လေ့လာမှုအသစ်တစ်ခုအရဆို မိန်းကလေးတွေအထင်ကြီးဖို့နဲ့စိတ်ဝင်စားဖို့ အတွက် အားလပ်ချိန်တွေမှာ အပင်ပန်းခံနေ GYM ဆော့နေတဲ့ အမျိုးသားတွေအတွက် ဝမ်းနည်းစရာ သတင်းတစ်ရပ်ပါပဲ။
ဗိုက်ပူကြီးတွေအတွက် သတင်းကောင်းအနေနဲ့ပြောရရင်တော့ ၆၉ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ဗလတောင့်တောင့် Six-Pack ကြီးတွေထက် ဗိုက်ပူကြီးတွေကို ပိုမိုနှစ်သက်သဘောကျကြတယ်လို့ဆိုပါတယ်။
ဗိုက်ပူကြီးဆိုတာက Over Weight ဖြစ်နေတာလည်းမဟုတ် ကြွက်သား သိပ်များတာလည်းမဟုတ်တဲ့ လူတွေကိုဆိုလိုတာပါနော်။ကဲ..အောက်မှာ ဗလကြီးတွေထက် ဗိုက်ပူကြီးတွေကို ဘာလို့ပိုသဘောကျလဲဆိုတာ ဖတ်ကြည့်လိုက်ကြရ အောင်။
ဗလကြီး VS ဗိုက်ပူကြီး
သုတေသနတွေနဲလိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေပြောဆိုချက်အရ အမျိုးသမီးတွေက ဗိုက်ပူကြီးတွေကို ပိုကြိုက်နှစ်သက်တာ အကြောင်းပြချက်ရှိပါတယ်။
အမျိုးသမီးတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန်နဲ့ ပက်သက်ပြီး စိုးရိမ်မှုတွေရှိနေပါတယ်။ ဆိုကြပါစို့ သူတို့ တအားကြီး ဝ လာတာမျိုးပေါ့။ ဒီ့အတွက် မိန်းမအများစုက ကိုယ်ခန္ဓာတောင့်တင်းလှပတဲ့ ယောကျာ်းရဲ့ မျှော်လင့်သလို မနေထိုင်နိုင်မှာကို ကြိုတွေးပြီး စိုးရိမ်တတ်ကြပါတယ်။
ဒီကိုယ် အလေးချိန်ကိစ္စကြောင့်လည်း လိင်ပိုင်းဆိုင်ရာဆန္ဒအပေါ် အကျိုးသက်ရောက်မှုရှိမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ သုတေသနတွေအရ ဗြိတိန်အမျိုးသမီး ၄ယောက်မှာ ၃ယောက်ပဲ လေ့ကျင့်ခန်းလုပ်တဲ့ ဗလတောင့်တောင့် ယေ ာကျာ်းတွေကို ကြိုက်နှစ်သက်တယ်လို့ဆိုပါတယ်။
ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်တောင့်တင်းဖို့လုပ်နေတဲ့ ၂၃ သန်းသော အမျိုးသားတွေရှိတဲ့ထဲက ၉၆ ရာခိုင်နှုန်းသော အမျိုးသမီးတွေက ဗိုက်ပူကြီးတွေကို Dateလုပ်ဖို့ အကောင်းမြင် ထင်မြင်ချက်ပေးတယ်လို့ခန့်မှန်းထားပါတယ်။
အမျိုးသမီးတွေက တစ်ကယ်တမ်းဗလတောင့်တောင့်ယောကျာ်းတွေကို ပိုမိုနှစ်သက်ကောင်းနှစ်သက်နိုင်ပေမယ့် သူတို့ထက် ပြည့်စုံတဲ့လူနဲ့ယှဉ်ရင် သူတို့ သိမ်ငယ်ရမှာ သူတို့ချို့ယွင်းချက်တွေကို သူတို့ပြန်မြင်နေရမှာကို မလိုချင်ဘူးလို့ဆိုပါတယ်။
သုတသေန
အမျိုးသမီး ၂၀၀၀ကျော်ဖြေဆိုထားတဲ့သုတေသနစစ်တမ်းတွေအရ ၆၉ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ဗလတောင့်တောင့်ဘဲတွေထက် ဗိုက်ပူကြီးတွေက ပိုပြီး Sexy ကျတယ် ပိုကြည့်လို့ကောင်းတယ်လို့ထင်ကြတယ်လို့ဆိုပါတယ်။ ပြီးတော့ ဗိုက်ပူကြီးတွေဟာ သူတို့ကိုသူတို့ ယုံကြည်မှုရှိတဲ့လူတွေလို့လည်းထင်မြင်ချက်ပေးခဲ့ပါသေးတယ်။
ပြီးတော့ ၄၇ ရာခိုင်နှုန်းသော အမျိုးသမီးတွေက ဗိုက်ပူတယ်ဆိုတာ Six-Packအသစ်တစ်ခုဖြစ်ဖို့ အခြေအနေကောင်းတစ်ခုလို့လည်း ဖြေဆိုခဲ့ပါတယ်။ အထူးခြားဆုံးအချက်ကတော့ ဗလတောင့်တောင့်တွေထက် ဗိုက်ပူတွေက အိမ်ထေ ာင်ရေးပစ္စည်းကောင်း ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
အားနည်းချက် အားသာချက်များ
ဗလတောင့်တောင့်တွေလိုပြည့်စုံနေတဲ့လူတွေထက် ဗိုက်ပူကြီးတွေက သူတို့ဘဝကို ခြိမ်းခြောက်မှု ချုပ်ကိုင်မှုနည်းတာကြောင့် သူတို့ကို ပိုသက်သာစေတယ်လို့ဆိုပါတယ်။
အမျိုးသမီးအများစုဟာ အလေးချိန်လျော့ဖို့ ဒါမှမဟုတ် အလေးချိန် တစ်သမှတ်တည်းဖြစ်နေဖို့ ဖိအားပေးခံနေရပါတယ်။
အမျိုးသမီး ၅၀ရာခိုင်နှုန်းဟာ ကိုယ်အလေးချိန်ပြဿနာကြောင့် လိင်ဆက်ဆံခြင်းကိစ္စကို စွန့်လွှတ်ထားရတယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့ကိုသူတို့ ဝနေတယ်လို့ ခံစားရပြီး သူတို့ရဲ့ ကောင်းမွန်ပြည့်စုံတဲ့လူတွေက သူတို့ချို့ယွင်းချက်ကြောင့် ဆန္ဒမရှိတာကြောင့်လည်းပါတယ်လို့ဆိုပါတယ်။
ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်တွေကိုရွေးချယ်ရင် သူတို့ကျန်နေခဲ့ရမှာ သူတို့ချို့ယွင်းချက်တွေပို ပေါ်လာမယ်ကို စိုးရိမ်ကြပါတယ်။
မိန်းမအများစုက အရာအားလုံးပြီးပြည့်စုံတာ အိပ်ရာပေါ်က ကိစ္စတစ်ခုတည်းလောက်နဲ့ ဘဝအတွက် မရွေးချယ်တတ်ကြပါဘူး။ သူတို့တွေဟာ ခန္ဓာကိုယ် အရွယ်အစားဆိုတာထက် သူတို့အတွက် စိတ်အေးလက်အေး ဖြစ်ရတာတွေကိုပဲရွေးချ ယ်ကြပါတယ်။
အမျိုးသမီး ၈၀ရာခိုင်နှုန်းလောက်က သူ့ယောကျာ်း ဒါမှမဟုတ်ချစ်သူဗိုက်ပူကြီးနဲ့တွဲရတာ ပိုဂုဏ်ယူပြီး သူတို့အလှတွေကို ပိုပေါ်လွင်စေတယ်လို့ ယုံကြည်ကြပါတယ်။
၇၈ရာခိုင်နှုန်းသောအမျိုးသမီးတွေ ဘီယာဗိုက်ကို ကြိုက်နှစ်သက်ရတဲ့ အကြောင်းရင်းထဲမှဦ ဗိုက်ပူကြီးတွေဟာ သူတို့ကိုသူတို့ယုံကြစိတ်ရှိသူတွေဖြစ်ပြီး ပျော်ရွှင်တဲ့မိသားစုဘဝကိုပေးပြီး အလုပ်ကို ဂရုတစိုက်လုပ်တတ်သူတွေလို့ထင်မြင်နေကြတယ်လို့ဆိုပါတယ်။
ဗိုက်ပူကြီးတွေရဲ့အထင်
တအားကြီးဝနေတာလည်းမဟုတ် ကြွက်သားတွေလည်းအများကြီးမထွက်ပဲ ဘီယာဗိုက်ဖြစ်နေတဲ့ အမျိုးသားတွေက သူတို့ ခန္ဓာကိုယ်ပုံစံနဲ့ပက်သက်ပြီး စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာရှိတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ ဒါ့အပြင် ဗိုက်ပူနေတဲ့ အမျိုးသား ၄၇ရာခိုင်နှုန်းဟာ သူတို့ရဲ့ ခန္ဓကိုယ်အစိတ်အပိုင်းတွေကို အမျိုးသမီးတွေ ဘယ်လိုရှုမြင် ရှုမြင် စိုးရိမ်ပူပန်မှုနည်းတယ်လို့ဆိုပါတယ်။
ဒီအချက်ကိုထောက်ပြီး. စစ်တမ်းဖော်ပြချက်အရ အမျိုးသမီး ၈၀ရာခိုင်နှုန်းက ဗိုက်ပူခြင်းဟာ သူတို့ကိုယ်ပိုင် အရေပြားအပေါ် ယုံကြည်စိတ်ချရဲတဲ့ Confident ရှိသူတွေဖြစ်တယ်ဆိုတာ ပြနေတဲ့ လက္ခဏာတစ်ခုဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ကဲ..ဒလောက်ဆိုရင် ဘီယာဗိုက်တွေကို ဗလတောင့်တဲ့ယောကျာ်းတွေထက် ဘာလို့ပိုကြိုက်လဲဆိုတာသိလောက်ပါပီနော်…မင်မင်လည်း တနေ့ဗိုက်ပူကြီးဖြစ်အောင်ကြိုးစားတော့မယ်လို့.
#Lifestyle_Mynmar
Mg_Htet
Shape.com