FAအကြောင်းပြောတော့မယ်ဆိုတော့FA နဲ့Single ကမတူဘူးဆိုတာအရင်ဆုံးပြောပြချင်ပါတယ်။ Singleဆိုတာက Relationshipတစ်ခုမရှိခင်ကြားကာလဖြစ်ပြီးတော့ FA(Forever Alone)ဆိုတာကတော့RSတစ်ခုတည်ဆောက်ဖို့ဘယ်လိုမှအဆင်မပြေတဲ့သူတွေပါ။
FAဆိုတာက RSတိုင်းနဲ့အဆင်မပြေလို့ သဟဇာတမဖြစ်လို့ FAအဖြစ်ပဲ နေသွားရတော့တာမျိုးပါ။ တချို့ကတော့ FA Is The Bestအော်ပြီး ရည်းစားတော်တော်လေးလိုချင်တယ် ရလာတော့လည်းခနပဲဆိုတာမျိုးပေါ့။ ခုပြောပြချင်တာက FA ဘဝနဲ့တသက်လုံးအရိုးထုတ်သွားမယ့်လူတွေဆိုတာပြနေတဲ့လက္ခဏာတွေကိုပြောပြချင်တာပါ။ ကဲ..ဖတ်ကြည့်လိုက်ကြရအောင်…
အိပ်ချင်သလိုအိပ်ထချင်တဲ့အချိန်မှာထ
FAဖြစ်နေရတဲ့အကြောင်းထဲမှာ သင်ကြိုက်နှစ်သက်တဲ့အိပ်စက်ခြင်းကို ခုံမင်နေတာလည်းပါပါတယ်။ အိပ်ရာ အလယ်ရောက်လိုက် ခြေထောက်က ခေါင်းရင်းရောက်လိုက် ဝမ်းလျားကြီးမှောက်အိပ်လိုက် စသဖြင့် သူကြိုက်သလိုပုံစံနဲ့အိပ်ရတာကိုခုံမင်သူတွေက FA အဖြစ်နေရတာကြိုက်ကြပါတယ်။ ပြီးရင်အိပ်ချင်တဲ့အိပ် ထချင်တဲ့အချိန်မှလည်းထတတ်ကြပါတယ်။ ဒါကFA (Forever Alone) ဘဝမှာပဲ လွတ်လွတ်လပ်လပ်ခံစားရတာမျိုးမလား? သူတို့လည်းအရသာတွေ့ရှာကြမှာပေါ့။
သူ့အိမ်သူဘုရင်၊ အိမ်ကအကုန်လိုက်လုပ်ပေး
သူ့ဘဝသူ့ကမ္ဘာနဲ့သူဟာ ဘုရင်လိုနေထိုင်ရပါတယ်။ သူ့အတွက်ဘယ့်သူ့အမှီအခိုမှမလိုအပ်ပါဘူး။ သူ့ကိုသူချစ်တယ်..သူပျော်နေတယ်။ ဒီလောက်ဆိုသူ့အတွက်အဆင်ပြေနေပြီလို့ယုံကြည်ထားပါတယ်။ သူဟာသူ့အိမ်မှာအဖေတွေအမေတွေရဲ့အလိုလိုက်ခြင်းကိုခံထားရပြီး အဝတ်အစားကအစမုန့်ဖိုးအဆုံးအိမ်ကလိုက်လုပ်ပေးနေရတယ်ဆိုတဲ့လူမျိုးတွေပေါ့။မေမေချစ်တဲ့သားလေးပေါ့။ ဒါကြောင့် မတော်တဆရည်းစားရရင်တောင်သူ့လိုပုံစံနဲ့ဆို RSတစ်ခုကကြာရှည်မြဲမှာမဟုတ်ပဲ အရင်လိုပဲFAပြန်ဖြစ်သွားပါလိမ့်မယ်.
စားချင်တာတယောက်တည်းချက်ပြုတ်စား
တသက်လုံးFA (Forever Alone) ဖြစ်တော့မယ့်လူတွေမှာတွေ့ရတတ်တဲ့နောက်တစ်ချက်က အစားအစာတွေကို ထူးကဲစွာတစ်ယောက်တည်းချက်ပြုတ်စားသောက်တတ်ကြပါတယ်။ ဒီလိုချက်တာတောင် လျို့လျို့ဝှက်ဝှက်ချက်ပီးတယော က်တည်းစားတာနော်။ တ ခြားလူတွေအတွက်ကျတော့ မချက်ပေးချင်ပါဘူး။ သူတို့ကသူတို့ဘာသာအိမ်မှာကြိုက်တာဝတ် စားပြီး ကြိုက်တာချက်စားတတ်ကြတဲ့သူလေးတွေပါ။ ဒီလိုပျော်စရာကောင်းတဲ့ဘဝကို ခုံမင်နေကြတာပေါ့။
သူ့ကြောင်တွေခွေးတွေနဲ့အလုပ်ရှုပ်
တခြားလူတွေနဲ့သာ အဆင်မပြေရင်နေမယ်။ သူ့သားတွေ သမီးတွေ ဆိုပြီး သူပြောတတ်တဲ့ခွေးလေးတွေ ကြောင်လေးတွေနဲ့ပဲ အချိန်ဖြုန်းနေပါလိမ့်မယ်။ အေးတာပဲလေ လူတွေနဲ့ချစ်ရင် ထားခဲ့ခံရတာတို့ အသဲကွဲတာတို့နဲ့ ဇယားနောက်ဦးမယ်.သူကတော့ သားရေ သမီးရေ နဲ့သူ့ခွေးတွေကြောင်တွေနဲ့ပဲ ပျော်နေပါလိမ့်မယ်။
ဂေါက်ကြောင်
ရည်းစားနဲ့ပြတ်သွားလို့ဖြစ်ဖြစ် အဆင်မပြေချိန်မှာဖြစ်ဖြစ် နောက်တစ်ယောက်ကိုချိတ်ပါတယ်။ ချိတ်ပြီးအဆင်ပြေမလို့ရှိသေး သူ့EXအကြောင်းတွေတရစပ်ပြောနေတတ်သူတွေရှိပါတယ်။ သူဘယ်လောက်ကြေကွဲနေကြောင်းပေါ့။
ကိုယ်ရည်းစားစကားပြောမယ့်လူကို အာ့လိုပြောစရာလား? မိန်းကလေးတွေလည်းအတူတူပဲနော်။ဒီလိုလူမျိုးတွေဟာ FA ဖြစ်ဖို့ဇာတာပါလာတယ်လို့ဆိုလို့ရပါတယ်။ သူကစိတ်ပြတ်သားခြင်းမရှိသလို မတည်မငြိမ်ဖြစ်နေလို့ဘယ်သူကမှသူနဲ့တွဲရဲမှာမဟုတ်ပါဘူး။ တွဲလည်းခနပါပဲ။ သူ့ရဲ့အဲ့ဒီလိုအကျင့်တွေကြောင့် FA (Forever Alone) ပဲပြန်ဖြစ်သွားနိုင်ပါတယ်။
ဇီဇာကြောင်
အပျိုကြီးလူပျိုကြီးဖြစ်မယ့်သူတွေကတော်တော်လေးဇီဇာကြောင်တတ်ကြပါတယ်။ တခုခုဆိုဂျီးများတတ်ပါတယ်။ သူတို့နဲ့စကားပြောရတာ ကတ်သီးကပ်သတ်နိုင်တယ်လို့တောင် ထင်တတ်ကြပါတယ်။ ချစ်သူရလည်းခနပါပဲ။ နားထောင်ချင်သ ည်ဖြစ်စေ နားမထောင်ချင်သည်ဖြစ်စေ သူတို့ပြောချင်တာတွေပြောနေတတ်တာမျိုးပါ။ ကဲ..သူ့လိုလူကို ဘယ်သူရေရှည်လက်တွဲချင်မတုံး။
သူတို့ကိုသူတို့ပိုချစ်တတ်ကြီးများ
သူတို့က ချစ်ရမှာကိုကြောက်တာတော့မဟုတ်ပါဘူး။ တခြားလူတစ်ယောက်ကိုချစ်နိုင်ပါတယ်။ ယုံလည်းယုံကြည်နိုင်ပါတ ယ်။ ဒါပေမယ့်သူတို့က သူတို့ကိုသူတို့ပိုချစ်တတ်ကြတဲ့အတွက် သူတို့နာကျင်နိုင်မယ့် ခံစားရမယ့်အရာတွေဆို ဝေးဝေးရှောင်တတ်ကြပါတယ်။
သူတို့က အချစ်ကိုလိုက်မရှာကြပါဘူး။ သူတို့ဆီလာတဲ့အချစ်ကိုကျတော့လည်းရွေးချယ်မှုတအားလုပ်တတ်ကြပါတယ်။ အ တိတ်ကဖြတ်သန်းခဲ့တာမျိုးတွေနဲ့ပြန်နှိုင်းယှဉ်ချိန်ထိုးပြီး စဉ်းစားတတ်ကြပါတယ်။ ပြီးရင် အပူတွေမရှာတာပဲကောင်းပါတယ်ဆိုပြီး တစ်ယောက်တည်းပဲနေဖြစ်သွားတော့တာပါပဲ။
အတိတ်ကရုန်းမထွက်နိုင်သူ
တချို့လူတွေကျတော့ အတိတ်မှာနာကျင်မှုတွေထဲက တော်တော်လေးရုန်းထရှင်သန်ခဲ့ရတတ်ပါတယ်။ အထူးသဖြင့် အချစ်ဦးနဲ့ကွဲတဲ့လူတွေ၊ နှစ်တွေအကြာကြီးတွဲပြီးမှကွဲသွားတဲ့သူတွေပေါ့။ သူတို့က နောက်ထပ်အချစ်ရှာဖို့တော်တော်လေးစ ဉ်းစားကြပါတယ်။ ဒီလိုနဲ့ပဲပေါ့လေ အသက်တွေကြီးလာရင်း…
ဝါသနာရူး
တချို့လက်ရှိချိန်ထိ Singleနေနေတဲ့သူတွေကျတော့ သူတို့ကလွတ်လွတ်လပ်လပ်နေချင်တယ်။ ချုပ်ချယ်တာတွေမကြို က်ဘူး။ သူတို့ပျော်စရာတွေ သူတို့စိတ်ထင်တာတွေလုပ်နေတာတွေအတွက် အခြားလူတွေကိုအချိန်ပေးရမှာမလိုလားကြပါဘူး။ အထူးသဖြင့်သူတို့ဝါသနာတစ်ခုအတွက်အရာရာကိုစတေးပြီးဘာကိုမှအလေးမထားတတ်သူမျိုးပေါ့။ သူ့ဝါသနာအတွက်အချစ်ကိုလည်းမေ့ချင်မေ့ထားတဲ့လူမျိုးပေါ့။
ဖုန်းပွတ်ထင်ရာပြောကပ်စေးနှဲ
နောက်ဆုံးFaဖြစ်မယ့်လူတွေကတော့ ဖုန်းနဲ့လူမခွာပဲ အမြဲဖုန်းပဲပွတ်နေတတ်တဲ့သူမျိုးတွေနဲ့ကပ်စေးနှဲပြီးထင်ရာစိုင်းတတ်တဲ့လူမျိုးတွေပဲဖြစ်ပါတယ်။ ဖုန်းဟာသူတို့ရဲ့ကမ္ဘာတစ်ခုလိုဖြစ်နေပြီး သူတို့အတွက်စိတ်ထွက်ပေါက် သူတို့အကောင်းဆုံးမိ တ်ဆွေလိုဖြစ်နေတာပါ။
တစ်ချက်ကတခုခုဆို မိန်းကလေးကပဲရှင်း သူ့ပိုက်ဆံကျတော့ကုပ်ကပ်ထားတတ်ပါတယ်။ ပြီးတော့စကားကိုထင်ရာစိုင်းပြောတတ်တဲ့လူစားတွေရှိပါတယ်။ ကြိုက်တောင်မကြိုက်ရသေးဘူး “ကိုယ်တို့လက်ထပ်ပြီးရင် ကလေးဘယ်နှစ်ယောက်ယူမယ် ဘာလုပ်မယ် ညာလုပ်မယ် လျောက်ပြောတတ်တဲ့လူစားမျိုးတွေပါ။
ဒီလိုလူတွေကတော့ ရည်းစားမတော်တဆရရင်တောင် ခနပါပဲနော်..မကြာခင်FAပြန်ဖြစ်သွားပါလိမ့်မယ်။ ကဲ..ဒီတော့ Lifestyleပရိတ်သတ်ကြီးလည်း တသက်လုံး FA ဘဝနဲ့အရိုးထုတ်သွားရတော့မယ့်လူတွေရဲ့စရိုက်လက္ခဏာတွေကိုသိလောက်ပြီထင်ပါတယ်နော်။ ပြီးတော့ FA မဖြစ်ချင်ရင် အဲ့ဒီထဲက အချက်အချို့ကိုရှောင်လိုက်ပါနော်…
#Lifestyle_Myanmar
#Mg_Htet
REF_thoughtcatalog.com