ဘီယာသောက်တတ်တဲ့ မိန်းကလေးတွေသာရနိုင်မယ့် အံသြဖွယ် အကျိုးကျေးဇူး ၆ ချက်
lifestylemyanmar.com
|
2020-03-03



ဒီနေ့ခေတ်ဘီယာယဉ်ကျေးမှုထဲမှာယောက်ျားလေးရော မိန်းကလေးရောစီးမျှော်နေကြပါတယ်။ ဒီနေ့ကျွန်တော် ဝေမျှချင်တာက ဘီယာ (Beer)သောက်တာက မိန်းကလေးအတွက် ကောင်းသလားဆိုတဲ့အကြောင်းပါ။

ဒီနေ့ခတ် မိန်းကလေးတွေဘီယာသောက်တာနဲ့ပက်သက်ပြီး ပြောဆိုဝေဖန်မှုတွေရှိနေပမယ့် သုတေသီတွေရဲ့ တွေ့ရှိချက်တွေအရဆို မိန်းကလေးတွေဘီယာသောက်ခြင်းက အကျိုးကျေးဇူးတွေများစွာရှိတယ်ဆိုတာပါပဲ။ ဒီတော့မိန်းကလေးတွေဘီယာသောက်ရင် ရလာနိုင်မယ့်အကျိူးကျေးဇူး ၆ချက်ကိုပြောပြချင်ပါတယ်။


နှလုံးအတွက်ကောင်းတယ်




မကြာသေးမီက လေ့လာတွေ့ရှိချက်တွေအရ Beer မသောက်သူတွေနဲ့နှိုင်းယှဉ်ရင် တစ်ပတ်ကို ဘီယာ ၂ကြိမ် တစ်ခါသောက်အများဆုံး ၂ခွက်လောက်သောက်သုံးတတ်သူတွေဟာ နှလုံးရောဂါခံစားရမှု၄၀မှ၆၀ရာခိုင်နှုန်းအထိလျော့ချနိုင်တယ်လို့ဆိုပါတယ်။

ဒါကြောင့်သင့်အနေနဲ့ သောကြာနေ့လို အလုပ်ပိတ်ခါနီးနေ့ညနေတွေမှ သူငယ်ချင်းတွေနဲ့အတူ ဘီယာတစ်ခွက် နှစ်ခွက်လောက်သောက်သုံးသင့်ပါတယ်။ ပလပ်ကျွတ်အောင်တော့မသောက်ကြနဲ့ပေါ့နော်..


အရိုးအတွက်ကောင်းတယ်




အလယ်အလတ်သင့်တော်ရုံလောက် ဘီယာ သောက်သုံးခြင်းက အရိုးတွေကိုပိုမိုသန်မာစေနိုင်ပါတယ်။ လေ့လာမှုတွေအ ရ ဘီယာသောက်ခြင်းက အမျိုးသမီးတွေရဲ့အရိုးကျစ်လစ်သိပ်သည်းမှုနဲ့ဆက်စပ်နေပါတယ်။ ဘီယာထဲမှာပါတဲ့ မြင့်မားတဲ့ဆီလီကွန်ပမာဏာက အရိုးသိပ်သည်းဆကိုမြင့်မားစေတာပါ။


ဦးနှောက်လုပ်ဆောင်ချက်ကိုပိုကောင်းစေတယ်




အမျိုးသမီးတွေအတွက် တစ်နေ့ကို ၁၂အောင်စ ဘီယာတစ်မျိုးဟာ ဆီးချိုရောဂါအမျိုးအစား၂ဖြစ်ပွားမှုကို လျော့ကျစေပြီးနဲ့ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုတိုးတက်စေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဘီယာသောက်သူတွေဟာ ဘီယာမသေ ာက်သူတွေထက် အယ်လ်ဇိုင်းမားရောဂါနဲ့စိတ်ဖောက်ပြန်မှုကို ခံစားနိုင်ခြေနည်းပါးပါတယ်။


သွေးတိုးကိုလျော့ချစေတယ်




လေ့လာမှုအရ ဘီယာသောက်သုံးတဲ့ အမျိုးသမီးတွေဟာ ဝိုင်နဲ့စိတ်ထွက်ပေါက်အတွက် အခြားသောအရာတွေသောက်သုံးတဲ့အမျိုးသမီးတွေထက် သွေးပေါင်ချိန်နိမ့်ကျကြောင်းတွေ့ရှိရပါတယ်။


ဗီတာမင်နဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါတယ်




ပုံမှန်ဘီယာ (စံ၁၂အောင်စ) မှာဖိုင်ဘာ အမျှင်ဓါတ်၊ ဗီတာမင်ဘီ၊ ကယ်ဆီယမ်၊ မဂ္ဂနီယမ်နဲ့ ဆယ်ဆီယမ်လိုံခေါ်တဲ့ ခန္ဓာကိုယ်ကို အိုမင်းစေတဲ့အရာတွေကို တိုက်ဖျက်တဲ့ဗီတာမင်တွေပါဝင်ပါတယ်။

ဒတ်ခ်ျနိုင်ငံရဲ့လေ့လာမှုတစ်ခုအရ Beer သောက်သူတွေဟာ ဘီယာလုံးဝမသောက်သူတွေထက် ဗီတာမင်B6အဆင့် ၃၀ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့တယ်။ ဘီယာမှာ တွေ့ရတဲ့B12က သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။


ကင်ဆာကိုတိုက်ခိုက်နိုင်တယ်




အံသြဖွယ်အကောင်းဆုံး ဘီယာနဲ့ကျန်းမာရေးဆက်သွယ်မှုမှာ ကင်ဆာဖြစ်စေတဲ့ အင်ဇိုင်းတွေကိုတားဆီးပေးတဲ့ Anti oxdiantတစ်မျိုးဖြစ်တဲ့ Xanthohumol ပါဝင်နေခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပါပဲ။ ဘီယာသောက်တိုင်းကောင်းတာရယ်တော့မဟုတ်ပါဘူး။ ဘယ်လိုမကေ ာင်းဘူးလဲဆိုတော့ အလွန်အကျွံသောက်တာမကေ ာင်းပါဘူး။

နောက်တစ်ခုက လေ့လာမှုတွေအရဘီယာလုံးဝမသောက်တာဟာလည်း ကျန်းမာရေးကို အထောက်အကူမဖြစ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့သောက်ချင်တယ်ဆို သင့်တင်တဲ့ ဘီယာကို တစ်ပတ်ကို ၂ရက်လောက်သောက်သုံးနိုင်ပါတယ်လို့ lifestyleကဝေမျှလိုက်ပါတယ်နော်…


#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity


#ဘီယာ
#လေ့လာမှု
#ဗီတာမင်
#မိန်းကလေး
#အရိုး

Some text some message..