၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၉-၂-၂၀၂၀ ) မှ ( ၁၅-၂-၂၀၂၀) အထိ
lotaya.mpt.com.mm
|
2020-02-09

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၉-၂-၂၀၂၀ ) မှ ( ၁၅-၂-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီးများ အလုပ်အကိုင်တွေ ကောင်းလာနိုင်ပြိး ငွေကြေးကံကတော့ ပုံမှန်ထက် ကောင်းလာမှာပါ။ အလုပ်တွေက များသလောက် အဆင်ပြေပါမယ်။ အကူအညီတွေလည်း ရလာပါမယ်။ ငွေကြေးကိစ္စမှာ အသုံးထက် အဖြုန်း များနေတတ်ပါတယ်။ ကျောက်မျက်ရတနာရွှေငွေ အယုံကြည်ပေး မလွဲနှင့် မိမိရှေ့မှာပဲ လုပ်ငန်းပြုလုပ်ပါစေ မိမိကွယ်ရာမပြုလုပ်ပါနှင့်။ အထူးသဖြင့် ထမင်းဟင်း အရောင်းဆိုင်များ၊ အထည်အလိပ်၊ ထီး၊ ဓါးလုပ်ငန်းတို့ အကျိုးပေးကောင်း၏။ ပညာရေး ကြိုးစားဖို့လိုအပ်နေပြီး ဟောပြောပွဲများ၊ ဆွေနွေးပွဲများပြုလုပ်ခြင်း အောင်မြင်လိမ့်မည်။ အချစ်ရေးကိစ္စမှာတော့ ပျော်စရာတွေ ကြည်နှုးစရာတွေ ပိုများလာဖို့ ရှိနေပါတယ်။ အိမ်ထောင်းရေး အနည်းငယ်ညံမည်။ ကျန်းမားရေးကတော့ အနည်းငယ် ဖြစ်လိမ့်မည်။ အညံ့ကြီးမဟုတ်ပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သြဇာညွန့်၊ ကံကော်ညွန့်(၃)ညွန့် ဘုရားကပ်လှူပြီးသွား၊ အနီရောင်၊ အဝါရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၅.၃.ဝ)

အကျိုးပေးအရပ် - အရှေ့မြောက်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - အိမ်ဘုရားမှာ ယိုများနှင့် အောင်သပြေ (၂၁) ညွန့် ရေတော် ၉ ခွက်၊ စွန်ပလွန်သီး ဆွမ်း ကပ်လှူ၍ လိုရာဆုတောင်းပါ။

တနင်္လာသားသမီး

တနင်္လာသားသမီးများ အလုပ်ကိစ္စမှာ အာရုံနောက်စရာ စိတ်သောကတွေ ပေါ်လာနိုင်တယ်။ အကြီးအကဲတွေက ပြဿနာရှာခြင်း ကြုံတွေ့ရတတ်တယ်။ ဒါပေမယ့် ပြန်ပြေလည် သွားလိမ့်မယ်။ ငွေကြေးကံပွင့်လန်းနေပြီး ကြံဖန်ငွေရှာနိုင်လိမ့်မယ်။ အမှုကိစ္စကြုံရသူတွေ အမှုအခင်းနိုင်ပါတယ်၊ မိမိအားပြဿနာလုပ်နေသူများရှိလျှင် အဆင်ပြေသွားလိမ့်မည်။ အထူး စိုက်ပျိုးရေးလုပ်ငန်း၊ ကျောက်မျက်ရတနာ အရောင်းဝယ်၊ အဝတ်အထည်ရက်လုပ်ငန်း၊ ကုန်ဝယ်လုပ်ငန်းတို့ အကျိုးပေးကောင်း၏။ ကူးသန်းရောင်းဝယ် တနင်္လာနံ လုပ်ငန်းများနှင့် စနေနံလုပ်ငန်းများ အထူးသတိပြုသင့်ပါတယ်။ ပညာရေးကောင်းမွန်နေပြီး အိမ်ထောင်ရေးနဲ့ အချစ်ရေးအခြေအနေကတော့ သိပ်မထူးခြားလောက်ပါဘူး။ ပုံမှန်ပါပဲ။ အေးဆေး သာယာချမ်းမြေ့နေပါမယ်။ ကျန်းမာရေးကို ဂရုစိုက်ရပါလိမ့်မယ်။ အအေးမိတာ ရေချိုးမှားတာ ဖြစ်တတ်သည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာ ကိစ္စများအတွက် ကောင်းကင်ကို မော့ကြည့်ပြီး အသီးတစ်မျိုးမျိုးဆောင်၊ အဖြူရောင်၊ ကြည်ပြာရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်ပါသည်။

အကျိုးပေးဂဏန်း - (၃.ဝ.၆)

အကျိုးပေးအရပ် - အနောက်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့

ယတြာ - ညောင်ပင်ကြီးမှာ ကြာဖက်နှင့် ယိုများ၊ အမွှေးတိုင် (၁၅) တိုင်ထွန်း ပူဇော်ပြီး လိုရာဆုတောင်းပါ။

အင်္ဂါသားသမီး

အင်္ဂါသားသမီးများ မိမိ အာဏာအခွင့်အရေးကို အလွဲသုံးစား မပြုမိစေရန်သာ အရေးကြီးသည်။ ကံနိမ့်နေတဲ့ ကာလ ဖြစ်လို့ အစစအရာရာ သတိထားပါ။ ငွေကြေးရလမ်း ရှိပေမယ့် ထင်သလို မရိုးရှင်းဘူး။ အများနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေဆို ပိုလို့တောင် ဂရုစိုက်ရမယ်။ ငွေရေးကြေးရေးမှာ စိတ်ညစ်စရာလေးတွေ ပေါ်လာတတ်တယ်။ ပြောရဆိုရ ရှင်းရမယ်။ သတိပြုရမှာက အပေးအယူတွေ မရှုပ်ဖို့၊ လူလိမ်ခံရတတ်လို့ သတိထားဖို့ပါပဲ။ စက်ယာဉ် အဖမ်းအစီး ခံရတတ်။ ရောင်းဝယ်ဖောက်ကားသူများ ရန်တွေ့ခြင်း၊ အရောင်းအဝယ်၌ ပြဿနာအကြီးအကျယ်ဖြစ်တတ်ပြီး ဥပဒေနှင့်ငြိစွန်းသောပစ္စည်းတွေ့ရှိခြင်း၊ ချောက်တွန်းခြင်း ဖြစ်ပေါ်လာတတ်သည်။ ပညာရေးမှာတော့ သိပ်မထူးခြားလောက်ပါဘူး။ ပုံမှန်ပါပဲ။ ချစ်ရေးချစ်ရာမှာလည်း နေရင်းထိုင်ရင်း ပြဿနာတွေ ဖြစ်လွယ်နေလို့ စကားမှား၊ လေသံမာလို့ ကတောက်ကဆ ဖြစ်လွယ် စိတ်လျှော့ထားသင့်ပါတယ်။ ချစ်သူကြောင့် စိတ်ရှုပ်ထွေးပြီး မတော်တဆ သွေးထွက်သံယိုဖြစ်ခြင်း အချုပ်အနှောင်ဖြစ်တတ်ပါတယ်။ အိမ်ထောင်သာယာ၍ သားသမီးကြောင့် စိတ်ချမ်းမြေ့ရမည်။ ရွှေဝင်လိမ့်မည်။ ခရီးကိစ္စပေါ်လာပါက ရက်ရွေ့လိုက်ပါ။ ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ ယုံကြည်ရာ ဘာသာတရား၊ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် ပြုလုပ်ပေးပါ။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် နေမင်းကိုမော့ကြည့်ပြီး ရေတစ်ခွက်လောင်း ပင်စိမ်းရွက်ဆောင်၊ အနီရောင်၊ လိမ္မော်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၄.၁.၅)

အကျိုးပေးအရပ် - အရှေ့တောင်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - မိမိနေနံဂြိုဟ်ဘုရားထောင့်တွင် ငွေမြေအိုးဖြင့် ဇွန်(၈)ညွန့်၊ ရေတော်သက်စေ့၊ အနီရောင်ဖယောင်းတိုင် (၈)တိုင်၊ အမွေးတိုင်(၈)တိုင်၊ ထောပတ်သီး(၁) ကပ်လှူ ပါ။ 'ဥုံအရဟံ' ရွတ်ပွားပြီး ပုတီးတစ်လုံးချ ၉ပတ်စိပ်ပါ လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး

ဗုဒ္ဓဟူးသားသမီးများ အထူးသဖြင့် ငွေကြေးကိစ္စနှင့် စတော့ရှယ်ယာဈေးကွက်ရောင်းဝယ်၊ အိမ်ခြံမြေရောင်းဝယ်ခြင်းတို့ အကျိုးပေးကောင်း၏။ အလုပ်အကိုင်လုပ်ချင်စိတ် များပေမယ့် သိပ်မကောင်းသေးဘူး။ ငွေကြေးကိစ္စလည်း သိပ်မဟန်လှဖြစ်နေတတ်ပါတယ်။ ပေးစရာ၊ ရစရာတွေ ကြာနေလိမ့်မည်။ လုပ်ငန်းခွင်နှင့် ပြည်တွင်း၊ပြည်ပ အရောင်းအဝယ် စပ်တူပူပေါင်း ရှာဖွေ့ရာမှာ အထူးသတိထားသင့် သစ္စာဖောက်ခြင်း၊ ကွက်ကျော်ရိုက်ခံရပြီး လိမ်လည်လှည့်စားခြင်း ခံရတတ်သည်။ နွားမွေးမြူရေးလုပ်ငန်း ၊ နာရီ၊ ဓါး၊ ထီး၊ ဖိနပ် လုပ်ငန်းတို့နှင့် အထည်အလိပ် ရောင်းဝယ်ဖောက်ကား အကျိုးအမြတ်နည်းမည်။ ပညာရေး အကောင်းဘက်ရှိပြီး ဆရာသမားကောင်း တွေ့ရခြင်းနှင့် ပညာသင်စရိတ်ပံ့ပိုးသူ တွေ့ရတတ်။

အချစ်ရေး၊ နှလုံးသားရေးဘက်မှာတော့ ကြည့်ရင် မကျေလည်စရာတွေ၊ စကားများစရာတွေ ပေါ်လာနိုင်ပါတယ်။ ချစ်သူနှစ်ဦးကြား သဘောထားကွဲ၊ အထင်မြင်မှားများ မိတ်ဆွေတစ်ဦး အကူညီကြောင့် နာလည်မှုရပြီး အဆင်ပြေလာမည်။ အိမ်ထောင်ရေး သာယာမည်။ အိမ်တွင်း မိသားစုတစ်စုလုံး တစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေး ညံ့တတ်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ၁၃၈၁-ခု တပို့တွဲလဆုတ်(၁၁)ရက် ဗုဒ္ဓဟူးနေ့ ယနေ့ ဘုရားအနေကဇာတင်၊ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ ဝိဝါဟမင်္ဂလာ၊ ထီထိုး၊ နာမည်မှည့်၊

နံနက်စက်(၁၀)နာရီအတွင်း တိုင်ထူ၊ အုတ်မြစ်ချ စေတီပုထိုးပြုပြင်ခြင်း တို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှ ရေတော်(၅)ခွက်ကပ်လှူ ၊ ကြည်ပြာရောင်၊အစိမ်းရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၉.၃.၅)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - အိမ်ဘုရားမှာ ရွက်လှညွန့် အုန်းညွန့် (၇)ညွန့် ညောင်ရေအိုးထိုး၊ နွားနို့ဆွမ်း ကပ်လှူ မေတ္တာသုတ်ရွတ်ပွားပြီး လိုရာဆုတောင်းပါ။

ကြာသပတေးသားသမီး

ကြာသပတေးသားသမီးများ အလုပ်တွေ ကောင်းသလို စိတ်ရောလူပါ လန်းနေပြိး ကူညီမစမယ့်သူတွေ ပေါ်ပေါက်ပြီး အဆင်ပြေချောမွေ့နေပါတယ်။ လုပ်ငန်း အဆက်အသွယ်တွေ ချိတ်မိလာတတ်ပြီး ငွေကံကောင်း ရလမ်းတွေ ပွင့်နေပါတယ်။ ဒါပေမယ့် ဒီကြားကနေ လက်ထဲ ငွေကြပ်သွားတတ်တာမျိုး ကြုံတွေ့ရတတ်သည်။

ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ တိုးတက်မည်။ ကိုယ်ပိုင်အလုပ်များ စားသောက်ကုန်၊ ငွေဝန်ဆောင်မှုလုပ်ငန်း၊ အလုပ်အော်ဒါရမှုတွေများပြီး မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။

အထူး စိန်လုပ်ငန်း၊ စက်ယာဉ်လုပ်ငန်း၊ စက်မှုလုပ်ငန်းဆိုင်ရာ အကျိူ းမြတ်ရရှိမယ်။

အချစ်ရေးမှာတော့ ကြည်နူးပျော်ရွှင်စရာလေးတွေ ပေါ်လာဖို့ ရှိနေတယ်။ သို့သော် အချစ်ရေးမှာ အပြောအဆိုလေးတွေ သတိထားရလိမ့်မယ်။ အိမ်ထောင်ရေး ကောင်းမွန်ပြိး အမျိုးသား၏ဆွေမျိုးဘက်က အဖိုးတန်ပစ္စည်းများရတတ်သည်။ ခြေနှစ်ချောင်းဝင်ကိန်းရှိ၊ ဆွေမျိုးဘက်က အမျိုးကလေးမွေးစားကိန်း ကြုံတွေ့ရမည်။ ကျန်းမာရေး ကောင်း၏။ ၁၃၈၁-ခု တပို့တွဲလဆုတ်(၁၂)ရက် ကြာသပတေးနေ့ ရက်ရာဇာ ယနေ့ ဘုရားတည်၊ စေတီပုထိုးပြု ပြင်းခြင်း၊ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ ဝိဝါဟမင်္ဂလာ ပြုခြင်း ကောင်း၏။ နံနက်(၁၀း၂၀)နာရီ၊ ပန္နက်ရိုက်၊ တိုင်ထူ၊ အုတ်မြစ်ချ လှေကားတင်၊ အိမ်ပြောင်း၊ ဆိုင်သစ်ဖွင့်ခြင်း၊ ဧည့်ခန်းပွဲစတင်ခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း၊ ယာဉ်ကားဝယ်ယူခြင်း တို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ပေါက်ညွန့်(၅)ညွန့်ဘုရားကပ်လှူ ၊ အဖြူရောင်၊ ဖက်ဖူးရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။

အကျိုးပေးဂဏန်း - (၆.၅.၉)

အကျိုးပေးအရပ် - မြောက်

အကျိုးမပေးရှောင်ရန်အရပ် - တောင်

ယတြာ - မိမိနေနံဂြိုဟ်ဘုရားထောင့်တွင် ပေါက်ညွန့်(၅)ညွန့် ရွှေထီး၊ငွေထီး၊ ၁လက် ကပ်လှူ ဆုတောင်းပါ။

သောကြာသားသမီး

သောကြာသားသမီးများ နေလို့ထိုင်လို့ မကောင်းဖြစ်နေတတ်ပြီး အလုပ်တွေကလည်း သိပ်ပြီး အဆင်မပြေဖြစ်နေလိမ့်မည်။ ငွေကြေးလည်း ရလိုက်ကုန်လိုက်နဲ့ ဖြစ်နေမယ်။

အထူး လူလိမ်လူကောက်လည်း သတိထားရမယ့် အချိန်ကာလပါ။ ရွေ၊လူ၊ပုလဲ၊ ရတနာကျောက်မျက် အထွက်ခက်မည်။ "ယရလဝ" နေနံနာမည်တွေ့သတိထားပါ။ အနောက်အရပ် ခရီးသွားရှောင်သင့်၏။ အထူး သစ်၊ သံ၊ သွပ်၊ သတ္တု၊ အဆောက်အအုံ လုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်းတို့ အကျိုးပေးကောင်း၏။ အလုပ်မှာ အေးအေး မနေရဘဲ အပြိုင်အဆိုင် ပေါလာမယ်။ နှလုံးသား၊မေတ္တာရေးမှာ အတိုက်အခံနဲ့ အငြင်းပွားစရာတွေ ဖြစ်လာတတ်ပါတယ်။ ပညာရေး အနည်းငယ်ညံ့၍ ပညာရေးဆိုင်ရာနှင့် အစိုးရဝန်ထမ်းများ၊ အလုပ်ထွက်စာတင်ရခြင်း၊ အပြောင်းရွှေပေါ်ခြင်း

နှင့် အလုပ်ထွက်ခံရခြင်းတို့ဖြစ်လာနိုင်သည်။ အချစ်ရေးကံကောင်း၍ မိမိကိုယ်တိုင်ကလဲ အချစ်ထက် အရေးကြီးအလုပ်တွေကို အချိန်ပေးမိနေတာကြောင့်ချစ်သူရဲ့ စိတ်ကောက် စိတ်ဆိုးခြင်း ခံရမည်။ အိမ်ထောင်ရေး သားသမီးကြောင့် တကျက်ကျက်ဖြစ်နေတတ်။ ကျန်းမာရေးအနေဖြင့် အာခေါင်၊ လည်ပင်း အပူအနာဖြစ်ပွားတတ်သည်။ ယခုလအပတ်(၂၁)ရက်နေ့ သောကြာနေ့ အစုရှယ်ယာဝင်ခြင်း၊ ထီထိုးခြင်း၊ အလုပ်သစ်လျောက်ခြင်း၊ ခရီးသွားခြင်းတို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အနောက်မြောက်အရပ် အရပ်မျက်နှာမူကာ သရက်ညွန့် ဘုရားလှူပြီးသွား၊ နက်ပြာရောင်၊အညိုရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၁.၈.၆)

အကျိုးပေးအရပ် - အရှေ့

အကျိုးမပေးရှောင်ရန်အရပ် - အနောက်

ယတြာ - အိမ်ဘုရားစင်မှာ အောင်သပြေ(၆)ညွန့်၊ ကြံ(၂)ခက်၊ အုန်းညွန့် (၃)ညွန့်၊ အညွန့်အားလုံးစုပြီး ညောင်ရေးအိုးထိုး ပဲထမင်းဆွမ်းကပ်လှူ လာဘ်လာဘသိဒ္ဓိဂါထာ ရွတ်ပွားပြီး လိုရာဆုတောင်းပါ။

စနသေားသမီး

စနေသားသမီးများ အလုပ်ခွင်မှာ နားရတယ်ဆိုတာမရှိနိုင်ပါဘူး။ အလုပ်တစ်ခုပြီးတစ်ခု လုပ်နေရလို့ အလွန်ကို ပင်ပန်းတတ်ပါတယ်။ လုပ်ငန်း နှေးပေမယ့် အရင်ထက် တိုးတက်လာမယ်။ စိတ်ကူးထားတာတွေ လက်တွေ့ လုပ်နိုင်ပြီး အလုပ်တွေလည်း ကောင်းလာမယ်။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် လူကြီးမြှောက်စားခြင်းခံရမည်။ ပညာကောင်းမွန်ပြီး နိုင်ငံတကာပညာရေးအခွင့်အလမ်း

ကောင်းများရရှိမည်။ အထူးသဖြင့် ဆိတ်အရောင်းအဝယ်၊ အိမ်တိုက်တာအရောင်းအဝယ် အကျိုးဖြစ်ထွန်းနိုင်ပြီး ကျောက်မျက်ရတနာလုပ်ငန်းများမှလည်း အထူး ငွေအမြောက်များဝင်လာတတ်သည်။ အဖိုးတန်ဥစ္စာပစ္စည်း၊ ပိုက်ဆံအိတ်များ၊ ဖုန်းများမေ့ကျန်ပျောက်ရှတတ်ပါတယ်။ မော်တော်ယာဉ်၊ လျှပ်စစ်နှင့်ပါတ်သတ်သောအန္တရာယ် မတော်တဆ ထိခိုက်မိတာတွေ ကြုံရတတ်ပါတယ်။ နှလုံးသားရေးမှာတော့ ရာသီဥတုနဲ့အပြိုင် အေးချမ်းသာယာနေမယ်။ အိမ်ထောင်ရှင်မများ အမျိုးသားများ ဂရုစိုက်မှုရခြင်း ဘုရားဖူးသွားရတတ်ပါတယ်။ မြေယာအမွေအနှစ်ရတတ်၊ အထက်လူကြီးများ၏ ချီးမြှင့်မြှောက်စားမှုခံရတတ်ပါသည်။ ကျန်းမာရေး အကြောတက်၊ ဒူး၊ ခါးနာ ဖြစ်တတ်ပါတယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အနောက်အရပ်မျက်နှာမူကာ ဒန်း(၅)ညွန့် ဘုရားလှူပြီးသွား၊ ပန်းရောင်၊ခရမ်းရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၂.၅.၄)

အကျိုးပေးအရပ် - အရှေ့တောင်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - အိမ်ဘုရားစင် သန်ရှင်းရေးကုသိုလ်ပြုပါ။ ဘုန်းကြီးတစ်ပါးကို ဒံပေါက်တစ်ထုပ်ဝယ်ပြီး လှူပေးပါ။ အိမ်မှာ စက်အပျက်အစုတ်များရှိပါက စွန့်ပစ်လိုက်ပါ။

ရာဟုသားသမီး

ရာဟုသားသမီးများ အလုပ်အကိုင်လမ်းကြောင်းသစ်တွေ စပြီး ပေါ်လာမယ်။ ငွေကြေးပိုင်းမှာတော့ အလှည့်အပတ်တွေ့တော့ သိပ်များနေလိမ့်မယ်။ ငွေအဝင်အထွက် များလိမ့်မယ်။ ငွေရေးကြေးရေးမှာတော့ စိတ်ညစ်စရာလေးတွေ ပေါ်နေဦးမယ်။ ဘေးလူ အကူအညီကို ရယူပါ။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီလဲ ရပါလိမ့်မယ်။ ငွေချေးလုပ်ငန်း၊ ကုန်သွယ် ကူးသန်းရောင်းဝယ်ရေးနှင့် ကျောက်လုပ်ငန်း တို့သည် တစ်ပါးသူဒုက္ခပေးခြင်း ဘေးဥပါဒ် ကြုံတွေ့ရတတ်သည့်မို့ သတိပြုရပါမယ်။ ခရီးဝေးသွားခြင်း ရှောင်ရှားသင့်တဲ့ကာလပါ။ နာမည်မှည့် ကင်ပွန်းတပ်မင်္ဂလာများ ပြုလုပ်ရမည်။ အလှူလုပ်ရတတ်သည်။ လုပ်ရမယ့် အလှူကလည်း ရည်ရွယ်တုန်းကသေးသေး တကယ်အကြီးပေးရတတ်။ ပညာရေး သင်တန်းသစ်များ သင်ယူရကိန်းရှိပြီး အချစ်ရေး အိမ်ထောင်ရေး ဆူဆူပူပူနဲ့ ပျော်စရာကြီး ဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေးအနေဖြင့် ဝမ်းတွင်းရောဂါ ဖြစ်ပွားတတ်သည်။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှ ကြေးဖလားဖြင့် ရေတော်(၁)ခွက်ကပ်လှူ ၊ ကြည်ပြာရောင်၊အစိမ်းရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၅.၉.၃)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - တန်ခိုးကြီးဘုရားမှာ ရာဟုဂြိုဟ်ဘုရားမှာ ဘုရားဆင်းတုတော်ကို ရေသပ္ပါယ် ပေးပါ။ ရွှေသင်္ကန်း ရွှေထီးငွေထီး (၉)ကပ်လှူ ဆုတောင်းပါ။


#အရပ်
#သားသမီး
#အဝတ်အထည်
#ယတြာ
#လုပ်ငန်းဆောင်တာ

Some text some message..