မိန်းကလေးတွေ ဘယ်အချိန်မှာ ကိုယ့်ရည်းစားနဲ့လမ်းခွဲတတ်ကြသလဲ?
lifestylemyanmar.com
|
2020-03-11



နှစ်ပေါင်းများစွာချစ်ခဲ့ကြတယ်။ စွန့်လွှတ်မှု အနစ်နာခံမှု ဂရုစိုက်မှု နွေးထွေးမှုတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေကို အတူဖြ တ်သန်းခဲ့ကြတယ်။ ဒီကမ္ဘာမှာ ကိုယ်တို့လောက်ချစ်တာ ဘယ်သူမှ မရှိဘူးလို့တောင် ထင်ခဲ့ကြတယ်။ နှစ်ယောက်တစ်အိမ်မက်တွေ မက်ခဲ့ကြတယ်။ ခရောင်းလမ်းတွေဖြတ်သန်းခဲ့ကြတယ်။ အရာအားလုံးအတွက် အရာအားလုံးကို ပေးဆပ်ချစ်ခဲ့ပြီးတဲ့နောက်မှာမှ မိန်းကလေးတစ်ယောက်ကစပြီး သူ့ချစ်သူကို လမ်းခွဲပြတ်စဲတယ်။ Good Byeဆိုပီး ထားခဲ့လိုက်တာ ဘာကြောင့်များပါလဲ? သူမ မချစ်တော့လို့လား? ဒါမှမဟုတ် ဘယ်လိုအကြောင်းတွေကြောင့် သူမသူ့ချစ်သူကိုထားခဲ့လဲဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ကြရအောင်..


အထီးကျန်လာတဲ့အခါ




ကိုယ့်မှာ ကိုယ့်ချစ်ရတဲ့ချစ်သူရှိနေပါလျက်နဲ့ အချိန်တိုင်းလိုလို အထီးကျန်နေတယ်ဆိုတာ အဓိပ္ပါယ်ရှိပါရဲ့လား? အစပိုင်းတော့ မနေနိုင်လောက်အောင်လွမ်းဆွေးသောက ရောက်တတ်ပေမယ့် တစ်ယောက်တည်းနေရတာ များလာတဲ့အခါ နေသားကျသွားတတ်ပြီး ရှိနေတဲ့ချစ်သူကိုလည်း မလိုအပ်တော့ဘူးလို့ ထင်လာပါတယ်။


အသိအမှတ်ပြုမခံရတဲ့အခါ




မိန်းကလေးဆိုတာမျိုးက သူကပထမ သူကဒုတိယ သူက တတိယဖြစ်ချင်တဲ့သူတွေပါ။ ဆိုကြပါစို့ အပြင်သွားတဲ့အခါမှာလည်း သူမကိုအလေးအနက်ထားဂရုစိုက်တာခံချင်တဲ့သူမျိုးပါ။ ဒီလို ခံစားမှုတွေရှိနေတဲ့မိန်းကလေးကို နစ်ယောက်အတူ အပြင်သွားရင် လက်မကိုင်ဖြစ်တာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ရင် ကိုယ့်ကို ချစ်သူတစ်ယောက်အနေနဲ့ မိတ်ဆက်ပေးတာ မခံရတာတွေဟာ ဝေးကွာခြင်းရဲ့ အစတွေပဲဖြစ်ပါတယ်။


လျော့တွက်ပြီး အကွက်ကျော်ချင်တဲ့အခါ




မိန်းကလေးတွေရဲ့ဗီဇကိုက သံသယများတတ်တာ အားလုံးသိပြီးသားဖြစ်ကြမှာပါ။ အကွက်တွေကျော်ပြီးတွေးနိုင်တယ်။ ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိကြတယ်။ ကိုယ့်ချစ်သူ ဘယ်အကွက်ရွှေ့နေတယ်ဆိုတာ မိန်းကလေးတိုင်းသိပါတယ်။ “ငါ့ကော င်မလေးက ငါဘာလုပ်လုပ်မသိပါဘူးလို့ ထင်နေတဲ့ ယောက်ျားလေးတွေဟာ ငတုံးတွေချည်းပါပဲ”။ မိန်းကလေးတွေကသိပါတယ်။ မပြောပဲ မျိုသိပ်ပီး တချိန်မှာပွင့်ထွက်ဖို့ စုဆောင်းထားတာလည်းဖြစ်ပါတယ်။


အချိန်မပေးနိုင်တဲ့အခါ




ရုပ်ရှင်သွားကြည့်မယ်ဆိုတော့လည်းမအား။ မုန့်သွားစားကြမယ်ဆိုတော့လည်းမအား။ ဟိုနေရာသွားမယ်ဆိုလည်းမအား။ ဒီနေရာသွားမယ်ဆိုလည်း မအား။ သူငယ်ချင်းတွေနဲ့ ဘီယာသောက်မလို့ ဘောလုံးပွဲကြည့်မလို့ အလုပ်တွေက အရေးကြီးလို့ဆိုတာမျိုးတွေဟာ မိန်းကလေးတွေစိတ်ပျက်စေတဲ့ အဓိက အကြောင်းရင်းတစ်ခုပါ။ အချိန်မပေးနိုင်ရင် ရည်းစားမထားပါနဲ့။ ရည်းစားထားထားရင် အချိန်ကိုမဖြစ်မနေပေးပါ။


တစ်ယောက်တည်း ရုန်းကန်နေရတဲ့အခါ




တူနှစ်ကိုယ်စွယ်တော်ရွက်ဆိုတာရှိပါတယ်။ ချစ်သူရယ်လို့ဖြစ်လာရင် သုခပဲတွေ့တွေ့ ဒုက္ခပဲတွေ့တွေ့ နှစ်ယောက်လက်ချင်း ခိုင်ခိုင်ချိတ်ပြီး ကျော်ဖြတ်ရပါမယ်။ အဲ့ဒီလိုမဟုတ်ပဲ ကိုယ့်ချစ်သူကို အကူအညီမပေး သူတစ်ယောက်တည်းဘဝကို ရုန်းကန်လှုပ်ရှားရတဲ့အခါ သူ့ချစ်သူက သူ့ကိုတစ်ကယ်မချစ်ဘူးလို့ထင်သွားနိုင်ပါတယ်။ ချစ်သူတွေပြဿနာစဖြစ်တာ အဲ့ဒီကစတာပဲ။


လိမ်မယ် ဂရုစိုက်မှုမပေးတော့တဲ့အခါ





ဒါကတော့ရှင်းပါတယ်။ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေး သူတို့ကိုလိမ်မှာအရမ်းကြောက်ကြပါတယ်။ ပြောရရင် အကွက်ကျော်မှာပေါ့။ အဲ့ဒီလိုပါပဲ မိန်းကလေးတွေလည်း လိမ်တာမကြိုက်ကြပါဘူး။ “ချစ်ရေ ကိုယ်ဒီနေ့ အလုပ်မအားလို့ လာမကြိုတော့ဘူးနော်။ ဖုန်းလည်းခနပိတ်ထားမယ် အားကုန်နေလို့ဆိုပြီး” ဘီယာဆိုင်ရောက်နေတဲ့ ယောကျာ်းတွေကို မိန်းကလေးတွေစိတ်ကုန်တတ်ပါတယ်။

သူတို့ကို ဂရုစိုက်မှုမပေးတဲ့အပြင် လိမ်ညာနေလို့။ ဂရုစိုက်တယ်ဆိုတာလည်း အချိန်ပြည့်ဖုန်းဆက်နေတာမဟုတ်ပါဘူး။ “ချစ်ရေ ပင်ပန်းမှုတွေထဲကသတိရနေတယ်ကွာ”ဆိုတဲ့ မက်ဆေ့လေးတစ်စောင်ကလည်း မိန်းကလေးတစ်ယောက်ကို ကြည်နူးစေမှာပါ။ ဂရုစိုက်မှုဆိုတာ ရင်ထဲကလာရင် အကုန်ကောင်းပါတယ်။ အဲ့ဒီလို ခနခနလုပ်ရင် သင့်မိန်းကလေးကသူ့ကိုဂရုစိုက်မှုပေးတဲ့လူတစ်ယောက်ယောက်နောက်ပါသွားပါလိမ့်မယ်။


တစ်ကိုယ်ကောင်းဆန်လွန်းတဲ့အခါ




တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သူ့အတွက်ပဲသူအရင် အမြဲတွေးတတ်တဲ့ယောကျာ်းမျိုးပေါ့။ စီးပွားတွက်တွက်တယ်ဆိုတာ မိန်းမတွေချည်းမဟုတ်ပါဘူး။ တချို့ယောကျာ်းတွေက သာပြီးဆိုးပါသေးတယ်။ တခုခုဆို မိန်းကလေးဘက်ကချည်းစိုက်တ် စိုက်ရှင်း သူရှိတာကျ ကုတ်ကပ်ထား ဘီယာသောက်ဖို့ကျတော့ မနှမြော အဲ့ဒီလိုယောကျာ်းမျိုးတွေဆို မိန်းမတွေက နောက်ပိုင်းရွံသွားရော..


ဘာပြောင်းလဲမှုမှမရှိတဲ့အခါ




ချစ်လာတာ နှစ်တွေလည်းကြာနေပြီ။ နှစ်ယောက်အတူနေဖို့အတွက်ကို တော်ကီတွေပဲဖုတ်ပြီး ဘာမှလည်းမကြိုးစား အ လကားရတိုင်းနှိုက်မြည်းပြီး နေသာသလိုနေတဲ့ယောကျာ်းတွေ ဒုနဲ့ဒေးပါ။ ဘဝအတွက် ဘာသိသာတဲ့ ပြောင်းလဲမှုမှမရှိပဲ ‘သူ့ကြောင့်ကိုယ့်အခွင့်အရေးကောင်းတွေတောင် လက်လွတ်ဆုံးရှုံးရဖန်များလာတဲ့အခါ နှလုံးသားထက်ဦးနှောက်ကို ဦး စားပေးတတ်ကြပါတယ်။




ဟုတ်တယ်လေ ကိုယ့်ချစ်သူက ဘာမှသုံးစားမရတဲ့ကောင် ဖြစ်နေမှတော့ နှလုံးသားကိုဆုံးရှုံးခံပြီး ရွေးချယ်မှုလုပ်ကြမှာပဲမလား? ယူချင်တာမှ မိန်းကလေးတွေက ပိုလို့တောင်ယူချင်ကြပါသေးတယ်။ အနားမှာရှိတုန်းမကြိုးစားပဲ ထားခဲ့ခံရမှ အဲ့ဒီ “မိန်းမ”ငွေမက်တယ် ဘာညာတွေဖြစ်ကုန်ရော။ ကိုယ်က ဒီယောက်ျားကို ချစ်လို့ လမ်းမခွဲဖြစ်အောင် ကြိုးစားနေပေမယ့် ဘယ်လိုမှ အဆင်မပြေတော့ဘူးဆိုတာ သိလာရင် ပြတ်ဖို့ သေချာနေပါပြီ။ ဒါပေမယ့် သူတို့


ဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရတော့ဘူးဆိုတာသိတဲ့အခါ




လူ့အကြောင်း ပေါင်းကြည့်မှသိတယ်တဲ့။ နှစ်တွေရက်တွေ အချိန်ကြာလာတာနဲ့ အမျှဒီယောက်ျားဟာ ဘယ်လို ဆိုတာမျိုး သိသွားရင် ဝေးဝေးက ရှောင်သွားပါတယ်။ နောက်အမူအကျင့်ရိုင်းစိုင်းတာ စကားများတာနဲ့ ဆဲဆို အော်ဟစ်တာလက်ပါတတ်တာမျိုးတွေကို ဘယ်မိန်းကလေးမှ မကြိုက်ပါဘူး။




ရန်ဖြစ်တာနဲ့ သင့်ကောင်မလေးက သင့်ကိုပါးချည်းလှိမ့်ရိုက်ရင်ကော သင်ပြုံးပြုံးကြီး ခံနေမလား ဆိုတာစဉ်းစားပါ။ ကဲဒီတော့ မိန်းကလေးတွေမှာလည်း မွေးကတည်းက ဦးနှောက်ပါပါတယ်။ အဲ့ဒီဦးနှောက်ကြီးကို သုံးတဲ့အချိန်ကျရင်ယေ ာက်ျားလေးတွေ လိုက်မမီပါဘူးနော်။

အစကတော့ သူ့ကိုမှ မရရင် သေတော့ပါမယ်ဆိုပြီး ရလည်းရပြီးရောအချိုးတွေ ပြောင်းကုန်တာကို ယောက်ျားလေးတွေက သူတို့ကိုယ်တိုင် သတိမထားမိပါဘူး။ အဲ့ဒါကို သတိထားခံစားမိတဲ့ မိန်းကလေးတွေက သေချာစဉ်းစားဆုံးဖြတ်တဲ့ အ ချိန်ကျတော့မှ ” မင်းတို့မိန်းမတွေက သစ္စာမရှိဘူး ” လို့ပြောလို့ရပါ့မလား? သစ္စာတရားဆိုတာ ထိုက်တန်တဲ့သူဆီမှာပဲ မြဲပါတယ်။ မိန်းမမရှားဘူးလို့ ကြွေးကြော်နေတဲ့ ယောက်ျားလေးတွေလည်း ကိုယ့်ကို အဆုံးထိသည်းခံနိုင်မယ့်မိန်းကလေးမျိုး လိုက်ရှာကြည့်ပေါ့။ ပြေတီဦးစကားနဲ့ပြောရရင် ရူးတောင်သွားဦးမယ်။

#Lifestyle_Myanmar

#Mg_Htet

REF_Wingman.com


#မိန်းကလေး
#ချစ်သူ
#ယောကျာ်း
#ယောက်ျားလေး
#မိန်းမ

Some text some message..