မော်တော်ဆိုင်ကယ်စီးနှင်းသူမျာ းအန္တရာယ်ကင်းစေရန်အတွက် လိုက်နာရန် စည်းကမ်းချက်များ
automobiledirectory.com.mm
|
2020-03-14

မော်တော်ဆိုင်ကယ်စီးနှင်းသူမျာ းအန္တရာယ်ကင်းစေရန်အတွက် လိုက်နာရန် စည်းကမ်းချက်များ

မော်တော်ဆိုင်ကယ်တိုက်မှုများ မြို့အနှံ့၌ ဖြစ်ပွားလျက်ရှိသည်ကို တွေ့မြင်ရသည်မှာလည်း စိတ်မကောင်းဖြစ်ရပါတယ်...

မော်တော်ဆိုင်ကယ်စီးနှင်းသူများ လမ်းပေါ်၌ အန္တရာယ်ကင်းစေရန်အတွက် လိုက်နာရန် စည်းကမ်းချက်များကို ဝေမျှလိုက်ပါတယ်...

(၁) မော်တော်ဆိုင်ကယ်၏ လက်ကိုင်နှစ်ဖက်ကိုလွှတ်၍ မစီးရ၊ လက်ဖြင့် အချက်ပြသည့်အခါ ကျန်လက်တစ်ဖက်ဖြင့် စီးနိုင်သည်။

(၂) နောက်ထိုင်ခုံတွင် တစ်ဦးထက်ပို၍ မတင်ရ၊ ရှေ့တွင် မည်သူမျှ တင်မစီးရ။

(၃) ပစ္စည်းတင်ပါက ပစ္စည်းသည် နောက်ထိုင်ခုံ၏ ဘေးတစ်ဖက်တစ်ချက်မှ ၁၅ စင်တီမီတာ(၆ လက်မ)နှင့် နောက်ဘက်တာယာအစွန်းမှ ၃၁ စင်တီမီတာ(၁၂လက်မ) ထက် မပိုစေရ၊ အမြင့်သည် ယာဉ်စီးသူ၏ ပခုံးထက် မမြင့်စေရ။

(၄) အန္တရာယ် ဖြစ်စေနိုင်သည့် ပစ္စည်းနှင့် မထိန်းသိမ်းနိုင်လောက်အောင်လေးသည့် ပစ္စည်းများ မတင်ရ။

(၅) ပြိုင်မစီးရ၊ အခြားယာဉ်များ အနှောင့်အယှက်ဖြစ်အောင် မစီးရ။

(၆) မော်တော်ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာ တပ်၍စီးရမည်။

(၇) အန္တာရယ်ဖြစ်နိုင်လောက်အောင် ပျံ့လွင့်သော အဝတ်အစားဖြင့် မစီးရ။

(၈) မော်တော်ဆိုင်ကယ်၏ စက်သံကို ဆူညံစွာဖြင့် မစီးရ။

(၉) မော်တော်ယာဉ်များနည်းတူ သတ်မှတ်ထားသည့် လမ်းစည်းကမ်းများအတိုင်း လိုက်နာရမည်။

(၁၀) ဆိုင်ကယ်စီးနင်းစဉ် ဖုန်းပြောခြင်းသည် အလွန်အန္တရာယ်များပါသည်။

သတ်မှတ်ထားသော လမ်းစည်းကမ်းအတိုင်း မောင်းနှင်ပါ၊ မော်တော်ဆိုင်ကယ်စီးနှင်းလျှင် ဦးထုပ်ကို ဆောင်းဖြစ်အောင် ဆောင်းပါ၊ မော်တော်ဆိုင်ကယ်လိုက်နာရမည့် စည်းကမ်းချက်များကို လိုက်နာပါ။

လမ်းပေါ်မှာ ဘေးကင်းကြပါစေ…

“ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး၊ ချိန်ခါမရွေးဆောင်ရွက်ပေး”

Zawgyi

MOTOR CYCLE REPAIRING အတွက်လုပ်ငန်းပေါင်း ၇၄၈ ခုကိုရှာဖွေရန် ဤနေရာကိုနှိပ်ပါ။
Credit; MORS

#မော်တော်ဆိုင်ကယ်
#နောက်ထိုင်
#စည်းကမ်းချက်
#ဦးထုပ်
#တာယာ

Some text some message..