ပထမဦးစွာ သင်က ဘယ်လို designer မျိုးဖြစ်ချင်တာလဲဆိုတာ အရင်ဆုံးစဉ်းစားကြည့်ဖို့လိုအပ်ပါတယ်။ တစ်ချို့က digital painting , layout design…စတဲ့ ဒီဇိုင်းတွေကိုရေးဆွဲရတာဝါသနာပါပြီး တစ်ချို့ကတော့ logo design, branding …အစရှိတဲ့ illustration ဒီဇိုင်းတွေကိုဖန်တီးချင်ကြတယ်။ သင်ကဘယ်အရာကို ပိုဝါသနာပါလဲဆိုတာရှင်းရှင်းလင်းလင်းသိရင် လေ့လာရာမှာ ပိုမိုလွယ်ကူပါတယ်။
Learn to use important softwares
Graphic designer တစ်ယောက်အတွက် အသုံးပြုရမယ့် softwares တွေကို သိထားတတ်ထား ဖို့ကလဲအဓိကအရေးကြီးပါတယ်။ Adobe Photoshop ,Adobe Illustrator နဲ့ Adobe InDesign အစရှိတဲ့ graphic software တွေကို ကျွမ်းကျင်စွာအသုံးပြုတတ်ရပါမယ် ။ ဒါ့အပြင် ကိုယ်ဖန်တီးမဲ့ artwork တွေနဲ့ ကိုက်ညီမယ့် software တွေကိုလည်း ရွေးချယ်အသုံးပြုတတ်ရပါမယ်။ (ဥပမာ- logo ဒီဇိုင်းတွေရေးဆွဲမယ်ဆိုရင် Adobe Illustrator ကိုအသုံးပြုရပါမယ်)
Learn design elements and principles
Graphic design တွေကို ဖန်တီးမယ်ဆိုရင် Graphic design ရဲ့အခြေခံဖြစ်တဲ့ Design Elements and Principles ကိုလည်း နားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ Point, Line, Shape, Form, Value, Color, Texture…အစရှိတဲ့ Design Elements ကိုသိရှိဖို့လိုအပ်သလို design တစ်ခုမှာလိုက်နာရမယ့်အချက်တွေဖြစ်တဲ့ Balance, Proximity, Align, Direction, Space, Size, Unity, Harmony အစရှိတဲ့ design principles ကို သိရှိနားလည်ထားရပါမယ်။
Learn graphic design theory typography and color theory
Photoshop ,Illustrator သုံးတတ်ရုံနဲ့graphic designer ဖြစ်ပြီလို့ပြောလို့မရသေးပါဘူး။designer တစ်ယောက်ဖြစ်ဖို့ သက်ဆိုင်ရာ tools/software တွေကိုကျွမ်းကျင်နိုင်နင်းဖို့လိုအပ်သလို graphic design တွေ ဖန်တီးရာမှာအဓိကအရေးပါတဲ့ Typography, color နဲ့ design theory တွေကိုလည်းကျွမ်းကျင်အောင်လေ့လာထားဖို့လိုအပ်ပါတယ်။
Self Study or Graphic Design School is Right for You
Graphic design ကိုလေ့လာရမှာလည်း online training ,self-learning (သို့မဟုတ်) Design training class အစသဖြင့် ကိုယ်နဲ့ကိုက်ညီမယ့်နည်းလမ်း တွေကိုရွေးချယ်လို့ရပါတယ်။ သင်က အခုမှ စပြီး design ကိုစတင်လေ့လာမှာဆိုရင် တော့ online ကနေ Design tools တွေ theory တွေကိုလေ့လာရာမှာအခက်အခဲရှိနိုင်ပါတယ်။ Design training class တွေမှာတော့ tools , theory တွေကိုသင်ကြားပေးတာအပြင် designs knowledge ,concept thinking, networking တို့ကိုပါ ရရှိနိုင်ပါတယ်။ သင်တန်းရွေးချယ်ရာမှာလည်း သင့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ သင်တန်းကို သေချာရွေးချယ်တတ်ရောက်ဖို့လဲလိုအပ်ပါတယ်။
ဒါ့အပြင်နည်းပညာအသစ်အဆန်းတွေကိုမျက်ခြေမပြတ်လေ့လာနေဖို့လဲလိုအပ်ပါသေးတယ်။ဒီအချက်တွေကတော့သင့်ကို graphic design ကိုလေ့လာရာမှာ အကူအညီပေးနိုင်မယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။
Zawgyi Version
Graphic designer တစ်ယောက်ဖြစ်လာဖို့ ဘာတွေစတင်လေ့လာထားရမလဲ

Graphic Design ဂရပ်ဖစ်ဒီဇိုင်းနှင့်ပက်သတ်ပြီး ဝန်ဆောင်မှု ၁၂၄ ခုကိုရှာရန်နှိပ်ပါ။
Credit - BGV Institude
Myanmar ICT Guide