မည်သည့်နှစ်တွင်မဆို မေလ (၂၂)ရက်မှ ဇွန်လ (၂၁)ရက်အတွင်းမွေးဖွားသူများ ( နယုန်လတွင်မွေးဖွားသူများ) သည် မေထုန်ရာသီဖွားများ ဖြစ်ကြသည်။
၁။ မေထုန်ရာသီဖွားများ၏ ပင်ကိုယ် သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ
မေထုန်ရာသီဖွားများသည် ဘာမဆိုစိတ်ဝင်စားတတ်၏။ မိတ်ဖွဲ့ကောင်း၏။ အပေါင်းအသင်းအလွန်မက်၏။ အပေါင်းအဖော်နှင့်နေရမှပျော်တတ်၏။စိတ်ထိခိုက်လွယ်၏။ အငမ်းမရဖြစ်တတ်၏။
တဇွတ်ထိုးလုပ်တတ်၏။ စိတ်နှစ်ခွရှိ၏။ ဘယ်ကိစ္စမဆို စိတ်ဒွိဟနှင့်ဆုံးဖြတ်ရခက်နေတတ်၏။ သို့သော် အသိဉာဏ်ထက်မြက်ကြ၏။ယောက်ျားပီသသော စိတ်ဓါတ်ရှိ၏။ မေထုန်ရာသီဖွားများ အမျိုးသမီးများမှာလည်း ထက်မြက်ကြ၏။ ယောက်ျားဆန်၏။ မလိမ်တတ် မညာတတ်။ ဘယ်အခက်အခဲမျိုးကိုမှ နောက်မဆုတ်တတ်။လွတ်လပ်မှုကိုမြတ်နိုး၏။ စည်းကမ်း၊ ဘောင်တို့ကို လုံးဝမကြိုက်၊အထုူးလွတ်လပ်လို၏။ ငွေကိုပြင်းထန်စွာရှာတတ်၏။ လောင်းကစားဘက်ရောက်သွားတတ်၏။ သူဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ သုံးစရာရှိကသုံးပစ်တတ်၏။ ကုန်သွားကလည်း မနှမြောတတ်။ ရွှေတစ်နေ့ငွေတစ်နေ့ဖြစ်၏။ မေထုန်ရာသီဖွားတို့သည် လောဘကြီးတတ်၏။အတွေးအခေါ်ထက်သလောက် အစွန်းရောက်တတ်၏။
အပြုသမားဖြစ်လျှင်လည်း သူများထက်ပို၍ ထူးခြားစွာအများကောင်းကျိုးဆောင်ရွက်တတ်၏။ အပြုသမားမဖြစ်က အဖျက်သမားကြီးဖြစ်တတ်၏။လောင်းကစားမှုကို အထုံဝါသနာ အစွဲကြီးစွာ ပါလာတတ်ပြီးတစ်ချီကောင်းပွပေါက်ကြံတတ်၏။ သစ်လွင်တောက်ပမှု၊ သန့်ရှင်းသန့်ရပ်မှုကို နှစ်သက်၏။ သူတစ်ပါးအပေါ် အယုံအကြည်နည်းပါး၏။ အမြဲတမ်း စရိုက်နှစ်မျိုးဖြစ်နေတတ်၏။
ဘာသာရေးတွင် ပါရမီထူးတတ်ပြီး အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းသော ပါရမီထူးရှိ၏။ စိတ်မြန်၊ ကိုယ်မြန်ရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ ထူးခြားထက်မြက်စွာ တွေးတတ်ပြီး ချက်ချင်းထလုပ်တတ်၏။ အပေါ်ယံသိမ်မွေ့သလောက် အတွင်းစိတ်မာကြောခိုင်ခန့်၏။ မဟုတ်မခံမာနကြီး၏။ သူတစ်ပါးတို့အတွက် ပြဿနာ၊ အခက်အခဲများရင်ဆိုင်ရခြင်းမျိုး မကြာခဏ ကြုံတတ်၏။ စိတ်မြန်ကိုယ်မြန်လုပ်ခြင်းကို အမြဲရှောင်ပါ။
မေထုန်ရာသီဖွားတို့သည် အဖော်အပေါင်းကို နှစ်သက်သော်ငြားသူတစ်ပါးတို့အပေါ်တွင် သံသယစိတ်၊ မယုံကြည်သောစိတ်ကြောင့်တစ်ကိုယ်တည်း အထီးကျန်စွာနေတတ်၏။ အလုပ်တစ်ခု မပြီးစီးမီနောက်ထပ်တစ်ခုကို ရွေးချယ်ရန် ပေါ်လာတတ်၏။
သူတစ်ပါးအပေါ် အလွယ်တကူ မယုံတတ်သော်လည်း ယုံမိပြီဆိုက ထိုသူပြောသမျှ အမှားကိုပင် အမှန်ထင်ကာ ယုံတတ်၏။ ကိစ္စတစ်ခုဖြစ်လာက အနီးကပ်လူပြောသမျှ ယုံမိတတ်၏ဘဝတွင် ကိုယ်ကျိုးသက်သက်မကြည့်၊ စိတ်လိုက်မာန်ပါ ထင်ရာစိုင်းတတ်ခြင်း၊ အများအတွက် ဆောင်ရွက်နိုင်ခြင်းတို့သည် မေထုန်ရာသီဖွားတို့၏ သဘာဝများသာဖြစ်၏။
၂။ မေထုန်ရာသီဖွား၏ အချစ်ရေး၊ အိမ်ထောင်ရေးနှင့် ဘဝတည်ဆောက်မှုများ
မေထုန်ရာသီဖွားတို့သည် အလှအပမက်၏။ အပျော်အပါးမက်၏။အချစ်ရေးတွင် အရူးအမူးချစ်တတ်ကြ၏။ အပြောင်းအလဲမြန်တတ်ကြ၏။မေထုန်ရာသီဖွား မိန်းကလေးများသည် အချစ်ကို ကစားသဖွယ် သဘောထားကြ၏။ မျက်နှာများတတ်ကြ၏။ အချစ်ရေးတွင် လိမ္မာပါးနပ်စွာဖြင့်အချစ်ဇာတ်လမ်းများ ဖန်တီးတတ်ကြ၏။ ထို့ကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးသာယာပြီးမှ မထင်မှတ်ဘဲ ကွဲတတ်ကြရ၏။
သို့သော် မေထုန်ရာသီဖွားအများစုသည် တကယ်ချစ်မိကဘာမှ မမြင်လောင်အောင် ချစ်တတ်ကြ၏။ အနုပညာဝါသနာကြီးပြီးဘဝကို စိတ်ကူးယဉ်ဆန်စွာ လှုပ်ရှားတတ်၏။ မေထုန်ရာသီဖွားများသည်ပတ်ဝန်းကျင်ကို ဆွဲဆောင်နိုင်ဖို့ အမြဲကြိုးစားနေတတ်ကြ၏။ထုံးတမ်းစဉ်လာတို့ကို သိပ်လက်မခံကြ။ လွပ်လပ်စွာ၊ ပျော်ရွှင်စွာနေထိုင်ကြ၏။ ခေတ်မီသော အတွေးအခေါ်တို့နှင့် ခေတ်မီစွာကျင့်သုံးတတ်၏။
ချစ်လိုက် မုန်းလိုက်နှင့် နားလည်ရအလွန်ခက်၏။ စကားတတ်၏။ လျှို့ဝှက်သိပ်သည်းစွာ ပြောဆိုတတ်၏။ တစ်ခါတစ်ရံ အုံ့ပုန်းချစ်နှင့် ချစ်နေတတ်၏။ မေထုန်ဖွား အမျိုးသားကော၊ အမျိုးသမီးများပါ အိမ်ထောင်ပြုပြီးမှ ခြေငြိမ်တတ်၏။ အချို့ အမျိုးသမီးတို့မှာ အိမ်ထောင်ပြုပြီးသည်အထိ အိမ်ထောင်ရှင်မဆန်ဘဲ၊ အလှအပ အပျော်မက်နေတတ်သေး၏။ မေထုန်ဖွားအားလုံး
ကိုယ့်ကိုဦးဆောင်နိုင်မည့်၊ ညွှန်ကြားနိုင်မည့် အိမ်ထောင်ဖက်ကိုသာရွေးချယ်သင့်ကြ၏။
၃။ မေထုန်ရာသီဖွားတို့၏ အလုပ်အကိုင်နှင့် စီးပွားရေး အနေအထားများ
မေထုန်ရာသီဖွားတို့၏ ထူးခြားချက်မှာ ဘဝအစကတည်းက အကြောင်းကြောင်းကြောင့် အထီးကျန်ဆန်သော ခံစားမှုရှိနေခဲ့တတ်ကြ၏။ သို့သော် ဘဝအစကတည်းက ပြည့်စုံမှု၊၊ကြွယ်ဝမှုတို့ ဖြစ်နေတတ်ကြ၏။ ဘဝတူလူတန်းစားထဲတွင်မေထုန်ဖွားတို့သည် ပြည့်စုံသူများဖြစ်တတ်ကြ၏။ ဉာဏ်ထက်ခြင်း၊ ဇွဲကောင်းခြင်းတို့နှင့်အတူ သာမန်သူတို့ထက်ပို၍ စွမ်းရည်ပြည့်ဝနေတတ်၏။ သူတစ်ပါးတို့ထက်နှစ်ဆပို၍စွမ်းဆောင်နိုင်ကြ၏။ စိတ်ဒွိဟဖြစ်ခြင်း၊ အလုပ်အမျိုးမျိုးပြောင်းလုပ်ခြင်း၊ အလုပ်နှစ်ခု ပြိုင်တူလုပ်ခြင်းဆင်ခြင်သင့်၏။ သူတစ်ပါးအပေါ် သံသယကြီးသလောက် ယုံမိလျှင်ပုံအပ်ခြင်းရှောင်သင့်၏။ ထင်ရာဇွတ်လုပ်ခြင်း ရှောင်သင့်၏။
ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်မည်။ လူမျိုးခြားတို့နှင့် ဆက်စပ်၊ဆက်စပ်ပြီးအောင်မြင်တတ်၏။ ဘဝတွင် ခက်ခဲစွာ ရုန်းကန်ယူရမည်ဟူသော လွဲမှားသည့် အတွေးများကို ဖယ်ထားပါ။ လွတ်လပ်ပေါ့ပါးစွာယုံကြည်စိတ်ဖြင့်လုပ်ရင်း လွယ်ကူစွာအောင်မြင်တတ်ကြ၏။
လက်လွယ်ခြင်း၊ လက်ဖွာခြင်းရှောင်ပါ။ လောင်းကစားနှင့်ဖြတ်လမ်းစီးပွားမှန်သမျှရှောင်ပါ။ အလုပ်နှစ်ခု တွဲလုပ်ရမည်။ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ပြီးမှလုပ်ပါ။ ငွေရှာ၍လွယ်မည်။ဖက်စပ်လုပ်ငန်းကောင်းကျိုးပေးမည်။ လုပ်ငန်းတစ်ခု မပြီးပြတ်မီအခြားလုပ်ငန်းတစ်ခုလုပ်ရန် အခြေအနေမျိုး မကြာခဏကြုံမည်။သတိပြုပါ။ ဘဝတွင် အတက်အကျများစွာ ကြုံတတ်၏။ ကုမ္ပဏီအလုပ်၊
မန်နေဂျာအလုပ်၊ ဖက်စပ်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊တေးသံသွင်းဆိုင်၊ အနုပညာလုပ်ငန်းများ၊ စာပေ၊ ဂျာနယ်၊သတင်းထောက်အလုပ်များ အထူးကောင်းကျိုးပေးတတ်၏။ အထူးမှာ
မေထုန်ဖွားတို့သည် အတတ်ပညာတစ်ခု ထူးခွျှန်ကာ နိုင်ငံခြားအထိရောက်ရှိတိုးတက်သွားတတ်၏။ ဘာမဆိုပြတ်သားစွာ ရွေးချယ်သင့်၏။ လိုက်နာသင့်သောသူ၏ အကြံÓဏ်ကို မာနကင်းစွာ အကြံယူလိုက်နာသင့်၏။ မနာလိုမှု၊ ဝေဖန်မှုများ အမြဲသည်းခံပါ။ခေါင်းမမာပဲ တည်ကြည်စွာ ကြိုးစားပါ။ အထူးအောင်မြင်သွားပါအံ့။ ထို့အပြင် မေထုန်ရာသီဖွားတို့သည် ဝါသနာပါ၍ ဆေးပညာလိုက်စားခဲ့ပါက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိပ်ပါရဂူကြီးများဖြစ်တတ်လေ၏။ စာရေးဆရာဘက်တွင်အချစ်ရသစာပေဖြင့် အထူးအောင်မြင်နိုင်၏။ မည်သို့ပင်ဖြစ်စေမေထုန်ရာသီဖွားအများစုသည် မည်သည့်လုပ်ငန်းပဲ လုပ်လုပ် လွယ်ကူစွာဖြင့် စီးပွားဖြစ်ထွန်းသူများသာဖြစ်တတ်ချေ၏။ငွေကံပွင့်သူများဟု ဆိုရမည်သာဖြစ်ချေ၏။
၄။ မေထုန်ရာသီဖွားတို့၏ ဘဝတစ်သက်တာ ကျန်းမာရေးအနေအထားများ
မေထုန်ရာသီဖွားတို့သည် ကျန်းမာရေးနှင့်ပတ်သက်၍အထူးသတိပြုသင့်သည်မှာ ဘာရောဂါမှမဖြစ်သေးဘဲအထူးစိုးရိမ်နေတတ်ခြင်းပင်ဖြစ်၏။ သို့သော် တစ်ခါတစ်ရံတွင်ထင်သလိုပြုမူနေထိုင်ခြင်း၊ အပျော်အပါး၊လောင်းကစားဘက်တွင်များခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်တတ်၏။
အထူးသဖြင့် အတွေးလွန်သဖြင့် အိပ်မပျော်သောရောဂါ ရတတ်၏။ဝမ်းဗိုက်နှင့် အူလမ်းကြောင်းတွင် ရောဂါရတတ်၏။ သွေးလုံးလေလုံးရောဂါ ရတတ်၏။ ထို့အပြင် လည်ပင်းအကျိတ်ရောဂါနှင့်ဦးနှောက်အာရုံကြောရောဂါတို့ဖြစ်တတ်၏။ သို့သော်မေထုန်ရာသီဖွားတို့သည် ရောဂါကြီးကြီးမားမား ဖြစ်ခဲပါသည်။ ကျန်းမာရေးအတွက် မေထုန်ရာသီဖွားအားလုံးတို့သည် အသက်ရူလေ့ကျင့်ခန်း(အာနာပါန) ကို အမြဲတမ်း ပြုလုပ်သွားသင့်၏။
မုန်လာ၊ ပေါင်မုန်၊ ကွေကာအုပ်တို့ကို ဓါတ်စာအဖြစ်မပြတ်စားသောက်ပေးသင့်၏။ အထူးသဖြင့် သစ်ချသီး၊ မင်းဂွတ်သီးစသော အခွံမာသောအသီးများကို များများစားသောက်ပေးခြင်းဖြင့်
ကျန်းမာရွှင်လန်းနေတတ်ကြပေသည်။ မေထုန်ဖွားတို့သည် အစားအသောက်ကျူးခြင်းကိုတော့ ဆင်ခြင်သင့်၏။
၅။ မေထုန်ဖွားတို့၏ ဘဝသက်တာအတွက် သတိပြုစရာ ဘေးဥပါဒ်အန္တရာယ်များ
မေထုန်ရာသီဖွားတို့သည် သဘာဝန္တရာယ်အားဖြင့် မြေပြိုခြင်း၊တောင်ပြိုခြင်း၊ တွင်းပြိုခြင်း၊ ရုတ်တရက် သစ်ပင် သစ်ကိုင်းပိခြင်းတို့ခံရတတ်၏။ ခံရတတ်သည်ဆိုသော်လည်း မေထုန်ရာသီဖွားအားလုံးဤသို့ဖြစ်တတ်သည်ဟု မဆိုလိုပါ။ မေထုန်ရာသီဖွားတို့အနက်ထိုသို့ရေမြေသဘာ၀ တောတောင်တွင် နေထိုင်သူများ၊ ထိုသို့သောအနေအထားများသို့သွားလာ လုပ်ကိုင်ရသူများသည် အခြားရာသီဖွားတို့ထက် ပိုပြီးသတိရှိရန်သာ ဆိုလိုသည်။ ဥပမာ- မေထုန်ဖွားတို့အနက် ကျောက်တူးခြင်း၊ ရွှေတူးခြင်း၊ သဲကျင်းတူးခြင်း၊သစ်လုပ်ငန်းလုပ်ခြင်းစသည်ဖြင့် ဆက်စပ်နေသူများသတိဝီရိယထားဆင်ခြင်ရန်မျှသာဖြစ်၏။
၆။ မေထုန်ရာသီဖွားတို့၏ ဘဝကံကြမ္မာ အနိမ့်အမြင့် အခြေအနေများ
မေထုန်ရာသီဖွားတို့သည် အများအားဖြင့် စိတ်အတက်အကျမြန်၏။ တစ်ချီကောင်း ပွပေါက်ကြံတတ်သည်။ ယုံကြည်ရာ စွတ်လုပ်တတ်၏။ ထို့ကြောင့် ထိုသူတို့၏ ဘဝသည်လည်း အတက်အကျမြန်၏။ ရွှေတစ်နေ့ငွေတစ်နေ့ဖြစ်နေတတ်၏။
အိမ်ထောင်ရေးတွင်လည်း သာယာနေပြီးမှ ရုတ်တရက် ပြိုကွဲသွားတတ်၏။ အပြောင်းအလဲမြန်၏။ ဆန်းသစ်မှုကို လိုလား၏။ ခေါင်းမာစွာ တဇွတ်ထိုးလုပ်တတ်၏။ သူတစ်ပါးအတွက်လည်း စွန့်လွှတ်ရဲ၏။ ကိုယ်တိုင်လည်း စွန့်လွှတ်ရဲ၏။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မှန်ရာကိုပြောတတ်၊ လုပ်တတ်လွန်းသဖြင့် အကျိုးစီးပွား ထိခိုက်တတ်၏။ ငွေကြေးအထူးကံကောင်းတတ်၏။ မထင်မှတ်သော အမွေအနှစ်၊ ထီပေါက်စသော ပွပေါက်များကြုံပြီး ထိပ်သို့ရောက်သွားတတ်၏။ အသင်းအဖွဲ့၊ ကုမ္ပဏီတို့တွင်နေရာကောင်းရသွားပြီးကြီးပွားသွားတတ်၏။
မေထုန်ရာသီဖွားအများစုသည် မိဘ၊ ဆွေမျိုး အထောက်အပံ့ရမှုနည်းတတ်ပြီး ကိုယ်ထူးကိုယ်ချွန်ရပ်တည်အောင်မြင်တတ်ကြသည်။ ဆွေမျိုးများထက်သူတစိမ်း၊ လူမျိုးခြားကောင်းကျိုးခံစားရပြီး ကြီးပွားတတ်၏။ အသက်(၂၀)၊ (၂၅)၊ (၂၈)၊ (၃၀)၊ (၃၃)၊ (၃၇)၊ (၄၀)၊ (၄၅)၊ (၅၀)၊ (၅၅)၊ (၆၀)၊(၆၃) နှစ်များတွင် ဘဝတိုးတက်မှု အခွင့်အလမ်းများ ကြုံတတ်၏။
သို့သော် မေထုန်ဖွားတို့၏ဘဝတွင် သူတစ်ပါးတို့၏ မနာလိုမှု၊ ဝေဖန်မှု၊တိုက်ခိုက်မှုတို့ကို မကြာခဏခံရတတ်၏။ ချီးမွမ်းမှုထက်ကဲ့ရဲ့မှုပြုလိုသူများသာ များ၏။ အသက်(၂၁)နှင့် (၃၀)တို့တွင်
မထင်မှတ်သော အခိုက်အညံ့ ဝင်တတ်၏။ အသက်(၂၆)တွင်ရောဂါကြီးမားစွာ ရတတ်၏။ အသက်(၇၂)တွင် ကျန်းမာရေးအထူးဂရုပြုသင့်သည် အများကောင်းကျိုး၊ မိဘဆွေမျိုးကောင်းကျိုးဆောင်ရွက်၍ ကိုယ့်ဘဝတိုးတက်တတ်၏။
ယခုတင်ပြခဲ့သည်များမှာယေဘုယျမျှသာဖြစ်သော်လည်း ထိုနှစ်များကိုမူ သတိပြုသင့်လှပေ၏။
၇။ ဘဝတိုးတက်အောင်မြင်စေရန် လိုက်နာကျင့်သုံးဖွယ်ရာများနှင့် အဆောင်၊ အရောင်များ
မေထုန်ရာသီဖွားတို့သည် ရိုးရိုးရှင်းရှင်းနေထိုင်ခြင်းဖြင့် သူတစ်ပါးတို့ကိုလွှမ်းမိုးဆွဲဆောင်နိုင်စွမ်းရှိကြသည်။ လူအများကြားတွင် ထင်ပေါ်သောမူဟန်ရှိသူများဖြစ်ကြ၏။ လည်တိုင်နှင့် ပခုံး၊ လက်မောင်းတို့သည်သူမတူအောင် တင့်တယ်လှပတတ်၏။ ထက်မြက်သောစရိုက်၊နွဲ့နှောင်းသော မူဟန်တို့ဖြင့် ညှို့ဓါတ်အားကောင်းတတ်ကြ၏။ရိုးရိုးရှင်းရှင်းနှင့် တည်ငြိမ်ခန့်ငြားစွာ နေထိုင်၊ ဝတ်ဆင်၊ပြောဆိုပေးခြင်းဖြင့် ထူးခြားသောည အောင်မြင်မှုများရတတ်၏။
ဆန်းပြား ရှုပ်ထွေးမှုများကို ရှောင်ပါ။ အထူးသဖြင့် မေထုန်ဖွား အမျိုးသမီးများ ယောက်ျားဝတ် ရှပ်အင်္ကျီ၊ ဘောင်းဘီတို့နှင့် အလွန်လိုက်ဖက်တတ်၏။ မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်းနှင့်တကွ နဖူးပြင်ပါ တင့်တယ်တတ်၏။ အားပါးတရရယ်မောခြင်း၊
ခြေလက်လှုပ်ရှားပြောဆိုခြင်း ရှောင်ပါ။ ဘွင်းဘွင်းနှင့် ဗြောင်ကျကျပြောဆိုခြင်း ရှောင်ပါ။ အပွင့်သေး၊ အကွက်သေး၊ ဗြောင်အရောင်အဝတ်အစားများ၊ သေးမျှင်သော ဆွဲကြိုး၊ လက်စွပ်နည်းနည်းသာ ဝတ်ခြင်းတို့ပြုပါ။ ခုတစ်မျိုး တော်ကြာတစ်မျိုး စိတ်အပြောင်းအလဲမြန်ခြင်း ရှောင်ပါ။ လူတစ်ယောက်တည်းနှင့်နှစ်ယောက်စာ စွမ်းဆောင်နိုင်သော စွမ်းရည်ရှိ၏။ အထူးကြိုးစားပါ။ဖြတ်လမ်းစီးပွားရှောင်ပါ။ မေထုန်ဖွားတို့သည် အပေါင်းအဖော်မက်မောသော်လည်း အခြေအနေအရ တစ်ယောက်တည်းနေရသော အခါမျိုးတွင်လည်း ပင်ပန်းစွာ ရုန်းကန်၍ တိုက်ခိုက်ပြောဆို၍ ရင်ဆိုင်မည်ဆိုသော ရန်လိုစိတ်ပယ်ပါ။အေးအေးဆေးဆေးပဲဟု သဘောထား၍လုပ်ပါ။ မယုံသင်္ကာစိတ်၊ စိတ်အားငယ်စိတ်တို့ကို ပယ်ပါ။ ဘယ်ကိစ္စမဆို ရဲရဲဝံ့ဝံ့နှင့်အေးဆေးတည်ငြိမ်စွာ ပြောဆိုဖြေရှင်းပါ။ လုပ်ကိုင်ပြုမူပါ။
အထူးသဖြင့် မေထုန်ဖွားတို့သည် အဖြူရောင်၊ ငွေရောင်၊ အဝါနုရောင်၊ဆင်စွယ်ရောင်တို့ကို အထူးဆောင်ပါ။ အနက်၊ အညို ရှောင်ပါ။ စိန်ကိုပလက်တီနနှင့်ကွင်းပြီး လက်စွပ်ဝတ်ပါ။ မေထုန်ဖွား အမျိုးသမီး၊အမျိုးသားအားလုံး ပလက်တီနမ်နှင့်ဖြစ်စေ၊ ရွှေနှင့်ဖြစ်စေ စိန်ကိုလက်စွပ်ကွင်းပြီး လက်ခလယ်တွင် ဝတ်ဆင်ထားပါ။ ကျောက်အဖြူ၊အဝါကိုလည်း ဝတ်နိုင်၏။ ထို့အပြင် လက်သူကြွယ်တွင်လည်းဝတ်နိုင်၏။ ရွှေသက်သက်ထက် ရွှေအခံတွင် ပလက်တီနမ် အနားကွပ်၍လက်စွပ်ကွင်းဝတ်ပါ။ သေးမျှင်သော ရွှေဆွဲကြိုး၊ ရင်ထိုး၊နားကပ်တို့ကိုလည်း ဝတ်နိုင်၏။ ပလက်တီနမ်ဖြင့် ပြုလုပ်သောလိပ်ပြာရင်ထိုးကလေး ဆောင်နိုင်၏။ မေထုန်ဖွားအမျိုးသားများ
ကြောင်ကျောက်ကို ရွှေနှင့်ကွင်းပြီး လက်ညှိုးတွင် ဝတ်ဆင်ထားပါ။ နှင်းဆီပန်းကို အထူးဆောင်နိုင်၏။ နှင်းဆီပန်းအဝါ၊ အဖြူလာဘ်ကောင်း၏။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောင်ရွက်နိုင်၏။ (၂၊ ၅၊ ၆၊ ၉) ဂဏန်းများ ကောင်းကျိုးပေး၏။ (၅) ဂဏန်း အကောင်းဆုံးဖြစ်၏။
နှစ်စဉ် စက်တင်ဘာ(၂၁)မှ အောက်တိုဘာ(၂၀) အတွင်း၊ ဖေဖော်ဝါရီ(၂၂)မှ မတ်(၂၀)အတွင်း၊ မတ်(၂၁)မှ ဧပြီ(၁၉)အတွင်း လုပ်ငန်းစတင်ခြင်း၊ ထီထိုးခြင်းများ ပြုသင့်၏။ အရောင်နုများကိုသာ ဦးစားပေးသင့်၏။ အနှစ်ချုပ်ဆိုရသော် မေထုန်ရာသီဖွားတို့သည် အပျော်အပါး လောင်းကစား အထူးရှောင်ခြင်း၊ ဌာနစွဲ လူမျိုးဝါဒစွဲရှောင်ခြင်း၊ သူတစ်ပါးကျေးဇူး သိတတ်ခြင်း၊ သူတစ်ပါးစကား အလွယ်တကူမယုံခြင်း၊ အရွဲ့တိုက် စွတ်လုပ်ခြင်းကို ရှောင်ခြင်း၊ အရေးတကြီးကိစ္စတို့ ဆောင်ရွက်ကာနီးတိုင်း အားကိုးထိုက်သူ၏အကြံဉာဏ်ကို လေးလေးနက်နက် ခံယူခြင်းတို့ဖြင့် ကိုယ်ပိုင် အသိပညာ၊အတတ်ပညာတို့ကို ထိထိမိမိသုံးစွဲကာ အထွတ်အထိပ်ရောက်အောင်
အောင်မြင်မှု၊ ကြီးပွားမှုတို့ကို ရယူနိုင်မည် ဖြစ်ပေသတည်း။
[ Unicode ]

နှစ်စဉ် စက်တင်ဘာ(၂၁)မှ အောက်တိုဘာ(၂၀) အတွင်း၊ ဖေဖော်ဝါရီ(၂၂)မှ မတ်(၂၀)အတွင်း၊ မတ်(၂၁)မှ ဧပြီ(၁၉)အတွင်း လုပ်ငန်းစတင်ခြင်း၊ ထီထိုးခြင်းများ ပြုသင့်၏။ အရောင်နုများကိုသာ ဦးစားပေးသင့်၏။ အနှစ်ချုပ်ဆိုရသော် မေထုန်ရာသီဖွားတို့သည် အပျော်အပါး လောင်းကစား အထူးရှောင်ခြင်း၊ ဌာနစွဲ လူမျိုးဝါဒစွဲရှောင်ခြင်း၊ သူတစ်ပါးကျေးဇူး သိတတ်ခြင်း၊ သူတစ်ပါးစကား အလွယ်တကူမယုံခြင်း၊ အရွဲ့တိုက် စွတ်လုပ်ခြင်းကို ရှောင်ခြင်း၊ အရေးတကြီးကိစ္စတို့ ဆောင်ရွက်ကာနီးတိုင်း အားကိုးထိုက်သူ၏အကြံဉာဏ်ကို လေးလေးနက်နက် ခံယူခြင်းတို့ဖြင့် ကိုယ်ပိုင် အသိပညာ၊အတတ်ပညာတို့ကို ထိထိမိမိသုံးစွဲကာ အထွတ်အထိပ်ရောက်အောင် အောင်မြင်မှု၊ ကြီးပွားမှုတို့ကို ရယူနိုင်မည် ဖြစ်ပေသတည်း။
Ref; zodiac_sign