စာရင်းအင်းများအရ အင်တာဗျူးသူ တစ်ယောက်ဟာ သူတို့ရဲ့ စကားပြောဆိုမှု ပထမ စက္ကန့် ၃၀အတွင်းမှာ အင်တာဗျူးလာဖြေသူကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက် ချတတ်ကြပါတယ်။ သူတို့က တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ ကိုယ်ရွေးချယ်မယ့် ဝန်ထမ်းရဲ့ အသွင်အပြင်နှင့် အမူအကျင့်တွေကို အကဲဖြတ်နိုင်ပါတယ်။ ဆိုလိုတာက အဝတ်အစားကလည်း ဒီအခြေအနေမှာ အရေးပါတဲ့ အခန်းမှ ပါဝင်ပါတယ်။ အလုပ်ရှင်တစ်ယောက်ဟာ အဝတ်အစား အရမ်းကြီး ပေါ်လွင်နေတာမျိုးနဲ့ အဝတ်အစား ဖိုသီဖက်သီဖြစ်နေတာမျိုးကို လိုလားမှာမဟုတ်ကြောင်း လူအများစု သိကြပါတယ်။ ဒါပေမယ့် တခါတရံမှာ ဒီကိစ္စက မရိုးရှင်းပါဘူး။
ဒါ့ကြောင့် အင်တာဗျူးသွားတဲ့အခါ ဘယ်လိုမျိုး ဝတ်သွားသင့်သလဲ? အင်တာဗျူးဖြေသူတွေရဲ့ ဝတ်စားဆင်ယင်ပုံပေါ်မှာ မန်နေဂျာတွေအနေနဲ့ ဘယ်လိုဆုံးဖြတ်ချက် ချတတ်ကြသလဲ?ဆိုတာ သိစေဖို့ မျှဝေပေးချင်ပါတယ်။
၁။ သင့်အဝတ်အစားအရောင်က တခြားလူတွေရဲ့ အမြင်ပေါ် လွှမ်းမိုးမှု ရှိပါတယ်
အသက်မွေးဝမ်းကျောင်း ဝက်ဘ်ဆိုက်ကြီ းတစ်ခုဖြစ်တဲ့ CareerBuilder က အလုပ်အင်တာဗျူးတစ်ခုအတွက် ဝန်ထမ်းရွေးချယ်တဲ့အခါ အဝတ်အစားရဲ့ အရောင်ကို ဘယ်လိုမြင်ကြသလဲဆိုတဲ့ စစ်တမ်းကောက်ယူခဲ့ပါတယ်။ မီးခိုးရောင်က ပရော်ဖက်ရှင်နယ်နှင့် ယုတ္တိဗေဒတို့ ဆက်စပ်နေကြောင်း ဆိုပါတယ်။ အဖြူရောင်အဝတ်အစား ဝတ်သူတွေဟာ စည်းရုံးရေး ပိုကောင်းပုံရသလို၊ အနက်ရောင်ဟာ ခေါင်းဆောင်မှုနှင့် ဆက်စပ်နေပါတယ်။ ခရမ်းရောင်နှင့် အစိမ်းရောင်တွေက ယုံကြည်မှုရှိပြီး ဖန်တီးမှုအားကောင်းတဲ့ သူတွေအဖြစ် မြင်မိစေပါတယ်။
လိမ္မော်ရောင်ကို ပရော်ဖက်ရှင်နယ်ဆန်သော အရောင်အဖြစ် သတ်မှတ်ပါတယ်။ အင်တာဗျူးသူများက အဝါရောင်နှင့် အနီရောင်ကို မြန်မြန်ငြီးငွေ့လာလေ့ရှိပါတဘ်။ အပြာရောင်ဟာ ကောင်းမွန်သော သုံးသပ်မှုများ ရရှိပါတယ်။ ဝန်ထမ်းသစ်ရှာသူတွေက team player တွေဟာ ဒီအရောင်တွေ ဝတ်ဆင်ဖို့ မကြာခဏ ရွေးချယ်လေ့ရှိတယ်လို့ ထင်ကြပါတယ်။
၂။ တောက်ပလွန်းတဲ့ အဝတ်အစားတွေကို သတိပေးချက်အဖြစ် ရှုမြင်နိုင်ပါတယ်
အရမ်းတောက်ပပြီး သာမန်ထက်လွန်ကဲတဲ့ အဝတ်စားတွေဟာ အဝတ်အစားရဲ့တန်ဖိုးကို အာရုံစိုက်မိစေနိုင်ပါတယ်။ ဒါက ဝန်ထမ်းသစ်ရှာသူတွေရဲ့ အမြင်အပေါ် negative အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဝန်ထမ်းလောင်းတစ်ယောက်ရဲ့စရိုက်မှန်ကို သူတို့ သံသယဝင်လာနိုင်ပါတယ်။ သင်ဟာ ရာထူးတစ်ခုအတွက် လျှောက်ထားပြီး ဖန်တီးမှုရှိသူ ၊အတွေးအခေါ်ကောင်းသူ၊ ပြဿနာဖြေရှင်းနိုင်စွမ်းရှိသူ ဖြစ်နေရင်တောင် သာမန်ထက် အရမ်းလွန်ကဲနေတဲ့ အသွင်မျိုးကို ရှောင်တာ ပိုကောင်းါပတယ်။
မန်နေဂျာတွေက ရင်ထိုး၊ လက်ပတ်နာရီ၊ မျက်မှန်များကဲ့သို့သော ထူးခြားတဲ့ accessories တွေနှင့်အတူ သင့်ရဲ့ အင်္ဂါရပ်ကောင်းကို အလေးထားဖို့ အကြံပေးထားပါတယ်။ ဒါပေမယ့် အလွန်အကျွံမဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်း ၂ခုထက်ပိုပြီး အာရုံမဆွဲဆောင်တာက ပိုကောင်းပါတယ်။ စတိုင်သဘောမျိုးကိုလည်း မေ့မထားပါနဲ့၊။ ဥပမာ- နဖူးပေါ်မှာ နေကာမျက်မှန် ဝတ်ဆင်ထားခြင်းက မယဉ်ကျေးသော အပြုအမှုလို့ မှတ်ယူကြပါတယ်။
၃။ သင်က အံဝင်ခွင်ကျဖြစ်မှာမဟုတ်လို့ သူတို့ထင်ရင် သင့်ကို ခေါင်းထဲက အမြန်ဆုံး ငြင်းပယ်ပါလိမ့်မယ်
အလုပ်အင်တာဗျူးကို မသွားခင် ကုမ္ပဏီ ဝန်ထမ်းတွေ ဘယ်လို ဝတ်စားသလဲဆိုတာ၊ dress code ဝတ်ရတဲ့နေရာလား/မဝတ်ရတဲ့ နေရာလား ဆိုတာ တွက်ဆပါ။ ဥပမာ – business suit ဝတ်ဆင်ခြင်းက ဘဏ်တစ်ခုမှာ သင့်တော်ပုံပေါ်ပေမယ့် PR အေဂျင်စီတစ်ခုကို ဝတ်ဆင်သွားရင် သင်ဟာ သိုးမည်းတစ်ကောင်နဲ့ တူပါလိမ့်မယ်။သင်ဟာ အခြားဝန်ထမ်းတွေနဲ့ အရမ်းကွာခြားပါက အလုပ်ရှင်က သင့်ကို မငှားရမ်းဖို့ ဆုံးဖြတ်ချက် ချနိုင်ပါတယ်။
သင်ဟာ ဓါတ်ပုံဆရာ၊ ဂီတပညာရှင်၊ ဒီဇိုင်နာ၊ သရုပ်ဆောင်၊ စာနယ်ဇင်းသမားတစ်ယောက်လို ဖန်တီးမှုရှိသူ တစ်ယောက်ဆိုရင် သင့်ကိုယ်ပိုင်စတိုင်ကို ပေါ်လွင်စေမယ့် သက်တောင့်သက်သာစတိုင်မျိုးကို ရွေးချယ်တာ ပိုကောင်းပါတယ်။
၄။ မန်နေဂျာတစ်ယောက်က သင်အဝတ်အစားအသစ် ဝတ်ဆင်ထားရင် သတိပြုမိပါလိမ့်မယ်
သင်သည် အထူးသဖြင့် အလုပ်အင်တာဗျူးအတွက် အဝတ်အစားသစ် ဝယ်ယူခဲ့လျှင် အင်တာဗျူးမသွားခင် အနည်းဆုံးတစ်ကြိမ်လောက် ဝတ်ဆင်တာ ပိုကောင်းပါတယ်။ ဒီနည်းဖြင့် အဝတ်အစား ဝတ်ဆင်ခြင်းမှာ သက်တောင့်သက်သာခံစားရပြီး ဖြစ်နိုင်ခြေရှိသော အားနည်းချက်တွေကို သတိပြုမိပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် အဝတ်အစားသစ်တွေ ဝတ်ဆင်တာဟာ ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ တံဆိပ်မခွာရသေးတာတို့ ၊ ချည်တွဲထားတာကို ဖယ်ရှားဖို့ မေ့နေခဲ့ပါလိမ့်မယ်။
အဖြစ်များတဲ့ အမှားကတော့ ဂျာကင်အင်္ကျီပေါ်ရှိ အိတ်ကပ်တွေ (သို့) တွဲချုပ်ထားတဲ့ ကုတ်အင်္ကျီ ဖြစ်ပါတယ်။ တချို့အင်္ကျီတွေမှာဆိုရင် အင်္ကျီပါကင်မှာ ပုံကျနေအောင် ချည်ဖြင့် ကြက်ခြေခတ် တွဲချုပ်ထားတတ်ပါတယ်။ ဝယ်ပြီးရင် ဒီချည်တွေကိုဖယ်ရှားဖို့ လိုအပ်ပါတယ်။
၅။ အဝတ်အစားက သက်တောင့်သက်သာမဖြစ်ဘူးလို့ ခံစားရတဲ့အခါ အင်တာဗျူးသူက ဒါကို မြင်တွေ့နိုင်ပါလိမ့်မယ်
သင့်အသွင်အပြင်ကို ဂရုစိုက်သင့်ပါတယ်။ တကယ်လို့ သင့်အတွက် ထူးခြားတဲ့ အရာတစ်ခုခုကို ဝတ်ဆင်ရန် ဆုံးဖြတ်ခဲ့ရင် အင်တာဗျူးသူက ဒါကို သတိပြုမိပါလိမ့်မယ်၊ ဒီလိုဝတ်စုံက သင်ကိုယ်တိုင်နှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအပေါ် လွှမ်းမိုးနိုင်ဖွယ် ရှိပါတယ်။
အရမ်းကျပ်လွန်း၊ ချောင်လွန်းတဲ့ အဝတ်အစားတွေကို မရွေးချယ်ပါနဲ့။ မီးပူမတိုက်ထားဘဲ အရမ်းတွန့်ကျေနေတဲ့ အဝတ်အစားများကို ဂရုစိုက်ပါ။ စာရင်းအင်းများအရ ဒီလိုအဝတ်အစားပြဿနာမျိုးတွေတက ကျွန်တော်တို့ရဲ့ self-esteemအပေါ်အများဆုံး လွှမ်းမိုးပါတယ်။ သင့်ရဲ့နေ့စဉ်ဘဝမှာ မဆင်ယင်ဖူးတဲ့ ဆံပင်ပုံစံ၊ မိတ်ကပ်ကို မရွေးချယ်ပါနဲ့။ သင့်ရဲ့ သက်တောင့်သက်သာဖြစ်မှုအပေါ် ဦးစားပေးသင့်ပါတယ်။ ကိုယ်က ကိုယ်ဖြစ်တယ်လို့ ခံစားရပါက အင်တာဗျူးစဉ်မှာ သင့်ကို ပွင့်လင်းစေပါလိမ့်မယ်။
Lifestyle_Myanmar
LM_Nandar
Source- brightside