ခရီးသွားတဲ့အခါမှာအလှဆုံးဖြစ်နေမယ့် အဝါရောင်ဖက်ရှင်များ
mystylemyanmar.com
|
2020-02-21

ခရီးတွေသွားတဲ့အခါမျိုးမှာဆိုရင် အဝါရောင်အင်္ကျီလေးတွေကို ထည့်သွားဖို့မမေ့ပါနဲ့။ အဝါရောင်က ဘယ်အချိန်ကြည့်ကြည့် ဖက်ရှင်ကျစေတဲ့ အရောင်ဖြစ်တဲ့အပြင် သူများထက်လည်း ပိုပေါ်လွင်စေပါတယ်။ ခရီးသွားတဲ့အခါ ပင်ပန်းလို့ မလန်းမဆန်းဖြစ်နေရင်တောင် အဝါရောင်က ဓာတ်ပုံရိုက်တဲ့အခါ လှနေစေပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် ခရီးသွားတဲ့အခါမှာ အလှဆုံးဖြစ်နေမယ့် အဝါရောင်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။





အေးတဲ့နေရာကို ခရီးသွားတဲ့အခါမျိုးဆိုရင် အဝါရောင်ကုတ်အင်္ကျီလေးတွေကို ဝတ်လို့ရပါတယ်။ ကိုရီးယားဆန်တဲ့ ဖက်ရှင်လေးတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးက ချစ်စရာအကောင်းဆုံးနဲ့ ဖက်ရှင်အကျဆုံးပါပဲ။




အဝါရောင်အင်္ကျီလေးတွေကို စကပ်အတိုအကျပ်လေးတွေနဲ့ တွဲဝတ်တာမျိုးက မိန်းကလေးဆန်ပြီး ချစ်စရာကောင်းစေပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း အရမ်းပေါ်ပါတယ်။




အဝါရောင်ဆွယ်တာလေးတွေ၊ အဝွရောင်အင်္ကျီလက်ရှည်လေးတွေကို ဘောင်းဘီတိုလေးတွေနဲ့ တွဲဝတ်တာမျိုးက လူငယ်ဆန်ပြီး Freestyle ပုံစံလေးဖြစ်လို့ ခရီးသွားတဲ့အခါမှာ အရမ်းဝတ်လို့ကောင်းပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း လှပါတယ်။




ပူတဲ့နေရာတို့၊ ကမ်းခြေတို့သွားတဲ့အခါမှာဆို Shoulder Off လေးတွေဝတ်တာက လှပါတယ်။ Shoulder Off ကိုမှ အဝါရောင်လေးဆိုရင်တော့ သူများထက်ပိုပေါ်လွင်ပြီး ချစ်စရာကောင်းစေပါတယ်။




တီရှပ်လေးတွေဝတ်မယ်ဆိုရင် အဝါရောင်ကိုသာ အဓိကထားပြီး ယူသွားပါ။ ခရီးသွားတဲ့အခါ လွတ်လပ်ပေါ့ပါးမှုရှိပြီး ဓာတ်ပုံရိုက်ရင်လည်း ထင်းပြီးလှနေမှာပါ။




ခရီးသွားတဲ့အခါမှာ ကိုယ်က ဂါဝန်လေးတွေ ဝတ်ရတာကြိုက်တယ်ဆိုရင် ဂွဝန်အဝါလေး ထည့်သွားဖို့လည်း မမေ့ပါနဲ့။




အဝါရောင်နဲ့ အဖြူရောင်ကို တွဲဝတ်တဲ့ဖက်ရှင်မျိုးကတော့ ခရီးသွားတဲ့အခါမှာ အလိုက်ဖက်ဆုံးနဲ့ Fresh အဖြစ်ဆုံး ဖက်ရှင်ပါပဲ။

Photo Source: www.pinterest.com


The post

ခရီးသွားတဲ့အခါမှာအလှဆုံးဖြစ်နေမယ့် အဝါရောင်ဖက်ရှင်များ appeared first on

MyStyle Myanmar .


#အဝါရောင်
#ဖက်ရှင်
#ခရီးသွား
#အင်္ကျီ
#ကုတ်အင်္ကျီ

Some text some message..