မည်သည့်နှစ်တွင်မဆို စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၂၃ ရက် ( မြန်မာလ – သီတင်းကျွတ်) တွင် မွေးဖွားသူများသည် တူရာသီဖွားများ ဖြစ်ကြသည်။
၁။ တူရာသီဖွားတို့၏ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက်လက္ခဏာများ
တူရာသီဖွားတို့သည် စိတ်ခံစားမှုကို အထူးဦးစားပေးသူများဖြစ်ကြ၏။ နှလုံးသားခံစားမှုအတိုင်း ဘဝကိုလျှောက်လှမ်းကြ၏။ ခံစားချက်ပြင်းထန်သူများ ဖြစ်ကြ၏။ တူရာသီဖွားတို့၏ဘဝတွင် လွမ်းမောဖွယ်ရာအဖြစ်အပျက်များဖြင့် ပြည့်နှက်နေတတ်၏။အနုပညာခံစားမှုအင်အားပြင်းထန်၏။ အလှအပကြိုက်၏။ အသန့်အပြန့်၊အကောင်းအမွန်ကိုလည်း သူများထက် ပိုမက်မောကြ၏။ အထူးသဖြင့်တူရာသီဖွားတို့သည် တစ်ခုမဟုတ်တစ်ခု ညှို့ဓါတ်အားကောင်းတတ်ကြ၏။ ဘေးလူတွေကချစ်ခင်ကြည်ညိုတတ်ကြ၏။
တူရာသီဖွားတို့ကိုယ်တိုင်ကလည်း လူပေါင်းဆန့်၏။ ခင်မင်မှုနှင့် ချစ်မေတ္တာသံယောဇဉ်ကို အလေးအနက်ထား၏။ အလွန်သိမ်မွေ့သောနှလုံးသားပိုင်ရှင်များဖြစ်ကြ၏။ သို့သော်ဒေါသဖြစ်က ဘာမျှမမြင်တတ်ကြတော့ချေ။ ထို့အပြင် ငွေအသုံးကြမ်းသူများလည်းြ ဖစ်တတ်ကြ၏။
အထူးသတိပြုရန်မှာ တူရာသီဖွားတို့သည် စိတ်နုတတ်သည်။ စိတ်ထိခိုက်လွယ်သည်။ အပြင်ပန်း ဘာမှမဖြစ်သလို ဟန်ဆောင်ထားသော်လည်း စိတ်ထဲက ထိခိုက်ခံစားရတာ၊ စိတ်ကောက်မိတာမျိုး မသိမသာဖြစ်တတ်၏။ ၎င်းစရိုက်ကိုလည်း လူမသိအောင် ဖုံးကွယ်ထားလိုတတ်၏။ပြင်သင့်၏။ထို့အပြင် အယုံလွယ်တတ်၏။ အပျော်အပါးတွင် ဝါသနာထုံတတ်ခြင်းကိုလည်းပြင်သင့်၏။
၂။ အချစ်ရေး၊ အိမ်ထောင်ရေး၊ ဘဝတည်ဆောက်မှု
တူရာသီဖွားတို့သည် ချစ်မေတ္တာစိတ်ကြီးမားတတ်ကြ၏။နှလုံးသားခံစားချက် ပြင်းထန်တတ်ကြ၏။ သို့သော် အေးတိအေးစက်နှင့်နှုတ်မှဖွင့်ပြောဖို့ ဝန်လေးတတ်ကြ၏။ မိမိကို ချစ်သူက အမြဲအားမလိုအားမရနှင့် သံသယဖြစ်နေတတ်ကြ၏။ ကိုယ်တိုင်ကလည်း စိတ်ဒွိယဖြစ်စရာများနှင့် ချစ်နေတတ်ကြရ၏။ ရပ်ဝေးမှသူနှင့် ချစ်ကြိုးသွယ်မိတတ်ကြ၏။ ရွှေးချယ်ရခက်သော အနေအထားများကြုံရတတ်၏။ ချစ်ဦးသူနှင့် လမ်းခွဲရတတ်၏။ ကွဲကွာသွားသောချစ်သူကို တစ်သက်လုံး တသသလွမ်းနေမိတတ်ကြ၏။ အချစ်ကြီးသူများဖြစ်တတ်ကြသည်။ မေတ္တာနှင့်သစ္စာကို အထူးကိုးကွယ်သွားတတ်ကြ၏။
မည်သည့်ကိစ္စမဆို အစွဲအလမ်းကြီးမားတတ်ကြ၏။သို့သော်တူရာသီဖွားတို့သည် အိမ်ထောင်ပြုပြီးသောအခါတွင်လည်းကိုယ့်အိမ်ထောင်ဖက်အပေါ် ချစ်ခင်ယုယစွာ အလိုလိုက်တတ်ကြ၏။
အိမ်ထောင်ပြုပြီးလျှင် ဘဝအောင်မြင်တိုးတက်မှုကြုံတတ်၏။ ထို့ပြင် စိတ်ခံစားမှုကို ဦးစားမပေးပဲ အိမ်ထောင်ရေးကို ရွေးချယ်သင့်သည်။ ရိုးရိုးအေးအေးနေထိုင်ကာ မိမိကို ပါရမီဖြည့်ပေးသောအိမ်ထောင်ဖက်နှင့် အိမ်ထောင်ပြုရတတ်၏။ ထိုကဲ့သို့ ရိုးရိုးအေးအေးနေခြင်းကိုပင် မိမိက စိတ်တိုင်းမကျဖြစ်နေတတ်သေးသည်။ မည်သို့ပင်ဖြစ်စေ တူရာသီဖွားတို့သည်အိမ်ထောင်ဖက်၏ ကံကြောင့် ကြီးပွားချမ်းသာတတ်၏။အိမ်ထောင်ရေးသုခကို ရရှိတတ်ကြ၏။
အိမ်ထောင်ပြုသောအခါ ကရကဋ်ရာသီဖွားများကိုရှောင်သင့်၏။ ကျန်ရာသီဖွားများနှင့် သင့်တင့်မျှတမှုရှိ၍ လက်တွဲနိုင်သည်။
အထူးသတိပြုရန်မှာ တူရာသီဖွားတို့သည် ဘာသာရေးပါရမီဓါတ်ခံအားကောင်း၏။ လောကီပညာနှင့် စာပေတို့တွင် ပါရမီရင့်သန်၏။ ဂါထာမန္တန်အထူးစွမ်းတတ်ကြ၏။ သမာဓိရှိ၏။ ငြိမ်းချမ်းမှုကို အထူးလိုလား၏။ ထို့ကြောင့် ထိုစာပေ ဗဟုသုတကိစ္စ၊ ဘာသာရေးခံယူချက်များနှင့်
အချစ်ရေးအိမ်ထောင်ရေးတည်ဆောက်မှုတို့ အစွန်းမရောက်သေးဘဲမျှတစွာ နေထိုင်လျှောက်လှမ်းသွားနိုင်ရန် အထူးလိုအပ်ပေသည်။
၃။ ကျန်းမာရေး
တူရာသီဖွားတို့သည် ကျန်းမာရေးနှင့်ပတ်သက်၍ ခါးနေရာတစ်ဝိုက်အလွန်ပျော့သည်။ အမြဲတမ်း ခါးနှင့်ပတ်သက်၍ ဂရုစိုက်ရမည်။ခါးကိုက်၊ခါးနာ၊ ခါးညောင်းဝေဒနာများ မကြာခဏဖြစ်တတ်၏။အစာအိမ်အူလမ်းကြောင်းနှင့် ပတ်သက်၍ အစာမကြေခြင်း၊အစာအိမ်အချဉ်ပေါက်ခြင်းဖြစ်တတ်၍ အစားအသောက်အမြဲသတိရှိပါ။ဝမ်းကို ဂရုစိုက်ပါ။ ဝမ်းချုပ်၊ ဝမ်းပျက်၊ ဝမ်းကိုက်တို့ဖြစ်တတ်၏။ထို့ပြင်လည်ချောင်း၊ နှာစေး၊ အာသီးရောင်ခြင်းတို့လည်း ဖြစ်တတ်၍အအေးမခံသင့်။ လေအေးစက် သိပ်မသုံးသင့်ပါ။ အထူးသဖြင့်တူရာသီဖွားအမျိုးသမီးများ ရင်သားတွင် အနာဖြစ်တတ်၏။
တူရာသီဖွားအားလုံးတွင် နှလုံးသားခံစားမှုကြောင့် အလွမ်းနာကျတတ်၏။သူတစ်ပါးကိုဖွင့်ပြောပြဖို့ခက်သော ဝေဒနာကို သန်းခေါင်ယံတရေးနိုးချိန်များတွင် မွန်းကြပ်လှိုက်မောအောင် ခံစားရတတ်၏။ ဆေးလိပ်ကို ရှောင်ပါ။ ပျားရည်၊ ဝက်သားတို့ကို မကြာခဏစားပါ။ ပဲအမျိုးမျိုး၊ ပန်းသီး၊ ဖရဲသီး၊ သစ်ချသီး၊ ဗာဒံသီးတို့ကို စားပါ။ ကျန်းမာစေသော ဓါတ်စာများဖြစ်၏။
အာနာပါန ဘာဝနာပွားထုံခြင်းဖြင့် ရောဂါကင်းစင်အောင် ကုသသင့်ကြပေ၏။ ထို့ပြင် အားလပ်ချိန်တို့တွင် တေးဂီတကို နားထောင် အနားယူခြင်းဖြင့်ကျန်းမာရေးကောင်းစေတတ်ကြ၏။
၄။ သတိပြုစရာဘေးအန္တရာယ်များ
တူရာသီဖွားတို့သည် မြေပြို၊ တွင်းပြို၊ တောင်ပြိုအန္တရာယ်များကိုသတိထားသင့်၏။ သတိထားသင့်သည်ဆိုသော်လည်း အစဉ်အမြဲဖြစ်တတ်သည်မဟုတ်ဘဲ ကျောက်တူးခြင်း၊ သဲကျင်းတူးခြင်း၊သတ္တုအမျိုးမျိုး တူးဖော်ခြင်းတို့နှင့်ဆိုင်ရာ နေရာဒေသတို့သို့ သွားရောက်လုပ်ကိုင်ခြင်းပြုသောအခါတို့တွင်သာ သတိပြုရန်ဖြစ်၏။ စိုးရိမ်ရန်မရှိပါ။
အထူးသတိပြုရန်မှာ တူရာသီဖွားတို့သည် ဘာသာရေးပါရမီစွမ်းအားကြီးရုံသာမက အနာဂါတ်တွင်ဖြစ်ပျက်စရာတို့ကို ကြိုတင်သိမြင်နိုင်စွမ်းတတ်၏။ အိပ်မက်ထူး၊ နိမိတ်ထူးများ ပေးတတ်သဖြင့် ယုံကြည်ရာ ဂါထာမန္တန်တို့ကိုသာ ရွတ်ဆိုပွားထုံ ထားသင့် ပေတော့၏။ အစစကြိုတင်ကာကွယ်နိုင်စွမ်းလည်းရှိကြပေသည်။
၅။ တူရာသီဖွားများ၏ အလုပ်အကိုင်နှင့် စီးပွားရေးအနေအထားများ
တူရာသီဖွားတို့သည် ဘဝကို တည်ငြိမ်အေးချမ်းစွာနှင့် အောင်မြင်မှုရရန် အမြဲတမ်းကြိုးစားနေတတ်ကြ၏။ ကြံစည်နေတတ်ကြ၏။လူ့သဘာဝကို ကျွမ်းကျင်စွာနားလည်တတ်ကြ၏။ ရှေ့ရေးကိုကြိုတင်တွေးခေါ်မြော်မြင်နိုင်စွမ်းလည်း ရှိကြ၏။ သင့်တင့်မျှတစွာပေါင်းသင်းဆက်ဆံနိုင်စွမ်းလည်း ရှိကြ၏။မျှော်မှန်းချက်ကြီးမားတတ်ကြ၏။ သို့သော်တစ်ခါတစ်ရံတွင်ကိုယ်ဖြစ်ချင်သည်ကိုသာသိပြီး ကိုယ့်ရလမ်းကိုသာကြည့်သလိုဖြစ်တတ်၍ သတိပြုပါ။ စိတ်ကူးယဉ်နေတတ်ကြသဖြင့်လက်တွေ့အကောင်အထည်မဖော်မိဘဲ လေထဲတွင်တိုက်အိမ်ဆောက်သလို ဖြစ်တတ်ကြ၏။
ဘာသာရေးခေါင်းဆောင်များလည်း ဖြစ်နေတတ်ကြ၏။လူအများပေါ်တွင် နည်းအမျိုးမျိုးနှင့် ဆွဲဆောင်နိုင်စွမ်းတတ်ကြ၏။အနုပညာတွင် အထူးပါရမီရင့်သန်တတ်ကြ၏။တည်ကြည်ဖြောင့်မတ်တတ်၏။ ငွေကြေးမျက်နှာကို လုံးဝမကြည့်။
ထို့အတူ စိတ်ထဲတွင် မဟန်သည်ထင်က အားလုံးပြုပြင်တတ်ကြ၏။ခင်မင်မှုကို တန်ဖိုးထား၍ ဆက်ဆံတတ်ကြ၏။ ရတနာပစ္စည်းများစွာပိုင်ဆိုင်တတ်ကြ၏။ အထူးသတိပြုရန်မှာ တူရာသီဖွားတို့သည်လောဘနည်း၏။ ရောင့်ရဲလွယ်၏။ ထို့ကြောင့် ကိုယ်စွမ်းကိုယ်စရှိသလောက် မဖြစ်ထွန်းဘဲ နေတတ်၏။
လက်ရှိအနေအထားလေးအပေါ်တွင် ကျေနပ်ပျော်ရွှင်နေတတ်၏။ဆင်ခြင်ပါလေ။ မည်သည့်အလုပ်မဆို ပြုလုပ်ရာတွင် အစပိုင်း၌အလွန်ခက်နေတတ်၏။ သို့သော် မည်သည့်ကိစ္စမဆို ခေတ္တမြင်ရုံ၊လေ့လာရုံဖြင့် သိလွယ်တတ်လွယ်ခြင်း၊ ကွက်ကျော်မြင်တတ်ခြင်း၊
အနီးစပ်ဆုံးအနေအထားအထိ အဆုံးသတ်အဖြေကိုတွက်စစ်သုံးသပ်နိုင်ခြင်း၊ အလုပ်လုပ်ရာတွင် အစ၊ အလယ်၊အဆုံးအနေအထားတို့ကို သုံးသပ်ကိုင်တွယ်လုပ်ဆောင်မှုအလွန်ထက်မြက်ခြင်းတို့ကြောင့် အောင်မြင်မှု အထွဋ်အထိပ်ကိုရရှိတတ်ကြ၏။
ကိုယ့်ကိုယ်ကို အထင်ကြီးသောညာဉ်ကိုပယ်ပါ။တချို့ကိစ္စများတွင် လေးလေးနက်နက်မထားဘဲ ခပ်ပေါ့ပေါ့လုပ်ပစ်တတ်ခြင်းကိုရှောင်ပါ။ စပ်တူလုပ်ဆောင်ခြင်း ရှောင်ပါ။မည်သည့်အလုပ်မဆို တစ်ယောက်တည်းသာ ရဲဝံ့စွာလုပ်ပါ။အောက်ခြေသိမ်း စနစ်တကျလုပ်ဆောင်သွားပါ။
ဈေးပတ်ဝန်းကျင်နှင့်လူအများစုဝေးနေရာတို့တွင် စီးပွားရှာပါ။
အထူးသဖြင့် တူရာသီဖွားတို့သည် စေတနာ၏ တူသောအကျိုးပေးခြင်းကိုမကြာခဏ မျက်ဝါးထင်ထင်တွေ့ကြုံရတတ်၏။ ကောင်းတာလုပ်လျှင်ကောင်းတာအကျိုးပေးတတ်သည်ဟူသော စကားကိုအမြဲနှလုံးသွင်းသင့်၏။ အခက်အခဲကြုံတိုင်းကူညီမည့်သူများပေါ်လာတတ်၏။ ငွေကြေးဥစ္စာများ ရပြီးတိုင်းလည်းသုံးစွဲပေးကမ်း၊ လှူဒါန်းပစ်တတ်၏။ ထို့ကြောင့်ဘဝတွင်နိမ့်လိုက်မြင့်လိုက် ဖြစ်နေတတ်၏။ အလုပ်နှင့်ပတ်သက်၍ ဝေဖန်မှုကိုလက်ခံပေးပါ။ သီးသန့်နေလိုသော သဘာဝကိုပြုပြင်ပါ။ မည်သူ့ကိုမဆိုကူညီလိုသော သင့်စေတနာက တူသောကောင်းကျိုးပေးပါလိမ့်မည်။
တရာရေးဌာန၊ အုပ်ချုပ်ဌာန၊ ကုန်သည်လုပ်ငန်း၊ နိုင်ငံရပ်ခြားနှင့်ဆက်စပ်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊ပို့ဆောင်ရေးလုပ်ငန်း တို့ဖြင့် ကောင်းကျိုးပေးတတ်၏။ အနုပညာ၊စာပေဘက်တွင်လည်းဖြစ်ထွန်းတတ်၏။
၆။ ဘဝကံကြမ္မာ
တူရာသီဖွားတို့သည် ဘဝကိုမှန်သည်ထင်သည့်ဘက်ကနောက်မဆုတ်တမ်း လုပ်တတ်၏။ တက်ကြွနိုးကြားစွာ လုပ်တတ်၏။မျှတစွာတွေးခေါ်မှုလည်းရှိ၏။ နှုတ်မူရေးရာ ထက်မြက်တတ်၏။စေတနာကောင်းရှိသော်လည်း တဇွတ်ထိုးလုပ်တတ်။ သူတစ်ပါးကိုအကြံပေးခြင်း၊ ကူညီခြင်းလည်းရှိ၏။ ကိုယ့်ယုံကြည်မှု၊ကိုယ့်အကျိုးစီးပွားကို ထိခိုက်လာက ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်၏။သီးသန့်နေလိုစိတ် ပြင်းထန်၏။ ပတ်ဝန်းကျင်ကို ခင်မင်တတ်၏။ခင်ရာဆွေမျိုးဟု သဘောထားတတ်၏။ တည်ကြည်ဖြောင့်မတ်၏။
ဘာသာရေးလိုက်စားတတ်၏။ ထို့အတူ အာရုံနောက်ကိုလည်းကောက်ကောက်ပါအောင် လိုက်တတ်၏။ ထို့ကြောင့် သူတို့ဘဝသည်ဆန့်ကျင်ဘက်အနေအထားများ ဒွန်တွဲနေသော သဘာဝရှိ၏။ဘဝတွင်အတက်အကျမြန်၏။ အပြောင်းအလဲမြန်၏။ အိုးအိမ်အမွေအနှစ်ကိစ္စ တို့တွင်ပြဿနာကြုံရတတ်၏။ နှလုံးသားရေးကိစ္စတွင်စိတ်ဒွိဟဖြစ်တတ်၏။ အိမ်ထောင်ဆက်များတတ်၍ သတိရှိသင့်၏။
ဘဝတွင် မည်သို့သောအခက်အခဲ ကြုံသည်ဖြစ်စေ ကောင်းမွန်သန့်စင်စွာ အသက်မွေးဝမ်းကျောင်းပြုရတတ်၏။ မင်းစိုးရာဇာချီးမြှင့်မြှောက်စားခြင်းခံရတတ်၏။
အသက် (၂၇) မှစပြီး ဘဝအခြေတည်ဖို့ ဦးမော့လာတတ်၏။ ကြီးပွားမှု အောင်မြင်မှုလမ်းစကိုတွေ့ရတတ်၏။ အသက် (၃၂) ဝန်းကျင်မှစ၍ ကြီးပွားတတ်၏။ အသက်(၃၆) ဝန်းကျင်တွင် အနှောက်အယှက်ကြုံတတ်၏။ အထူးသဖြင့် (၂၅) နှင့် (၄၀) ကြားတွင် အလွန်အောင်မြင်စကြီးပွားသွားတတ်၏။ အသက် ၅၂၊ ၅၄၊ ၆၀၊ ၆၂၊ ၆၈၊ ၇၁၊ ၇၄ တို့တွင် အထူးအောင်မြင်တတ်၏။
(၄၀မှ၅၀) ကြားတွင် ရန်ဘေးများ ကြုံရတတ်၏။ ပြဿနာမဖြစ်အောင်ထိန်းပါ။ အောင်မြင်မှုဖြင့် ပြည်ပအထိ သွားရတတ်၏။ အသက် (၄၀၊ ၄၁၊၄၂) တို့တွင်သာ ဂရုပြုပေးပါ။ (၄၀) ကျော်ပါက မည်မျှ ဘေးရန်ပေါပါစေ(၅၀)အထိ လက်မထောင်နိုင်မည်။ (၅၀မှ၅၅)ကြား ကျန်းမာရေးဂရုပြုရမည်။ (၅၅) နောက်ပိုင်းတွင် ထိပ်ဆုံးသို့ရောက်အောင်အောင်မြင်မည်။ အသက် (၈၀) တွင် ကျန်းမာရေး အထူး သတိပြုပါလေ။
စိတ်အပြောင်းအလဲမြန်သဖြင့် အလုပ်အပြောင်းအလဲ လုပ်ခြင်းကိုသာအဓိကရှောင်ကြဉ်ပါလေ။ အရွေးရခက်အောင် အခွင့်အရေးများကိုလည်းကြုံရတတ်၏။ ထို့အပြင် ရောင်ရဲခြင်းကိုပယ်ပြီး ရည်မှန်းချက်မြင့်မြင့်ထားပါ။ စူးစိုက်လုပ်သမျှ အထူးအောင်မြင် တတ်၏။ မွေးဖွားရာဒေသမှ ဝေးရာသို့ ထွက်ခွာကြိုးစားလေ အောင်မြင်လေဖြစ်တတ်၏။
၇။ ဘဝအောင်မြင်မှုအတွက် လိုက်နာကျင့်သုံးဖွယ်ရာများနှင့် အဆောင်များ၊အရောင်များ
တူရာသီဖွားတို့သည် ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားပြီးဘဝကိအထွဋ်အထိပ်ရောက်သွားတတ်ကြ၏။ ရောင့်ရဲမနေရ၊အဆင်ပြေအောင် နေတတ်လွန်းခြင်းကို ပြင်ပါ။ ရည်မှန်းချက်မြင့်မြင့်ထားပါ။ အရွေးရခက်အောင်ပေါ်လာသော အခွင့်အလမ်းများကိုပြတ်သားစွာ ရွေးချယ်လိုက်ပါ။ စူးစိုက်လုပ်ပါ။ အစပိုင်းတွင် ခက်ခဲပြီးမှအလွန်အောင်မြင်သွားတတ်၏။ ဘဝတွင်အစွဲအလန်းကြီးသော စိတ်ကိုအားမာန်အဖြစ် ပြောင်းလဲသုံးစွဲပါ။
ထို့အပြင် အများကောင်းကျိုး၊အမျိုးဘာသာ သာသနာရည်စူးပြီး ကြိုးစားပါ။ မျှတခြင်း၊ညီညွတ်ခြင်းတို့သည် သင့် ပါရမီဓါတ်ခံများဖြစ်၏။ ညာဏ်ရည်မြင့်မားပြီး လိုအပ်ပါက အများအတွက် အမုန်းခံ၍ ပြောဆိုလုပ်ကိုင်ပေးရသောဇာတာရှင်များဖြစ်၏။ ရဲရင့်၏။ တိကျ၏။ စာအုပ်ကြီးအတိုင်း စည်းကမ်းကြီးစွာလုပ်ခြင်းကို ဆင်ခြင်ပါ။
အခွင့်အရးမယူတတ်ခြင်းမှာလည်း ကောင်းသောစရိုက်ဖြစ်၏။ သို့သော်မှန်သည်ထင်က ကြီးကြီးငယ်ငယ် တဲ့တိုးပြောတ်ခြင်းကိုရှောင်မှတိုးတက်မည်။ တူရာသီဖွားတို့သည် ကိုယ်ပိုင်စီးပွားရေးလုပ်သည်ပင် ဖြစ်စေဦး အများအတွက် ရည်စူးတတ်၏။ တစ်နပ်စားညာဏ်ဖြင့် ကြံခြင်းမရှိ။
အပြောချိုချိုနှင့် ပါးပါးလှီးခြင်းမရှိ။ အလွန်စရိုက်ကောင်း၏။
ဦးစီးဦးဆောင်နေရာတွင် အမြဲတမ်း နေရာပေးခြင်းခံရတတ်၏။မှန်ကန်ခြင်း၊ တိကျခြင်း၊ တည်ကြည်ခြင်း၊ ကြိုတင်ခန့်မှန်းမှုတွင်ကျွမ်းကျင်ခြင်း ထိုစွမ်းရည်တို့သည် တူရာသီဖွားတို့တွင်ရှိ၏။
အထူးအသုံးချပေးပါ။ ထို့အပြင် တူရာသီဖွားတို့သည် တေးဂီတကိုနှစ်သက်၏။ စိတ်ဖိစီးသောအခါတွင် တေးဂီတကိုတစ်ဦးတည်းနားထောင်ခြင်းဖြင့် အားဆေးတစ်ခုပမာစိတ်ရွှင်လန်းလာရုံသာမက အကြံကောင်းညာဏ်ကောင်းများပါပေါ်ထွက်လာတတ်၏။
ထို့အပြင် တူရာသီဖွားတို့သည် (၁) အမှန်အတိုင်းပြောတတ်ခြင်းကို လျှော့ပါ။ (၂) ကိုယ့်ကိစ္စမဟုတ်ကဝင်မပါပါနှင့်။ (၃) ငွေမရ၊ ကြေးမရ လူမုန်းခံရသော အလုပ်များ မလုပ်ရ။ (၄) တူရာသီဖွား ယောက်ျားသားများ ဆံပင်ရှည်မထားသင့်၊ တိုတိုရှင်းရှင်းနှင့် သပ်ရပ်စွာထားပါ။ (၅) အမျိုးသားများ ခပ်နွဲ့နွဲ့ မနေရ၊ စကားကို ခပ်ချွဲချွဲမပြောရ၊ တည်ကြည်စွာ ပြောပါ။ (၆) အမျိုးသမီးများယောက်ျားဆန်ဆန် ခပ်ထက်ထက်မနေရ၊ ခပ်ကြမ်းကြမ်း မပြောရ။ (၇)တောက်ပလွန်းသောအရာင်များဝတ်ဆင်ခြင်း၊ ခွာမြင့်ဖိနပ်များစီးခြင်း၊ဝမ်းဗိုက်ပူအောင်ရွဲအောင်နေခြင်း ရှောင်ပါ။ (၉) တူရာသီဖွား အမျိုးသမီးများ ယောက်ျားဆန်စွာ ခင်ဗျား၊ ကျွန်တော်ပြောခြင်းကိုရှောင်ပါ။
(၁၀) နှင်းဆီပွင့်အနီသည် တူရာသီဖွားများအတွက် အကောင်းဆုံးဖြစ်၏။သစ္စာ၊ သပြေကိုလည်း သုံးနိုင်၏။ (၁၁) အရောင်နုသော ကျောက်စိမ်းကိုသုံးစွဲပါ။ ရွှေကို ပလက်တီနံနှင့် ကွင်းပြီးဝတ်ပါ။ နီလာကျောက်ကိုလည်းတစ်လုံးတည်းဆောင်နိုင်၏။ (၁၂) ၃၊ ၆၊ ၉ ဂဏန်းများ အမြဲသုံးစွဲပါ။ (၁၃)အပြာနုရောင်၊ နှင်းဆီပန်းရောင်၊ အဖြူရောင်တို့ကို သုံးစွဲနိုင်၏။အထူးသဖြင့် နှင်းဆီပန်းပွင့် လှလှပိုစတာပုံများ အလုပ်ခန်း အိမ်ခန်းတွင်ချိတ်ဆွဲထားခြင်းဖြင့် လာဘ်အလွန်ရွှင်တတ်၏။
ထို့ထက်ဆိုရပါမူ တရားဓမ္မကျင့်လှမ်းခြင်းနှင့် အနုပညာအာရုံ ဝင်စားခြင်းတို့ကို အချိုးညီစွာသုံးစွဲကာ ဘဝကို ထိပ်ဆုံးရောက်အောင်အောင်မြင်တတ်ကြပေသတည်း။
[ Unicode ]

၆။ ဘဝကံကွမ်မာ

Ref;zodiac_sign