လေ့လာမှုတစ်ခုအရ လူတွေရဲ့ ဆုံးဖြတ်ချက် ၉၀ ရာခိုင်နှုန်းဟာ အရာဝတ္တုရဲ့ အရောင်ပေါ်မှာ အခြေခံတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ပေါ်မှာ အရောင်တစ်ခုချင်းစီရဲ့ အထူးသက်ရောက်မှုအကြောင်းကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ပတ်ဝန်းကျင်ရှိ အရောင်အမျိုးမျိုးက သင့်စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဘယ်လို လွှမ်းမိုးနိုင်တယ်ဆိုတာကို သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။
၁။ လိမ္မော်ရောင်
သင့်ကို ဘယ်လိုခံစားရစေသလဲ- လိမ္မော်ရောင်က ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုနှင့် ပတ်သတ်လာရင် သင့်ကို အားတတ်စေပြီး လှုံ့ဆော်ပေးနိုင်ပါတယ်။ အကောင်းမြင်မှုနှင့် ရဲစွမ်းသတ္တိကို မြှင့်တင်ပေးပါတယ်။ ဒါ့ကြောင့် သင်ဟာ အခွင့်အလမ်းသစ်များကို အောင်မြင်နိုင်ပါတယ်။ လိမ္မော်ရောင်က တီထွင်ဖန်တီးမှုနှင့် ပျော်စရာတို့နှင့်လည်း ဆက်စပ်လေ့ရှိပါတယ်။
ယေဘုယျအားဖြင့် လိမ္မော်ရောင်ဟာ fitness room ,ပါတီ,နှင့် ယူနီဖောင်းအမျိုးမျိုးအတွက် ကောင်းမွန်ပါတယ်။
၂။ အပြာရောင်
သင့်ကို ဘယ်လိုခံစားရစေသလဲ- အပြာရောင်က ငြိမ်းချမ်းမှုနှင့် နှစ်သိမ့်မှုကို ပေးပါတယ်။ ကျွန်တော်တို့က အပြာရောင်ကို လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုရဲ့ သင်္ကေတဖြစ်သော ရေနှင့် ကောင်းကင်တို့နှင့် ဆက်စပ်လေ့ရှိပါတယ်။
အပြာရောင်က relaxation အတွက် ပြီးပြည့်စုံတာကြောင့် သင့်အိမ် (သို့) တိတ်ဆိတ် ငြိမ်သက်ဖို့လိုတဲ့ နေရာမှာ ပါရှိရမယ့် မရှိမဖြစ်လိုအပ်သော အရောင်တစ်မျိုးဖြစ်ပါတယ်။
၃။ အစိမ်းရောင်
သင့်ကို ဘယ်လိုခံစားရစေသလဲ- အစိမ်းရောင်ဟာ ဘဝရဲ့ ကာလာဖြစ်တာကြောင့် ၎င်းသည် မျှတမှု၊ လုံခြုံမှု၊ တည်ငြိမ်မှုရဲ့ စိတ်ခံစားချက်များနဲ့ ဆက်စပ်နေပါတယ်။ အစိမ်းရောင်က သုခချမ်းသာနှင့် စွမ်းအင်ကို ဖြည့်ပေးနိုင်ပါတယ်။
အစိမ်းရောင်ဟာ များသောအားဖြင့် အစားအသောက်နှင့် ဆက်နွယ်နေပါတယ်။ ဒါ့ကြောင့် ဒီကာလာဟာ ကုန်စုံဆိုင်တွေမှာ အရမ်းပေါ်ပြူလာဖြစ်ပြီး မီးဖိုချောင်မှာလည်း အသုံးဝင်နိုင်ပါတယ်။ အိမ်ပတ်ဝန်းကျင်မှာ အပင်လေးတွေနဲ့ စိမ်းလန်းစိုပြေနေရင် တတ်ကြွမှုနှင့် သက်ဝင်လှုပ်ရှားမှု များစွာကို ပေးနိုင်ပါတယ်။
၄။ အနက်ရောင်
သင့်ကို ဘယ်လိုခံစားရစေသလဲ- အနက်ရောင်က စိတ်လုံခြုံမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုကို ပေးပါတယ်။ အနက်ရောင်က ခံစားချက်တွေကို ဖုံးကွယ်ဖို့နှင့် အားနည်းချက်တွေကို ကာကွယ်ဖို့ ပြီးပြည့်စုံတဲ့ အရောင်ဖြစ်ပါတယ်။
လူအများစုအတွက် အနက်ရောင်က လုံခြုံမှုနှင့် ယုံကြည်စိတ်ချရမှုကို ခံစားရတာကြောင့် နည်းပညာနှင့် ပတ်သတ်တဲ့အခါမှာ အများဆုံးသုံးတဲ့ အရောင်ဖြစ်ပါတယ်။
၅။ ခရမ်းရောင်
သင့်ကို ဘယ်လိုခံစားရစေသလဲ- ခရမ်းရောင်ဟာ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှု၊ တည်ငြိမ်မှုကို ရရှိစေပြီး ဉာဏ်အမြင်ပွင့်စေတဲ့ အရောင်ဖြစ်ပါတယ်။ ခရမ်းရောင်ကို တော်ဝင်အရောင်အဖြစ် သုံးလေ့ရှိတာကြောင့် ခရမ်းရောင်ဟာ ဇိမ်ခံပစ္စည်းတွေနဲ့ ဆက်စပ်နေပါတယ်။
relax ဖြစ်ဖို့နဲ့ သက်တောင့်သက်သာ ဖြစ်ဖို့ဆိုရင် ခရမ်းရောင်ကို သုံးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ခရမ်းရောင်ကို စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးများစသဖြင့် ပျော့ပျောင်းသော အိမ်သုံးပစ္စည်းတွေမှာ သုံးပေးလို့ရပါတယ်။
၆။ အနီရောင်
သင့်ကိုဘယ်လိုခံစားရစေသလဲ- အနီရောင်က စွမ်းအင်၊ စိတ်အားထက်သန်မှုနှင့် စွမ်းအားတို့ရဲ့ အရောင်ဖြစ်ပါတယ်။ အနီရောင်က သင့်ကို လှုံ့ဆော်ပေးပြီး ချက်ချင်းလုပ်ရမယ့်အလုပ်တွေအတွက် သင့်ကို အားတတ်စေပါတယ်။ ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်ဖို့ လိုအပ်တဲ့ အခြေအနေတွေမှာ (သို့) တစ်သီးတစ်သန့်နေတတ်သူတွေမှာ မသက်မသာ ခံစားရစေနိုင်ပါတယ်။
အလုပ်တစ်ချို့ ပြီးမြောက်ဖို့ လိုအပ်လျှင် အနီရောင်က activity ကို လှုံ့ဆော်ပေးတဲ့ အကောင်းဆုံးအရောင်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အာရုံစိုက်ခြင်းနှင့် ယုံကြည်မှု တိုးမြှင့်တဲ့နေရာမှာ အနီရောင်ကို သုံးနိုင်ပါတယ်။
၇။ အဝါရောင်
သင့်ကို ဘယ်လိုခံစားရစေသလဲ- အဝါရောင်က စိတ်လှုပ်ရှားမှု, အပြုသဘောနှင့် ပျော်စရာကို လှုံ့ဆော်ပေးပါတယ်။ ဒါ့ပေမယ့် အဝါရောင်ကို သတိမှုရမယ့် နေရာတွေမှာလည်း သုံးကြပါတယ်။
လေဆိပ်နှင့် လမ်းအမှတ်အသား အများစုတွင် အဝါရောင် အောက်ခံပေါ်မှာ အနက်ရောင်စာသားများ ပါရှိတာကို သင်သတိပြုမိပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အဝါရောင်က အာရုံကို ချက်ချင်းဆွဲဆောင်ပြီး သတင်းအချက်အလက်တွေကို တကယ်အာရုံစိုက်မိစေလို့ပါ။ ဒါ့ကြောင့် presentation တစ်ခု ပြုလုပ်တဲ့အခါ (သို့) အရေးတကြီး သတင်းစကားပေးပို့ဖို့ လိုအပ်တဲ့အခါတိုင်း အဝါရောင်ကို သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။
၈။ အဖြူရောင်
သင့်ကို ဘယ်လိုခံစားရစေသလဲ- အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်ခြင်းနှင့် အပြစ်ကင်းသော အရောင်ဖြစ်ပါတယ်။ လုံခြုံမှုနှင့် မျှော်လင့်ချက်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဆောင်ပါတယ်။
သက်သောင့်သက်သာနှင့် ဖြူစင်သန့်ရှင်းမှုကို သိရှိစေဖို့ အဖြူရောင်ကို သုံးပါ။ ဒီအရောင်ဟာ လုံခြုံမှုနှင့် ဧည့်ဝတ်ကျေမှုကို ပြသနိုင်ခြင်းကြောင့် ဟော်တယ်နှင့် ဆေးရုံအများစုမှာ မြင်တွေ့ရလိမ့်မယ့် အရောင်ဖြစ်ပါတယ်။
၉။ ပန်းရောင်
သင့်ကို ဘယ်လိုခံစားရစေသလဲ- ပန်းရောင်ဟာ နွေးထွေးမှု၊ မိန်းမဆန်မှုနှင့် ရိုမန့်တစ်ကို ကိုယ်စားပြုပါတယ်။ ပန်းရောင်ကို တွေ့လိုက်ရင် ကျွန်တော်တို့စိတ်ထဲမှာ ပြုစုပျိုးထောင်ခြင်းနှင့် ဂရုစိုက်တတ်တဲ့အပြုမှုကို ချက်ချင်း မြင်မိကြတာကြောင့် ကလေးနှင့် အမျိုးသမီးထုတ်ကုန်တွေပါ်မှာ အသုံးပြုကြပါတယ်။
ပန်းရောင်က အမျိုးသမီးတွေကို အမျိုးသားတွေရဲ့ မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိစေနိုင်ပါတယ်။ ပန်းရောင်အဝတ်အစား၊ ပန်းရောင်မိတ်ကပ်၊ ပန်းသွေးရောင် လက်သည်းလေးတွေက မိန်းကလေးတွေအတွက် အချစ်ရေးကို ပြီးပြည့်စုံစေပါတယ်။ ဒီအရောင်က တွေ့လိုက်တာနဲ့ အရမ်းချိုမြိန်တယ်လို့ ထင်စေတာကြောင့် မုန့်ဖုတ်တဲ့နေရာမှာ မကြာခဏ သုံးကြပါတယ်။
၁၀။ အညိုရောင်
သင့်ကို ဘယ်လိုခံစားရစေသလဲ- အညိုရောင်က သဘာဝဆန်ပြီး ကိုယ်စိတ်ချမ်းသာစေပါတယ်။ ၎င်းက တည်ငြိမ်မှုနှင့် ယုံကြည်အားထားရမှုကို ခံစားရစေပါတယ်၊ဒါ့ကြောင့် ၎င်းအရောင်က အိမ်ရဲ့ ဘယ်နေရာမှာမဆို ကျွန်တော်တို့ကို လွယ်လွယ်ကူကူ ခံစားရစေနိုင်တဲ့ အရောင်တစ်မျိုးဖြစ်ပါတယ်။
ပတ်ဝန်းကျင်ကို ပိုကြိုဆိုဖို့ လိုအပ်တဲ့အခါတိုင်းမှာ သုံးနိုင်ပါတယ်။ အညိုရောင်ကို ကြွယ်ဝမှုနှင့် ခွန်အားကို ပြသဖို့ သစ်သားပစ္စည်းတွေပေါ်မှာ အသုံးပြုတဲ့အခါ ပိုထိရောက်မှုရှိပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside