ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂၆-၁-၂၀၂၀ ) မှ ( ၁-၂-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးများ မိတ်ကောင်း၊ဆွေကောင်းများနှင့်တွေ့ဆုံပြီးလုပ်ငန်းခွင်များတိုးချဲ့ရမည်။ လုပ်ငန်းခွင်တွင် မိတ်ဆွေအသစ်များနှင့် လက်တွဲလုပ်ကိုင် ဆက်ဆံရတတ်သည်။ ဆုံးရှုံးသည်ဟုထင်မှတ်ထားသော ကြွေးမြီ၊ ကြွေးဟောင်းများရရှိနိုင်ခြင်း၊ မျှော်လင့်မထား
သော ငွေကြေးဥစ္စာများရရှိပါလိမ့်မည်။ အနုပညာရှင်တက်သစ်စလူငယ်၊ ပျိုရွယ်သူများ နာမည်သတင်းကြီး ကျော်ကြားလာတတ်သည်။ အပျို၊ လူပျိုများ မလွပ်လပ်သူများနှင့် ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုသင့်။ အထူး အွန်လိုင်းချစ်သူများ အချစ်ကြောင့် စိတ်သောကဖြစ် အလွမ်းနာကျနေတတ်သည်။ အချစ်ရေးကံကောင်းနေသော်လည်း ချစ်သူ၏ဟန်ဆောင် လိမ်ညာ ဖုံးကွယ်ခြင်းကို ကြုံတွေ့ရတတ်သည်။ ဘေးပယောဂများ ဝင်လာတတ်သည်။ အိမ်ထောင်ဘက်၏ ကောင်းကျိုးပေးခြင်းကိုခံရမည်။ ပညာရေးတွင် ပြည်တွင်းမှာသာမကဘဲ ပြည်ပမှာပါ ထွန်းပေါက်အောင်မြင်နိုင်သည်။
ကျန်းမာရေးမှာတော့ ချက်အောက်ပိုင်း ဆီး၊ ကျောက်ကပ်ဝေဒနာ ကြုံတွေ့ရမည်။ ကောင်းမှုကုသိုလ်ပြုရမည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် အုန်းယို ဘုရားကပ်လှူပြီးသွား အနီရောင်၊ ငွေရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၃.၈.၂)
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - ဘုရားမှာ ရွက်လှပန်း၊ နှင်းဆီပန်း ( ၈ ) ညွန့်၊ ရေတော်သက်စေ့၊ ဆီမီးသက်စေ့ လှူဒါန်းပူဇော်ပြီး လိုရာဆုတောင်းပါ။ လိပ်အစာကျွေး ဒါနပြုပါ။
တနင်္လာသားသမီး
တနင်္လာသားသမီးများ ဗုဒ္ဓဟူး၊ စနေ ထိုနေ့နံများ အကျိုးပေး အကူညီရ၍ အတူပူပေါင်းလုပ်ကိုင်ခြင်း စီးပွားဖြစ်မည်။ ရေလုပ်ငန်း၊ ရွှေလုပ်ငန်း၊ ယာဉ်စက်စ္စည်းရောင်းဝယ်၊ ထွန်စက်၊ ဓါး၊ အထည်အလိပ်လုပ်ငန်း၊ နွားမွေးမြူရေးလုပ်ငန်း အကျိူ းမြတ်ရရှိမည်။ ပညာရေးအတွက် အဘက်ဘက်က စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ လစာတိုး ရာထူးကြီး ရခြင်းမျိုးတွေ၊ ဆရာသမား၏ ယုံကြည်အားကိုးခြင်း အလေးထားမှုများ ကြုံရတတ်ပါတယ်။ သိုသော် လုပ်ငန်းတူ လက်အောက်ငယ်သား ဒုက္ခပေးခြင်းကြုံရတတ်၏။ စေ့စပ်၊ လက်ထပ်မင်္ဂလာ အမှုကိစ္စများ ပျက်တတ်ပါတယ်။ အချစ်ရေး အချစ်ရဲ့ချိန်မြိန်တဲ့ အသီးအပွင့်များကို ဆွတ်ယူစားသုံးရခြင်းနှင့် ချစ်စိတ်တွေ ငယ်ထိပ်ရောက်နေတတ် အမှားများ ကျူးလွန်ဖွယ်ဖြစ်ပေါ်လာနိုင်၍ အသိစိတ်နှင့်သတိဆင်ခြင်သင့်။ အိမ်ထောင်သုခရခြင်းနှင့် အိမ်ထောင်ဖက်ကို အကြောင်းပြု၍ စီးပွားတက် စိတ်ချမ်းသာ ပျော်ရွှင်မှုရရှိမည်။ အထူး ကိုယ်ဝန်ဆောင်အမျိုးသမီးများ သတိပြုသင့် အစားမှားခြင်း၊ ချော်လဲခြင်း ထိခိုက်မှု ပျက်ကျခြင်းများ ဖြစ်လာတတ်သည်။ ကျန်းမာရေး ထွေထွေထူးထူး မရှိပါ။ ၁၃၈၁-ခု တပို့တွဲလဆန်း (၃) တနင်္လာနေ့ ရက်ရာဇာ၊ (အခါစန်းနှင့်သောကြာဂြိဟ်ပူးခြင်းရှိ၍ အခါရှောင်လိုက ရှောင်နိုင်ပြီး *ဝိဝါဟမင်္ဂလာအတွက် နက္ခမရပါ*) ယနေ့ နံနက်(ရး၂၅)နာရီ အတွင်း ပန္နက်ရိုက်၊ တိုင်ထူး၊ ကျင်းတူ၊ ရှင်ပြု၊နားသ၊ စလွယ်တင်၊ ရေတွင်းတူး၊ ငွေကြေးချေးငှားခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ အသင်းဖွဲ့စည်းခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာ ကိစ္စများအတွက် အိတ်ထည့် ဆန်တစ်ဆုပ်ထည့်ပြီးဆောင်၊ ရွှေအိုရောင်၊ နို့နှစ်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၄.၅.၈)
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - အိမ်ဘုရားမှ အဝတ်သစ်ဝတ်ဆင်၍ အရှေ့အရပ်မျက်နှာမှုကာ စွယ်တော်ညွန့်(၉)ညွန့် ကော်ဖီနှင့်ကိပ်မုန့် ကပ်လှူဆုတောင်းပါ။
အင်္ဂါသားသမီး
အင်္ဂါသားသမီးများ ယခုအပတ်အတွင်း လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက အလွန်ကောင်းပါသည်။ အကျိုးမြတ်များစွာ ရရှိပါလိမ့်မည်။ အထူး အထည်ယှက်လုပ်ငန်း၊ ဆန်ပွဲရုံလုပ်ငန်း၊ မီးသွေး၊ ပွဲစားလုပ်ငန်းတို့ အကျိုးဖြစ်မည်။ ရေကြောင်း၊ လေကြောင်း ခရီးသွားကောင်း၏။ ပြည်တွင်းပြည်ပ ခရီးကိစ္စသွာခြင်းနှင့် အလုပ်အကိုင်အတွက်သော်လည်းကောင်း ကောင်းပြီး ပျော်ရွှင်သော ခရီးစဉ်ဖြစ်တတ်ပါတယ်။ ပညာရေးကံမှာလည်း ကောင်း ထူးချွန်သောအောင်မြင်မှုတွေ ရရှိတတ်ပါတယ်။ ပျိုရွယ်သူများ အချစ်ရေးမှ ကောင်းပါသည်။ မိမိချစ်သူကို အချစ်ရေးစကားပြောခြင်း တို့ကောင်း၏။ ပျော်ရွှင်မှုတွေရရှိပါလိမ့်မည်။အထူး စနေသားသမီးနှင့် လူမျိုးခြားတစ်ဦး အချစ်ရေး စိတ်ကသိကအောက်ဖြစ်ခြင်း၊ မိမိချစ်သူ၏ အထင်အမြင်အလွဲတွေ ကြုံတွေရတတ်တယ်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး အလွန်ကောင်းပါသည်။ မထင်မှတ်ထားသော ရပ်ဝေး၊ရပ်ခြား မိတ်ဆွေ၊ ဆွေမျိုးအသိုင်းအဝိုင်းများ လာတတ်ပါတယ်။ လက်ဆောင်ပဏ္ဍာအဖိုးတန်ပစ္စည်းများ ရတတ်ပါသည်။ အလှူတန်းမင်္ဂလာအမှုကိစ္စများ ပြုလုပ်ရမည်။ ပျက်လိုပျက်စီးသူတွေတော ပေါ်လာတတ်သည်။ ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်သလို အကောင်းကြီးလဲ မဟုတ်ပါဘူး။ တရှောင်ရှောင်ဖြစ်နေတတ်ပေမယ့် စိုးရိမ်စရာမရှိပါ။ ၁၃၈၁-ခု တပို့တွဲလဆန်း(၄)အင်္ဂါနေ့ ရက်ရာဇာ၊ ယနေ့ နံနက်(၈း၁၇)နာရီ အတွင်း ဘုရားတည်၊ ထီးတင်၊ ဘုရားပင့်ဆောင်ခြင်း၊ စေ့စပ်၊ လက်ထက်၊ နာမည်မှည့်၊ ဘဏ်စာရင်းဖွင့်ခြင်း၊ အာမခံခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ ရေကြောင်း၊ လေကြောင်း ခရီးသွားခြင်းနှင့် အချစ်ရေးစကားပြောခြင်း တို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် ပန်းသီး တစ်လုံးဆောင်ခြင်း ကြက်သွေးရောင်၊ ပန်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၃.၉.၅)
အကျိုးပေးအရပ် - အရှေတောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်
ယတြာ - အိမ်ဘုရားမှ ပန်းသီး၊မာလာကာသီး၊ လိမ္မော်သီး နှင့် ပျားရည်ဆွမ်းကပ်လှူ ဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးသားသမီးများ ဝန်ထမ်းများဖြစ်ပါက ရာထူတိုးတက်ပါမည်။ အလုပ်တွင် နံမည်ကောင်းတွေလည်း ရရှိလာပါလိမ့်မည်။ အလုပ်လျှောက်သူများ မိမိအရင်းမိတ်ဆွေ၊ သူငယ်ချင်းများနှင့်တွေ့ဆုံရပြီး အကူညီပေး၍ အလုပ်ရတတ်ပါသည်။ တနင်္ဂနွေသားသမီးများ အကျိုးပေး၏။ ခရီးသွားရန် ကိစ္စများပေါ်လာတတ်ပြီး သွားခြင်းကောင်း၏။ စိတ်ကျေနပ်စရာခရီးဖြစ်ပါလိမ့်မည်။ အလှူ မင်္ဂလာကိစ္စတွေလည်း ပေါ်လာပါတတ်ပြိး ကောင်းပါသည် ယခုပတ်မှာ အလုပ်အကိုင်မှာ တော်တော့ကို ကောင်းနေမယ် ပစ္စည်းဥစ္စာတွေလည်း တိုးတက်လာပါလိမ့်မည်။ ပျိုရွယ်သူများ အချစ်ရေးကံမှာကောင်းနေ၍ ချမ်းမြေ့ကြည်နူးဖွယ်များ ကြုံတွေ့ရတတ်သည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး ကံကောင်းနေပါသည်။ အထူး"၄"ဂဏန်း သမားတွေ့က အိမ်ထောင်ရေး စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာများ ကြုံတွေ့ရတတ် ဖုံးကွယ်ဟန်ဆောင်မှုများ ရောထွေးနေတတ်ပါတယ်။
ကျန်းမာရေးမှာတော့ ချက်အောက်ပိုင်း ဆီး၊ ကျောက်ကပ်ဝေဒနာ ကြုံတွေ့ရတတ်သည်။ ၁၃၈၁-ခု တပို့တွဲလဆန်း(၅) ဗုဒ္ဓဟူးနေ့ ယနေ့ နံနက်(၁၀း၂၈)နာရီလွန် ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ နာမည်မှည့်၊ ထီးတင်၊ ဘုရားပင့်ဆောင်ခြင်း၊ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ မြေသန့်မင်္ဂလာ၊ အဝီစိတွင်းတူးဖော်ခြင်း၊ ခရီးသွားခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း တို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ ကြံတစ်ချောင်း ပူဇော်ပြီးသွား၊ အပြာနုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၅.၃.၈)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - အိမ်ဘုရားမှာ မြေအိုးနှင့် ကြံတစ်ချောင်း၊ အောင်သပြေ၊ ရွက်လှ(၄)ညွန့်စီနှင့် နှင်းဆီးပန်း (၄)ပွင့် ကပ်လှူ ဆုတောင်းပါ။
ကြာသပတေးသားသမီး
ကြာသပတေးသားသမီးများ ယခုအပတ် ကံတရားက ညံ့တစ်လှည့်၊ အကောင်းတစ်လည့် ဖြစ်နေပါမယ်။ ငွေကြွေးတွေလည်း ဆုံးပါးတတ်သလို့ လူယုံဒုက္ခပေးခြင်း၊ လိမ်လည်သူများနှင့်ကြုံတွေရတတ်သည်။ ဗုဒ္ဓဟူးသားများ သတိထားခြင်းနှင့် အထူး လုပ်ငန်းစီးပွား တိရစ္ဆာန်လုပ်ငန်း အရှုံးပေါ်မည် ဆင်၊ဝက်၊ယုန်၊ လိပ်၊ ကြက်ဆင် သေကြေပျက်စီးခြင်းများ ကြုံတွေ့ရတတ်သည်။ အလုပ်ကို စိတ်မဝင်စားသလို ဖြစ်နေတတ်ပြီး အလုပ်မှာပြသာနာတက်တတ်ပါတယ်။ ထိုပြင် အလုပ်ရှာသူများ အလုပ်ရတတ်ပြီး အင်တာဗျူး ဖြေထားသူတွေလည်း အောင်မြင်ပါလိမ့်မည်။ အချစ်ရေးမှာ အဆင်မပြေမှုများကြုံတွေ့မည်။ တစ်ပါးသူတစ်ယောက် ဝင်ရောက်ဖျက်ဆီး စိတ်အနှောက်ယှက်ပေးခံရပြီး မိမိကို ခြိမ်းခြောက်ခြင်း၊ သိက္ခာချခြင်း ပြုလုပ်မှု ကြုံတွေ့ရတတ်သည်။
အထူး မိမိ အိမ်ထောင်ဘက် နေနံတူနှင့် ဗုဒ္ဓဟူး ဆိုလျှင် အိမ်တွင်းရေးပြဿနာများ ဖြေရှင်းရတတ်သည်။ ဘဏ်ဝန်ထမ်းပုဂ္ဂလိကနှင့် ပညာဝန်ထမ်း လောကသားများ အခက်အခဲတွေ့ကြုံရတတ်ပြီး ငယ်ရွယ်သူများ အပေါင်းအသင်းမှားတတ်ပီး ပညာရေး အနှောက်အယှက်ကြုံလိမ့်မည်။ ကျန်းမာရေးကတော့ အစားမမှားဖို့ အလွန်အရေးကြီးပြီး အစာအိမ်ရောဂါ ဂရုစိုက်သင့်ပါတယ်။ ၁၃၈၁-ခု တပို့တွဲလဆန်း(၆) ကြာသပတေးနေ့ ရက်ရာဇာ *သူရဿတီ မယ်တော်ပူဇော်ပွဲ*နေ့ ဖြစ်၍ ပညာရေးအတွက် ကံကောင်းခြင်းများ ဖြစ်လာစေရန် စာပေ၊ စာအုပ်၊ ခဲတံ၊ ဘောပင်၊ လွယ်အိတ် မရှိဆင်းရဲ ကလေးငယ်များအား ဒါနပြုကြပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် မရှိဆင်းရဲ ကလေးငယ်များအား စာအုပ်၊ ခဲတံ ဒါနပြု၊ အဝါရောင်၊ ပန်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၃.၁.၇)
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - အိမ်ဘုရားမှ ပန်းအဖြူ ရောင် စံပယ်၊ဂန္ဓာပန်းအဖြူ ရောင်ဝေဆာဆာ ကပ်လှူ ပါ။
(၆)ရက် ကြာသပတေးနေ့ ရက်ရာဇာ *သူရဿတီ မယ်တော်ပူဇော်ပွဲ*နေ့ ဖြစ်၍ ပညာရေးအတွက် ကံကောင်းခြင်းများ ဖြစ်လာစေရန် စာပေ၊ စာအုပ်၊ ခဲတံ၊ ဘောပင်၊ လွယ်အိပ် မရှိဆင်းရဲ ကလေးငယ်များအား ဒါနပြုကြပါ။
သောကြာသားသမီး
သောကြာသားသမီးများ ငွေကြေးကံကောင်းမည်။ ငွေအစုလိုက်အပုံလိုက်ရမည်။
အထူး စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းတို့မှ အကျိုးအမြတ်ကောင်းများဖြစ်ထွန်းမည်။ မိတ်ဆွေကောင်းတွေလည်း တိုးလာပါလိမ့်မည်။ ဝန်ထမ်းများဖြစ်ပါက အလုပ်တွင် ရာထူးတိုးမည်။ ပညာရေးတွင် ပြည်တွင်းမှာသာမကဘဲ ပြည်ပမှာပါ ထွန်းပေါက်အောင်မြင်နိုင်မည်။ ယခုအပတ်ပြည်တွင်း ပြည်ခရီးသွားမည်ဆိုပါက ကောင်းပါသည်။ အလုပ်ကိစ္စတွေလည်း အားလုံး အဆင်ပြေလာပါလိမ့်မည်။ အချစ်ရေးတွင်စန်းပွင့်မည်။ အပြန်အလှန်နားလည်မှုတို့ကြောင့် စိတ်ချမ်းမြေ့ရမည်။ ဝေးကွာနေသော ချစ်သူနှင့် မမျှော်လင့်ဘဲပြန်လည်ဆုံစည်းရမည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး သာယာပျော်ရွှင်ရပါလိမ့်မည်။ ရင်သွေးငယ် မင်္ဂလာသတင်းစကား ကြားရလိမ့်မည်။ အိမ်တွင်းသုံး ပရိဘောဂအသစ်များဝင်မည်။
ကျန်းမာရေးမှာ အစာအိမ်ရောဂါဖြစ်တတ်ပါသည်။ စိုးရိမ်စရာတော့မလိုပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် အဖြူ ရောင်နှင်းဆီပန်း(၃)ပွင့် ဘုရားပူဇော်ပြီးသွား အဖြူရောင်၊ အပြာနုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြု နိုင်သည်။
အကျိုးပေးဂဏန်း - (၈.၂.ဝ)
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - မိမိနေနံဂြိုလ်ဘုရားထောင့်တွင် အဖြူရောင်၊ အပြာနုရောင်ဝတ်ဆင်ပြီး အဖြူ ရောင်နှင်းဆီပန်း(၃)ပွင့်ကိုင်ပြီး အရှေ့အရပ်မျက်နှာမှုကာ ဆုတောင်းပြီး ဘုရားပူဇော်ပေးပါ။
စနသေားသမီး
စနေသားသမီးများ အထူး ကျောက်မျက်ရတနာ ရောင်းဝယ်ရေး၊ လောင်စာဆီရောင်းဝယ်ရေး၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတို့တွင် အောင်မြင်မှုရရှိမည်။ သိုသော် ယခုအပတ်တွင်း အကောင်းအဆိုးဒွန်တွဲနေမည်။ လုပ်ငန်းသစ် စတင်လုပ်ကိုင်မည်ဆိုပါက မလုပ်ပါနှင့်။ ရင်နှီးမြှပ်နှံမှုတွေ့မလုပ်သင့် အားလုံး ရေစုန်မျော ကုန်သွားပါလိမ့်မည်။ အလုပ်အကိုင်မှာ အနည်းငယ်တော့ ညံ့နေပြီး မိမိရည်ရွယ်ထားသော အလုပ်အကိုင် အကြံအစည်တွေလည်း လွဲချော်နေလိမ့်မည်။ အချစ်ရေးကံပုံမှန်အနေထားရှိနေပြိး အိမ်ထောင်ရှင်မများ ဝန်ထမ်လောကဝန်ထမ်းများဖြစ်ပါက အကြီးအကဲကြောင့် စိတ်ညစ်ရတတ်ပါသည်။ စာရင်းဇယားကိစ္စတွေလည်း လွဲချော်စာရင်းရေးရာ အမှားတွေကြောင့် ပြဿနာတွေ ဖြေရှင်းရတတ်ပါသည်။ အလုပ်ပြုတ်တတ်သည်။ အထူး ငွေစရင်းဇယား ငွေယူလိမ့်လည်ထားမှု အထူးသတိထား၍ အလုပ်တွင် ရန်သူရှိ အတိုက်အခိုက်ပေါ်မည်။ စိတ်မတည့်ငြိမ်၊ စိတ်လေလွင့်ဖြစ်တတ်လို့ မိမိကစိတ်ကိုသေချာထိန်းပြီး အလုပ်လုပ်လျင် အဆင်ပြေသွားပါလိမ့်မည်။ အိမ်ထောင်ရေး စကားများရတတ်သည်။ ဒီအချိန်မှာ သင့်အနေဖြင့် ငြိမ်ငြိမ်နေတာ အကောင်းဆုံးပါပဲ။ ရွှေ၊ ငွေ၊ ရတနာမတည်မြဲ အပျောက်အရှ အထွက်ခက်မည်၊ ခြေနှစ်ချောင်းကယ်မကောင်း ၊ ခြေနှစ်ချောင်း သတိပြုပါ။ အဆိုးဖြစ်တတ်သည်။
ကျန်းမာရေးမှာတော့ ရင်ကြပ်၊ ပန်းနာနှင့် အဆုတ်ဝေဒနာ ဖြစ်ပွားခံစားရတတ်သည်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဒန်းညွန့် ဘုရားပူဇော်ပြီးသွား၊ ကြေးနီရောင်၊ ဆင်စွယ်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၁.၃.၉)
အကျိုးပေးအရပ် - အနောက်တောင်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်
ယတြာ - စေတီပုထိုးမှာ ဂန္ဓမာပန်း၊ သဇင်ပန်း၊ ဒန်းညွန့် (၉)ညွန့်စီ စုပေါင်းပြီး ညောင်ရေအိုးထိုး ငွေဖလားဖြင့် ရေတော်(၁)ခွက် ကပ်လှူ ဘုရားတွင်(ဝိဇ္ဇာစရဏ သမ္ဗန္နော) ရွတ်ဆိုပြီး ပုတီး (၅) ပတ်စိပ်ပြီး မိမိအခက်ခဲများကို လိုရာဆုတောင်းပါ။
ရာဟုသားသမီး
ရာဟုသားသမီးများ ငွေကိုအပျော်အပါးအတွက်တော့ မသုံးမိပါစေနဲ့။ ငွေကိုအကျိုးရှိစွာ အသုံးပြုသင့်သည်။ ငွေကံအတော်ကောင်းနေပြီး ငွေအစုအလိုက်ဝင်လိမ့်မည်။ တနင်္ဂနွေသားသမီး၊ ကြာသပတေးသားသမီးတို့နှင့် အလုပ်တွဲလုပ်လျှင် အကျိုးပေးမည်။ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဉာဏ်များဖြင့်အောင်မြင်မယ်။ စုတ်ရော လာဘ်ရောပွင့်နေပြိး ပြည်တွင်းပြည်ပ ခရီးကိစ္စများ အောင်မြင်တတ်ပါတယ်။ လုပ်ငန်းခွင်နှင့် ရင်းနှီးသောမိတ်ဆွေ၊ ဆွေမျိုးတို့နှင့် မသင့်မမြတ်ဖြစ်မည်။ အချစ်ရေး စိတ်ညစ်စရာ အရှုပ်အရှင်း ပြဿနာများ ကြုံရတွေ့ရတတ် မိမိချစ်သူ၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်သည်။ အိမ်ထောင်ရေး အိမ်တွင်းရေး ကောင်းမွန်ပါတယ်၊ အိမ်ထောင်ရှင်များအတွက် အထူး"၈"ဂဏန်း သမားတွေက အထူး အစာမကြေ၊ အော့အန်မှု ရင်သွေးငယ်မင်္ဂလာ သတင်းထူးကြားရမည်။ အိမ်ထောင်ရေး အလှူအတန်း မင်္ဂလာအမှုကိစ္စများ ပြုလုပ်ရမည်။ ပညာရေး အထူးကောင်းမွန် ဘွဲ့လွန်တက်ရခြင်း၊ နိုင်ငံခြား ပညာတော်သင် သွားရတာမျိုးတွေ ကြုံရတွေ့ရနိုင်ပါတယ်။
ကျန်းမာရေး ဒူးနာ၊ ခါးနာ ကိုယ်လက်မအီမသာ ဖြစ်ခြင်းများ ဖြစ်ပွားကြုံရတတ်ပါတယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် ဘုရားမှာ ကြံရည်တစ်ခွက် ပူဇော်ပြီးသွား၊ အပြာနုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၃.၈.၅)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - မိမိနေ့နံဂြိုလ်ဘုရားထောင့်တွင် အသီး ၉မျိုးကပ်လှူ လိုရာဆုတောင်းပါ။