သင့်စိတ်ပိုင်းဆိုင်ရာနှင့် ခံစားမှုပိုင်းဆိုင်ရာမှာ မောပန်းနွမ်းနယ်နေတဲ့ နိမိတ်လက္ခဏာ (၇)ခု
lifestylemyanmar.com
|
2020-03-10



လူတော်တော်များများက စိတ်ပိုင်းဆိုင်ရာနှင့် စိတ်လှုပ်ရှားမှု၊ ခံစားမှုပိုင်းမှာ အားနည်းလာတဲ့အခါ ၎င်းတို့အတွင်းမှာ ကျန်းမာရေးနှင့် မညီညွတ်တဲ့လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒီနိမိတ်လက္ခဏာ(၉)ခုကို တွေ့ကြုံခံစားရတယ်ဆိုရင် သင့်ဘဝမှာ ခက်ခဲတဲ့ပြဿနာတွေကို တွေ့ကြုံလာရနိုင်ပါတယ်။

၁။ သင်က စိတ်တိုလွယ်လာတယ်

သင်က သိပ်မကြာခင်ကာလကမှပဲ အသေးငယ်ဆုံးကိစ္စလေးတွေကအစ စိတ်ထိခိုက်လွယ်လာတယ်။ စိတ်တိုလွယ်လာတယ်။ နောက်ပြီး သင့်ပတ်ဝန်းကျင်မှာ အဆိုးမြင်စိတ်တွေကိုပဲ တွေ့ရပြီးသင့်အတွက် တစ်မိနစ်စာတိုင်းရဲ့ အဆိုးမြင်မှုတွေက သင့်ကို စိတ်ဆိုးစေတယ်။ သင်အလွယ်တကူဒေါသထွက်နေတယ်။ ရက်တွေကုန်လွန်လာတာနဲ့အမျှ သင်က မျှော်လင့်ချက်ကင်းမဲ့နေတဲ့လူတစ်ယောက်လို ခံစားနေရတယ်။ စွမ်းဆောင်ရည်မရှိခြင်းနှင့် စွမ်းအားမရှိတာကြောင့် တဖြည်းဖြည်းနဲ့ ပိုစိတ်ဆိုးလာတယ်။ ကံမကောင်းစွာနဲ့ပဲ ၎င်းက သင့်ရဲ့ အနီးဆုံးမှာရှိတဲ့ သူတွေအပေါ် သင့်မကျေနပ်ချက်တွေကို စုပုံပစ်ချနိုင်ပါတယ်။




၂။ အမြဲတမ်းစိတ်ဓာတ်ကျနေပြီးတော့ တက်ကြွမှုကင်းမဲ့နေတယ်

မကောင်းတာ တစ်ခုခုဖြစ်ပျက်တော့မယ်လို့ အမြဲတမ်းခံစားနေရတယ်။ သင့်ဘဝမှာ ယုံကြည်မှုတွေကို ဆုံးရှုံးခဲ့ရပြီးတော့ ပြန်လည်နှိုးကြားလာဖို့ လှုံ့ဆော်မှုတွေလည်းမရှိဘူး။ သင်ကိုယ်တိုင်က အလုပ်မလုပ်နိုင်တော့ဘူးလို့ခံစားရတယ်။ လုပ်ငန်းခွင် (သို့) တာဝန်ဝတ္တရားတွေကို မလွဲမရှောင်သာလုပ်နေရပြီးတော့ အလုပ်သွားချိန်ကို ရင်ဆိုင်နိုင်ဖို့ပင် ခက်ခဲနေတယ်။ သင်အမှန်တကယ် အဲ့လိုခံစားနေပြီဆိုရင် သင်ဘာကိုမှ ရေရေရာရာဂရုစိုက်နိုင်တော့မှာ မဟုတ်ပါဘူး။




၃။ မကြာခဏစိုးရိမ်ပူပန်မှုနဲ့ တွေ့ကြုံခံစားရတယ်

သင်အလွန်အမင်းပင်ပန်းနွမ်းနယ်မှုကြောင့် သင်က ပုံမှန်ထက်ပိုပြီးတော့ စိတ်ဖိစီးမှုခံစားရတယ်။ စိုးရိမ်ပူပန်မှုတွေက နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်လာတယ်။ သင်မလိုအပ်ဘဲ စိုးရိမ်ပူပန်မှုတွေ အလိုလိုရနေတယ်။ သင်က သေးငယ်တဲ့အမှုခြင်းရာလေးတွေကိုတောင်မှ စိုးရိမ်ပူပန်တတ်လာပါလိမ့်မယ်။




၄။ သင်ကောင်းကောင်းမအိပ်နိုင်ဘူး

သင့်မှာ နေရာမရှိတော့ဘူးလို့ ခံစားရလေ့ရှိတယ်။ အလွန်အမင်းပင်ပန်းနွမ်းနယ်နေတဲ့ ခံစားမှုက သင့်အတွေးတွေကို အေးအေးဆေးဆေးအိပ်ပျော်သွားစေဖို့ ခက်ခဲစေပါတယ်။ သင်က တကယ်ပင်ပန်းနေတာကြောင့် သင်အလုပ်ချင်ဆုံးအရာက အိပ်စက်တာပဲ။ ဒါပေမယ့် သင်ဒါကို မလုပ်နိုင်ဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သင့်အတွေးတွေက အမြန်နှုန်းနဲ့ ပြေးနေတာမို့ပါ။ တစ်ခါတလေမှာ သင့်ရဲ့စိုးရိမ်ပူပန်ခြင်းတွေက သင့်ကိုခဏခဏအိပ်ရာက နိုးနေပါလိမ့်မယ်။ သင်လိုအပ်နေတဲ့ အနားယူခြင်းတွေ ရနိုင်မှာမဟုတ်ပါဘူး။




၅။ လုံးဝအကြောင်းပြချက်မရှိဘဲ ငိုကြွေးခြင်း

သင်က မနက်သွားတိုက်ဖို့ သွားတိုက်ဆေးထည့်တဲ့အခါ မတော်တဆအောက်ပြုတ်ကျသွားတာကအစ အမှတ်ထားပြီးငိုကြွေးနေတတ်တယ်။ ကျွန်တော်တို့ဟာ ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံးအားကုန်သွားတဲ့ခါ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ခွန်အားလျော့နည်းလာပြီး ပုံမှန်စိတ်ဖိစီးမှုတွေက ပိုမိုပြင်းထန်လာတယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ (သို့) ကျပန်းသူစိမ်းရှေ့မှာတောင် သင့်ငိုချင်စိတ်ကို မထိန်းနိုင်တာတွေ ဖြစ်လာပါလိမ့်မယ်။




၆။ မူးဝေခြင်းနှင့် ပျို့အန်ခြင်းကို ခံစားရခြင်း

ပျို့အန်ခြင်းနှင့် မူးဝေခြင်းက သင်အနားယူဖို့ လိုအပ်တဲ့လက္ခဏာတွေဖြစ်ပြီးတော့ ၎င်းက သင့်ရဲ့အဓိကဦးစားပေးဖြစ်သင့်ပါတယ်။ တကယ်တော့ ဒီလိုတွေဖြစ်လာတာ သင်အလွန်စိတ်ဖိစီးလွန်းနေတာကြောင့် ဖြစ်ပါတယ်။ လူတစ်ဦးက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြုံတွေ့ရတိုင်း ၎င်းက ရုပ်ပိုင်းဆိုင်ရာတွေမှာလည်း အကျိုးသက်ရောက်မှုတွေဖြစ်စေပါတယ်။ တကယ်လို့ သင့်ဝမ်းဗိုက်အတွင်းဖိစီးမှုတွေကို သယ်ဆောင်တတ်သူမျိုးဖြစ်တယ်ဆိုရင် (သို့) သင့်ကိုနာကျင်စေတဲ့ ဘယ်လိုအရာမျိုးကိုမဆို တွန်းလှန်ဖို့ ကြွက်သားတွေကို မသိမသာဆုပ်ကိုင်ထားမယ်ဆိုရင် ဒါက အထူးသဖြင့် မှန်ကန်ပါတယ်။




၇။ အမြဲတမ်းပင်ပန်းနွမ်းနယ်နေခြင်း

ပင်ပန်းနွမ်းနယ်မှုက ပုံမှန်ပင်ပန်းနွမ်းနယ်မှုနှင့် ကွဲပြားခြားနားတယ်။ သင့်တင့်လျောက်ပတ်တဲ့ အိပ်စက်ခြင်းက ပင်ပန်းနွမ်းနယ်မှုကို ကုစားနိုင်ပါတယ်။ ကျွန်တော်တို့ ပင်ပန်းနွမ်းနယ်တဲ့အခါ တစ်နေ့လျှင် နာရီ(၂၀) အိပ်စက်ခြင်း (သို့) နာရီအနည်းငယ်အကြာမှာ ကော်ဖီ ၃၀သောက်ခြင်းက အရေးမကြီးပါဘူး။ သင့်ရိုးတွင်းခြင်ဆီအတွင်းမှာ ပင်ပန်းနေဦးမှာပါပဲ။

အခုအထက်မှာ ပြောခဲ့တဲ့အချက်အလက်တွေက စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုတွေရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ တစ်ဆက်တည်း ဒီလက္ခဏာတွေကို ကုသနည်းနဲ့ပတ်သက်ပြီးတော့ မျှဝေပေးပါ့မယ်။




၁။ စိတ်ဖိစီးမှုကို ဖယ်ရှားပါ

စိတ်ဖိစီးမှုကို ကုသဖို့အကောင်းဆုံးနည်းလမ်းကတော့ ဖိအားတွေကို ဖယ်ရှားတတ်ဖို့ပဲဖြစ်ပါတယ်။ သင့်အလုပ်ဝန်းကျင်က သင့်စိတ်ပင်ပန်းနွမ်းနယ်မှုရဲ့ အကြောင်းရင်းဖြစ်တယ်ဆိုရင် အလုပ်ပြောင်းခြင်း (သို့) ကုမ္ပဏီပြောင်းဖို့ စဉ်းစားပါ။ သင့်မန်နေဂျာ (သို့) သူဌေးက သင့်စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတယ်ဆိုရင် ဌာနအသစ်သို့ ပြောင်းရွှေ့ဖို့ (သို့) အခြားမန်နေဂျာအောက်မှာ ထားဖို့တောင်းဆိုပါ။

၂။ သတိတရားကို ကျင့်သုံးပါ။

သတိတရားက သင်ကိုယ်တိုင်သတိရနေရမယ့် စကားလုံးဖြစ်ပါတယ်။ ၎င်းတို့က စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုကို လျှော့ချဖို့သိပ္ပံနည်းကျ အသိအမှတ်ပြုထားပြီး သင့်စိတ်ပိုင်းဆိုင်ရာကျဆင်းမှုကို အဆုံးသတ်ဖို့သော့ချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သတိဆိုတာ ရိုးရိုးပစ္စပ္ပုန်ကာလအခိုက်အတန့်နှင့် ထိတွေ့ခြင်းကို ဆိုလိုတာပါ။ ဒါတွေက သင့်အာရုံစူးစိုက်မှုကို အနုတ်လက္ခဏာအတွေးတွေကနေ ဝေးရာရောက်အောင် ကူညီပေးနိုင်တယ်။ ဥပမာ- နေ့စဉ်တရားထိုင်ခြင်း၊ ယောဂ၊ အသက်ရှူခြင်း၊ သဘာဝလမ်းလျှောက်ခြင်းနှင့် သင့်အတွေးခံစားချက်တွေကို ရေးမှတ်ဖို့ မှတ်စုစာအုပ်ထားရှိခြင်းတို့ပါပဲ။




၃။ ယုံကြည်ရတဲ့သူငယ်ချင်းနှင့် ဆက်သွယ်ပါ

သူငယ်ချင်းတစ်ယောက်နဲ့မျက်နှာချင်းဆိုင်စကားပြောခြင်းက စိတ်ဖိစီးမှုတွေကို သက်သာစေဖို့ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ နားထောင်ပေးသူက သင့်ပြဿနာတွေကိုဖြေရှင်းဖို့ မလိုပါဘူး။ နားထောင်ပေးရုံသက်သက်ပါပဲ။ ယုံကြည်စိတ်ချရတဲ့မိတ်ဆွေတစ်ဦး (သို့) မိသားစုဝင်တစ်ဦးက သင့်ကို အကဲဖြတ်ခြင်း၊ စွက်ဖက်ခြင်းမရှိဘဲ နားထောင်ပေးနိုင်ပါတယ်။ သင့်နီးစပ်ရာဘယ်သူမှ မရှိဘူးဆိုရင် သင်လုပ်ငန်းမှာ အကြံပေးဝန်ဆောင်မှုတွေပါဝင်တဲ့ဝန်ထမ်းအထောက်အပံ့အစီအစဉ်(EAP)ရှိမရှိစစ်ဆေးပါ။ (တစ်ဆက်တည်း- စာရေးသူက ယုံကြည်ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကောင်းကောင်းလုပ်ပေးနိုင်ပါတယ်)။

၄။ ပရော်ဖက်ရှင်နယ်နှင့် တွေ့ဆုံပါ

လူနေမှုပုံစံအပြောင်းအလဲများလုပ်ခြင်းနှင့်အတူ စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုကို ကုသဖို့ ပရော်ဖက်ရှင်နယ်အကူအညီရယူဖို့ အရေးကြီးပါတယ်။ ကုထုံးကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးက သင့်အားစိတ်ဖိစီးမှုဖြစ်စေတဲ့ကာလအတွင်း သင်လုပ်ဖို့ လိုအပ်တဲ့ကိရိယာတွေကို ပေးနိုင်ပါတယ်။ ကျွမ်းကျင်သူတွေက အသုံးပြုနည်းစနစ်အချို့က- ဟောပြောမှုကုထုံးအဖြစ် လူသိများတဲ့သိမြင်မှုဆိုင်ရာ အမူအကျင့်ဆိုင်ကုထုံး(CBT)နှင့် အပန်းဖြေအနားယူတဲ့ နည်းစနစ်တွေကို အသုံးပြုကြတယ်။

Lifestyle_Myanmar

Nyein_Thu

Ref-idsmed.com


#စိတ်ဖိစီးမှု
#စိတ်ပိုင်းဆိုင်ရာ
#လက္ခဏာ
#အတွေး
#သတိတရား

Some text some message..