အချစ်စစ်နဲ့ချစ်ကြတဲ့ ချစ်သူစုံတွဲတိုင်း ပိုင်ဆိုင်ထားတဲ့ ကံကောင်းမှု ၁၀ခု
lifestylemyanmar.com
|
2020-03-10



အချစ်နဲ့ပက်သက်ပြီး လူတော်တော်များများ စိုးရိမ်နေကြတာရှိပါတယ်။ သူ့ကို အချစ်စစ်နဲ့ချစ်ခဲ့တာပါ။ သူကရောတကယ်ချစ်ရဲ့လားဆိုတာမျိုးပေါ့။ တချို့စုံတွဲတွေကြားမှာ အချစ်စစ် မစစ် စမ်းသပ်ရင်းနဲ့ သံသယ Relationship တစ်ခုကိုတည် ဆောက်တတ်ကြပါတယ်။ ဒါကြောင့် အချစ်စစ် အချစ်မှန်နဲ့ချစ်ကြတဲ့ စုံတွေထဲကြားထဲမှာရှိတဲ့အပြုအမူတွေ ကံကောင်းမှုတွေနဲ့အချစ်စစ်နဲ့ချစ်သူတွေကြားထဲက လျို့ဝှက်ချက်တွေကိုဖော်ြပပေးလိုက်ပါတယ်။


ပေးပေမယ့် ပေးတိုင်းပြန်ရတယ်




ချစ်ခြင်းမေတ္တာမှာ အသွားအပြန်ရှိပါတယ်။ ထူးအယ်လင်းသီချင်းလို ကိုယ်ပေးသော်ည်း ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်သလားဆိုတာမျိုးမဟုတ်ပါဘူး။ တယောက်ကိုတယောက်တစ်ကယ်ချစ်တဲ့သူတွေက ချစ်သူကို ဘာမျှော်လင့်ခြင်းမှ မပါပဲ ပေးဆပ်တတ်သလို တစ်ဖက်ကလည်း ပေးဆပ်လိုက်တဲ့ချစ်ခြင်းအတိမ်အနက်ကို နက်နက်ရှိုင်းရှိုင်းနားလည်ခံစားပါတယ်။

သူတို့ကြားထဲမှာ သာတယ်နာတယ်ဆိုတာတွေမရှိပါဘူး။ ဘယ်လို Suprise ကြီးလုပ်မှ ဘယ်လောက်တန်ဖိုးကြီးတဲ့ လ က်ဆောင်ကြီးရမှ အချစ်ဆိုတာမျိုးမဟုတ်ပဲ နောက်ဆုံးလက်ကျန် ပိုက်ဆံရာတန်လေးကိုကြည့်ပြီး ကြည်နူးပျော်ရွှင်ရဲတဲ့ချစ်သူမျိုးတွေပါ။တွေ့ဖူးကြလား?


စင်ကြည်တဲ့ပျော်ရွှင်မှုရှိပါတယ်




ကိုယ့်ချစ်သူပြုံးလိုက်တာ ဒါမှမဟုတ် ရယ်မောလိုက်တာလေးကို ငေးမောကြည့်နေရုံနဲ့တင် စိတ်ညစ်မှုတွေ ခက်ခဲမှုတွေပျောက်သွားပြီး ရှင်းသန့်ကြည်စင်တဲ့ ပျော်ရွှင်မှုတွေကိုပေးစွမ်းနိုင်ပါတယ်။ အချစ်စစ်ဟာ အင်အားအသစ်တွေပွင့်ဖူးရှင်သန်စေပါတယ်နော်.


နာကျင်မှုနဲ့ဒေါသ




ကိုယ့်ချစ်သူက ကိုယ့်ကိုစိတ်ပျက်စေတဲ့အရာတစ်ခုခု လုပ်လိုက်လို့ သင်အကြီးအကျယ်စိတ်ထိခိုက်ရတာတောင် သူ့လု ပ်ရပ်ကို သင်အမျက်ဒေါသထွက်စေမှာမဟုတ်ပါဘူး။ သူ့ကိုစိတ်ဆိုးဒေါသထွက်လို့ ဘာစကားမှမပြောပဲ စိတ်ကောက်လည်း ခနပါပဲ။

အကြာကြီး သူ့ကိုတစ်ယောက်တည်း ပစ်ထားပြီး နှစ်ဖက်လုံးတိတ်ဆိတ်နေကြမယ်ဆို နှစ်ယောက်လုံးနာကျင်နေရမယ်ဆိုတာ သိနေကြတဲ့အတွက် သိပ်မကြာခင်မှာပဲ ပြန်အဆင်ပြေသွားပါလိမ့်မယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတာမျိုးပေါ့။


ကိုယ့်ကိုကိုယ်ယစ်ပူဇော်တယ်




ကိုယ့်ချစ်သူပျော်ရွှင်ဖို့ အတွက်ဆို ကိုယ့်ကိုကိုယ် ယစ်ပူဇော်ဖို့အတွက်လည်း ဝန်မလေးပါဘူး။ ကိုယ့်ချစ်သူပျော်ရွှင်ဖို့အ တွက်ဆို အမြဲတမ်းကိုယ်ကျိုးစွန့်တတ်ကြပါတယ်။ သူက သင်ရယ်မောတာကိုချစ်သလို သူ့ကိုရယ်မောအောင်လုပ်ပေးတာကိုလည်းချစ်တတ်တယ်လေ။ ချစ်သူပျော်ရွှင်ဖို့အတွက်ဆို သူမမြင်နိုင်တဲ့ နာကျင်မှုတွေကိုတောင် ခံစားရဲကြတဲ့သူတွေလေ။


မနာကျင်စေကြဘူး




အချစ်စစ်နဲ့ချစ်နေကြတဲ့သူတွေဟာ တယောက်ကိုတယောက် ဘယ်တော့မှ နာကျင်ခံစားရအောင် မလုပ်တတ်ကြပါဘူး။ ကိုယ့်ချစ်သူကို ကိုယ်ထိလက်ရောက် နာကျင်အောင်လုပ်ဖို့နေနေသာသာ စိတ်ကူးနဲ့တောင် မနာကျင်စေချင်ကြပါဘူး။ ပြေ ာရရင် အချစ်စစ်ဟာ ကိုယ်ကျိုးစွန့်အောင် တစ်ကိုယ်ကောင်းဆန်မှုတွေစွန့်လွှတ်တတ်အောင်လုပ်နိုင်ပါတယ်။


ကတိတည်ကြတယ်




ကိုယ့်ချစ်သူကို ကတိတစ်ခုပေးထားတဲ့အခါ အဲ့ဒီကတိကို တည်အောင်လုပ်တတ်ကြပါတယ်။ သင်ဟာလူတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိတဲ့အခါ သင့်ရဲ့ကိုယ်ကျင့်တရားဆိုင်ရာဟာ သူ့အတွက် အလွန်ခိုင်မာလာပြီး အရာရာကို လေးလေးနက်နက်သဘောထားလာပါလိမ့်မယ်။

အချစ်စစ်နဲ့ချစ်သူတွေကြားထဲမှာ “ကတိ”ဆိုတဲ့ စကားလုံးလေးကို တန်ဖိုးထားကြပါတယ်။ ခနခန ကတိပေးပြီး ခနခန ဖောက်ဖျက်နေတယ်ဆိုတာ တစ်ကယ်တော့ သူက သင့်ကိုတစ်ကယ်မချစ်လို့ပါ။ သူကတစ်ကယ်တော့သူ့ကိုသူ ချစ်နေတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။


အနာဂါတ်ကိုအကောင်အထည်ဖော်တယ်




တချို့စုံတွဲတွေရှိတတ်ပါတယ်။ အချိန်အကြာကြီးတွဲတယ် ယူလည်းမယူဖြစ်ဘူး နောက်ပိုင်းကျ Relationshipကပြတ်တောက်သွားတယ်။ ဒါကဘာကိုပြလဲဆိုတော့ သူတို့ဟာ အနာဂါတ်ကို စိတ်ကူးထားကောင်းထားကြပေမယ့် လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ကြလို့ ဒီလောက်နှစ်တွေအကြာကြီးတွဲပြီးမှ ပြတ်သွားကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။

တကယ်ချစ်တဲ့သူတွေက အနာဂါတ်အတွက် Planတွေအတူတူချတယ်။ အတူတူ ကြိုးစားရုန်းကန်တယ်။ အတူတူနေနိုင်မယ့်နေ့လေးတစ်နေ့အတွက် ဘဝကို ချစ်ခြင်းနဲ့ ရဲရင့်တက်ကြွစွာရှေ့ဆက်တတ်ကြပါတယ်။


သုခနဲ့ဒုက္ခကိုရယ်ပြကြတယ်




တစ်ကယ့်အချစ်စစ်နဲ့ချစ်သူတွေဟာ အကောင်းတွေတွေ့ရင်ပျော်ကြပြီး အဆိုးတစ်ခုခုကြုံရင် သူ့အပြစ်တင် ကိုယ့်အပြစ် တင် မလုပ်တတ်ကြပါဘူး။ လောကဓံ ၈ပါးရဲ့အထုအထောင်းကို ခိုင်ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ရင်ဆိုင်ကျော်ဖြတ်ရဲကြသလို သုခတွေကြုံလာရင်လည်း အတူတူရယ်မောကြပါလိမ့်မယ်။


မာနနဲ့မနာလိုမှုတွေမထားဘူး




မာနဆိုတာကတော့လုံးဝမရှိတာတော့မဟုတ်ပါဘူးနော်။ တလွှဲမာနတွေမရှိဘူးလို့ပြောတာပါ။ နောက်တစ်ချက်က တချို့စုံတွဲတွေရှိတတ်တာက ကိုယ့်ကောင်မလေးက ကိုယ့်ထက်အရမ်းသာနေရင် အောင်မြင်နေရင် ခံပြင်းတယ် မနာလိုသလိုဖြစ်တတ်တယ်။

တစ်ကယ်ချစ်ကြတဲ့စုံတွဲတွေကတော့ သူကကိုယ့်ထက်သာနေလို့ အောင်မြင်နေလို့ မနာလိုမှုတွေဖြစ်မယ့်အစား တခြားလူတွေကိုတောင် ကိုယ့်ချစ်သူ အောင်မြင်မှုအတွက်လိုက်ကြွားချင်နေတာမျိုးပါ။ သူတို့က ဘာအောင်မြင်မှုမှမရခဲ့ရင်တောင်ပေါ့။


အထင်ကအထင် အမြင်ကအမြင်




အချစ်စစ်နဲ့ချစ်ကြတဲ့ စုံတွဲတွေကြားမှာ သံသယအကြီးကြီးတွေမထားတတ်ကြပါဘူး။သူတို့က နားလည်မှု ယုံကြည်မှုတွေနဲ့တည်ဆောက်ထားကြတဲ့အတွက် ပြဿနာတစ်ခုခုဆို အေးအေးဆေးဆေးပဲ ဖြေရှင်းတတ်ကြပါတယ်။ အထင်ကအထင် အမြင်ကအမြင် ဆိုတာသူတို့ကောင်းကောင်းသိထားပါတယ်။

ဒါကြောင့် တစ်ကယ်ချစ်တဲ့ စုံတွဲတွေဆိုတာ သံသယတွေမထားတတ်ကြပါဘူး။ သံသယထားတာဟာ ကိုယ့်ချစ်သူတိန်ဖိုးကို လျော့ချသလိုဖြစ်ပြီး သူ့ကိုယ်သူလည်း ယုံကြည်မှုမရှိဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်တဲ့အတွက် သူတို့က အဲ့ဒီလို အဖြ စ်ကို လုံးဝ အရောက်ခံမှာမဟုတ်ပါဘူး။ သူတို့ သိချင်တာရှိရင် ပွင့်ပွင့်လင်းလင်းမေးပါလိမ့်မယ်။


အချစ်စစ်ကသဝန်တိုသလား




ဒီအချက်ကိုတော့ စာဖတ်သူတွေပဲ ဖြေပေးစေချင်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ တချို့တွေကတော့ သဝန်တိုတာ တကယ်မချစ်လို့ သဝန်တိုတာ တစ်ကယ်မချစ်လိုံ စသဖြင့်ပေါ့။ အနောက်တိုင်းနိုင်ငံတွေက စာ ရေးဆရာတချို့ပြောကြာတာကတော့ “အချစ်စစ်မှန်ရင် သဝန်တိုမှုနဲ့မကင်းဘူးဆိုတာပါပဲ”။

ဒီပြဿနာကတော့ အချစ်ကိုဘယ်လိုနားလည်ထားလဲ ခံစားထားလဲဆိုတာပေါ်သွားမူတည်နေပါတယ်။ ကိုယ့်ချစ်သူကို ချစ်နေရုံသက်သက် ဘာသံသယ ဘာသဝန်တိုမှုမှ မရှိပဲချစ်နေနိုင်တဲ့အချစ်မျိုးလည်းရှိနိုင်မှာပါပဲ။ ဒါပေမယ့် ဘယ်လောက်ပဲသဘောထားကြီးပါတယ်ပြောပြော လူတိုင်းမှာ ကိုယ့်ချစ်သူနဲ့ပက်သက်ရင် အတ္တလေးတစ်ခုတော့ရှိတတ်ကြပါတယ်။

အချစ်စစ်ဟာ သဝန်တိုမှုနဲ့တော့ မကင်းနိုင်ဘူးပဲထင်ပါတယ်နော်..ကဲ..ဒီလောက်ဆိုရင်lifestyle Mynamarပရိတ်သတ်ကြီးလည်းအချစ်စစ်နဲ့ချစ်သူတွေကြားကအပြုအမူလေးတွေအကြောင်းသိကြပြီထင်ပါတယ်။

ဒီတော့ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့Relationship တစ်ခုက တစ်ကယ်အချစ်စစ်နဲ့တည်ဆာက်ထားတဲ့RSလား? အတ္တတွေထမ်းပိုးပြီးတည်ဆောက်ထားတာလား? သံသယကမ္ဘာထဲကချစ်ခြင်းတွေလား? အချစ်စစ်ဟာ သဝန်တိုတတ်လား? ဆိုတာလေးတွေသုံးသပ်ကြည့်ကြပြီး ကွန်မန်းမှာ မျှဝေပေးသွားကြနော်..

#Lifestyle_Myanmar

#Mg_Htet

REF_Lovepanky.com


#အချစ်စစ်
#ချစ်သူ
#စုံတွဲ
#သံသယ
#ချစ်ခြင်း

Some text some message..