အားလုံးပဲ မင်္ဂလာပါရှင်။မင်္ဂလာပွဲ Accessories ဆိုရင် များသောအားဖြင့်သတို့သမီးနဲ့ မင်္ဂလာပွဲ အပြင်အဆင်ကိုပဲ ပြေးမြင်တတ်ကြပါတယ်နော်။
သတို့သားတွေအတွက်လည်း Accessories ဆိုတာက အရေးကြီးလှပါတယ်။
ဒါကြောင့် ဒီနေ့မှာ သတို့သားတွေအတွက် အရေးကြီးတဲ့ WeddingAccessories လေးတွေကိုဖော်ပြပေးချင်ပါတယ်။
(1) နာရီ၊ ဖိနပ် ၊ ခြေအိတ်
သတို့သားတစ်ယောက်အနေနဲ့လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း တက်ကြွနေဖို့ကတော့ ဖိနပ်ကအရေးပါသလို မင်္ဂလာအချိန် တိကျဖို့အတွက်ဆိုလည်းနာရီကမရှိမဖြစ်ပါပဲ။
အနောက်တိုင်းဝတ်စုံဝတ်တဲ့အချိန် ရှူးစီးကြတဲ့အတွက် ခြေအိတ်ကလည်း အရေးကြီးပါတယ်။
(2) နက်ခ်တိုင်၊ ခါးပတ်
နက်ခ်တိုင်ကိုတော့ ဝတ်စုံနဲ့လိုက်ဖက်တဲ့နက်တိုင်ကို ရွေးချယ်ပေးရမှာပါ။ နက်တိုင် အရောင်တွေအများကြီးထဲမှာမှဝတ်စုံနဲ့လိုက်ဖက်ညီတဲ့အရောင်၊
ပုံစံတွေထဲမှာလည်း ဘယ်လိုနက်တိုင်မျိုးက ဝတ်စုံနဲ့ အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာကို သေချာ ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။
ဘောင်းဘီရှည်ဝတ်တဲ့အချိန်တိုင်းမှာ ခါးပတ်ပါမှ ပြည့်စုံတာဖြစ်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းတိုးစေမှာပါ။
(3) ရေမွှေး
မင်္ဂလာပွဲတစ်လျောက်လုံး ဧည့်သည်တွေကြားမှာ လိုက်ဧည့်ခံရမယ့်သတို့သားအနေနဲ့ချွေးနံ့ထွက်မနေဖို့အရေးကြီးသလို
သုံးထားတဲ့ ရေမွှေးနံ့ကလည်း တအားစူးနေတာမျိုး မဖြစ်ရဘဲ ယောက်ျားဆန်ဆန် ဆွဲဆောင်နိုင်တဲ့အနံ့မျိုးကို ရွေးချယ်ပေးရမှာပါ။
(4) ရင်ကပ်ပန်း
ရင်ကပ်ပန်းကိုတော့ များသောအာဖြင့် သတို့သမီးလက်ကိုင်ပန်းထဲက တူတဲ့ပုံစံမျိုးပဲ ရွေးချယ်တာက အကောင်းဆုံးပါပဲ။
Photo & Studio Labs (1283)ကိုရှာရန်နှိပ်ပါ.။
Zawgyi ဖြင့်ဖတ်ရန်...

Myanmar Wedding Guide