဲ့ နေ့ရက်ဖြစ်ပြီး မိမိအတွက် အကျိုးပေးသော စက်ပစ္စည်းတစ်ခု ဝင်လာတတ်သည်။ ကတိပျက်သူများနှင့် ထိပ်တိုက်ရင်ဆိုင်၍ စကားအချေအတင် ပြောဆိုရတတ်သလို သူစိမ်း အကျိုးပေးပြီး ဆွေမျိုးသားချင်းများက ဒုက္ခပေးတတ်ပါတယ်။ မပြောပလောက်တဲ့ ပြဿနာနဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း စကားများရတတ်တယ်။ ခရီးထွက်ရန် ကြံထားပါက ထွက်ဖြစ်အောင်ထွက်လိုက်ပါ။ ကောင်းသောခရီးဖြစ်ပါလိမ့်မည်။ လုပ်ငန်းအပြောင်းအလဲရှိနေပြီး အရာရာ အဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါ။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူတွေရဲ့ ကူညီမှုနဲ့ အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ မိဘမောင်နှမများကြောင့် အိမ်ထောင်ဖက်နဲ့ တကျက်ကျက်ရှိနေတတ်ပြီး အိမ်ရှိ အငယ်ဆုံး ညီအစ်ကိုမောင်နှမတစ်ဦးဦး ချစ်သူနောက်လိုက်ပြေးတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူအတွက် စိုးရိမ်ပူပန်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လေနာရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင်မွေးနံထောင့်ရေသပ္ပာယ်ပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီရက်မှာ အလုပ်အသစ်တွေ တိုးချဲ့လုပ်ကိုင်ရတတ်ပါတယ်။ ဒါပေမယ့် ဘာပဲလုပ်လုပ် နှစ်ကြိမ် နှစ်ခါ ပြန်လုပ်ရတတ်ပါတယ်။ နောက်တစ်ကြိမ် လုပ်မှသာ ပိုမို၍အောင်မြင်မှုရမှာပါ။ မိမိအပေါ် အထောက်အကူ ပေးမည့်သူ၊ အာမခံပေးမည့်သူ၊ ကူညီမည့်သူများလည်း ကြုံတွေ့ရတတ်ပါတယ်။ မိတ်ဆွေများ၏ အလှူသတင်း၊ မင်္ဂလာသတင်းတွေလည်း ကြားသိရတတ်ပါသေးတယ်။ အိမ်၊ ခြံမြေအသစ် ရကိန်းရှိပြီး ထီပေါက်သလို ငွေဝင်နေတတ်ပါတယ်။ ဆန်၊ဆီ၊ ဆား ရောင်းဝယ်ရေး လုပ်ကိုင်သူတွေ အကျိုးများမယ့် အချိန်ဖြစ်ပြီး အိမ်ရှိ ကလေးသူငယ်တစ်ဦးဦး ဖျားနာတတ်လို့ သတိပြုရပါမယ်။ ရွှေပျောက်တတ်ပြီး ပျောက်တဲ့နေရာ အနီးအနားကနေပဲ ပြန်တွေ့ပါလိမ့်မယ်။ အင်္ဂါသားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုတွေကနေ အကျိုးအမြတ်များနိုင်ပါတယ်။ ပညာရေး အနေဖြင့် စာကျက်မှတ်မှုများမှာ စိတ်တအားလေနေ၍ ကျက်မှတ်မရတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ပျိုရွယ်သူတွေအဖို့ အချစ်ရေးတွင် ဝေခွဲရခက်နေတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အလာဂျီဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ရွှေထမင်းကပ်လှူပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ ဒီရက်မှာ ဝင်ငွေများနေသော်လည်း ထွက်ငွေကလည်း ဆီလိုအပေါက်ရှာ အကြောင်းအမျိုးမျိုးကြောင့် ကုန်ကျနေတတ်ပါတယ်။ အနုပညာလုပ်ငန်း၊ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ရေထွက်ပစ္စည်းလုပ်ငန်း၊ ရေသန့်လုပ်ငန်းရှင်များအနည်းငယ် ညံ့နေပါတယ်။ ပညာရေးနှင့်ပတ်သက်ပြီး အနေအထားတဆင့်မြင့်ဖို့ သင်တန်းများ တက်ရောက်ခွင့် ရမှာဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အဆင်ပြေပြီး နေရာထိုင်ခင်း ရာထူးအဆင့်မြင့် ရရှိတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ တကျက်ကျက် ရန်ဖြစ်နေမယ့် အချိန်ပါပဲ။ အထည်လုပ်ငန်း၊ ဒီဇိုင်နာလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးတက်အောင်မြင်ပါလိမ့်မယ်။ ဒီရက်ပိုင်းမှာ စနေ ၊ အင်္ဂါသားသမီးတွေနဲ့ ကတောက်ကဆဖြစ်တတ်ပြီး ချစ်သူမရှိသေးသူများအနေနဲ့ အဆိုပါ နေ့နံတွေ ချစ်ရေးဆိုလာရင် ရှောင်ကြဉ်လိုက်ပါ။ အိမ်ထောင်ရှင်တွေအနေနဲ့ကတော့ အိမ်ထောင်ဖက်နှင့်ပတ်သက်၍ စိတ်ဝမ်းကွဲစရာများ ကြုံတွေ့ရတတ်လို့ အရာရာကို မိမိဘက်မှ အလျှော့ပေးလိုက်ပါ။ ကျန်းမာရေးအနေနဲ့ နှာစေးနှာပိတ်ဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင်မုန့်လက်ကောက်ကြော် ကပ်လှူပေးပါ။
သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ သူတပါးနဲ့ ယှဉ်ပြိုင်ဆောင်ရွက်ရသော ဖက်စပ်လုပ်ငန်းများတွင် မိမိ၏ဦးဆောင်မှုကသာ ပိုမိုအသာစီးရရှိမည်။ အရောင်းအဝယ်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ အိမ်၊ ခြံ၊ မြေ၊ ကား စသည်လုပ်ကိုင်သူများ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာပါလိမ့်မယ်။ ပညာရေးအနေဖြင့် ဆရာသမားကောင်းနှင့်တွေ့၍ နက်နဲသောပညာရပ်များကို လေ့လာခွင့်ရှိပါမယ်။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။ အလုပ်ရှိပြီးသူတွေအနေနဲ့လည်း အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ ဒီနေ့မှာ သတိထား ဆက်ဆံသင့်ပါတယ်။ ရွှေငွေကျောက်မျက် အဖိုးတန်ရတနာ တစ်ခုခု ဝင်လာကိန်းရှိပြီး ဝင်လျှင် ကျန်းမာရေးအညံ့ရှိနိုင်ပါတယ်။ အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိရင် တတ်နိုင်သလောက်ထောက်ပံ့ပေးလိုက်ပါ။ အနုပညာလုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်များ အောင်မြင်နေမှာဖြစ်ပြီး အချစ်ရေးမှာ ချစ်သူနဲ့ မင်္ဂလာကိစ္စဆောင်ရွက်ရတတ်ပြီး အိမ်ထောင်ရေး အသင့်တင့်ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိဘုရားတွင် သပြေပင်ပေါက် ကပ်လှူပေးပါ။
စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ ဒီရက်မှာ လူတိုင်းအပေါ် အားနာလွန်းသောစိတ်ထားကိုတော့ ဖယ်ရှားသင့်ပါတယ်။ အရောင်းအဝယ်ကိစ္စများနှင့် ပတ်သက်ပြီး လူမျိုးခြား၊ ဘာသာခြားများနှင့် စပ်တူလုပ်ရတတ်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံဆည်းရကိန်းရှိပြီး လုပ်ငန်းတိုးချဲ့ဖို့ လမ်းစပေါ်လာပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိအလုပ်မှာ ရာထူးတိုး ရပ်တန့်နေတတ်ပြီး လစာလည်း မတိုးပဲ ရှိနေပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ အကျိုးများမယ့် ကာလဖြစ်ပြီး အိမ်နေရာထိုင်ခင်း အပြောင်းအရွှေ့လည်း ရှိနေပါတယ်။ အိမ်သစ်ဆောက်ရကိန်း အိမ်သစ်တက်ရကိန်းရှိပြီး အိမ်သစ်မှာ မိသားစုထဲက တစ်ဦးဦး ကျန်းမာရေး ညံ့တတ်လို့ အိမ်တက်ကို သေချာပြုလုပ်ပေးသင့်ပါတယ်။ ပညာရေးနှင့်ပတ်သက်ပြီး မိမိကို အကူအညီပေးမည့်သူများ အဆင်သင့် ရှိနေတတ်ပါတယ်။ ပျိုရွယ်သူတွေအဖို့ အချစ်ရေးမှာတော့ ဝေးကွာနေသော ငယ်ချစ်ဦးနှင့် ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ ဆွေမျိုးတစ်ဦးဦးကို ငွေကြေးအကူအညီပေးရခြင်းမျိုး ရှိတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အပူလောင်တတ်သောကြောင့် မီး၊ လျှပ်စစ်တို့ကို သတိထားကိုင်တွယ်ပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် နို့ထမင်း ကပ်လှူပေးပါ။
LEO
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။