
လောကမှာ ယောကျာ်းလေးအမျိုးအစားများစွာ ရှိပါတယ်။ ကိုယ်လက်ခံထားတဲ့ချစ်သူကတော့ ဘယ်လိုလူမျိုးထဲမှာ ပါဝင်နေပါသလဲ။ လူတစ်ကိုယ်အကြိုက်တစ်မျိုးရှိတတ်ကြပါတယ်။ ကဲသင့်အကြိုက်ကကော ဘယ်လိုလူမျိုးထဲမှာ ပါနေလဆြိုတာုကိကြည့်လိုက်ကြရအောင်နော်။
၁။ ဂိမ်းနဲ့ အချိန်ကုန်သူ
ချစ်သူကောင်မလေးကိုတောင်ဖုန်းဆက်ဖို့အချိန်မပေးတဲ့သူမျိုးဖြစ်ပါတယ်။ ယနေ့ခေတ်ကာလမှာပိုဆိုးကြပါတယ်။ ဂိမ်ကို စွဲလမ်းလွန်းလို့ မင်္ဂလာဆောင်ကိုတောင်ရောက်အောင်မသွားဘဲ သတို့သမီးဝတ်စုံနဲ့ ဂိမ်းထိုင်ဆော့တယ်ဆိုတဲ့ အထိရှိတတ်ကြပါတယ်။ ဒါကြောင့်ချစ်သူကောင်လေးထားတော့မယ်ဆိုရင် သေချာရွေးချယ်ဖို့လိုအပ်ပါတယ်နော်။
၂။ ခံစားချက်ပြင်းထန်တဲ့သူ
ခံစားချက်ပြင်းထန်တဲ့သူတွေမှာ ဖြစ်တတ်တာက မသိရင် ရောဂါတစ်ခုလိုပါပဲ။ ဘာမှမဟုတ်တဲ့အရာလေးကိုတောင် သူဆီမှာ ရှိတဲ့ခံစားချက်ကို အလေးပေးတတ်ကြပါတယ်။ ဥပမာ - Facebook ပေါ်မှာရေးထားတဲ့ စာလေးကအစ ခံစားချက်ပြင်းထန်တဲ့သူတွေရှိကြပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ကိုဂရုမစိုက်ဘူးဆိုပြီးတော့ အော်ဟစ်တတ်ကြပါတယ်။
၃။ ကပ်စေးနဲသူ
သူ့မှာ ဘယ်တော့ဆို ဘယ်တော့မှ ပိုက်ဆံမရှိတတ်ပါဘူး။ သင့်ရဲ့လစာကို ကပ်ဖဲ့သုံးမယ်ဆိုတဲ့ သူမျိုးပေါ့။ အလကားစားရဖို့ဆို ဘာမဆိုလုပ်မယ့်သူမျိုးပါ။ အရှက်ကွဲမယ်ဆိုရင်တောင် အကွဲခံမယ့်သူမျိုးဖြစ်ပါတယ်။

၄။ သဝန်တိုတတ်သူ
သူ့ကောင်မလေးနဲ့ပတ်သက်ပြီး သူစိတ်ချတဲ့ယောက်ျားလေး ဒီကမ္ဘာပေါ်မှာ မမွေးသေးဘူးဆိုတဲ့ သူမျိုးပေါ့။ သူ့အချစ်ဆုံး သူငယ်ချင်းတွေနဲ့ပါမချန် သဝန်တိုတတ်ပါတယ်။ သင့်မျက်နှာတခြားတစ်ဖက် လှည့်လိုက်တာနဲ့ ဘယ်သူ့ကိုများလိုက်ကြည့်လဲဆိုပြီး အပူတပြင်းလိုက်ရှာတတ်သူမျိုးပေါ့။ တစ်ခါတစ်ရံမှာ ညီကိုမောင်နှမတွေနဲ့ကအစ သဝန်တိုတတ်တာမျိုးကြုံတွေ့ရနိုင်ပါတယ်။